သင္လုံးဝ သိအံုးမွာမဟုတ္တဲ့ အနမ္းေပးျခင္းရဲ႕ အံ႔မခန္းေကာင္းက်ိဳးမ်ား…

သင္လုံးဝ သိအံုးမွာမဟုတ္တဲ့ အနမ္းေပးျခင္းရဲ႕ အံ႔မခန္းေကာင္းက်ိဳးမ်ား…

အနမ္းဆိုတာ တစ္ဦးနဲ႔တစ္ဦး အေရျပားခ်င္း ထိေတြ႕လိုက္႐ုံသက္သက္ တစ္ခုတည္းတင္ မဟုတ္ပါဘူး။ အနမ္းတစ္ေပြ႕ေၾကာင့္ လူသားေတြရဲ႕ ခႏၶာကိုယ္ က်န္းမာေရး တင္သာမကဘဲနဲ႔ စိတ္က်န္းမာေရးကိုပါ အေထာက္အကူျဖစ္ေစတယ္ဆိုတာ သင္ သိပါသလား၊ ဘာေတြမ်ားျဖစ္မလဲ ၾကည့္လိုက္ၾကရေအာင္ေနာ္ …။

(၁) အေရးအေၾကာင္းအတြက္ အလုပ္လုပ္စရာ မလိုေတာ့ဘူး။

အနမ္းေပးျခင္းဟာ မ်က္ႏွာႂကြက္သားမ်ားအတြက္ အက်ိဳးျဖစ္ေစပါတယ္။ ဒါကိုေတာ့ American Journal of Medicine ဂ်ာနယ္မွာ ေဖာ္ျပထားခဲ႔ တာပါ …။

အနမ္းတစ္ႀကိမ္ေပးလိုက္ျခင္းဟာ မ်က္ႏွာႂကြက္သား ၂၄ ခုနဲ႔ postural ႂကြက္သား ၁၁၂ ခုတို႔ကို အလုပ္လုပ္ေစတဲ့ အတြက္ေၾကာင့္ မ်က္ႏွာအတြက္သီးသန္႔ ႏုပ်ိဳအဆီက်ေအာင္ ေယာဂေလ့က်င့္လန္းေတြကို သီးသန္႔ လုပ္စရာ မ လိုေတာ့ပါဘူး …။

(၂) အသားအေရအတြက္ ေကာင္းက်ိဳးေပးတယ္။

အနမ္းေပးတဲ့အခါ ႐ွက္ၿပီးေတာ့ မ်က္ႏွာပူလာျခင္းဟာ မ်က္ႏွာအသားအေရအတြက္ ေသြးလွည့္ပတ္မႈကိုအားေကာင္းေစလို႔ အသားအေရစိုေျပလွပေစၿပီး Glow ေစပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ေသြးလွည့္ပတ္မႈအားေကာင္းေစျခင္းက collagen နဲ႔ elastin ဓာတ္ကို ထုတ္လႊင့္ေပးလို႔ပဲ ျဖစ္ပါတယ္ …။

(၃) ကယ္လိုရီ က်ေစတယ္။

အနမ္းေပးခ်ိန္ ၁ မိနစ္ၾကာတိုင္း ၂ မွ ၂၆ ကယ္လိုရီေလာက္ ေလာင္ကြၽမ္းေစႏိုင္ ပါတယ္တဲ့ …။

(၄) စိတ္ဖိဆီးမႈေလ်ာ့က်ေစတယ္။

အနမ္းေပးျခင္းဟာ oxytocin ဓာတ္ကို ထုတ္လႊတ္ေပးပါတယ္။ ဒါဟာ အခ်စ္ေရးနဲ႔ပတ္သက္ၿပီး စိတ္ဖိဆီးမႈကို ေလ်ာ့နည္းေစႏိုင္တဲ့ ဓာတ္တစ္ခုပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ နမ္းလိုက္တာနဲ႔ ျပႆနာေတြရဲ႕ အကုန္လုံးနီးပါးကို ေျဖ႐ွင္းၿပီးသလို ျဖစ္ေစမွာပါေနာ္ …။

(၅) ဓာတ္မတည့္မႈေတြကို သက္သာေစတယ္။

Allergy လို႔ေခၚတဲ့ ဓာတ္မတည့္မႈေၾကာင့္ ျဖစ္တတ္တဲ့ အဖုအပိမ့္ေတြနဲ႔ အသက္႐ွဴၾကပ္တာေတြကို နမ္းျခင္းက သက္သာေစပါတယ္ ဆိုၿပီး ေဆးပညာအရ အဆို ရိွထားပါတယ္ …။

(၆) Microbiome ေတြကို ထုတ္ေပးႏိုင္တယ္။

ျပင္သစ္အနမ္း ၁၀ စကၠန္႔ေလာက္ နမ္းလိုက္႐ုံနဲ႔ ဘတ္တီးရီးယားေပါင္း သန္း ၈၀ ေလာက္ ဖလွယ္ႏိုင္တာကေတာ့ အမွန္တရားပါပဲ။ ဒါေပမယ္႔ ဒါတင္မဟုတ္ပဲနဲ႔ microbiome လို႔ေခၚတဲ့ က်န္းမာတဲ့ဘတ္တီးရီးယားေတြကိုလည္း ေပါက္ဖြားေစတာေၾကာင့္ ကိုယ္ခံအားေကာင္းေစမွာပဲ ျဖစ္ပါတယ္ေနာ္ …။ ။

penny

Unicode Version ဖြင့်ဖတ်ရန်

သင်လုံးဝ သိအုံးမှာမဟုတ်တဲ့ အနမ်းပေးခြင်းရဲ့ အံ့မခန်းကောင်းကျိုးများ…

အနမ်းဆိုတာ တစ်ဦးနဲ့တစ်ဦး အရေပြားချင်း ထိတွေ့လိုက်ရုံသက်သက် တစ်ခုတည်းတင် မဟုတ်ပါဘူး။ အနမ်းတစ်ပွေ့ကြောင့် လူသားတွေရဲ့ ခန္ဓာကိုယ် ကျန်းမာရေး တင်သာမကဘဲနဲ့ စိတ်ကျန်းမာရေးကိုပါ အထောက်အကူဖြစ်စေတယ်ဆိုတာ သင် သိပါသလား၊ ဘာတွေများဖြစ်မလဲ ကြည့်လိုက်ကြရအောင်နော် …။

(၁) အရေးအကြောင်းအတွက် အလုပ်လုပ်စရာ မလိုတော့ဘူး။

အနမ်းပေးခြင်းဟာ မျက်နှာကြွက်သားများအတွက် အကျိုးဖြစ်စေပါတယ်။ ဒါကိုတော့ American Journal of Medicine ဂျာနယ်မှာ ဖော်ပြထားခဲ့ တာပါ …။

အနမ်းတစ်ကြိမ်ပေးလိုက်ခြင်းဟာ မျက်နှာကြွက်သား ၂၄ ခုနဲ့ postural ကြွက်သား ၁၁၂ ခုတို့ကို အလုပ်လုပ်စေတဲ့ အတွက်ကြောင့် မျက်နှာအတွက်သီးသန့် နုပျိုအဆီကျအောင် ယောဂလေ့ကျင့်လန်းတွေကို သီးသန့် လုပ်စရာ မ လိုတော့ပါဘူး …။

(၂) အသားအရေအတွက် ကောင်းကျိုးပေးတယ်။

အနမ်းပေးတဲ့အခါ ရှက်ပြီးတော့ မျက်နှာပူလာခြင်းဟာ မျက်နှာအသားအရေအတွက် သွေးလှည့်ပတ်မှုကိုအားကောင်းစေလို့ အသားအရေစိုပြေလှပစေပြီး Glow စေပါတယ်။ ဘာကြောင့်လဲဆိုရင် သွေးလှည့်ပတ်မှုအားကောင်းစေခြင်းက collagen နဲ့ elastin ဓာတ်ကို ထုတ်လွှင့်ပေးလို့ပဲ ဖြစ်ပါတယ် …။

(၃) ကယ်လိုရီ ကျစေတယ်။

အနမ်းပေးချိန် ၁ မိနစ်ကြာတိုင်း ၂ မှ ၂၆ ကယ်လိုရီလောက် လောင်ကျွမ်းစေနိုင် ပါတယ်တဲ့ …။

(၄) စိတ်ဖိဆီးမှုလျော့ကျစေတယ်။

အနမ်းပေးခြင်းဟာ oxytocin ဓာတ်ကို ထုတ်လွှတ်ပေးပါတယ်။ ဒါဟာ အချစ်ရေးနဲ့ပတ်သက်ပြီး စိတ်ဖိဆီးမှုကို လျော့နည်းစေနိုင်တဲ့ ဓာတ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် နမ်းလိုက်တာနဲ့ ပြဿနာတွေရဲ့ အကုန်လုံးနီးပါးကို ဖြေရှင်းပြီးသလို ဖြစ်စေမှာပါနော် …။

(၅) ဓာတ်မတည့်မှုတွေကို သက်သာစေတယ်။

Allergy လို့ခေါ်တဲ့ ဓာတ်မတည့်မှုကြောင့် ဖြစ်တတ်တဲ့ အဖုအပိမ့်တွေနဲ့ အသက်ရှူကြပ်တာတွေကို နမ်းခြင်းက သက်သာစေပါတယ် ဆိုပြီး ဆေးပညာအရ အဆို ရှိထားပါတယ် …။

(၆) Microbiome တွေကို ထုတ်ပေးနိုင်တယ်။

ပြင်သစ်အနမ်း ၁၀ စက္ကန့်လောက် နမ်းလိုက်ရုံနဲ့ ဘတ်တီးရီးယားပေါင်း သန်း ၈၀ လောက် ဖလှယ်နိုင်တာကတော့ အမှန်တရားပါပဲ။ ဒါပေမယ့် ဒါတင်မဟုတ်ပဲနဲ့ microbiome လို့ခေါ်တဲ့ ကျန်းမာတဲ့ဘတ်တီးရီးယားတွေကိုလည်း ပေါက်ဖွားစေတာကြောင့် ကိုယ်ခံအားကောင်းစေမှာပဲ ဖြစ်ပါတယ်နော် …။ ။

penny