သင့္ခ်စ္သူကို ဘယ္ေတာ့မွ ထုတ္မေျပာသင့္တဲ့ လွ်ိဳ႕ဝွက္ခ်က္(၇)ခု…

သင့္ခ်စ္သူကို ဘယ္ေတာ့မွ ထုတ္မေျပာသင့္တဲ့ လွ်ိဳ႕ဝွက္ခ်က္(၇)ခု…

ကိုယ္နဲ႔ အရင္းႏွီးဆုံး၊ ကိုယ့္အေၾကာင္း အားလုံးသိေနတဲ့ ကိုယ့္ခ်စ္သူကို တစ္ခါတစ္ေလမွာေတာ႔ လွ်ိဳ႕ဝွက္ထားသင့္တဲ့ အရာေလးေတြ ႐ွိပါတယ္။ ဒါေလးေတြ လွ်ိဳ႕ဝွက္ထားလိုက္လို႔ ကိုယ့္အတြက္ေရာ၊ သူ႕အတြက္ပါ ဘာဆိုးက်ိဳးမွ မ႐ွိဘူးဆိုတာ ေသခ်ာေစတဲ့အျပင္ ႏွစ္ဦးသားအခ်စ္ေရးေတာင္ ပိုမိုအဆင္ေျပသြားေစ ပါလိမ္႔မယ္။ ကဲ လွ်ိဳ႕ဝွက္ထားရမယ့္ အရာေလးေတြကေတာ႔….

(၁) သူ႕သူငယ္ခ်င္းက မိုက္တယ္ဆိုတာ…

တစ္ခါတစ္ေလ ကိုယ့္ခ်စ္သူ ေကာင္ေလးရဲ႕ သူငယ္ခ်င္းက ေတာ္ေတာ္ေလး အထာက်တဲ့အေၾကာင့္ ကိုယ့္ခ်စ္သူကို သြားေျပာလို႔ မျဖစ္ဘူးဆိုတာ သိထားပါ။ ကိုယ့္စိတ္ထဲမွာပဲ ထားထားပါ …။

ကိုယ့္စိတ္ထဲမွာ ႐ွိေနၿပီးသား ကိုယ့္ခ်စ္သူထက္ ဘယ္သူ႕ကိုမွ ဦးစားေပးမွာ မဟုတ္ပဲနဲ႔ ဒီအတိုင္းစကား အျဖစ္ေတာင္ ႐ွင့္သူငယ္ခ်င္းက ေခ်ာလိုက္တာ၊ အရမ္းမိုက္တာပဲ လို႔ မေျပာမိပါေစနဲ႔။ လွ်ိဳ႕ဝွက္ထားသင့္တဲ့ အရာ ျဖစ္ပါတယ္ …။

(၂) ကိုယ့္ခ်စ္သူရဲ႕ အရင္ရည္းစားကို facebookမွာ သြားသြားၾကည့္မိတယ္ဆိုတာ…

မိန္းမသားမို႔ ဘာရယ္မဟုတ္ ကိုယ့္ရည္းစားရဲ႕ အရင္ေဆာ္ ဘာေတြလုပ္ေနမလဲဆိုတာ သိခ်င္စိတ္ျဖစ္မိတာမ်ိဳး ႐ွိပါတယ္။ ေကာင္ေလးေတြအေနနဲ႔လည္း ကိုယ့္ေကာင္မေလးရဲ႕ အရင္ဘဲ ဘာေတြလုပ္ေနမလဲဆိုတာ ကို သိခ်င္ၾကတာမ်ိဳးေတြ ႐ွိပါတယ္။ အဲ့ဒီလိုအခ်ိန္မ်ိဳးမွာ Facebook ဟာေနာက္ေယာင္ခံ လိုက္ၾကည့္ဖို႔ အေကာင္းဆုံးပါပဲ။ တစ္ခါတစ္ေလ သူတို႔ရဲ႕ စာမ်က္ႏွာကို သြားၾကည့္မိတယ္ဆိုရင္ေတာင္ သင့္ခ်စ္သူကို မေျပာမိပါေစနဲ႔ေနာ္ …။

(၃) ကိုယ္ဘယ္သူနဲ႔ အတူေနခဲ့ဖူးတယ္ဆိုတာ…

ဘယ္ေယာက်ၤား၊ မိန္းမကမွ ကိုယ့္ခ်စ္သူ အရင္တုန္းက ဘယ္သူနဲ႔ အတူေနခဲ့ဖူးတယ္ဆိုတာမ်ိဳးကို ျပန္ေျပာျပတာ လိုခ်င္မွာ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ ငါအရင္တုန္းက ဘယ္လိုမ်ိဳး၊ ဘယ္သူနဲ႔ဘာျဖစ္တာ ဘယ္လိုဆိုတာေတြ ေျပာဖို႔မလိုပါဘူး။ စိတ္အေႏွာင့္အယွက္ျဖစ္စရာ အလြန္ ေကာင္းလို႔ပါပဲ …။

(၄) သင့္စိတ္ကူးထဲက ခ်စ္သူဟာ ခုလက္႐ွိအျပင္ကလူနဲ႔ ကြဲျပားေနတယ္ဆိုတာ…

ငယ္ငယ္ေလးကတည္းက သင့္စိတ္ကူးအိပ္မက္ထဲက ခ်စ္သူပုံစံဟာ ဘယ္လိုဆိုတာ႐ွိေနၿပီးသား ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ခုခ်ိန္မွာေတာ့ အိပ္မက္နဲ႔ တကယ့္လက္ေတြ႕ဘ၀ ကြာျခားမွန္း သင္ေကာင္းေကာင္း သိလိုက္ပါၿပီ …။

အပိုေတြ ဇာခ်ဲ႕ေနမယ့္အစား သင့္သူ႕ကို တကယ္ခ်စ္လို႔ လက္တြဲထားတယ္ဆိုတာကိုသာ သင္သိေနပါေစ။ သင့္အိပ္မက္ထဲက ခ်စ္သူက ဘယ္လိုမ်ိဳးဆိုတာ သူ႕ကို ဖြင့္ဟဖို႔ မလိုအပ္ ပါဘူး …။

(၅) သူ႕ရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းကို သင္မုန္းတယ္ဆိုတာ…

ဘယ္သူမဆို ကိုယ့္အခ်စ္ဆုံး သူငယ္ခ်င္းကို ထိရင္ ခံခ်င္မွာ မဟုတ္ပါဘူး။ သင့္ကို အရမ္းခ်စ္တယ္ဆိုေပမယ့္ ဒါဟာ သူ႕သူငယ္ခ်င္းကို သင့္လိုလိုက္မုန္းဖို႔ေတာ့ မဟုတ္ဘူးေပါ့။ အဲ႔ဒါေၾကာင့္ အတတ္ႏိုင္ဆုံး ဒီလိုအခ်က္မ်ိဳးကို ေ႐ွာင္သင့္ပါတယ္ …။

(၆) သူ႕မိဘေတြနဲ႔ ကိုယ္အဆင္မေျပႏိုင္ဘူးဆိုတာ…

ကိုယ့္အေနနဲ႔ သူ႕မိဘေတြကို ဘယ္လိုမွ အေကာင္းျမင္ေပးလို႔ မရဘူး။ သူတို႔ရဲ႕ပုံစံေတြကို ၾကည့္မရဘူးဆိုရင္ေတာင္ ဒါကို စိတ္ထဲမွာပဲ ထားထားပါ။ အျပင္ထုတ္ေျပာဖို႔ေတာ့ အဆင္မေျပႏိုင္ဘူးေလ …။

(၇) ေကာင္ေလးတစ္ေယာက္က ကိုယ့္ကိုဘယ္ေလာက္ ေႂကြေနတယ္ဆိုတာ…

ကိုယ္က ဘယ္ေလာက္မိုက္ေၾကာင္း၊ အထာက်လို႔ ခုလိုရည္းစား႐ွိတာေတာင္ ေႂကြေနတဲ့သူ႐ွိေၾကာင္း ႂကြားသလိုမ်ိဳး ျဖစ္ေနသလားဆိုတာ စဥ္းစားပါ။ အဲ့ဒီအရာထက္ ပိုအေရးႀကီးတာက ကိုယ့္ခ်စ္သူ စိတ္အေႏွာင့္အယွက္ျဖစ္မွာကို ေတြးပါေနာ္ …။ ။

Credit – Trend Myanmar

Unicode Version ဖြင့်ဖတ်ရန်

သင့်ချစ်သူကို ဘယ်တော့မှ ထုတ်မပြောသင့်တဲ့ လျှို့ဝှက်ချက်(၇)ခု…

ကိုယ်နဲ့ အရင်းနှီးဆုံး၊ ကိုယ့်အကြောင်း အားလုံးသိနေတဲ့ ကိုယ့်ချစ်သူကို တစ်ခါတစ်လေမှာတော့ လျှို့ဝှက်ထားသင့်တဲ့ အရာလေးတွေ ရှိပါတယ်။ ဒါလေးတွေ လျှို့ဝှက်ထားလိုက်လို့ ကိုယ့်အတွက်ရော၊ သူ့အတွက်ပါ ဘာဆိုးကျိုးမှ မရှိဘူးဆိုတာ သေချာစေတဲ့အပြင် နှစ်ဦးသားအချစ်ရေးတောင် ပိုမိုအဆင်ပြေသွားစေ ပါလိမ့်မယ်။ ကဲ လျှို့ဝှက်ထားရမယ့် အရာလေးတွေကတော့….

(၁) သူ့သူငယ်ချင်းက မိုက်တယ်ဆိုတာ…

တစ်ခါတစ်လေ ကိုယ့်ချစ်သူ ကောင်လေးရဲ့ သူငယ်ချင်းက တော်တော်လေး အထာကျတဲ့အကြောင့် ကိုယ့်ချစ်သူကို သွားပြောလို့ မဖြစ်ဘူးဆိုတာ သိထားပါ။ ကိုယ့်စိတ်ထဲမှာပဲ ထားထားပါ …။

ကိုယ့်စိတ်ထဲမှာ ရှိနေပြီးသား ကိုယ့်ချစ်သူထက် ဘယ်သူ့ကိုမှ ဦးစားပေးမှာ မဟုတ်ပဲနဲ့ ဒီအတိုင်းစကား အဖြစ်တောင် ရှင့်သူငယ်ချင်းက ချောလိုက်တာ၊ အရမ်းမိုက်တာပဲ လို့ မပြောမိပါစေနဲ့။ လျှို့ဝှက်ထားသင့်တဲ့ အရာ ဖြစ်ပါတယ် …။

(၂) ကိုယ့်ချစ်သူရဲ့ အရင်ရည်းစားကို facebookမှာ သွားသွားကြည့်မိတယ်ဆိုတာ…

မိန်းမသားမို့ ဘာရယ်မဟုတ် ကိုယ့်ရည်းစားရဲ့ အရင်ဆော် ဘာတွေလုပ်နေမလဲဆိုတာ သိချင်စိတ်ဖြစ်မိတာမျိုး ရှိပါတယ်။ ကောင်လေးတွေအနေနဲ့လည်း ကိုယ့်ကောင်မလေးရဲ့ အရင်ဘဲ ဘာတွေလုပ်နေမလဲဆိုတာ ကို သိချင်ကြတာမျိုးတွေ ရှိပါတယ်။ အဲ့ဒီလိုအချိန်မျိုးမှာ Facebook ဟာနောက်ယောင်ခံ လိုက်ကြည့်ဖို့ အကောင်းဆုံးပါပဲ။ တစ်ခါတစ်လေ သူတို့ရဲ့ စာမျက်နှာကို သွားကြည့်မိတယ်ဆိုရင်တောင် သင့်ချစ်သူကို မပြောမိပါစေနဲ့နော် …။

(၃) ကိုယ်ဘယ်သူနဲ့ အတူနေခဲ့ဖူးတယ်ဆိုတာ…

ဘယ်ယောင်္ကျား၊ မိန်းမကမှ ကိုယ့်ချစ်သူ အရင်တုန်းက ဘယ်သူနဲ့ အတူနေခဲ့ဖူးတယ်ဆိုတာမျိုးကို ပြန်ပြောပြတာ လိုချင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ငါအရင်တုန်းက ဘယ်လိုမျိုး၊ ဘယ်သူနဲ့ဘာဖြစ်တာ ဘယ်လိုဆိုတာတွေ ပြောဖို့မလိုပါဘူး။ စိတ်အနှောင့်အယှက်ဖြစ်စရာ အလွန် ကောင်းလို့ပါပဲ …။

(၄) သင့်စိတ်ကူးထဲက ချစ်သူဟာ ခုလက်ရှိအပြင်ကလူနဲ့ ကွဲပြားနေတယ်ဆိုတာ…

ငယ်ငယ်လေးကတည်းက သင့်စိတ်ကူးအိပ်မက်ထဲက ချစ်သူပုံစံဟာ ဘယ်လိုဆိုတာရှိနေပြီးသား ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ခုချိန်မှာတော့ အိပ်မက်နဲ့ တကယ့်လက်တွေ့ဘ၀ ကွာခြားမှန်း သင်ကောင်းကောင်း သိလိုက်ပါပြီ …။

အပိုတွေ ဇာချဲ့နေမယ့်အစား သင့်သူ့ကို တကယ်ချစ်လို့ လက်တွဲထားတယ်ဆိုတာကိုသာ သင်သိနေပါစေ။ သင့်အိပ်မက်ထဲက ချစ်သူက ဘယ်လိုမျိုးဆိုတာ သူ့ကို ဖွင့်ဟဖို့ မလိုအပ် ပါဘူး …။

(၅) သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းကို သင်မုန်းတယ်ဆိုတာ…

ဘယ်သူမဆို ကိုယ့်အချစ်ဆုံး သူငယ်ချင်းကို ထိရင် ခံချင်မှာ မဟုတ်ပါဘူး။ သင့်ကို အရမ်းချစ်တယ်ဆိုပေမယ့် ဒါဟာ သူ့သူငယ်ချင်းကို သင့်လိုလိုက်မုန်းဖို့တော့ မဟုတ်ဘူးပေါ့။ အဲ့ဒါကြောင့် အတတ်နိုင်ဆုံး ဒီလိုအချက်မျိုးကို ရှောင်သင့်ပါတယ် …။

(၆) သူ့မိဘတွေနဲ့ ကိုယ်အဆင်မပြေနိုင်ဘူးဆိုတာ…

ကိုယ့်အနေနဲ့ သူ့မိဘတွေကို ဘယ်လိုမှ အကောင်းမြင်ပေးလို့ မရဘူး။ သူတို့ရဲ့ပုံစံတွေကို ကြည့်မရဘူးဆိုရင်တောင် ဒါကို စိတ်ထဲမှာပဲ ထားထားပါ။ အပြင်ထုတ်ပြောဖို့တော့ အဆင်မပြေနိုင်ဘူးလေ …။

(၇) ကောင်လေးတစ်ယောက်က ကိုယ့်ကိုဘယ်လောက် ကြွေနေတယ်ဆိုတာ…

ကိုယ်က ဘယ်လောက်မိုက်ကြောင်း၊ အထာကျလို့ ခုလိုရည်းစားရှိတာတောင် ကြွေနေတဲ့သူရှိကြောင်း ကြွားသလိုမျိုး ဖြစ်နေသလားဆိုတာ စဉ်းစားပါ။ အဲ့ဒီအရာထက် ပိုအရေးကြီးတာက ကိုယ့်ချစ်သူ စိတ်အနှောင့်အယှက်ဖြစ်မှာကို တွေးပါနော် …။ ။

Credit – Trend Myanmar