Credit
Unicode Version ဖြင့်ဖတ်ရန်
မျက်ရည်သုတ်ပေးမယ့်သူထက် မငိုအောင် ထားပေးတဲ့သူနဲ့သာ ဆုံခွင့်ရပါစေ…
မျက်ရည်သုတ်ပေးမယ့် သူထက်
မငိုအောင် ထားပေးတဲ့သူနဲ့သာ ဆုံခွင့်ရပါစေ …။
စိတ်ချမ်းသာအောင် ထားပေးမယ့် သူထက်
စိတ်မဆင်းရဲအောင် ထားနိုင်တဲ့ သူနဲ့သာ တွေ့ခွင့်ရပါစေ …။
မျက်နှာမှာ ပြုံးထားတဲ့ သူထက်
အတွင်းစိတ် ပုပ်နေတဲ့သူမျိုးနဲ့ ကင်းလွတ်ရပါစေ …။
ကိုယ့်ရှေ့မှာ ရက်စက်တတ်တဲ့ သူထက်
နောက်ကျောကို ဓားနဲ့ထိုးမယ့်သူနဲ့ ဝေးကွာ ရပါစေ …။
ချစ်သူရှိပြီး တွေ့ခွင့်မရတဲ့ အဖြစ်ထက်
တစ်ယောက်ထဲ အထီးကျန်တဲ့ ဘဝကိုသာ ရ ရပါလို၏ …။
နောက်ကွယ်မှာ အတင်းပြောတဲ့ သူတွေထက်
ရှေ့မှာ ပွင့်ပွင့်လင်းလင်း ပြောတဲ့သူနဲ့သာ တွေ့ပါရပါလို၏ …။ ။
Credit