ခ်စ္ျပတာနဲ႔ ခ်စ္တတ္တာ ဘာကြာလဲ သိလား…မသိရင္ ေျပာျပမယ္

ခ်စ္ျပတာနဲ႔ ခ်စ္တတ္တာ ဘာကြာလဲ သိလား…မသိရင္ ေျပာျပမယ္

Fb ေပၚမွာ Tag လိုက္ ၊ ပုံတင္လိုက္ ၊ Comments ေတြမွာ ပလူပ်ံလိုက္နဲ႔ တအားခ်စ္ျပတတ္တဲ့

ေယာက်္ားေလးေတာ္ေတာ္မ်ားမ်ားက အဲ့ဒီေကာင္မေလးကို တကယ္ လက္ထပ္ယူတာ ႐ွားတယ္ …။

(မ႐ွိဘူးမေျပာဘူးေနာ္…႐ွားတယ္ ေျပာတာ…ဟုတ္ရင္နာေပါ့)

ကိုယ္က အဲ့သလို မဟုတ္ဘူးဆိုရင္ ဆက္ဖတ္ပါ။ ကိုယ္တိုင္လည္း cmt ေရးမွ ၊ အသဲေတြ ေပးမွ ခ်စ္တယ္လို႔ ထင္ခဲ့တာ …။

အဲ့ဒီလို လုပ္ေပးတဲ့သူကို ေ႐ြးဖူးတယ္ …။

သူက ကိုယ့္ကို တကယ္ခ်စ္တာပဲေပါ့။ ေနာက္ဆုံးေတာ့ ထုံးစံအတိုင္း သူကပဲ အသစ္ရသြားတယ္ …။

ကိုယ့္အသိ ေကာင္မေလးဆိုရင္ သူ႕ေကာင္ေလးက cmt မေရးဘူး။ ဘယ္ေတာ့မွ သူ႕ post ေတြကို like လည္း မေပးဘူး …။

Silent တြဲခံရတာလားဆိုၿပီး စိတ္ေတာင္ပူမိတယ္။ ဒါေပမယ့္ အခုသူတို႔ လက္ထပ္သြားၾကပါျပီ …။

သူ႕ကိုေမးၾကည့္ေတာ့ ”သူေကာင္ေလးက fb ေပၚ မွာ အဲ့လိုလုပ္ရတာေတြ ဝါသနာမပါဘူး”…”အျပင္မွာ အရမ္း ဂ႐ုစိုက္တယ္” တဲ႔ …။

အခ်ိန္မွန္ ဖုန္းဆက္တယ္ ။ စာပို႔တယ္ ။ သူမႀကိဳက္တာ အကုန္ေ႐ွာင္တယ္ ။ သူ႕စကားဆို နားေထာင္တယ္ …။

သူ႕ဆႏၵကို ဦးစားေပးတယ္ ။ cmt မေရး ၊ like မေပးေပမယ့္ သူ႕ post မွာ ဘယ္သူက အသဲေပးတယ္ …၊

ဘယ္ေကာင္ေလးက ဘယ္လို cmt ေရးတယ္ဆိုတာက အစ အကုန္သိေနတယ္ …။

“တခါတေလဆို သူက ဘယ္သူလဲ ။ အသဲေပးထားတာ ဘယ္သူလဲ စသျဖင့္

ေမးတတ္ေတာ့ သူက post ေတြမွာ ျပန္႐ွာၿပီး ဘယ္သူ ဘယ္ဝါဆိုတာ ေျပာျပရတယ္” တဲ့ …။

“ဘယ္ေနရာ ေရာက္ေရာက္ vd call ေခၚျပတယ္ ။ ကိုကို႔ကို ေစာင့္ေပးေနာ္လို႔ တဖြဖြေျပာတယ္”

စိတ္လုံျခဳံမႈဆိုတာ ဒါပဲေလ။ ဘယ္ေတာ့မဆို သူဟာ ကိုယ္ယုံၾကည္ေအာင္ေနတယ္။ ကိုယ္စိတ္ခ်ေအာင္ ေနေပးတယ္ …။

ဘယ္အေျခအေနမဆို ကိုယ့္အနား သူ႐ွိေနေပမယ္ဆိုတဲ့ ခြန္အားမ်ိဳး႐ွိေအာင္ ကိုယ့္ကို ထားတယ္ …။

Fb ေပၚမွာ တီတီတာတာ မလုပ္တတ္ေပမယ့္ သူ႕စိတ္ဟာ ကိုယ့္ဆီပဲ အာ႐ုံဝင္စားတယ္ ။ အခုေနာက္ပိုင္း ပိုၿပီး သတိထား ၾကည့္မိလာတယ္ …။

Fb ေပၚမွာ သိပ္ခ်စ္ျပေနရင္ အဲ့ဒါ အယုံသြင္းေနတာလို႔ ။ ဘယ္သူ႕ကိုမွ ဂ်င္း မမိေစခ်င္ဘူး …။

တကယ္ခ်စ္တဲ့ ေယာက်္ားေလးေတြက တီတီတာတာ ေျပာဖို႔ထက္ လက္ေတြ႕ျပႏိုင္ဖို႔ကိုပဲ ႀကိဳးစားၾကတယ္။ အမ တစ္ေယာက္က ေျပာဖူးတယ္ …။

“ ၾကယ္ေတြ လေတြ ခူးေပးမယ္ လို႔ ေျပာတဲ့သူေတြကို မယုံပါနဲ႔ ညီမေလး” တဲ့၊ ဟုတ္ပါတယ္ …။

ကိုယ့္အနားအၿမဲလိုလို ႐ွိဖို႔ အတြက္ပဲ အရင္ႀကိဳးစားပါေစအုံး ။ ကိုယ့္ကိုလက္ ၿမဲေအာင္ပဲ တြဲပါေစအုံး ။ ခ်စ္ျပတာနဲ႔ ခ်စ္တတ္တာ ခြဲျခားသိႏိုင္ၾကပါေစေနာ္ …။ ။

Credit

Unicode Version ဖြင့်ဖတ်ရန်

ချစ်ပြတာနဲ့ ချစ်တတ်တာ ဘာကွာလဲ သိလား…မသိရင် ပြောပြမယ်

Fb ပေါ်မှာ Tag လိုက် ၊ ပုံတင်လိုက် ၊ Comments တွေမှာ ပလူပျံလိုက်နဲ့ တအားချစ်ပြတတ်တဲ့

ယောက်ျားလေးတော်တော်များများက အဲ့ဒီကောင်မလေးကို တကယ် လက်ထပ်ယူတာ ရှားတယ် …။

(မရှိဘူးမပြောဘူးနော်…ရှားတယ် ပြောတာ…ဟုတ်ရင်နာပေါ့)

ကိုယ်က အဲ့သလို မဟုတ်ဘူးဆိုရင် ဆက်ဖတ်ပါ။ ကိုယ်တိုင်လည်း cmt ရေးမှ ၊ အသဲတွေ ပေးမှ ချစ်တယ်လို့ ထင်ခဲ့တာ …။

အဲ့ဒီလို လုပ်ပေးတဲ့သူကို ရွေးဖူးတယ် …။

သူက ကိုယ့်ကို တကယ်ချစ်တာပဲပေါ့။ နောက်ဆုံးတော့ ထုံးစံအတိုင်း သူကပဲ အသစ်ရသွားတယ် …။

ကိုယ့်အသိ ကောင်မလေးဆိုရင် သူ့ကောင်လေးက cmt မရေးဘူး။ ဘယ်တော့မှ သူ့ post တွေကို like လည်း မပေးဘူး …။

Silent တွဲခံရတာလားဆိုပြီး စိတ်တောင်ပူမိတယ်။ ဒါပေမယ့် အခုသူတို့ လက်ထပ်သွားကြပါပြီ …။

သူ့ကိုမေးကြည့်တော့ ”သူကောင်လေးက fb ပေါ် မှာ အဲ့လိုလုပ်ရတာတွေ ဝါသနာမပါဘူး”…”အပြင်မှာ အရမ်း ဂရုစိုက်တယ်” တဲ့ …။

အချိန်မှန် ဖုန်းဆက်တယ် ။ စာပို့တယ် ။ သူမကြိုက်တာ အကုန်ရှောင်တယ် ။ သူ့စကားဆို နားထောင်တယ် …။

သူ့ဆန္ဒကို ဦးစားပေးတယ် ။ cmt မရေး ၊ like မပေးပေမယ့် သူ့ post မှာ ဘယ်သူက အသဲပေးတယ် …၊

ဘယ်ကောင်လေးက ဘယ်လို cmt ရေးတယ်ဆိုတာက အစ အကုန်သိနေတယ် …။

“တခါတလေဆို သူက ဘယ်သူလဲ ။ အသဲပေးထားတာ ဘယ်သူလဲ စသဖြင့်

မေးတတ်တော့ သူက post တွေမှာ ပြန်ရှာပြီး ဘယ်သူ ဘယ်ဝါဆိုတာ ပြောပြရတယ်” တဲ့ …။

“ဘယ်နေရာ ရောက်ရောက် vd call ခေါ်ပြတယ် ။ ကိုကို့ကို စောင့်ပေးနော်လို့ တဖွဖွပြောတယ်”

စိတ်လုံခြုံမှုဆိုတာ ဒါပဲလေ။ ဘယ်တော့မဆို သူဟာ ကိုယ်ယုံကြည်အောင်နေတယ်။ ကိုယ်စိတ်ချအောင် နေပေးတယ် …။

ဘယ်အခြေအနေမဆို ကိုယ့်အနား သူရှိနေပေမယ်ဆိုတဲ့ ခွန်အားမျိုးရှိအောင် ကိုယ့်ကို ထားတယ် …။

Fb ပေါ်မှာ တီတီတာတာ မလုပ်တတ်ပေမယ့် သူ့စိတ်ဟာ ကိုယ့်ဆီပဲ အာရုံဝင်စားတယ် ။ အခုနောက်ပိုင်း ပိုပြီး သတိထား ကြည့်မိလာတယ် …။

Fb ပေါ်မှာ သိပ်ချစ်ပြနေရင် အဲ့ဒါ အယုံသွင်းနေတာလို့ ။ ဘယ်သူ့ကိုမှ ဂျင်း မမိစေချင်ဘူး …။

တကယ်ချစ်တဲ့ ယောက်ျားလေးတွေက တီတီတာတာ ပြောဖို့ထက် လက်တွေ့ပြနိုင်ဖို့ကိုပဲ ကြိုးစားကြတယ်။ အမ တစ်ယောက်က ပြောဖူးတယ် …။

“ ကြယ်တွေ လတွေ ခူးပေးမယ် လို့ ပြောတဲ့သူတွေကို မယုံပါနဲ့ ညီမလေး” တဲ့၊ ဟုတ်ပါတယ် …။

ကိုယ့်အနားအမြဲလိုလို ရှိဖို့ အတွက်ပဲ အရင်ကြိုးစားပါစေအုံး ။ ကိုယ့်ကိုလက် မြဲအောင်ပဲ တွဲပါစေအုံး ။ ချစ်ပြတာနဲ့ ချစ်တတ်တာ ခွဲခြားသိနိုင်ကြပါစေနော် …။ ။

Credit