လမ္းခြဲသြားတဲ့ ခ်စ္သူကို သင့္ဆီျပန္လာေအာင္ လုပ္ႏိုင္မယ့္ နည္းလမ္းမ်ား…

ဘယ္လို ဆက္ဆံေရးမ်ိဳးပဲျဖစ္ပါေစ အဆုံးသတ္တိုင္းဟာ ခက္ခဲတတ္ပါတယ္။ အခ်ိန္အေတာ္ၾကာ သုခဒုကၡေတြကို မွ်၀ေမႈေတြ အတူတကြလုပ္ခဲ့ၾကတဲ့ လူႏွစ္ေယာက္ဟာ လမ္းခြဲၾကၿပီဆိုမွေတာ့ တစ္ေယာက္မပါပဲ တစ္ေယာက္ဘယ္လိုခရီးဆ က္ၾကမလဲဆိုတာ တြက္ဆဖို႔လိုအပ္တာေပါ့။ သတင္းေကာင္းက သူတို႔မရွိပဲလည္း သင့္အေနနဲ႔ျပန္လည္ရွင္သန္တဲ့ဘ၀တစ္ခုကို ရႏိုင္တယ္ဆိုတာပါပဲ။

တစ္ခါတစ္ရံမွာလည္း ဆက္ဆံေရးတစ္ခုဟာ ၾကမ္းတမ္းခက္ခဲတတ္ၿပီး ေသဆုံးေတာ့မယ့္ဆက္ဆံေရးေလးကို ကယ္တင္ဖို႔ အလုပ္ဆိုတာ လိုအပ္လာပါတယ္ေနာ္။

သူ႔စိတ္ေတြေျပာင္းလဲသြားပီး သူ႔ကိုဘယ္လိုျပန္လာေအာင္လုပ္ရမလဲဆိုတာ သင္ျမင္ႏိုင္ဖို႔ခက္ခဲေပမယ့္ ကြၽန္ေတာ္တို႔ကို ယုံၾကည္စိတ္ခ်လိုက္ပါ။ အဲ့ဒီအရာေတြဟာ အၿမဲတမ္းျဖစ္ပ်က္တတ္တဲ့အရာေတြပါ။ ခ်စ္သူစုံတြဲေတြျပတ္လိုက္ ျပန္ဆက္လိုက္နဲ႔ ျဖစ္ေနတာ ေန႔တိုင္းလိုလိုပဲမဟုတ္လား.။

တစ္ကယ္က တစ္ခုခုကိုလုပ္ဖို႔ပဲလိုတာပါ။ တစ္ကယ္လို႔ သင့္မွာ အလုပ္လုပ္လိုတဲ့ ဆႏၵရွိခဲ့ရင္ တခ်ိန္က ေပ်ာ္႐ႊင္မႈမရွိခဲ့တဲ့ သင္တို႔ရဲ႕ဆက္ဆံေရးကို အရင္ကထက္ပိုခိုင္ၿမဲေစလာမွာစ္ပီး အတူတကြေပ်ာ္႐ႊင္စြာေနထိုင္သြားရမွာပါ။ ေအာက္က အခ်က္ေလးေတြကေတာ့ သူ႔ကိုျပန္အႏိုင္ယူဖို႔နဲ႔ သင္တို႔အတူတူဘယ္လို ေရွ႕ဆက္ၾကမလဲဆိုတဲ့အခ်က္ေလးေတြပါေနာ္..ကဲေလ့လာၾကည့္ရေအာင္..

အခ်ိန္ကသင့္မိတ္ေဆြပါပဲ

သင့္ခ်စ္သူနဲ႔လမ္းခြဲၿပီးတဲ့ေနာက္ သင္ပထမဆုံးလုပ္ရမွာက သူ႔ကိုခ်ည္ေႏွာင္ထားမိေစတဲ့အမွတ္တရေတြအားလုံးကို ျဖတ္ေတာက္ပစ္လိုက္ဖို႔ပါပဲ။ ဒါက ျပင္းထန္တယ္ထင္ရေပမယ့္ သင့္အေၾကာင္းကိုသင့္ခ်စ္သူကေတြးေနေစခ်င္ရင္ သူ႔ကိုသင့္ဆီ ၀င္ေရာက္ခြင့္မရွိေၾကာင္းေသခ်ာေစဖို႔လိုအပ္ပါလိမ့္မယ္။

သူ႔ကိုလူမႈမီဒီယာတြင္ပိတ္ဆို႔ျခင္း၊ သူ႔ရဲ႕ဖုန္းေခၚဆိုမႈမ်ားကိုလ်စ္လ်ဴရႈျခင္း၊ သူသြားတတ္သည့္ေနရာမ်ားကိုေရွာင္ျခင္း၊ သူသည္သင့္ကိုမျမင္ႏိုင္ေသာ္လည္း ဒါက သင့္အေၾကာင္းပုံမွန္စဥ္းစားဖို႔ နည္းလမ္းေတြပဲျဖစ္ပါတယ္။

သင္ဟာအြန္လိုင္းအျပင္ဘက္က ဘ၀တစ္ခုမွာစတင္ေနထိုင္ေနစဥ္အတြင္း သူကသင့္ကိုေတြ႕ခ်င္ျမင္ခ်င္ေပမယ့္မျမင္ရတဲ့အခါ သင္တစ္ကယ္မရွိေတာ့ဘူးဆိုတာသူစတင္ခံစားရလာပါလိမ့္မယ္။ ဒီအခါသူ႔ႏွလုံးသားက သင့္ကိုျပန္လိုခ်င္တဲ့ ဆႏၵေတြျပန္လည္ေမြးဖြားလာၿပီး သင့္ကိုလိုက္လံရွာေဖြပါလိမ့္မယ္ေနာ္..

သင္အသစ္တစ္ေယာက္ကိုမတြဲမီ ဒါမွမဟုတ္ သင္ဟာသင့္ခ်စ္သူကို သင့္ဆီျပန္လာေအာင္မႀကိဳးစားမီ သင္ကိုယ္တိုင္အ တြက္ ၀မ္းနည္းပူေဆြးမႈနဲ႔သင့္အေျခအေနကို ကုစားဖို႔ အခ်ိန္အနည္းငယ္ေတာ့ယူရမွာေပါ့။ သင္လိုခ်င္တာကိုဆုံးျဖတ္ပါ။ ဒါက ၿပိဳကြဲမႈေတြရဲ႕ ဒရမ္မာတစ္ခုလိုပဲလြယ္ကူတယ္ထင္ရေပမယ့္မလြယ္ပါဘူး။ တစ္ခုက သင့္ဆုံးျဖတ္ခ်က္ေတြကို ခ်က္ျခင္းႀကီး ခ်ဖို႔မလိုေသးပါဘူး..

သင့္ဒဏ္ရာအားလုံးကိုကုသဖို႔နဲ႔အေကာင္းဆုံးေသာအရာေတြကို လုပ္ဖို႔အခ်ိန္ေပးပါ။ သူ႔ကိုျပန္ရဖို႔အတြက္သင့္ဒဏ္ရာေတြကိုကုသဖို႔နဲ႔ သင္တို႔ဆက္ဆံေရးအတြက္လမ္းေၾကာင္းအသစ္တစ္ခုကို စတင္ဖို႔ အဆင္သင့္ျဖစ္ေနပါေစ။ သင္က်န္ေနခဲ့ရတဲ့ေနရာကိုပဲဆုပ္ကိုင္ထားမယ္ဆိုရင္ သင္စိတ္ပ်က္ရပါလိမ့္မယ္။ အခ်ိန္ကလူေတြကိုေျပာင္းလဲေစပါတယ္။

တစ္ကယ္က သင့္ခ်စ္သူသင့္ဆီျပန္လာဖို႔ဘယ္ေလာက္ၾကာမလဲဆိုတာနဲ႔ပက္သက္ၿပီး ဘာစည္မ်ည္းစည္းကမ္းေတြမွမရွိပါဘူး ။ သင့္ခ်စ္သူကို သင့္ဆီျပန္လာဖို႔ မလုပ္ေဆာင္ခင္ သင့္ဒဏ္ရာေတြကိုသက္သာေအာင္ သင္ကုသဖို႔အခ်ိန္ရတယ္ဆိုတာပါပဲ။

အေျခအေနေတြကိုထိန္းခ်ဳပ္ပါ။

ေနာက္တစ္ခုသင္လုပ္ရမယ့္အရာကသူဆီကေနသင္ဘာလိုအပ္တာလဲဆိုတာကိုရွင္းရွင္းလင္းလင္းသိေအာင္လုပ္ၿပီးသူေနာ င္တရပီးသင့္ဆီျပန္လာတဲ့အခါ သူ႔ဆီကသင္လိုခ်င္တာကိုလက္ျဖန္႔ေတာင္း႐ုံေပါ့။ တစ္ခုကသင္ကေနာက္ဆုံးမွာသူ႔ဆီက ဖုန္းကိုလက္ခံလိုက္တဲ့အခါ စိတ္ပ်က္လက္ပ်က္ျဖစ္ေနပုံမေပၚဘူးဆိုရင္ သင့္အေပၚသူ႔အေလးအနက္ထားမႈေလ်ာ့သြားပါလိမ့္မယ္။

ဒါေၾကာင့္သင့္ရဲ႕အေတြးေတြနဲ႔ခံစားခ်က္ေတြကို ထိန္းခ်ဳပ္ထားဖို႔လိုအပ္ပါတယ္။ ေနာက္တစ္ခုက သင့္ခ်စ္သူသင့္ဆီကို ျပန္မလာမခ်င္း သင့္ရဲ႕၀မ္းနည္းပူေဆြးမႈ ငိုယိုမႈေတြကို သူမျမင္ေစဖို႔ အေသအခ်ာလုပ္ပါ။

သူ႔အမွားေတြကို သူျမင္ၿပီး သင့္ဆီျပန္လာဖို႔ႀကိဳးစားေနတဲ့အခ်ိန္ သူ႔ေနာက္ကြယ္မွာ သင္ငိုေႂကြးႏိုင္ပါတယ္။ ဆိုလိုတာက သူ႔ေရွ႕မွာေတာ့ ၀မ္းနည္းပီးမငိုမိေစဖို႔ပါပဲ။ ဒါကသူ႔စိတ္ဆိုးမႈအတြက္ ျပတ္စဲျခင္းအတြက္ သင့္ကို ဘာအေႏွာင့္အယွက္မွရွိမေပးႏိုင္ဘူးဆိုတာ သူ႔ကိုေတြးႏိုင္ေစမယ့္နည္းတစ္ခုျဖစ္ၿပီးေတာ့ သူ႔ကို ႐ူးသြပ္သြားေအာင္သင္လုပ္ႏိုင္ေစမယ့္နည္းလမ္းေလးပါေနာ္။

မေတာင္းပန္ပါနဲ႔

သင့္ကိုသင္အတြက္အေကာင္းဆုံးအခ်ိန္ယူေနတဲ့အခ်ိန္ သူ႔ကိုအျပင္မွာလိုက္ရွာပီးေတာင္းပန္တာမ်ိဳးေတြဘယ္ေတာ့မွ မလုပ္မိပါေစနဲ႔။ ဒါကလူေတြလုပ္တတ္တဲ့မိုက္မဲမႈတစ္ခုပါေနာ္။ သူမပါပဲ သင္ဟာဘာမွမလုပ္ႏိုင္ေတာ့သလို သူ႔ကိုအရမ္းလို အပ္ေနတယ္ဆိုတဲ့ပုံစံကို မျပမိပါေစနဲ႔။

အဲ့ဒီလိုေတြလုပ္ျပမိျခင္းက သင့္ကိုသူပထမတစ္ႀကိမ္ထားခဲ့တာရဲ႕ အေၾကာင္းျပခ်က္တစ္ခုလည္းျဖစ္ႏိုင္ပါတယ္။ သင္က အရမ္းခ်စ္ျပေနသလိုျဖစ္သြားပါလိမ့္မယ္။ သင္သူ႔ဆီကဘာမွေတာင္းဆိုဖို႔မလိုပါဘူး။ သူ႔ကိုယ္ပိုင္အေတြးအေခၚေတြနဲ႔သင့္အနားသူျပန္ေရာက္လာမွာပါ။

သူနဲ႔အတူဒုကၡမခံနဲ႔

သင့္ဆီျပန္လာဖို႔အတြက္ သူ႔အယူအဆေတြ၊ သူ႔ကိုယ္ပိုင္အေတြးေတြ ကိုသူ႔ဘာသာခ်ည္းကပ္ပါေစ။ သင္ကသူ႔ကို သင့္ဆီ ျပန္လာတာ ဘာေၾကာင့္မွန္ေစလဲဆိုတာမ်ိဳးေတြအတြက္ ဒုကၡမခံပါနဲ႔။ ဆိုရွယ္မီဒီယာေတြျဖစ္တဲ့ အီးေမးလ္၊ မက္ေဆ့ နဲ႔ဆက္သြယ္လို႔ရႏိုင္တာမွန္သမွ် ျဖတ္ေတာက္ပစ္ပါ။

သူဖုန္းေခၚရင္လည္း လုံး၀မကိုင္မိပါေစနဲ႔။ ဒါဟာအစြန္းေရာက္သလိုျဖစ္သြားေစတာမွန္ေပမယ့္ လုပ္ရမယ့္အရာပါပဲ။ သင့္အသံကိုလည္းမၾကားရ သင့္ကိုလည္းမေတြ႕ရ တဲ့အေျခအေနက သင့္အေၾကာင္းကို စဥ္းစားဖို႔ သူ႔ကိုတြန္းအားေပးသလိုပါပဲေနာ္။

ဆိုလိုတာက သင့္အေၾကာင္းေတြးပီး သင္ဘာေတြျဖစ္ေနတယ္ဆိုတာကို သူသိလိုစိတ္ျပင္းျပေအာင္လုပ္ေပးလိုက္တာပါပဲ။ သူကသင့္ကိုမေတြ႕ရေလ ပိုၿပီးေတြ႕ခ်င္ေလ သူ႔ေခါင္းထဲမွာ သင့္တံခါးကိုေနာက္တစ္ေခါက္လာေခါက္ဖို႔ လႈံေဆာ္ေပးေနပါလိမ့္မယ္။

ေမွ်ာ္လင့္ခ်က္မဲ့သလိုမလုပ္ျပမိေစနဲ႔

သင့္အေကာင္းဆုံးဘ၀ကို ရွင္သန္ဖို႔အတြက္ထြက္ခြာလာခဲ့ၿပီးခ်ိန္မွာ သူနဲ႔ျပန္ေတြ႕ျဖစ္ခဲ့ရင္ေတာင္ ဂ႐ုမစိုက္ျပေနပါနဲ႔၊ ေမွ်ာ္လင့္ခ်က္မဲ့သလို အပူတျပင္း၀မ္းနည္းမေၾကကြဲျပေနပါနဲ႔။ သူ႔ကိုေမးခြန္းေတြအမ်ားႀကီး မေမးပါနဲ႔။ တိုတိုရွင္းရွင္းပဲေျပာပါ သင္ဘယ္ေလာက္ေၾကကြဲရလဲဆိုတာ သီခ်င္းထဲထည့္ဆိုျပမေနပါနဲ႔။

ၿပီးေတာ့တတ္ႏိုင္သေလာက္ ျမန္ျမန္ထြက္ခြာပါ။ အထူးသျဖင့္ သူကေတြ႕ဖို႔မလိုအပ္ဘူးဆိုတဲ့ပုံစံဖမ္းလာရင္ မေမွ်ာ္လင့္ပဲသူနဲ႔ေတြ႕အၿပီးမွာ အၿပဳံးေလးနဲ႔ျပန္ဖို႔ႀကိဳးစားပါ။ သင့္ကို သူ႔ဘက္က ပိုၿပီးလိုခ်င္လာေအာင္လုပ္ပါ။ တကယ္လို႔ သူ႔မွာသူ ငယ္ခ်င္းပါလာရင္ သူ႔သူငယ္ခ်င္းကို, စကားမ်ားမ်ားေျပာေပါ့။ သူ႔ကိုအခ်ိန္မေပးပါနဲ႔။ သူသင့္ဆီတစ္ကယ္ျပန္လာတဲ့အခါ သူအခ်ိန္ေတြအမ်ားႀကီးရဦးမွာပါေနာ္။

သတိထားပီးျပန္ေခၚ

အခ်ိန္တစ္ခုၿပီးတဲ့ေနာက္ သူ႔ေရွ႕မွာ သင့္ကိုယ္သင္ကိုင္တြယ္ႏိုင္ေလာက္ေအာင္အားအင္ျပည့္၀တယ္လို႔ခံစားလာရတဲ့အခါ သူ႔ကိုသင့္ဆီျပန္လာေအာင္လုပ္ဖို႔ျဖည္းျဖည္းခ်င္းစတင္ပါ။

မ်ားေသာအားျဖင့္ သင္တို႔ဆက္ဆံေရးကိုတစ္ခါတည္းနဲ႔ တစ္ခ်ိန္ကရွိခဲ့ဖူးတဲ့ ေနာက္ကိုျပန္ခုန္ေက်ာ္လို႔ရမွာမဟုတ္ပါဘူး။ သင္တို႔ဆက္ဆံေရးက ၿပီးဆုံးခဲ့ၿပီးၿပီေလ။

ဒီေတာ့ သင္သူ႔ဆီကိုျပန္လာေစဖို႔ဆုံးျဖတ္ခ်က္ခ်ၿပီးၿပီဆိုရင္ သူ႔ကိုညစာစားဖို႔ ဒါမွမဟုတ္ အျပင္မွာတစ္ခုခုေသာက္ဖို႔ ခ်ိန္းဆိုလိုက္ပါ။သင့္မွာသင္ကိုယ္တိုင္မေျဖရွင္းနိင္တဲ့ ျပႆနာေတြ ဒါမွမဟုတ္ သင္ယုံၾကည္မႈအတြက္ စိုးရိမ္စိတ္ေတြရွိေနရင္ ဒီလိုအေျခအေနမ်ိဳးေတြအတတြက္ ထိေရာက္တဲ့ အႀကံေတြကို ပေရာ္ဖက္ရွင္နယ္က်က်ေပးႏိုင္တဲ့အ ႀကံေပးေတြက ကူညီေပးႏိုင္ပါလိမ့္မယ္။

ကိုယ္လုပ္စရာရွိတာေတြကိုလုပ္

သင္သူ႔ကိုဂ႐ုမစိုက္ပဲ စိတ္ခံစားမႈေတြကို ထိန္းခ်ဳပ္ထားတဲ့အခ်ိန္ သင္ေနာက္ထပ္ဘာေတြလုပ္မလဲဆိုတာ ေတြးပါ။ ေယာ က်ာ္းတစ္ေယာက္အတြက္ အခ်ိန္ေတြျဖဳန္းတီးတာေတြက တကယ္ေတာ့မလိုပါဘူး။ သူငယ္ခ်င္းေတြနဲ႔အျပင္သြားပါ။ သင့္အိမ္ခန္းကိုသန္႔ရွင္းပါ။ ခရီးသြားပါ။ ေကာင္းတဲ့အရာေတြကိုလုပ္ပါ။ ဆက္ဆံေရးတစ္ခုျပတ္စဲသြားလို႔ ခံစားေနရတဲ့သင့္ကို ဒါေတြက ကကူညီေပးပါလိမ့္မယ္။

အနာဂါတ္အစီအစဥ္ေတြအတူခ်ပါ

သူျပန္လာခဲ့ရင္ သူ႔ကိုအရာရာအေလ်ာ့မေပးပါနဲ႔။ ကြဲအက္ပီးသားဆက္ဆံေရးတစ္ခုအတြက္ သင္တို႔ ဘာလိုခ်င္ၾကလဲဆိုတာ အတူေတြးပါ။ ဆက္ဆံေရးအသစ္တစ္ခုျပန္စတင္တာျဖစ္တဲ့အတြက္ သင္ဘယ္လိုပုံႀကိဳက္လဲဆိုတာ သူ႔ကိုေျပာပါ။ သူေျပာတာလည္းနားေထာင္ေပးပါ။ ဒါက နစ္ေယာက္စလုံးအတြက္ အေရးႀကီးပါတယ္။ ဒါကအစပိုင္းမွာေတာ့လြယ္ကူမွာမဟုတ္ပါဘူး။ တျဖည္းျဖည္းခ်င္းႀကိဳးစားၾကည့္ပါ။

ဘ၀ကိုတိုးတက္ေအာင္လုပ္

သူ႔ဖုန္းေတြမကိုင္ခဲ့တာလည္းၾကာၿပီ။ သင့္ဘ၀ကိုလည္း အေကာင္းဆုံးတည္ေဆာက္ပီးၿပီဆိုရင္ သူတကယ္လို႔ ဖုန္းေခၚခဲ့ရင္ ကိုင္လိုက္ပါ။ ဒါက သူျပန္လာႏိုင္ဖို႔အတြက္ဖြင့္ေပးတဲ့အေကာင္းဆုံးနည္းလမ္းပါပဲ။ ဒါေပမယ့္ သူ႔ကိုတစ္လလုံးစာစကားေတြအမ်ားႀကီး မေျပာပါနဲ႔ဦး။

အျဖစ္မွန္မဟုတ္ရင္ေတာင္ သင့္ကို ခ်စ္ေနတဲ့ တျခားတစ္ေယာက္က ခ်စ္ေရးဆိုထားေၾကာင္း၊ သူနဲ႔တစ္ခါ ေတြ႕ထားပီးျဖစ္ေၾကာင္းေျပာျပလိုက္ပါ။ တစ္ကယ္လို႔ သူျပန္မလာခဲ့ရင္ေတာင္ သင့္ကိုယ္ပိုင္ဘ၀ကို တိုးတက္ေအာင္လုပ္ပါ။ လန္း ဆန္းေအာင္ေနပါ။

သင္သူ႔ကိုတစ္ကယ္ျပန္လာေစခ်င္လားဆုံးျဖတ္ပါ

သူက သင့္ဘ၀လို႔ထင္ပါလိမ့္မယ္။ တစ္ကယ္က သင္ကသာသင့္ဘ၀ရဲ႕ပဲ့ကိုင္ရွင္ပါ။ သင့္ဘ၀ေျပာင္းလဲမႈေတြအတြက္ အဲ့ဒီလူကို ေစာင့္ေနစရာမလိုပါဘူး။ သင္သူ႔ကိုတစ္ကယ္လိုခ်င္တယ္၊ သင့္မွာလည္းခံႏိုင္ရည္အားေတြျပည့္လာၿပီဆို သူ႔ဆီသြားပါ။ ဒီလိုမွမဟုတ္ရင္လည္း သူျပန္လာတာကိုခြင့္လႊတ္ေပးလိုက္ပါ။

သင္တို႔ ရက္သတၱပတ္မ်ားစြာ၀ေးကြာပီးေနာက္ သူ႔မွာလည္း ေျပာစရာစကားမ်ားစြာရွိေနမွာပါ။ တစ္ကယ္ကိုသူ႔ကိုျပန္လို ခ်င္တယ္အျပစ္မွန္သမွ် ခြင့္လႊတ္ႏိုင္တယ္ဆို သူျပန္လာေအာင္လမ္းဖြင့္ေပးထားပါ။ အတူတကြပုံစံအသစ္နဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနထိုင္ၾကပါ၊ သင့္ကိုသင္မေသခ်ာဘူးဆိုရင္ အခ်ိန္ယူပါ။

သင့္အတြက္သူကဆုံးျဖတ္ခ်က္ခ်မယ့္သူမဟုတ္ပါဘူး။ သင္ေပ်ာ္႐ႊင္ဖို႔သင္ကသာ ဆုံးျဖတ္ရမွာပါ။ ကဲဒီေလာက္ဆို သူသင့္ဆီျပန္လာေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာ နားလည္ေလာက္ပါပီ။

#Lifestyle_Myanmar

#Mg_Htet

Unicode

ဘယ်လို ဆက်ဆံရေးမျိုးပဲဖြစ်ပါစေ အဆုံးသတ်တိုင်းဟာ ခက်ခဲတတ်ပါတယ်။ အချိန်အတော်ကြာ သုခဒုက္ခတွေကို မျှ၀ေမှုတွေ အတူတကွလုပ်ခဲ့ကြတဲ့ လူနှစ်ယောက်ဟာ လမ်းခွဲကြပြီဆိုမှတော့ တစ်ယောက်မပါပဲ တစ်ယောက်ဘယ်လိုခရီးဆ က်ကြမလဲဆိုတာ တွက်ဆဖို့လိုအပ်တာပေါ့။ သတင်းကောင်းက သူတို့မရှိပဲလည်း သင့်အနေနဲ့ပြန်လည်ရှင်သန်တဲ့ဘ၀တစ်ခုကို ရနိုင်တယ်ဆိုတာပါပဲ။

တစ်ခါတစ်ရံမှာလည်း ဆက်ဆံရေးတစ်ခုဟာ ကြမ်းတမ်းခက်ခဲတတ်ပြီး သေဆုံးတော့မယ့်ဆက်ဆံရေးလေးကို ကယ်တင်ဖို့ အလုပ်ဆိုတာ လိုအပ်လာပါတယ်နော်။

သူ့စိတ်တွေပြောင်းလဲသွားပီး သူ့ကိုဘယ်လိုပြန်လာအောင်လုပ်ရမလဲဆိုတာ သင်မြင်နိုင်ဖို့ခက်ခဲပေမယ့် ကျွန်တော်တို့ကို ယုံကြည်စိတ်ချလိုက်ပါ။ အဲ့ဒီအရာတွေဟာ အမြဲတမ်းဖြစ်ပျက်တတ်တဲ့အရာတွေပါ။ ချစ်သူစုံတွဲတွေပြတ်လိုက် ပြန်ဆက်လိုက်နဲ့ ဖြစ်နေတာ နေ့တိုင်းလိုလိုပဲမဟုတ်လား.။

တစ်ကယ်က တစ်ခုခုကိုလုပ်ဖို့ပဲလိုတာပါ။ တစ်ကယ်လို့ သင့်မှာ အလုပ်လုပ်လိုတဲ့ ဆန္ဒရှိခဲ့ရင် တချိန်က ပျော်ရွှင်မှုမရှိခဲ့တဲ့ သင်တို့ရဲ့ဆက်ဆံရေးကို အရင်ကထက်ပိုခိုင်မြဲစေလာမှာစ်ပီး အတူတကွပျော်ရွှင်စွာနေထိုင်သွားရမှာပါ။ အောက်က အချက်လေးတွေကတော့ သူ့ကိုပြန်အနိုင်ယူဖို့နဲ့ သင်တို့အတူတူဘယ်လို ရှေ့ဆက်ကြမလဲဆိုတဲ့အချက်လေးတွေပါနော်..ကဲလေ့လာကြည့်ရအောင်..

အချိန်ကသင့်မိတ်ဆွေပါပဲ

သင့်ချစ်သူနဲ့လမ်းခွဲပြီးတဲ့နောက် သင်ပထမဆုံးလုပ်ရမှာက သူ့ကိုချည်နှောင်ထားမိစေတဲ့အမှတ်တရတွေအားလုံးကို ဖြတ်တောက်ပစ်လိုက်ဖို့ပါပဲ။ ဒါက ပြင်းထန်တယ်ထင်ရပေမယ့် သင့်အကြောင်းကိုသင့်ချစ်သူကတွေးနေစေချင်ရင် သူ့ကိုသင့်ဆီ ၀င်ရောက်ခွင့်မရှိကြောင်းသေချာစေဖို့လိုအပ်ပါလိမ့်မယ်။

သူ့ကိုလူမှုမီဒီယာတွင်ပိတ်ဆို့ခြင်း၊ သူ့ရဲ့ဖုန်းခေါ်ဆိုမှုများကိုလျစ်လျူရှုခြင်း၊ သူသွားတတ်သည့်နေရာများကိုရှောင်ခြင်း၊ သူသည်သင့်ကိုမမြင်နိုင်သော်လည်း ဒါက သင့်အကြောင်းပုံမှန်စဉ်းစားဖို့ နည်းလမ်းတွေပဲဖြစ်ပါတယ်။

သင်ဟာအွန်လိုင်းအပြင်ဘက်က ဘ၀တစ်ခုမှာစတင်နေထိုင်နေစဉ်အတွင်း သူကသင့်ကိုတွေ့ချင်မြင်ချင်ပေမယ့်မမြင်ရတဲ့အခါ သင်တစ်ကယ်မရှိတော့ဘူးဆိုတာသူစတင်ခံစားရလာပါလိမ့်မယ်။ ဒီအခါသူ့နှလုံးသားက သင့်ကိုပြန်လိုချင်တဲ့ ဆန္ဒတွေပြန်လည်မွေးဖွားလာပြီး သင့်ကိုလိုက်လံရှာဖွေပါလိမ့်မယ်နော်..

သင်အသစ်တစ်ယောက်ကိုမတွဲမီ ဒါမှမဟုတ် သင်ဟာသင့်ချစ်သူကို သင့်ဆီပြန်လာအောင်မကြိုးစားမီ သင်ကိုယ်တိုင်အ တွက် ၀မ်းနည်းပူဆွေးမှုနဲ့သင့်အခြေအနေကို ကုစားဖို့ အချိန်အနည်းငယ်တော့ယူရမှာပေါ့။ သင်လိုချင်တာကိုဆုံးဖြတ်ပါ။ ဒါက ပြိုကွဲမှုတွေရဲ့ ဒရမ်မာတစ်ခုလိုပဲလွယ်ကူတယ်ထင်ရပေမယ့်မလွယ်ပါဘူး။ တစ်ခုက သင့်ဆုံးဖြတ်ချက်တွေကို ချက်ခြင်းကြီး ချဖို့မလိုသေးပါဘူး..

သင့်ဒဏ်ရာအားလုံးကိုကုသဖို့နဲ့အကောင်းဆုံးသောအရာတွေကို လုပ်ဖို့အချိန်ပေးပါ။ သူ့ကိုပြန်ရဖို့အတွက်သင့်ဒဏ်ရာတွေကိုကုသဖို့နဲ့ သင်တို့ဆက်ဆံရေးအတွက်လမ်းကြောင်းအသစ်တစ်ခုကို စတင်ဖို့ အဆင်သင့်ဖြစ်နေပါစေ။ သင်ကျန်နေခဲ့ရတဲ့နေရာကိုပဲဆုပ်ကိုင်ထားမယ်ဆိုရင် သင်စိတ်ပျက်ရပါလိမ့်မယ်။ အချိန်ကလူတွေကိုပြောင်းလဲစေပါတယ်။

တစ်ကယ်က သင့်ချစ်သူသင့်ဆီပြန်လာဖို့ဘယ်လောက်ကြာမလဲဆိုတာနဲ့ပက်သက်ပြီး ဘာစည်မျည်းစည်းကမ်းတွေမှမရှိပါဘူး ။ သင့်ချစ်သူကို သင့်ဆီပြန်လာဖို့ မလုပ်ဆောင်ခင် သင့်ဒဏ်ရာတွေကိုသက်သာအောင် သင်ကုသဖို့အချိန်ရတယ်ဆိုတာပါပဲ။

အခြေအနေတွေကိုထိန်းချုပ်ပါ။

နောက်တစ်ခုသင်လုပ်ရမယ့်အရာကသူဆီကနေသင်ဘာလိုအပ်တာလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိအောင်လုပ်ပြီးသူနော င်တရပီးသင့်ဆီပြန်လာတဲ့အခါ သူ့ဆီကသင်လိုချင်တာကိုလက်ဖြန့်တောင်းရုံပေါ့။ တစ်ခုကသင်ကနောက်ဆုံးမှာသူ့ဆီက ဖုန်းကိုလက်ခံလိုက်တဲ့အခါ စိတ်ပျက်လက်ပျက်ဖြစ်နေပုံမပေါ်ဘူးဆိုရင် သင့်အပေါ်သူ့အလေးအနက်ထားမှုလျော့သွားပါလိမ့်မယ်။

ဒါကြောင့်သင့်ရဲ့အတွေးတွေနဲ့ခံစားချက်တွေကို ထိန်းချုပ်ထားဖို့လိုအပ်ပါတယ်။ နောက်တစ်ခုက သင့်ချစ်သူသင့်ဆီကို ပြန်မလာမချင်း သင့်ရဲ့၀မ်းနည်းပူဆွေးမှု ငိုယိုမှုတွေကို သူမမြင်စေဖို့ အသေအချာလုပ်ပါ။

သူ့အမှားတွေကို သူမြင်ပြီး သင့်ဆီပြန်လာဖို့ကြိုးစားနေတဲ့အချိန် သူ့နောက်ကွယ်မှာ သင်ငိုကြွေးနိုင်ပါတယ်။ ဆိုလိုတာက သူ့ရှေ့မှာတော့ ၀မ်းနည်းပီးမငိုမိစေဖို့ပါပဲ။ ဒါကသူ့စိတ်ဆိုးမှုအတွက် ပြတ်စဲခြင်းအတွက် သင့်ကို ဘာအနှောင့်အယှက်မှရှိမပေးနိုင်ဘူးဆိုတာ သူ့ကိုတွေးနိုင်စေမယ့်နည်းတစ်ခုဖြစ်ပြီးတော့ သူ့ကို ရူးသွပ်သွားအောင်သင်လုပ်နိုင်စေမယ့်နည်းလမ်းလေးပါနော်။

မတောင်းပန်ပါနဲ့

သင့်ကိုသင်အတွက်အကောင်းဆုံးအချိန်ယူနေတဲ့အချိန် သူ့ကိုအပြင်မှာလိုက်ရှာပီးတောင်းပန်တာမျိုးတွေဘယ်တော့မှ မလုပ်မိပါစေနဲ့။ ဒါကလူတွေလုပ်တတ်တဲ့မိုက်မဲမှုတစ်ခုပါနော်။ သူမပါပဲ သင်ဟာဘာမှမလုပ်နိုင်တော့သလို သူ့ကိုအရမ်းလို အပ်နေတယ်ဆိုတဲ့ပုံစံကို မပြမိပါစေနဲ့။

အဲ့ဒီလိုတွေလုပ်ပြမိခြင်းက သင့်ကိုသူပထမတစ်ကြိမ်ထားခဲ့တာရဲ့ အကြောင်းပြချက်တစ်ခုလည်းဖြစ်နိုင်ပါတယ်။ သင်က အရမ်းချစ်ပြနေသလိုဖြစ်သွားပါလိမ့်မယ်။ သင်သူ့ဆီကဘာမှတောင်းဆိုဖို့မလိုပါဘူး။ သူ့ကိုယ်ပိုင်အတွေးအခေါ်တွေနဲ့သင့်အနားသူပြန်ရောက်လာမှာပါ။

သူနဲ့အတူဒုက္ခမခံနဲ့

သင့်ဆီပြန်လာဖို့အတွက် သူ့အယူအဆတွေ၊ သူ့ကိုယ်ပိုင်အတွေးတွေ ကိုသူ့ဘာသာချည်းကပ်ပါစေ။ သင်ကသူ့ကို သင့်ဆီ ပြန်လာတာ ဘာကြောင့်မှန်စေလဲဆိုတာမျိုးတွေအတွက် ဒုက္ခမခံပါနဲ့။ ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ အီးမေးလ်၊ မက်ဆေ့ နဲ့ဆက်သွယ်လို့ရနိုင်တာမှန်သမျှ ဖြတ်တောက်ပစ်ပါ။

သူဖုန်းခေါ်ရင်လည်း လုံး၀မကိုင်မိပါစေနဲ့။ ဒါဟာအစွန်းရောက်သလိုဖြစ်သွားစေတာမှန်ပေမယ့် လုပ်ရမယ့်အရာပါပဲ။ သင့်အသံကိုလည်းမကြားရ သင့်ကိုလည်းမတွေ့ရ တဲ့အခြေအနေက သင့်အကြောင်းကို စဉ်းစားဖို့ သူ့ကိုတွန်းအားပေးသလိုပါပဲနော်။

ဆိုလိုတာက သင့်အကြောင်းတွေးပီး သင်ဘာတွေဖြစ်နေတယ်ဆိုတာကို သူသိလိုစိတ်ပြင်းပြအောင်လုပ်ပေးလိုက်တာပါပဲ။ သူကသင့်ကိုမတွေ့ရလေ ပိုပြီးတွေ့ချင်လေ သူ့ခေါင်းထဲမှာ သင့်တံခါးကိုနောက်တစ်ခေါက်လာခေါက်ဖို့ လှုံဆော်ပေးနေပါလိမ့်မယ်။

မျှော်လင့်ချက်မဲ့သလိုမလုပ်ပြမိစေနဲ့

သင့်အကောင်းဆုံးဘ၀ကို ရှင်သန်ဖို့အတွက်ထွက်ခွာလာခဲ့ပြီးချိန်မှာ သူနဲ့ပြန်တွေ့ဖြစ်ခဲ့ရင်တောင် ဂရုမစိုက်ပြနေပါနဲ့၊ မျှော်လင့်ချက်မဲ့သလို အပူတပြင်း၀မ်းနည်းမကြေကွဲပြနေပါနဲ့။ သူ့ကိုမေးခွန်းတွေအများကြီး မမေးပါနဲ့။ တိုတိုရှင်းရှင်းပဲပြောပါ သင်ဘယ်လောက်ကြေကွဲရလဲဆိုတာ သီချင်းထဲထည့်ဆိုပြမနေပါနဲ့။

ပြီးတော့တတ်နိုင်သလောက် မြန်မြန်ထွက်ခွာပါ။ အထူးသဖြင့် သူကတွေ့ဖို့မလိုအပ်ဘူးဆိုတဲ့ပုံစံဖမ်းလာရင် မမျှော်လင့်ပဲသူနဲ့တွေ့အပြီးမှာ အပြုံးလေးနဲ့ပြန်ဖို့ကြိုးစားပါ။ သင့်ကို သူ့ဘက်က ပိုပြီးလိုချင်လာအောင်လုပ်ပါ။ တကယ်လို့ သူ့မှာသူ ငယ်ချင်းပါလာရင် သူ့သူငယ်ချင်းကို, စကားများများပြောပေါ့။ သူ့ကိုအချိန်မပေးပါနဲ့။ သူသင့်ဆီတစ်ကယ်ပြန်လာတဲ့အခါ သူအချိန်တွေအများကြီးရဦးမှာပါနော်။

သတိထားပီးပြန်ခေါ်

အချိန်တစ်ခုပြီးတဲ့နောက် သူ့ရှေ့မှာ သင့်ကိုယ်သင်ကိုင်တွယ်နိုင်လောက်အောင်အားအင်ပြည့်၀တယ်လို့ခံစားလာရတဲ့အခါ သူ့ကိုသင့်ဆီပြန်လာအောင်လုပ်ဖို့ဖြည်းဖြည်းချင်းစတင်ပါ။

များသောအားဖြင့် သင်တို့ဆက်ဆံရေးကိုတစ်ခါတည်းနဲ့ တစ်ချိန်ကရှိခဲ့ဖူးတဲ့ နောက်ကိုပြန်ခုန်ကျော်လို့ရမှာမဟုတ်ပါဘူး။ သင်တို့ဆက်ဆံရေးက ပြီးဆုံးခဲ့ပြီးပြီလေ။

ဒီတော့ သင်သူ့ဆီကိုပြန်လာစေဖို့ဆုံးဖြတ်ချက်ချပြီးပြီဆိုရင် သူ့ကိုညစာစားဖို့ ဒါမှမဟုတ် အပြင်မှာတစ်ခုခုသောက်ဖို့ ချိန်းဆိုလိုက်ပါ။သင့်မှာသင်ကိုယ်တိုင်မဖြေရှင်းနိင်တဲ့ ပြဿနာတွေ ဒါမှမဟုတ် သင်ယုံကြည်မှုအတွက် စိုးရိမ်စိတ်တွေရှိနေရင် ဒီလိုအခြေအနေမျိုးတွေအတတွက် ထိရောက်တဲ့ အကြံတွေကို ပရော်ဖက်ရှင်နယ်ကျကျပေးနိုင်တဲ့အ ကြံပေးတွေက ကူညီပေးနိုင်ပါလိမ့်မယ်။

ကိုယ်လုပ်စရာရှိတာတွေကိုလုပ်

သင်သူ့ကိုဂရုမစိုက်ပဲ စိတ်ခံစားမှုတွေကို ထိန်းချုပ်ထားတဲ့အချိန် သင်နောက်ထပ်ဘာတွေလုပ်မလဲဆိုတာ တွေးပါ။ ယော ကျာ်းတစ်ယောက်အတွက် အချိန်တွေဖြုန်းတီးတာတွေက တကယ်တော့မလိုပါဘူး။ သူငယ်ချင်းတွေနဲ့အပြင်သွားပါ။ သင့်အိမ်ခန်းကိုသန့်ရှင်းပါ။ ခရီးသွားပါ။ ကောင်းတဲ့အရာတွေကိုလုပ်ပါ။ ဆက်ဆံရေးတစ်ခုပြတ်စဲသွားလို့ ခံစားနေရတဲ့သင့်ကို ဒါတွေက ကကူညီပေးပါလိမ့်မယ်။

အနာဂါတ်အစီအစဉ်တွေအတူချပါ

သူပြန်လာခဲ့ရင် သူ့ကိုအရာရာအလျော့မပေးပါနဲ့။ ကွဲအက်ပီးသားဆက်ဆံရေးတစ်ခုအတွက် သင်တို့ ဘာလိုချင်ကြလဲဆိုတာ အတူတွေးပါ။ ဆက်ဆံရေးအသစ်တစ်ခုပြန်စတင်တာဖြစ်တဲ့အတွက် သင်ဘယ်လိုပုံကြိုက်လဲဆိုတာ သူ့ကိုပြောပါ။ သူပြောတာလည်းနားထောင်ပေးပါ။ ဒါက နစ်ယောက်စလုံးအတွက် အရေးကြီးပါတယ်။ ဒါကအစပိုင်းမှာတော့လွယ်ကူမှာမဟုတ်ပါဘူး။ တဖြည်းဖြည်းချင်းကြိုးစားကြည့်ပါ။

ဘ၀ကိုတိုးတက်အောင်လုပ်

သူ့ဖုန်းတွေမကိုင်ခဲ့တာလည်းကြာပြီ။ သင့်ဘ၀ကိုလည်း အကောင်းဆုံးတည်ဆောက်ပီးပြီဆိုရင် သူတကယ်လို့ ဖုန်းခေါ်ခဲ့ရင် ကိုင်လိုက်ပါ။ ဒါက သူပြန်လာနိုင်ဖို့အတွက်ဖွင့်ပေးတဲ့အကောင်းဆုံးနည်းလမ်းပါပဲ။ ဒါပေမယ့် သူ့ကိုတစ်လလုံးစာစကားတွေအများကြီး မပြောပါနဲ့ဦး။

အဖြစ်မှန်မဟုတ်ရင်တောင် သင့်ကို ချစ်နေတဲ့ တခြားတစ်ယောက်က ချစ်ရေးဆိုထားကြောင်း၊ သူနဲ့တစ်ခါ တွေ့ထားပီးဖြစ်ကြောင်းပြောပြလိုက်ပါ။ တစ်ကယ်လို့ သူပြန်မလာခဲ့ရင်တောင် သင့်ကိုယ်ပိုင်ဘ၀ကို တိုးတက်အောင်လုပ်ပါ။ လန်း ဆန်းအောင်နေပါ။

သင်သူ့ကိုတစ်ကယ်ပြန်လာစေချင်လားဆုံးဖြတ်ပါ

သူက သင့်ဘ၀လို့ထင်ပါလိမ့်မယ်။ တစ်ကယ်က သင်ကသာသင့်ဘ၀ရဲ့ပဲ့ကိုင်ရှင်ပါ။ သင့်ဘ၀ပြောင်းလဲမှုတွေအတွက် အဲ့ဒီလူကို စောင့်နေစရာမလိုပါဘူး။ သင်သူ့ကိုတစ်ကယ်လိုချင်တယ်၊ သင့်မှာလည်းခံနိုင်ရည်အားတွေပြည့်လာပြီဆို သူ့ဆီသွားပါ။ ဒီလိုမှမဟုတ်ရင်လည်း သူပြန်လာတာကိုခွင့်လွှတ်ပေးလိုက်ပါ။

သင်တို့ ရက်သတ္တပတ်များစွာ၀ေးကွာပီးနောက် သူ့မှာလည်း ပြောစရာစကားများစွာရှိနေမှာပါ။ တစ်ကယ်ကိုသူ့ကိုပြန်လို ချင်တယ်အပြစ်မှန်သမျှ ခွင့်လွှတ်နိုင်တယ်ဆို သူပြန်လာအောင်လမ်းဖွင့်ပေးထားပါ။ အတူတကွပုံစံအသစ်နဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြပါ၊ သင့်ကိုသင်မသေချာဘူးဆိုရင် အချိန်ယူပါ။

သင့်အတွက်သူကဆုံးဖြတ်ချက်ချမယ့်သူမဟုတ်ပါဘူး။ သင်ပျော်ရွှင်ဖို့သင်ကသာ ဆုံးဖြတ်ရမှာပါ။ ကဲဒီလောက်ဆို သူသင့်ဆီပြန်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ နားလည်လောက်ပါပီ။

#Lifestyle_Myanmar

#Mg_Htet