အမ်ိဳးသမီးေတြ ဓမၼတာလာခ်ိန္မွာ အထူးေရွာင္က်ဥ္သင့္တဲ့ အခ်က္ (၆) ခ်က္…

အမ်ိဳးသမီးေတြ ဓမၼတာလာခ်ိန္မွာ အထူးေရွာင္က်ဥ္သင့္တဲ့ အခ်က္ (၆) ခ်က္…

ပ်ိဳေမတို႔ အေနနဲ႔ ဓမၼတာလာေနခ်ိန္မွာ အထူးေရွာင္က်ဥ္သင့္တဲ့ အခ်က္ (၆) ခ်က္ကို က်န္းမာေရးဗဟုသုတ တစ္ခုအေနနဲ႔ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ …။

၁။ လက္ဖက္ရည္ မေသာက္သံုးသင့္ပါ။

လက္ဖက္ရည္ေသာက္ရင္ ရာသီ ေစာလာတယ္ ဆိုတာေတြ ေဆးခန္းမွာ အျမဲ ၾကံဳရတယ္ …။

ရာသီေပၚေနစဥ္ ေသာက္ရင္ ရာသီေသြး နည္းတာ၊ မ်ားတာ ေတြ ျဖစ္ႏိုင္ပါတယ္ …။

အထူးသျဖင့္ လက္ဖက္ရည္မွာ ပါတဲ့ tannin ဓာတ္က ရာသီေသြးကို ေျပာင္းလဲေစလို႔ပဲ ျဖစ္ပါတယ္ …။

၂။ ေအးတဲ့ အစားအေသာက္ မွန္သမွ်ေရွာင္ၾကဥ္ရမယ္။

ေအးခဲထားတာ မွန္သမွ် မစားသင့္ပါ။ ဒီအယူအဆက ေတာ္ေတာ္မ်ားမ်ားမွာ ရွိတယ္ …။

ေဆးခန္းမွာ ရာသီ ထိန္လို႔ လာတဲ့သူေတြမွာ ေရခဲမုန္႔ စားလို႔၊ ဘာလီ ေဖ်ာ္ရည္ေသာက္လို႔ ဆိုတာေတြ အေတြ႕ရ မ်ားပါတယ္ …။

သူတို႔ရဲ႕ အယူအဆက ရာသီေသြးက ခဲၿပီး ရာသီ ေပ်ာက္တာမ်ိဳး ျဖစ္တာပါတဲ့။ အခ်ိဳပြဲ၊ ေရခဲစိမ္ ေဖ်ာ္ရည္၊ ေရခဲမုန္႔ စတာေတြကို အထူး ေရွာင္ၾကဥ္သင့္ပါတယ္ …။

၃။ ေအးတဲ့သစ္သီးေတြ ေရွာင္ရမယ္။

ေအးတဲ့ အာနိသင္ရွိတဲ့ အသီးမွန္သမွ် မစားသင့္ဘူး။ ပန္းသီး၊ မာလကာသီး၊ ဖရဲသီး စသည္ျဖင့္ေပါ့။ သီးေမႊးငွက္ေပ်ာ၊ ဇီးျဖဴသီး စားရင္ ထိန္တာမ်ိဳး ၾကံဳးဖူးၾကပါတယ္…။

နာနတ္သီးက ရာသီေသြးကို မ်ားေစသတဲ့။ တခ်ိဳ႕က ကိုယ္ဝန္ေဆာင္စားရင္ ကိုယ္ဝန္ပ်က္က်မႈ မ်ားတယ္ လို႔လည္း ဆိုထားၾကပါတယ္ …။

၄။ ေခါင္းမေလွ်ာ္သင့္ဘူး။

ေဆးခန္းကို မၾကာခဏ ေရာက္ေရာက္ လာၾကတယ္။ ေခါင္းေလွ်ာ္မိလို႔ ရာသီထိန္သြားၿပီ၊ လုပ္ပါဦး ဆိုတာမ်ိဳး ေတြ႕ရတယ္ …။

ေဆးပညာမွာ သင္ထားတာ မရွိေပမယ့္ အမ်ားစုကေတာ့ ေခါင္းေလွ်ာ္ၿပီး ျဖစ္လာၾကတာ ဟုတ္ပါတယ္ …။

ဒါ့ေၾကာင့္ မေသခ်ာရင္ မေလွ်ာ္တာ အေကာင္းဆုံးပဲ။ ေခါင္းေလွ်ာ္တာ အနည္းဆုံး သုံးရက္ေလာက္ ေရွာင္ေပးပါ …။

၅။ ေအးတဲ့ေရ မခ်ိဳးသင့္ဘူး။

ဒါလည္း ေတြ႕တယ္။ မေန႔က ေရေအးခ်ိဳးၿပီး ရာသီ မေပၚေတာ့ဘူးဆိုတာမ်ိဳး၊ ေအးတဲ့ဓာတ္က ရာသီေသြးကို ခဲသြားေစတယ္ဆိုတာ အေရွ႕တိုင္းမွာ ေတာ္ေတာ္ အျဖစ္မ်ားပါတယ္ …။

ဒါေပမယ့္ လူတိုင္းေတာ့ မဟုတ္ပါ။ ျဖစ္တတ္ရင္ ေရွာင္ၾကဥ္တာ အေကာင္းဆုံးပါပဲ …။

၆။ ေလ့က်င့္ခန္း မလုပ္သင့္ဘူး။

ပုံမွန္ေလ့က်င့္ခန္းေလာက္ေတာ့ လုပ္လို႔ရပါတယ္။ အလြန္အကြၽံသာ မေကာင္းတာ၊ အားကစားသမား ေတြမွာ ရာသီထိန္တာ၊ ေပ်ာက္တာ၊ မမွန္တာမ်ိဳး မၾကာခဏ ေတြ႕ရတတ္တယ္ …။

ေဟာ္မုန္း အေျပာင္းလဲေၾကာင့္ ျဖစ္ပါတယ္။ ေန႔စဥ္ လမ္းေလွ်ာက္တာေလာက္က ကိစၥမရွိပါ။ အလြန္အကြၽံ အျပင္းအထန္ မလုပ္ဖို႔ အေရးႀကီး ပါတယ္ …။

အထက္ပါအခ်က္ေတြဟာ ဆရာဝန္ေတြ လက္ခံထားတဲ့ သိပၸံနည္းက် အေၾကာင္းအရာေတြ မဟုတ္ပါ …။

သို႔ေသာ္ ေဆးခန္းမွာ ေရာက္လာတဲ့ လူနာေတြမွာ ေတြ႕ရတတ္တာမို႔ သတိထား ဆင္ျခင္ႏိုင္ေအာင္ ေဖာ္ျပ ေပးတာပဲ ျဖစ္ပါတယ္ …။

အပ်ိဳေဖာ္ဝင္စ မိန္းကေလးတိုင္း အဆိုပါအခ်က္ေတြကို သတိထားလိုက္နာဖို႔ လိုအပါတယ္ေနာ္ …။ ။

ေဒါက္တာ ေအးမင္းထူး

Unicode Version ဖြင့်ဖတ်ရန်

အမျိုးသမီးတွေ ဓမ္မတာလာချိန်မှာ အထူးရှောင်ကျဉ်သင့်တဲ့ အချက် (၆) ချက်…

ပျိုမေတို့ အနေနဲ့ ဓမ္မတာလာနေချိန်မှာ အထူးရှောင်ကျဉ်သင့်တဲ့ အချက် (၆) ချက်ကို ကျန်းမာရေးဗဟုသုတ တစ်ခုအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်နော် …။

၁။ လက်ဖက်ရည် မသောက်သုံးသင့်ပါ။

လက်ဖက်ရည်သောက်ရင် ရာသီ စောလာတယ် ဆိုတာတွေ ဆေးခန်းမှာ အမြဲ ကြုံရတယ် …။

ရာသီပေါ်နေစဉ် သောက်ရင် ရာသီသွေး နည်းတာ၊ များတာ တွေ ဖြစ်နိုင်ပါတယ် …။

အထူးသဖြင့် လက်ဖက်ရည်မှာ ပါတဲ့ tannin ဓာတ်က ရာသီသွေးကို ပြောင်းလဲစေလို့ပဲ ဖြစ်ပါတယ် …။

၂။ အေးတဲ့ အစားအသောက် မှန်သမျှရှောင်ကြဉ်ရမယ်။

အေးခဲထားတာ မှန်သမျှ မစားသင့်ပါ။ ဒီအယူအဆက တော်တော်များများမှာ ရှိတယ် …။

ဆေးခန်းမှာ ရာသီ ထိန်လို့ လာတဲ့သူတွေမှာ ရေခဲမုန့် စားလို့၊ ဘာလီ ဖျော်ရည်သောက်လို့ ဆိုတာတွေ အတွေ့ရ များပါတယ် …။

သူတို့ရဲ့ အယူအဆက ရာသီသွေးက ခဲပြီး ရာသီ ပျောက်တာမျိုး ဖြစ်တာပါတဲ့။ အချိုပွဲ၊ ရေခဲစိမ် ဖျော်ရည်၊ ရေခဲမုန့် စတာတွေကို အထူး ရှောင်ကြဉ်သင့်ပါတယ် …။

၃။ အေးတဲ့သစ်သီးတွေ ရှောင်ရမယ်။

အေးတဲ့ အာနိသင်ရှိတဲ့ အသီးမှန်သမျှ မစားသင့်ဘူး။ ပန်းသီး၊ မာလကာသီး၊ ဖရဲသီး စသည်ဖြင့်ပေါ့။ သီးမွှေးငှက်ပျော၊ ဇီးဖြူသီး စားရင် ထိန်တာမျိုး ကြုံးဖူးကြပါတယ်…။

နာနတ်သီးက ရာသီသွေးကို များစေသတဲ့။ တချို့က ကိုယ်ဝန်ဆောင်စားရင် ကိုယ်ဝန်ပျက်ကျမှု များတယ် လို့လည်း ဆိုထားကြပါတယ် …။

၄။ ခေါင်းမလျှော်သင့်ဘူး။

ဆေးခန်းကို မကြာခဏ ရောက်ရောက် လာကြတယ်။ ခေါင်းလျှော်မိလို့ ရာသီထိန်သွားပြီ၊ လုပ်ပါဦး ဆိုတာမျိုး တွေ့ရတယ် …။

ဆေးပညာမှာ သင်ထားတာ မရှိပေမယ့် အများစုကတော့ ခေါင်းလျှော်ပြီး ဖြစ်လာကြတာ ဟုတ်ပါတယ် …။

ဒါ့ကြောင့် မသေချာရင် မလျှော်တာ အကောင်းဆုံးပဲ။ ခေါင်းလျှော်တာ အနည်းဆုံး သုံးရက်လောက် ရှောင်ပေးပါ …။

၅။ အေးတဲ့ရေ မချိုးသင့်ဘူး။

ဒါလည်း တွေ့တယ်။ မနေ့က ရေအေးချိုးပြီး ရာသီ မပေါ်တော့ဘူးဆိုတာမျိုး၊ အေးတဲ့ဓာတ်က ရာသီသွေးကို ခဲသွားစေတယ်ဆိုတာ အရှေ့တိုင်းမှာ တော်တော် အဖြစ်များပါတယ် …။

ဒါပေမယ့် လူတိုင်းတော့ မဟုတ်ပါ။ ဖြစ်တတ်ရင် ရှောင်ကြဉ်တာ အကောင်းဆုံးပါပဲ …။

၆။ လေ့ကျင့်ခန်း မလုပ်သင့်ဘူး။

ပုံမှန်လေ့ကျင့်ခန်းလောက်တော့ လုပ်လို့ရပါတယ်။ အလွန်အကျွံသာ မကောင်းတာ၊ အားကစားသမား တွေမှာ ရာသီထိန်တာ၊ ပျောက်တာ၊ မမှန်တာမျိုး မကြာခဏ တွေ့ရတတ်တယ် …။

ဟော်မုန်း အပြောင်းလဲကြောင့် ဖြစ်ပါတယ်။ နေ့စဉ် လမ်းလျှောက်တာလောက်က ကိစ္စမရှိပါ။ အလွန်အကျွံ အပြင်းအထန် မလုပ်ဖို့ အရေးကြီး ပါတယ် …။

အထက်ပါအချက်တွေဟာ ဆရာဝန်တွေ လက်ခံထားတဲ့ သိပ္ပံနည်းကျ အကြောင်းအရာတွေ မဟုတ်ပါ …။

သို့သော် ဆေးခန်းမှာ ရောက်လာတဲ့ လူနာတွေမှာ တွေ့ရတတ်တာမို့ သတိထား ဆင်ခြင်နိုင်အောင် ဖော်ပြ ပေးတာပဲ ဖြစ်ပါတယ် …။

အပျိုဖော်ဝင်စ မိန်းကလေးတိုင်း အဆိုပါအချက်တွေကို သတိထားလိုက်နာဖို့ လိုအပါတယ်နော် …။ ။

ဒေါက်တာ အေးမင်းထူး