




(1) ကြက်ဥအစိမ်း တစ်လုံး








Credit – Sai Min Thant



Unicode Version ဖြင့်ဖတ်ရန်

ကြက်ဥ၊သံပုရာသီးအမှည့်၊သကြား ဒီသုံးမျိုးကို မယုံရင်လက်တွေ့စမ်းကြည့်လိုက်ပါ…

ရုတ်တရက် အားအင်ကုန်ခမ်းသလိုဖြစ်နေပြီး၊ မူးဝေသလို၊ အိပ်ရေမဝသလို ဖြစ်နေရင် ဒီနည်းလမ်းလေး စမ်းသုံးကြည့်ပါ …။

အားအင်ကုန်ခမ်းမောပန်းနွမ်းနယ်ခြင်းနှင့် မူးဝေခြင်းကို သက်သာပျောက်ကင်းစေသည့် ကြက်ဥသံပုရာဆမ်း ဆေးတစ်ခွက်”အလုပ်ပင်ပန်းလို့ ဖြစ်ဖြစ်၊ အားအင်ကုန်ခမ်းလို့ ဖြစ်ဖြစ်၊ မူးဝေနေရင်ပဲဖြစ်ဖြစ် အလွယ်တကူ သက်သာပျောက်ကင်းစေတဲ့ဆေးနည်းတစ်လက် ကိုမျှဝေပေး လိုက်ပါတယ်နော် …။

ပါဝင်ပစ္စည်းတွေ ကတော့…

(1) ကြက်ဥအစိမ်း တစ်လုံး

(2) သုံပုရာသီးအမှည့် တစ်လုံး

(3) သကြားဖြူ ဟင်းစားဇွန်း နှစ်ဇွန်းတို့ကို ဖောက်ထည့်ပြီး ရောမွှေပေးပါ …။

သံပုရာအစေ့တွေကို ဖယ်ရှားပစ်ရမယ် …။

ပါဝင်ပစ္စည်းအားလုံးကို နှံ့နှံ့စပ်စပ် ရောမွှေ ပြီး သောက်ပေးရင် အမောအပန်းပြေပြီး အားရှိလာစေမှာပဲ ဖြစ်ပါတယ် …။

ဒီဆေးနည်းက ကျွန်တော့်ဖခင်ပေးတဲ့ ရိုးရာဆေး တစ်လက် ဖြစ်ပါတယ်နော် …။

သွေးအားနည်းသူတွေနဲ့ သွေးပေါင်ကျသူတွေ ပိုပြီး သုံးစွဲသင့်ပါတယ်။ အိပ်ရေးပျက်သူတွေ အတွက်လည်း အားဆေးတစ်လက်ပဲ ဖြစ်ပါတယ် …။

“ကျန်းမာချမ်းသာကြပါစေ”

Credit – Sai Min Thant

မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်။

Aung Myat Zaw(ကျောက်ဆည်)