အမ်ိဳးသမီးမ်ားအတြက္ ခြန္အားျဖစ္ေစေသာ ပိုစ့္ေလးတစ္ပုဒ္…

အမ်ိဳးသမီးမ်ားအတြက္ ခြန္အားျဖစ္ေစေသာ ပိုစ့္ေလးတစ္ပုဒ္…

“ဘုန္းကံျမင့္ေသာ မိန္းမမ်ား”

အစြန္႔ပစ္ခံ မိန္းမသားတို႔၏ ဘုန္းကံဆိုတာ ေယာက်္ား ျဖစ္သူက ထားခဲ့လို႔ ျဖစ္ေစ …၊

ခ်စ္သူက ထားခဲ့လို႔ျဖစ္ေစ အငယ္အေႏွာင္း ယူသြားလို႔ ျဖစ္ေစ …၊

အျပစ္႐ွာ ထြက္ခြာလို႔ ျဖစ္ေစ၊ စြန္႔ပစ္ခဲ့ရင္ မိန္းမ တစ္ခ်ိဳ႕ဘဝ ပ်က္မတတ္ ျဖစ္တတ္ၾကပါတယ္ …။

အမွန္က ေပ်ာ္ရမွာပါ။ လက္ခုပ္တီးၿပီးကို ေက်နပ္ ဝမ္းေျမာက္စြာနဲ႔ ေပ်ာ္ေနရမွာပါ …။

ကိုယ္ငယ္႐ြယ္ က်န္းမာတုန္း သန္စြမ္းေနတုန္း ႐ွာေဖြႏိုင္တုန္းမွာ သိလိုက္ရတဲ့ အတြက္

ကိုယ့္ တန္ဖိုး နားမလည္တဲ့လူရဲ႕ ေဘးနားမွာေနၿပီး အဓိပၸါယ္မဲ့ ျဖတ္သန္းရျခင္းထက္

ေႏွာင့္ဖြဲ႕ျခင္းမဲ့စြာ ဘဝ ကိုလြတ္လပ္စြာ တည္ေဆာက္ရျခင္းက ပိုေကာင္းတယ္ ဆိုတာကို

နားလည္ခဲ့ရင္ ဒီမိန္းမဟာ ေပ်ာ္သင့္ပါတယ္ေနာ္ …။

တစ္ခါက ဘုရင္ႀကီး တစ္ပါးမွာ သမီး(၃)ေယာက္ ႐ွိသတဲ့ …။

ဘုရင္ႀကီးက သမီးေတာ္တို႔ ဒီလိုေနေနရတာ ဘာေၾကာင့္လဲလို႔ ေမးတဲ့အခါ …

သမီးအႀကီး (၂)ေယာက္က” ခမည္းေတာ္ ေက်းဇူးေၾကာင့္….”လို႔ အၿမဲေလွ်ာက္ၿပီး

အငယ္ဆုံး သမီးေတာ္ ကေတာ့”သမီးေတာ္ ရဲ႕ဘုန္းကံ ေၾကာင့္” လို႔ေလွ်ာက္သတဲ့ …။

တိုတိုေျပာရရင္ ဘုရင္ႀကီး ကစိတ္ဆိုးၿပီး အဆင္းရဲဆုံးလူနဲ႔ ေပးစားလႊတ္လိုက္ပါတယ္ ..။

ေတာစပ္မွာ ထင္းခုတ္ဖို႔သြားေတာ့ ေခ်ာင္းတစ္ခု အကူးမွာ သူဆင္းရဲ ထင္းခုတ္ သမားဟာ စိန္ေတြေတြ႕ေတာ့

သူ႕မိန္းမ အတြက္ေဆာ့ကစား ရေအာင္ယူလာရာက မင္းသမီးက ေနရာလိုက္ျပခိုင္းၿပီး

ခမည္းေတာ္ထံအပ္ေတာ့ ….ခမည္းေတာ့္ ဘ႑ာဆိုရင္ မီးေသြးတုန္းပဲျဖစ္ေနလို႔ သမီးေတာ့္ ဥစၥာဆိုမွ စိန္ျပန္ျဖစ္ပါတယ္ …။

ကဲ…ဒီေတာ့ ေျပာခ်င္တာက မိန္းမ တိုင္းမွာ သူ႕ဘုန္း သူကံဆိုတာ ႐ွိပါတယ္ …။

ေယာကၤ်ား တစ္ေယာက္ဘုန္းကံနိမ့္လာၿပီဆိုရင္ မိန္းမ တစ္ေယာက္ရဲ႕ ဘုန္းကံ႐ွိၿမဲ႐ွိေနတယ္ဆိုရင္

အေၾကာင္းအမ်ိဳးမ်ိဳးေပၚလာၿပီး အဲ့ဒီ ေယာက္က်ားဟာ ဘုန္းကံ႐ွိတဲ့ မိန္းမနားမွာ မေနႏိုင္ပဲ စြန္႔ေျပးခ်င္စိတ္ ေပါက္လာတတ္ပါတယ္ …။

ဘဝမွာ ဒီ မိန္းမ ေၾကာင့္သာ ဒီလိုေနထိုင္ ဒီလိုစားေသာက္ရၿပီး ဒီလိုစည္းစိမ္နဲ႔ အဆင္တေျပ ေနရမယ့္ ကံပါလာတယ္ဆိုတာ သူတို႔မသိၾကပဲ …၊

သူတို႔ေတာ္လို႔ တတ္လြန္လြန္းလို႔ခ်ည္း ထင္တတ္ၾကပါတယ္ …။

အားေပးခ်င္တာက သတၱိ႐ွိၾကပါ …။

ရဲရဲသာလုပ္ျပပါ …။

မတြန္႔ပါနဲ႔ …။

မေၾကာက္ပါနဲ႔ …။

ဝမ္းမနည္းပါနဲ႔ …။

ကြဲၾကည့္လိုက္ ခြဲေနၾကည့္လိုက္ရင္ ဘာျဖစ္မလဲ တိတ္တိတ္ေလး အခ်ိန္တခုသာေပး ေစာင့္ၾကည့္ေနလိုက္ပါ …။

လူတိုင္းလက္ခံႏိုင္တဲ့ ကိုယ္လည္း ေက်နပ္ဝမ္းသာရမယ့္ အေျဖတစ္ခု ရပါလိမ္႔မယ္ …။

သိၪၥည္းမင္းႀကီး ေတာလိုက္ရာမွအျပန္ သစ္ပင္ေပၚတြင္ ေကာင္းျခင္းငါးျဖာ ႏွင့္ျပည့္စုံေသာ မိန္းမပ်ိဳတစ္ဦးကို ေတြ႕သည္ႏွင့္ ေမးျမန္းရာ …၊

ဖခင္ကေပးစားသည့္ ေယာက်္ားကိုယူ၍ လိုက္ခဲ့စဥ္ ေတာလမ္းတစ္ေနရာ၌ ခင္ပြန္းျဖစ္သူက သဖန္းသီးမ်ား ခူးစားေနရာ ….

မိမိကဆာလွသျဖင့္ ေတာင္းစားေသာ္ စားလိုလွ်င္ ကိုယ္တိုင္ ခူးစားဟု ဆိုေလသည္ …။

သို႔ႏွင့္ ကိုယ္တိုင္တက္ခူးရာ ျပန္မဆင္းႏိုင္ေအာင္ သစ္ပင္ေအာက္ေျခတြင္ ဆူးမ်ားျဖင့္ ကာရံ၍ ထြက္ေျပးေတာ့သည္ ဟူ၏ …။

မင္းႀကီးလည္း ေကာင္းျခင္းငါးျဖာႏွင့္ လွပတင့္တယ္ေသာ္ ထို မိန္းမပ်ိဳကို မိဖုရားေခါင္ အျဖစ္ တင္ေျမႇာက္ခဲ့ေလသည္ …။

ထို႔ေနာက္ မင္းႀကီးႏွင့္ မိဖုရားႀကီးတို႔ တိုင္းခန္းလွည့္လည္ရင္း တစ္ေနရာ အေရာက္တြင္ မိဖုရားႀကီး က ဣေႁႏၵမဆည္ႏိုင္ဘဲ ခစ္ခနဲ ရယ္ေတာ္မူသည္ကို မင္းႀကီးက ေမးလွ်င္ ဤသို႔ေျဖဧ။္ …။

ဘုရားႏွမကို ေတာတြင္း၌ ပစ္ေျပးသြားသူသည္ ယခုအခါ လမ္းခင္းေနရသည္ကို ေတြ႕လွ်င္ ဘုရားႏွမကဲ့သို႔ ဘုန္းက်က္သေရ႐ွိသူကို ဤလူညံ့ မေဆာင္ႏိုင္႐ွာ ဟုေတြးမိ၍ ရယ္မိေၾကာင္းပါ ဘုရား …။

မင္းႀကီး က မယုံၾကည္၍ ဘုရားေလာင္း မေဟာ္သဓသုခမိန္ကို ေမးရာ ဘုရားေလာင္းက ဤသို႔႐ွင္း၏ …။

ဤ မိန္းမျမတ္ ကို ေယာက်္ား က စြန္႔ပစ္သြားသည္ဟူေသာ စကား ကို သားေတာ္ယုံ ၾကည္ပါသည္ …။

ဘုန္းမဲ့ေသာသူသည္ ဘုန္း႐ွိေသာသူႏွင့္ အတူဆက္ဆံ၍မေနႏိုင္ေၾကာင္းပါ ဘုရား” တည္းဟူ၏ …။

ထို႔နည္းတူစြာ ဘုန္းကံျမင့္မားေသာ မိန္းမေကာင္းေတြကို ညံ့ဖ်င္းသိမ္ႏုပ္ေသာ ေယာက်္ားယုတ္က တန္ဖိုးကို နားမလည္ေသာေၾကာင့္ …၊

စိတ္၏ဆင္းရဲျခင္း ကိုယ္၏ဆင္းရဲျခင္းတို႔ကို ျဖစ္ေစလ်က္ မိန္းကေလးဘက္က စြန္႔ခြာသြားေအာင္လည္းေကာင္း …၊

မိမိကိုယ္တိုင္ စြန္႔ပစ္၍ေသာ္လည္းေကာင္း သူတို႔၏ ဘုန္းကံ နိမ့္ပါးမႈ အတိုင္း ဘဝကို ေ႐ြးျခယ္ၾကရတတ္၏ …။

သို႔ျဖစ္ရာ အမ်ိဳးသမီးတို႔သည္ မိမိ တို႔၏ တန္ဖိုး ကို ေကာင္းစြာ သိ႐ွိနားလည္ၿပီး တန္ဖိုးထားတတ္သူႏွင့္ သာလွ်င္ ေကာင္းစြာ ထိုက္တန္ပါေပ၏ …။

တကယ္ေတာ့ မိမိကို စြန္ပ့စ္သြားသူသည္ မိမိ၏ ဘုန္းကံ အ႐ွိန္ကို မလႊမ္းမိုးႏိုင္တဲ့ ခပ္ညံ့ညံ့လူသာ ျဖစ္တဲ့အတြက္ ဝမ္းနည္းဖြယ္ စိုးစဥ္းမွ် မ႐ွိသင့္ …။

သာလြန္ျမင့္ျမတ္သူႏွင့္ ဆုံဆည္းရမည့္ မိမိကံကိုသာ ေတြးေတာဝမ္းသာသင့္ေတာ့သည္ မဟုတ္ပါလား …၊

ဒါေၾကာင့္ ကိုယ့္ကိုစြန္႔ခြာသြားလို႔ ဝမ္းနည္းပက္လက္ မ်က္ရည္တစက္စက္နဲ႔ ဘဝေသလို က်န္ခဲ့တဲ့ အမ်ိဳးသမီးေတြကို ေျပာခ်င္တာက သတၱိ႐ွိပါ။ ဘဝကို လက္ေတြ႕က်က် အေကာင္အထည္ေဖာ္ပါ …။

သူမ်ား အားမကိုးပါနဲ႔။ တစ္ေန႔ ကိုယ့္ ဘုန္း ကိုယ့္ကံနဲ႔ တန္တဲ့ လူနဲ႔ၾကဳံလာခဲ့ရင္ ကိုယ့္အေျခအေန တင့္တယ္လွပ ေနရမယ္လို႔ ခံယူထားပါ …။

ေနာက္ပီးေတာ့ သန္႔႐ွင္းစြာေနထိုင္ပါ …။

စိတ္ေအးခ်မ္းပါ …။

ေပ်ာ္႐ႊင္ေအာင္ေနပါ …။

လွပမႈ႐ွိေနပါက ေမာင္ႀကီးမခြာႏိုင္ ျဖစ္ေနမွာ အေသအခ်ာပါပဲေနာ္ …။ ။

Credit : မယ္ၿဖိဳး

Unicode Version ဖြင့်ဖတ်ရန်

အမျိုးသမီးများအတွက် ခွန်အားဖြစ်စေသော ပိုစ့်လေးတစ်ပုဒ်…

“ဘုန်းကံမြင့်သော မိန်းမများ”

အစွန့်ပစ်ခံ မိန်းမသားတို့၏ ဘုန်းကံဆိုတာ ယောက်ျား ဖြစ်သူက ထားခဲ့လို့ ဖြစ်စေ …၊

ချစ်သူက ထားခဲ့လို့ဖြစ်စေ အငယ်အနှောင်း ယူသွားလို့ ဖြစ်စေ …၊

အပြစ်ရှာ ထွက်ခွာလို့ ဖြစ်စေ၊ စွန့်ပစ်ခဲ့ရင် မိန်းမ တစ်ချို့ဘဝ ပျက်မတတ် ဖြစ်တတ်ကြပါတယ် …။

အမှန်က ပျော်ရမှာပါ။ လက်ခုပ်တီးပြီးကို ကျေနပ် ဝမ်းမြောက်စွာနဲ့ ပျော်နေရမှာပါ …။

ကိုယ်ငယ်ရွယ် ကျန်းမာတုန်း သန်စွမ်းနေတုန်း ရှာဖွေနိုင်တုန်းမှာ သိလိုက်ရတဲ့ အတွက်

ကိုယ့် တန်ဖိုး နားမလည်တဲ့လူရဲ့ ဘေးနားမှာနေပြီး အဓိပ္ပါယ်မဲ့ ဖြတ်သန်းရခြင်းထက်

နှောင့်ဖွဲ့ခြင်းမဲ့စွာ ဘဝ ကိုလွတ်လပ်စွာ တည်ဆောက်ရခြင်းက ပိုကောင်းတယ် ဆိုတာကို

နားလည်ခဲ့ရင် ဒီမိန်းမဟာ ပျော်သင့်ပါတယ်နော် …။

တစ်ခါက ဘုရင်ကြီး တစ်ပါးမှာ သမီး(၃)ယောက် ရှိသတဲ့ …။

ဘုရင်ကြီးက သမီးတော်တို့ ဒီလိုနေနေရတာ ဘာကြောင့်လဲလို့ မေးတဲ့အခါ …

သမီးအကြီး (၂)ယောက်က” ခမည်းတော် ကျေးဇူးကြောင့်….”လို့ အမြဲလျှောက်ပြီး

အငယ်ဆုံး သမီးတော် ကတော့”သမီးတော် ရဲ့ဘုန်းကံ ကြောင့်” လို့လျှောက်သတဲ့ …။

တိုတိုပြောရရင် ဘုရင်ကြီး ကစိတ်ဆိုးပြီး အဆင်းရဲဆုံးလူနဲ့ ပေးစားလွှတ်လိုက်ပါတယ် ..။

တောစပ်မှာ ထင်းခုတ်ဖို့သွားတော့ ချောင်းတစ်ခု အကူးမှာ သူဆင်းရဲ ထင်းခုတ် သမားဟာ စိန်တွေတွေ့တော့

သူ့မိန်းမ အတွက်ဆော့ကစား ရအောင်ယူလာရာက မင်းသမီးက နေရာလိုက်ပြခိုင်းပြီး

ခမည်းတော်ထံအပ်တော့ ….ခမည်းတော့် ဘဏ္ဍာဆိုရင် မီးသွေးတုန်းပဲဖြစ်နေလို့ သမီးတော့် ဥစ္စာဆိုမှ စိန်ပြန်ဖြစ်ပါတယ် …။

ကဲ…ဒီတော့ ပြောချင်တာက မိန်းမ တိုင်းမှာ သူ့ဘုန်း သူကံဆိုတာ ရှိပါတယ် …။

ယောင်္ကျား တစ်ယောက်ဘုန်းကံနိမ့်လာပြီဆိုရင် မိန်းမ တစ်ယောက်ရဲ့ ဘုန်းကံရှိမြဲရှိနေတယ်ဆိုရင်

အကြောင်းအမျိုးမျိုးပေါ်လာပြီး အဲ့ဒီ ယောက်ကျားဟာ ဘုန်းကံရှိတဲ့ မိန်းမနားမှာ မနေနိုင်ပဲ စွန့်ပြေးချင်စိတ် ပေါက်လာတတ်ပါတယ် …။

ဘဝမှာ ဒီ မိန်းမ ကြောင့်သာ ဒီလိုနေထိုင် ဒီလိုစားသောက်ရပြီး ဒီလိုစည်းစိမ်နဲ့ အဆင်တပြေ နေရမယ့် ကံပါလာတယ်ဆိုတာ သူတို့မသိကြပဲ …၊

သူတို့တော်လို့ တတ်လွန်လွန်းလို့ချည်း ထင်တတ်ကြပါတယ် …။

အားပေးချင်တာက သတ္တိရှိကြပါ …။

ရဲရဲသာလုပ်ပြပါ …။

မတွန့်ပါနဲ့ …။

မကြောက်ပါနဲ့ …။

ဝမ်းမနည်းပါနဲ့ …။

ကွဲကြည့်လိုက် ခွဲနေကြည့်လိုက်ရင် ဘာဖြစ်မလဲ တိတ်တိတ်လေး အချိန်တခုသာပေး စောင့်ကြည့်နေလိုက်ပါ …။

လူတိုင်းလက်ခံနိုင်တဲ့ ကိုယ်လည်း ကျေနပ်ဝမ်းသာရမယ့် အဖြေတစ်ခု ရပါလိမ့်မယ် …။

သိဉ္စည်းမင်းကြီး တောလိုက်ရာမှအပြန် သစ်ပင်ပေါ်တွင် ကောင်းခြင်းငါးဖြာ နှင့်ပြည့်စုံသော မိန်းမပျိုတစ်ဦးကို တွေ့သည်နှင့် မေးမြန်းရာ …၊

ဖခင်ကပေးစားသည့် ယောက်ျားကိုယူ၍ လိုက်ခဲ့စဉ် တောလမ်းတစ်နေရာ၌ ခင်ပွန်းဖြစ်သူက သဖန်းသီးများ ခူးစားနေရာ ….

မိမိကဆာလှသဖြင့် တောင်းစားသော် စားလိုလျှင် ကိုယ်တိုင် ခူးစားဟု ဆိုလေသည် …။

သို့နှင့် ကိုယ်တိုင်တက်ခူးရာ ပြန်မဆင်းနိုင်အောင် သစ်ပင်အောက်ခြေတွင် ဆူးများဖြင့် ကာရံ၍ ထွက်ပြေးတော့သည် ဟူ၏ …။

မင်းကြီးလည်း ကောင်းခြင်းငါးဖြာနှင့် လှပတင့်တယ်သော် ထို မိန်းမပျိုကို မိဖုရားခေါင် အဖြစ် တင်မြှောက်ခဲ့လေသည် …။

ထို့နောက် မင်းကြီးနှင့် မိဖုရားကြီးတို့ တိုင်းခန်းလှည့်လည်ရင်း တစ်နေရာ အရောက်တွင် မိဖုရားကြီး က ဣန္ဒြေမဆည်နိုင်ဘဲ ခစ်ခနဲ ရယ်တော်မူသည်ကို မင်းကြီးက မေးလျှင် ဤသို့ဖြေဧ။် …။

ဘုရားနှမကို တောတွင်း၌ ပစ်ပြေးသွားသူသည် ယခုအခါ လမ်းခင်းနေရသည်ကို တွေ့လျှင် ဘုရားနှမကဲ့သို့ ဘုန်းကျက်သရေရှိသူကို ဤလူညံ့ မဆောင်နိုင်ရှာ ဟုတွေးမိ၍ ရယ်မိကြောင်းပါ ဘုရား …။

မင်းကြီး က မယုံကြည်၍ ဘုရားလောင်း မဟော်သဓသုခမိန်ကို မေးရာ ဘုရားလောင်းက ဤသို့ရှင်း၏ …။

ဤ မိန်းမမြတ် ကို ယောက်ျား က စွန့်ပစ်သွားသည်ဟူသော စကား ကို သားတော်ယုံ ကြည်ပါသည် …။

ဘုန်းမဲ့သောသူသည် ဘုန်းရှိသောသူနှင့် အတူဆက်ဆံ၍မနေနိုင်ကြောင်းပါ ဘုရား” တည်းဟူ၏ …။

ထို့နည်းတူစွာ ဘုန်းကံမြင့်မားသော မိန်းမကောင်းတွေကို ညံ့ဖျင်းသိမ်နုပ်သော ယောက်ျားယုတ်က တန်ဖိုးကို နားမလည်သောကြောင့် …၊

စိတ်၏ဆင်းရဲခြင်း ကိုယ်၏ဆင်းရဲခြင်းတို့ကို ဖြစ်စေလျက် မိန်းကလေးဘက်က စွန့်ခွာသွားအောင်လည်းကောင်း …၊

မိမိကိုယ်တိုင် စွန့်ပစ်၍သော်လည်းကောင်း သူတို့၏ ဘုန်းကံ နိမ့်ပါးမှု အတိုင်း ဘဝကို ရွေးခြယ်ကြရတတ်၏ …။

သို့ဖြစ်ရာ အမျိုးသမီးတို့သည် မိမိ တို့၏ တန်ဖိုး ကို ကောင်းစွာ သိရှိနားလည်ပြီး တန်ဖိုးထားတတ်သူနှင့် သာလျှင် ကောင်းစွာ ထိုက်တန်ပါပေ၏ …။

တကယ်တော့ မိမိကို စွန်ပ့စ်သွားသူသည် မိမိ၏ ဘုန်းကံ အရှိန်ကို မလွှမ်းမိုးနိုင်တဲ့ ခပ်ညံ့ညံ့လူသာ ဖြစ်တဲ့အတွက် ဝမ်းနည်းဖွယ် စိုးစဉ်းမျှ မရှိသင့် …။

သာလွန်မြင့်မြတ်သူနှင့် ဆုံဆည်းရမည့် မိမိကံကိုသာ တွေးတောဝမ်းသာသင့်တော့သည် မဟုတ်ပါလား …၊

ဒါကြောင့် ကိုယ့်ကိုစွန့်ခွာသွားလို့ ဝမ်းနည်းပက်လက် မျက်ရည်တစက်စက်နဲ့ ဘဝသေလို ကျန်ခဲ့တဲ့ အမျိုးသမီးတွေကို ပြောချင်တာက သတ္တိရှိပါ။ ဘဝကို လက်တွေ့ကျကျ အကောင်အထည်ဖော်ပါ …။

သူများ အားမကိုးပါနဲ့။ တစ်နေ့ ကိုယ့် ဘုန်း ကိုယ့်ကံနဲ့ တန်တဲ့ လူနဲ့ကြုံလာခဲ့ရင် ကိုယ့်အခြေအနေ တင့်တယ်လှပ နေရမယ်လို့ ခံယူထားပါ …။

နောက်ပီးတော့ သန့်ရှင်းစွာနေထိုင်ပါ …။

စိတ်အေးချမ်းပါ …။

ပျော်ရွှင်အောင်နေပါ …။

လှပမှုရှိနေပါက မောင်ကြီးမခွာနိုင် ဖြစ်နေမှာ အသေအချာပါပဲနော် …။ ။

Credit : မယ်ဖြိုး