ဘယ္ေလာက္ပဲခက္ခဲေနပါေစ ကြၽန္မကိုလက္မလြတ္ပဲ ဆက္ခ်စ္ေနမယ့္လူမ်ိဳးကိုပဲလိုခ်င္တယ္…

ဘယ္ေလာက္ပဲခက္ခဲေနပါေစ ကြၽန္မကိုလက္မလြတ္ပဲ ဆက္ခ်စ္ေနမယ့္လူမ်ိဳးကိုပဲလိုခ်င္တယ္…

ကြၽန္မအတြက္ ေသရဲတဲ့ လူလည္း မလိုခ်င္ဘူး။ သတ္ရဲတဲ့ လူလည္း မလိုခ်င္ဘူး …။

ေသရဲ၊သတ္ရဲတယ္ ဆိုတာက အတၱ ဒါမွမဟုတ္ ေဒါသ ႀကီးတတ္တဲ့ လူတစ္ေယာက္အျဖစ္ပဲ ကြၽန္မေတာ့ ျမင္တယ္ …။

ထစ္ကနဲ႐ွိ ေသမယ္ သတ္မယ္ဆိုတာ ခ်ည္းပဲ ႐ွိလာတဲ့အခါ ဘဝက ဘယ္မွာ ၿငိမ္းခ်မ္းမလဲ …၊

သတၱိ႐ွိတယ္ဆိုတာ ေသရဲသတ္႐ုံပဲလို႔ မျမင္ဘူး …။

မွားတာေတြ႐ွိလာတဲ့အခါ အမွန္ကို ျပင္ရဲတာလဲ သတၱိပဲ …။

ဘယ္ေလာက္ပဲ ခက္ခဲေနပါေစ ကြၽန္မလက္ကို မလႊတ္ပဲ

ဆက္ခ်စ္ေနမယ့္ လူမ်ိဳးကိုပဲ လိုခ်င္ပါတယ္ …။

ကြၽန္မ မွားသြားတဲ့အခါ အျပစ္တင္ ေျပာေနတတ္တဲ့

ပါးစပ္တစ္စုံထက္ အမွားကို ေထာက္ျပၿပီး

အမွန္ျပင္ေပးတတ္တဲ့ ႏႈတ္ခမ္းတစ္စုံကိုပဲ လိုခ်င္တယ္ …။

ဘယ္သူေတြ ဘယ္လိုပဲ ပုတ္ခတ္ ေနပါေစ …၊

ကြၽန္မဘက္မွာ ရဲရဲတင္းတင္း ရပ္တည္ေပး ရဲတဲ့

သရဲေဘာ မေၾကာင္တာမ်ိဳး ျဖစ္ေစခ်င္ပါတယ္ …။

ျပႆနာတစ္ခုခု ၾကဳံလာတဲ့အခါ ေခါင္းေ႐ွာင္တတ္တာမ်ိဳးထက္

ျပႆနာကို ရင္ဆိုင္ရဲတဲ့ လူမ်ိဳးပဲ လိုခ်င္တယ္ …။

ကြၽန္မဘဝမွာ ကြၽန္မအတြက္ ေသရဲတဲ့လူလည္း မလိုခ်င္ဘူး …။

ကြၽန္မအတြက္ သတ္ရဲတဲ့လူ မလိုခ်င္ဘူး …။

ဘာအခက္အခဲေတြပဲ ႐ွိလာ႐ွိလာ ကြၽန္မကို လက္တြဲမျဖဳတ္တဲ့ လူမ်ိဳးကိုပဲ လိုခ်င္မိတယ္ …။

မိုက္႐ူးရဲဆန္တဲ့ သတၱိေတြ မလိုခ်င္ဘူး …။

ေယာက်္ားပီသမႈ တာဝန္သိတတ္မႈ ၿပီးေတာ့ လမ္းျပႏိုင္မႈေလးေတြေတာ့ ႐ွိေစခ်င္မိပါတယ္ …။

တစ္ခုခုဆို ေဒါသေ႐ွ႕တန္းတင္ၿပီး ေဆး႐ုံ နဲ႔ ေထာင္

ႏွစ္ပါးသြားေနရမယ့္ မိန္းကေလးတစ္ေယာက္ေတာ့ ကြၽန္မ မျဖစ္ခ်င္ဘူးေလ …။

ဒါေၾကာင့္ . . . . . ကြၽန္မအတြက္ ေသရဲဖို႔လည္း မလိုဘူး သတ္ရဲဖို႔လည္း မလိုဘူး …။

ေသတဖန္ သက္တစ္ဆုံးထိ သစၥာ႐ွိ႐ွိ ရဲရဲရင့္ရင့္ ကြၽန္မဘဝကို အကာအကြယ္ေပးႏိုင္ရင္ ရပါျပီ …။ ။

ေလးစားစြာျဖင္႔ Credit

သွ်င္ယြန္း

Unicode Version ဖြင့်ဖတ်ရန်

ဘယ်လောက်ပဲခက်ခဲနေပါစေ ကျွန်မကိုလက်မလွတ်ပဲ ဆက်ချစ်နေမယ့်လူမျိုးကိုပဲလိုချင်တယ်…

ကျွန်မအတွက် သေရဲတဲ့ လူလည်း မလိုချင်ဘူး။ သတ်ရဲတဲ့ လူလည်း မလိုချင်ဘူး …။

သေရဲ၊သတ်ရဲတယ် ဆိုတာက အတ္တ ဒါမှမဟုတ် ဒေါသ ကြီးတတ်တဲ့ လူတစ်ယောက်အဖြစ်ပဲ ကျွန်မတော့ မြင်တယ် …။

ထစ်ကနဲရှိ သေမယ် သတ်မယ်ဆိုတာ ချည်းပဲ ရှိလာတဲ့အခါ ဘဝက ဘယ်မှာ ငြိမ်းချမ်းမလဲ …၊

သတ္တိရှိတယ်ဆိုတာ သေရဲသတ်ရုံပဲလို့ မမြင်ဘူး …။

မှားတာတွေရှိလာတဲ့အခါ အမှန်ကို ပြင်ရဲတာလဲ သတ္တိပဲ …။

ဘယ်လောက်ပဲ ခက်ခဲနေပါစေ ကျွန်မလက်ကို မလွှတ်ပဲ

ဆက်ချစ်နေမယ့် လူမျိုးကိုပဲ လိုချင်ပါတယ် …။

ကျွန်မ မှားသွားတဲ့အခါ အပြစ်တင် ပြောနေတတ်တဲ့

ပါးစပ်တစ်စုံထက် အမှားကို ထောက်ပြပြီး

အမှန်ပြင်ပေးတတ်တဲ့ နှုတ်ခမ်းတစ်စုံကိုပဲ လိုချင်တယ် …။

ဘယ်သူတွေ ဘယ်လိုပဲ ပုတ်ခတ် နေပါစေ …၊

ကျွန်မဘက်မှာ ရဲရဲတင်းတင်း ရပ်တည်ပေး ရဲတဲ့

သရဲဘော မကြောင်တာမျိုး ဖြစ်စေချင်ပါတယ် …။

ပြဿနာတစ်ခုခု ကြုံလာတဲ့အခါ ခေါင်းရှောင်တတ်တာမျိုးထက်

ပြဿနာကို ရင်ဆိုင်ရဲတဲ့ လူမျိုးပဲ လိုချင်တယ် …။

ကျွန်မဘဝမှာ ကျွန်မအတွက် သေရဲတဲ့လူလည်း မလိုချင်ဘူး …။

ကျွန်မအတွက် သတ်ရဲတဲ့လူ မလိုချင်ဘူး …။

ဘာအခက်အခဲတွေပဲ ရှိလာရှိလာ ကျွန်မကို လက်တွဲမဖြုတ်တဲ့ လူမျိုးကိုပဲ လိုချင်မိတယ် …။

မိုက်ရူးရဲဆန်တဲ့ သတ္တိတွေ မလိုချင်ဘူး …။

ယောက်ျားပီသမှု တာဝန်သိတတ်မှု ပြီးတော့ လမ်းပြနိုင်မှုလေးတွေတော့ ရှိစေချင်မိပါတယ် …။

တစ်ခုခုဆို ဒေါသရှေ့တန်းတင်ပြီး ဆေးရုံ နဲ့ ထောင်

နှစ်ပါးသွားနေရမယ့် မိန်းကလေးတစ်ယောက်တော့ ကျွန်မ မဖြစ်ချင်ဘူးလေ …။

ဒါကြောင့် . . . . . ကျွန်မအတွက် သေရဲဖို့လည်း မလိုဘူး သတ်ရဲဖို့လည်း မလိုဘူး …။

သေတဖန် သက်တစ်ဆုံးထိ သစ္စာရှိရှိ ရဲရဲရင့်ရင့် ကျွန်မဘဝကို အကာအကွယ်ပေးနိုင်ရင် ရပါပြီ …။ ။

လေးစားစွာဖြင့် Credit

သျှင်ယွန်း