ေယာက်္ားတစ္ေယာက္ကို အေရေပ်ာ္ဝင္ေစတဲ့ နည္းလမ္း(၇)ခု…

ေယာက်္ားတစ္ေယာက္ကို အေရေပ်ာ္ဝင္ေစတဲ့ နည္းလမ္း(၇)ခု…

ကိုယ့္ခ်စ္သူ၊ ေယာက်္ားေတြကို ျပဳစုအားေပးခ်င္တဲ့ မိန္းကေလးေတြအတြက္ ဒီမွာ ေယာက်္ားေလးေတြ ႀကိဳက္တဲ့ အျပဳအမူေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ …။

တစ္ေယာက္ေယာက္ကို ျပဳစုအားေပးခ်င္ရင္ေတာ့ အခ်ိန္ေပးၿပီး သူ႕အေၾကာင္း ေလ့လာရမွာပါ။ ကြၽန္ေတာ္႕ကို ေပ်ာ္ေစတဲ့ အရာ (၇) ခုကို နမူနာအေနနဲ႔ ေရးျပပါမယ္ေနာ္ …။

(၁) ကိုယ့္ဘာသာ ဂ႐ုစိုက္ပါ

မိန္းမ ေတာ္ေတာ္မ်ားမ်ားဟာ လင္ေတြ သားေတြကို ဂ႐ုစိုက္ရလို႔ ကိုယ့္ဘာသာ ဂ႐ုစိုက္ဖို႔ အခ်ိန္မေပးႏိုင္ၾကပါဘူး …။

ကိုယ့္ဘာသာကိုယ္ အရင္ ဂ႐ုစိုက္တာဟာ တကိုယ္ေကာင္းဆန္တာ မဟုတ္ပါဘူး။ ကိုယ့္ဘာသာ လွပေနျခင္းနဲ႔ သူမ်ားေတြကို ေလးစားေပးတာပါပဲ …။

(၂) နင္ ကိုယ့္ဘာသာကိုယ္ ဂ႐ုစိုက္ရင္ ငါပိုခ်စ္တယ္လို႔ ေျပာျခင္း

ေယာက်္ားတစ္ေယာက္အေနနဲ႔ မလုပ္ခ်င္ဆုံး အရာဟာ က်န္းမာေရးစစ္ေဆးရျခင္းပါ။ ဒါေပမယ့္ ကြၽန္ေတာ္႕ မိန္းမက ကြၽန္ေတာ္ က်န္းမာေရးလုပ္ရင္ သူပိုခ်စ္တယ္လို႔ ေျပာပါတယ္ …။

စစ္ေဆးျခင္းကစၿပီး ေဆးေသာက္ျခင္း၊ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အစာ စားျခင္းထိပါ။ အဲဒီလိုေျပာတဲ့အခါ ကြၽန္ေတာ္ အလိုလို ပိုၿပီး က်န္းမာေရး ဂ႐ုစိုက္မိလာ ပါတယ္ …။

(၃) ကြၽန္ေတာ္႔ကို သူမရဲ႕ ဟီး႐ိုးတစ္ေယာက္လို ခံစားမိေစျခင္း

ကြၽန္ေတာ္႕မိန္းမက ကြၽန္ေတာ္႕ကို ေလးစားအားကိုးတဲ့ အၾကည့္နဲ႔ ၾကည့္တာဟာ ကမၻာ့အေကာင္းဆုံး ခံစားမႈ တစ္ခုပါပဲ။ ကြၽန္ေတာ္က သူမအတြက္ ဟီး႐ိုး ျဖစ္ခ်င္ပါတယ္ …။

အၿမဲတမ္း သူမက သူမ မဖြင့္ႏိုင္တဲ့ဘူးေတြ ကြၽန္ေတာ္႔ဆီကို ယူလာပါတယ္။ ကြၽန္ေတာ္က ဖြင့္ေပးလိုက္ရင္ ေျပာပါတယ္။ ကြၽန္ေတာ္က သူမရဲ႕ သူရဲေကာင္းပါ တဲ့ …။

အဲဒီလို အေျပာခံရရင္ ကြၽန္ေတာ္ အရမ္း စိတ္ခ်မ္းသာပါတယ္။ ဘဝရဲ႕ အေသးစိတ္ေလးေတြမွာ သူရဲေကာင္းဆန္တာေလးေတြ ႐ွာေဖြၾကည့္ပါ …။

(၄) ကြၽန္ေတာ္႕ကို သင္က ခ်စ္တယ္ဆိုတာ သိေအာင္လုပ္ေပးရင္ ကြၽန္ေတာ္ကလဲ ျပန္ခ်စ္ျပမွာပါ

ကြၽန္ေတာ္တို႔အားလုံး ခ်စ္ေမတၱာကို ခံစားခ်င္ေပမယ့္ အခ်ိန္ၾကာလာရင္ စစ ေတြ႕ျခင္းကေလာက္ မခံစားမိေတာ့ပါဘူး …။

ကြၽန္ေတာ္႕မိန္းမဟာ ကြၽန္ေတာ္႕ကို ခ်ီးက်ဴးရမယ့္ ေနရာေလးေတြကို ႐ွာေဖြေနၿပီး ကြၽန္ေတာ္႕ကို သူမ ခ်စ္တာ သိေစပါတယ္ …။

တစ္ခါတစ္ေလမွာေတာ့ ကြၽန္ေတာ္႕ကို လက္ေဆာင္ေလးေတြ ေပးၿပီး ခ်စ္ရည္လႊမ္းတဲ့ အၾကည့္နဲ႔ ၾကည့္ေနတတ္ပါေသးတယ္ …။

(၅) ေယာက်္ားပီသျခင္းရဲ႕ ေ႐ွးစံႏႉန္းေတြကို ႏွစ္ေယာက္လုံး စြန္႔လႊတ္ပါ

ေယာက်္ား ပီသမႈရဲ႕ အဓိပၸါယ္ေတြဟာ အၿမဲ ေျပာင္းလဲေနပါတယ္။ အရင္ကေတာ့ ေယာက်္ားျဖစ္ လာရင္ လိုက္နာရမွာေတြ ႐ွိပါတယ္ …။

ခံစားခ်က္ မျပတာ၊ မငိုရတာ၊ အကူအညီ မေတာင္းရတာ၊ အၿမဲ ေတာင့္ေတာင့္တင္းတင္း ေနရ တာ လိုမ်ိဳးေပါ့။ ခုေခတ္ကေတာ့ ေယာက်္ားပန္ကန္ေဆးလို႔ရတဲ့ ေခတ္ ျဖစ္ေနပါျပီ …။

(၆) ေယာက်္ားပီသမႈဟာ ျပသနာမ႐ွိပါဘူး

ေယာက်္ားေတာ္ေတာ္မ်ားမ်ားဟာ သူတို႔ ေယာက်္ားပီသမႈနဲ႔ ပတ္သတ္ၿပီး မလုံမျခဳံ ခံစားရတတ္ပါတယ္။ မိန္းမေတြက အဲဒီလို ပူပန္ေနတာကို နားလည္ေပးရပါမယ္ …။

ေယာက်္ားေတြဟာ မိန္းကေလးနဲ႔ တူေနတာ၊ ေယာက်္ား မပီသမွာကို အရမ္း ပူပန္တတ္ၾကပါ တယ္။ မိန္းမေတြဟာ သူတို႔ကို နားလည္ေပးၿပီး အားေပးသင့္ပါတယ္။ “You are my man” ဆိုတဲ့ စကားေလးလိုေပါ့ေနာ္ …။

(၇) ေယာက်္ားေတြကို အ႐ွက္ရေအာင္မလုပ္ပါနဲ႔

အ႐ွက္ဟာ ေယာက်္ားေတြအတြက္ ခံစားရအခက္ဆုံးအရာ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ကို ေက်းဇူးျပဳျပီး အ႐ွက္ရေအာင္ မလုပ္ပါနဲ႔ …။

ဥပမာ – ကြၽန္မ စကားေျပာေနတဲ့အခါ ႐ွင္ ဂ႐ုမစိုက္ရင္ ကြၽန္မ စိတ္ညစ္တယ္ လို႔ ေျပာတာ အဆင္ေျပပါတယ္။ ကေလးကို မဲၿပီး ” နင္က ေအးတိေအးစက္နဲ႔ ဂ႐ုမစိုက္ဘူး…နင့္အေဖလိုပဲ” လို႔ သြားမဆူပါနဲ႔ …။

သူငယ္ခ်င္းေတြနဲ႔ စကားေျပာေနတုန္း သူတို႔က ကိုယ့္ေယာက်္ားကို ေလွာင္ေနရင္လဲ လက္သင့္မခံပါနဲ႔ …။

ေယာက်္ားေတြ ေပ်ာ္ရင္ အိမ္ေထာင္တစ္ခုလုံး ေပ်ာ္မွာပါ။ ဘာလို႔လဲဆိုရင္ ကြၽန္ေတာ္တို႔ ေပ်ာ္ရင္၊ အခ်စ္ခံရရင္ ကြၽန္ေတာ္တို႔ကလဲ ျပန္ခ်စ္မွာ မို႔လို႔ပါပဲ …။

လုပ္ရခက္ေပမယ့္ ထိုက္ထိုက္တန္တန္ ျပန္ရမွာပါေနာ္ …။ ။

ခရက္ဒစ္

Unicode Version ဖြင့်ဖတ်ရန်

ယောက်ျားတစ်ယောက်ကို အရေပျော်ဝင်စေတဲ့ နည်းလမ်း(၇)ခု…

ကိုယ့်ချစ်သူ၊ ယောက်ျားတွေကို ပြုစုအားပေးချင်တဲ့ မိန်းကလေးတွေအတွက် ဒီမှာ ယောက်ျားလေးတွေ ကြိုက်တဲ့ အပြုအမူလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …။

တစ်ယောက်ယောက်ကို ပြုစုအားပေးချင်ရင်တော့ အချိန်ပေးပြီး သူ့အကြောင်း လေ့လာရမှာပါ။ ကျွန်တော့်ကို ပျော်စေတဲ့ အရာ (၇) ခုကို နမူနာအနေနဲ့ ရေးပြပါမယ်နော် …။

(၁) ကိုယ့်ဘာသာ ဂရုစိုက်ပါ

မိန်းမ တော်တော်များများဟာ လင်တွေ သားတွေကို ဂရုစိုက်ရလို့ ကိုယ့်ဘာသာ ဂရုစိုက်ဖို့ အချိန်မပေးနိုင်ကြပါဘူး …။

ကိုယ့်ဘာသာကိုယ် အရင် ဂရုစိုက်တာဟာ တကိုယ်ကောင်းဆန်တာ မဟုတ်ပါဘူး။ ကိုယ့်ဘာသာ လှပနေခြင်းနဲ့ သူများတွေကို လေးစားပေးတာပါပဲ …။

(၂) နင် ကိုယ့်ဘာသာကိုယ် ဂရုစိုက်ရင် ငါပိုချစ်တယ်လို့ ပြောခြင်း

ယောက်ျားတစ်ယောက်အနေနဲ့ မလုပ်ချင်ဆုံး အရာဟာ ကျန်းမာရေးစစ်ဆေးရခြင်းပါ။ ဒါပေမယ့် ကျွန်တော့် မိန်းမက ကျွန်တော် ကျန်းမာရေးလုပ်ရင် သူပိုချစ်တယ်လို့ ပြောပါတယ် …။

စစ်ဆေးခြင်းကစပြီး ဆေးသောက်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာ စားခြင်းထိပါ။ အဲဒီလိုပြောတဲ့အခါ ကျွန်တော် အလိုလို ပိုပြီး ကျန်းမာရေး ဂရုစိုက်မိလာ ပါတယ် …။

(၃) ကျွန်တော့်ကို သူမရဲ့ ဟီးရိုးတစ်ယောက်လို ခံစားမိစေခြင်း

ကျွန်တော့်မိန်းမက ကျွန်တော့်ကို လေးစားအားကိုးတဲ့ အကြည့်နဲ့ ကြည့်တာဟာ ကမ္ဘာ့အကောင်းဆုံး ခံစားမှု တစ်ခုပါပဲ။ ကျွန်တော်က သူမအတွက် ဟီးရိုး ဖြစ်ချင်ပါတယ် …။

အမြဲတမ်း သူမက သူမ မဖွင့်နိုင်တဲ့ဘူးတွေ ကျွန်တော့်ဆီကို ယူလာပါတယ်။ ကျွန်တော်က ဖွင့်ပေးလိုက်ရင် ပြောပါတယ်။ ကျွန်တော်က သူမရဲ့ သူရဲကောင်းပါ တဲ့ …။

အဲဒီလို အပြောခံရရင် ကျွန်တော် အရမ်း စိတ်ချမ်းသာပါတယ်။ ဘဝရဲ့ အသေးစိတ်လေးတွေမှာ သူရဲကောင်းဆန်တာလေးတွေ ရှာဖွေကြည့်ပါ …။

(၄) ကျွန်တော့်ကို သင်က ချစ်တယ်ဆိုတာ သိအောင်လုပ်ပေးရင် ကျွန်တော်ကလဲ ပြန်ချစ်ပြမှာပါ

ကျွန်တော်တို့အားလုံး ချစ်မေတ္တာကို ခံစားချင်ပေမယ့် အချိန်ကြာလာရင် စစ တွေ့ခြင်းကလောက် မခံစားမိတော့ပါဘူး …။

ကျွန်တော့်မိန်းမဟာ ကျွန်တော့်ကို ချီးကျူးရမယ့် နေရာလေးတွေကို ရှာဖွေနေပြီး ကျွန်တော့်ကို သူမ ချစ်တာ သိစေပါတယ် …။

တစ်ခါတစ်လေမှာတော့ ကျွန်တော့်ကို လက်ဆောင်လေးတွေ ပေးပြီး ချစ်ရည်လွှမ်းတဲ့ အကြည့်နဲ့ ကြည့်နေတတ်ပါသေးတယ် …။

(၅) ယောက်ျားပီသခြင်းရဲ့ ရှေးစံနှူန်းတွေကို နှစ်ယောက်လုံး စွန့်လွှတ်ပါ

ယောက်ျား ပီသမှုရဲ့ အဓိပ္ပါယ်တွေဟာ အမြဲ ပြောင်းလဲနေပါတယ်။ အရင်ကတော့ ယောက်ျားဖြစ် လာရင် လိုက်နာရမှာတွေ ရှိပါတယ် …။

ခံစားချက် မပြတာ၊ မငိုရတာ၊ အကူအညီ မတောင်းရတာ၊ အမြဲ တောင့်တောင့်တင်းတင်း နေရ တာ လိုမျိုးပေါ့။ ခုခေတ်ကတော့ ယောက်ျားပန်ကန်ဆေးလို့ရတဲ့ ခေတ် ဖြစ်နေပါပြီ …။

(၆) ယောက်ျားပီသမှုဟာ ပြသနာမရှိပါဘူး

ယောက်ျားတော်တော်များများဟာ သူတို့ ယောက်ျားပီသမှုနဲ့ ပတ်သတ်ပြီး မလုံမခြုံ ခံစားရတတ်ပါတယ်။ မိန်းမတွေက အဲဒီလို ပူပန်နေတာကို နားလည်ပေးရပါမယ် …။

ယောက်ျားတွေဟာ မိန်းကလေးနဲ့ တူနေတာ၊ ယောက်ျား မပီသမှာကို အရမ်း ပူပန်တတ်ကြပါ တယ်။ မိန်းမတွေဟာ သူတို့ကို နားလည်ပေးပြီး အားပေးသင့်ပါတယ်။ “You are my man” ဆိုတဲ့ စကားလေးလိုပေါ့နော် …။

(၇) ယောက်ျားတွေကို အရှက်ရအောင်မလုပ်ပါနဲ့

အရှက်ဟာ ယောက်ျားတွေအတွက် ခံစားရအခက်ဆုံးအရာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကို ကျေးဇူးပြုပြီး အရှက်ရအောင် မလုပ်ပါနဲ့ …။

ဥပမာ – ကျွန်မ စကားပြောနေတဲ့အခါ ရှင် ဂရုမစိုက်ရင် ကျွန်မ စိတ်ညစ်တယ် လို့ ပြောတာ အဆင်ပြေပါတယ်။ ကလေးကို မဲပြီး ” နင်က အေးတိအေးစက်နဲ့ ဂရုမစိုက်ဘူး…နင့်အဖေလိုပဲ” လို့ သွားမဆူပါနဲ့ …။

သူငယ်ချင်းတွေနဲ့ စကားပြောနေတုန်း သူတို့က ကိုယ့်ယောက်ျားကို လှောင်နေရင်လဲ လက်သင့်မခံပါနဲ့ …။

ယောက်ျားတွေ ပျော်ရင် အိမ်ထောင်တစ်ခုလုံး ပျော်မှာပါ။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ ပျော်ရင်၊ အချစ်ခံရရင် ကျွန်တော်တို့ကလဲ ပြန်ချစ်မှာ မို့လို့ပါပဲ …။

လုပ်ရခက်ပေမယ့် ထိုက်ထိုက်တန်တန် ပြန်ရမှာပါနော် …။ ။

ခရက်ဒစ်