Credit – အချစ်နဲ့ ဘဝ
Unicode Version ဖြင့်ဖတ်ရန်
လူတစ်ယောက်ကို လိုတာထက် ပိုပြီး ချစ်မိသွားတဲ့အခါ…
လူတစ်ယောက်ကို လိုတာထက်ပိုပြီး ချစ်မိသွားတဲ့အခါ သူတို့ မင်းကိုတန်ဖိုးထားရကောင်းမှန်း မသိကြတော့ဘူး . . .။
လူတစ်ယောက်ကို လိုတာထက် ပိုပြီး သည်းခံမိတဲ့အခါ . . .
သူတို့ မင်းကို အလျှော့ ပေးရ ကောင်းမှန်း မသိတော့ဘူး . . .။
လူတစ်ယောက်ကို လိုတာထက်ပိုပြီး မေတ္တာထားမိတဲ့ အခါ . . .
သူတို့ မင်းကို ဂ ရုစိုက်ရ ကောင်းမှန်း မသိကြတော့ဘူး . . .။
လူတစ်ယောက်ကို လိုတာထက် ပိုပြီး သံယောဇဉ် ဖြစ်မိတဲ့ အခါ . . .
သူတို့ မင်းကိုအလေးထား ရကောင်းမှန်း မသိကြတော့ပါဘူး . . .။
တစ်ခါတစ်လေ တော့လည်း ကိုယ် က သာ ကိုယ်စိတ်ထဲ ရှိတဲ့အတိုင်း ဆက်ဆံပေးနေတာ . . .။
တစ်ချို့သောလူတွေက ကိုယ်သာမာန် ဆက်ဆံပေးနေတဲ့ . . .
အပြုအမူတွေ ခံစားချက်တွေနဲ့တောင် မတန်အောင် တုန့် ပြန် ကြ တယ် . . .။
အဲဒီအခါ ကိုယ့်မှာ ရင်နင့်အောင် ခံစားရပြီး စိတ် တွေ ပူ လောင် ရ တယ် . . .။
ငါ ဘာတွေ မှားနေလို့လဲ ဆိုပြီးတော့ . . .၊
တကယ်က ကိုယ်က သူတို့ လိုတာထက် ပိုပြီး ပေးမိနေတာပါ . . .။
မလိုပဲ ပိုတဲ့ အရာတွေက အမှိုက်ဖြစ်သွားကြတာ ချည်းပါ ပဲ . . .။
ကိုယ့် ဒုက္ခကိုယ်ရှာမိသလို
ဘယ်သူမပြု မိမိမှု ပါပဲနော် . . .။
ဒါကြောင့် ဘယ်သူကိုမှ လိုတာထက် မပိုပါစေနဲ့၊ ပိုခဲ့ရင်လဲ သိအောင်မလုပ်ပါနဲ့ …။
ကိုယ်က ပိုပြလေ သူက အနိုင်ယူလေ ဖြစ်နေတတ်တယ် . . .။
လူတစ်ချို့ က လိုတာထက်ပိုပြီး ဆက်ဆံပေးတာနဲ့ မတန်ကြပါ ဘူး လေ . . .။ ။
Credit – အချစ်နဲ့ ဘ၀