မိန်းကလေးတွေက လွယ်လွယ်အရှုံးပေးတတ်တဲ့ ယောကျာ်းလေးတွေကို မကြိုက်တတ်ကြသလို သူတို့ဘယ်လောက်ပဲ တွန်းထုတ်ပါစေ အလျော့မပေးတတ်တဲ့ သူမျိုးကို ဇွဲ ဆုပေးချင်တတ်ကြပါတယ် …။
ခရက်ဒစ်
Unicode Version ဖြင့်ဖတ်ရန်
မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကိုအပိုင်ရချင်ရင် သိထားဖို့လိုအပ်တဲ့ အချက်(၅)ချက်…
မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကိုရဖို့က နည်းမသိရင်တော့ တစ်ချို့တွေအတွက် ခက်ခဲနေပါလိမ့်မယ် …။
ဒါပေမယ့် မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကိုရဖို့အတွက် ဇွဲရှိဖို့လိုအပ်သလို တစ်ချို့သော အချက်လေးတွေကိုလည်း သိထားဖို့ လိုအပ်ပါတယ် …။
မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကို အပိုင်ရချင်ရင်တော့ ဒီအချက်လေးတွေ သိထားဖို့လိုပါတယ်နော် …။
(၁) သူမကို အလေးထားကြောင်း ပြသပါ။
သူမအပေါ် သင်ဘယ်လောက် အလေးထားတယ်၊ ဘယ်လောက် ဂရုစိုက်တယ်ဆိုတာကို ပြသပေးဖို့ လိုအပ်ပါတယ် …။
သူ သင့်ကို စိတ်မဝင်စားသည့်တိုင်အောင် သင့်ရဲ့နွေးထွေးကြင်နာတတ်မှုလေးတွေက သူမရဲ့ အသိအမှတ် ပြုခြင်းကို သင်ရနိုင်တဲ့ အတွက်ပဲ ဖြစ်ပါတယ် …။
(၂) သူမလိုအပ်နေတဲ့အချိန်မှာ ဘေးနားရှိနေပေးပါ။
မိန်းကလေးတွေက သူတို့လိုအပ်တဲ့အချိန် ဘေးနားမှာရှိနေပေးတတ်တဲ့ သူတွေကို ပိုပြီး သတိထားမိတတ်ကြပါတယ် …။
ဒီတော့ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကိုလိုချင်ရင်တော့ အဲဒီ့မိန်းကလေးရဲ့ ခက်ခဲတဲ့အချိန်တွေမှာ ဘေးနားရှိနေပေးဖို့ လိုပါတယ် …။
(၃) သူမအဝေးကို တွန်းထုတ်နေရင်တောင် လက်မလျော့ပါနဲ့။
သူမဘက်ကနေ သင့်ကို လုံးဝ စိတ်မဝင်စားဘူး၊ ခါးခါးသီးသီးနဲ့ အဝေးကို တွန်းထုတ်နေတယ် ဆိုရင်တောင် သင့်ဘက်က လက်မလျော့လိုက်ပါနဲ့ …။
မိန်းကလေးတွေက လွယ်လွယ်အရှုံးပေးတတ်တဲ့ ယောက်ျားလေးတွေကို မကြိုက်တတ်ကြသလို သူတို့ဘယ်လောက်ပဲ တွန်းထုတ်ပါစေ အလျော့မပေးတတ်တဲ့ သူမျိုးကို ဇွဲ ဆုပေးချင်တတ်ကြပါတယ် …။
မိန်းကလေးတစ်ယောက်ရဲ့စိတ်ကို လိုချင်ရင် သူမနဲ့ပေးထားတဲ့ ကတိတွေကိုလည်း တည်နိုင်အောင်ကြိုးစားပါ …။
မိန်းကလေးတွေက သူတို့အပေါ် ကတိမတည်တဲ့သူတွေကိုဆို စိတ်ပျက်ကြလေ့ရှိပါတယ် …။
သူမကိုပေးထားတဲ့ကတိအတိုင်း လုပ်တတ်တဲ့ယောက်ျားလေးမျိုးကသာ မိန်းကလေးတွေရဲ့အမြင်မှာ အရမ်းကို ဆွဲဆောင်မှုရှိပါတယ် …။
(၄) ခံစားချက်တွေကို ထုတ်ပြတတ်ပါစေ။
ကိုယ်သူ့ကိုသဘောကျရင် သဘောကျကြောင်း ဂရုစိုက်မှုတွေ၊ ကြင်နာတတ်မှုလေးတွေကို ဖော်ပြဖို့ မမေ့ပါနဲ့ …။
မိန်းကလေးတွေက သူတို့အပေါ် စိတ်ဝင်စားတယ်လို့ ပါးစပ်ကထုတ်ပြောရုံနဲ့ ပြန်ပြီး စိတ်ဝင်စားလာမှာ မဟုတ်ပါဘူး …။
သူတို့ကို တကယ်ချစ်ကြောင်း၊ တကယ်မြတ်နိုးကြောင်းကို မသိရပဲ မိန်းကလေးတွေက ပြန်စိတ်ဝင်စားလေ့ မရှိတတ်ကြပါဘူး …။ ။
ခရက်ဒစ်