ခြဲမရေအာင္ခ်စ္မိၾကတဲ့ ခ်စ္သူစုံတြဲေတြမွာ ေတြ႕ရတတ္တဲ့အခ်က္(၈)ခ်က္…

ခြဲမရေအာင္ခ်စ္မိၾကတဲ့ ခ်စ္သူစုံတြဲေတြမွာ ေတြ႕ရတတ္တဲ့အခ်က္(၈)ခ်က္…

အခ်စ္ဆိုတာ အံ့ၾသစရာေကာင္းတဲ့ အရာတစ္ခု ျဖစ္ပါတယ္။ ေပ်ာ္ရႊင္ေအာင္ျမင္တဲ့ ခ်စ္သူစံုတြဲျဖစ္ဖို႔အတြက္ တစ္ေယာက္နဲ႔တစ္ေယာက္ နီးစပ္မႈရွိေနဖို႔ ပို လိုအပ္ပါတယ္ …။

ဒါေပမယ့္ တစ္ခါတစ္ေလမွာ ခ်စ္သူႏွစ္ေယာက္ဟာ ကိုယ္ခ်င္းဆက္အမႊာေတြလို ခြဲမရေအာင္ နီးစပ္သြားတာမ်ိဳးေတြလည္း ရွိပါတယ္ …။

ဒီလိုမ်ိဳး ၾကားေလေသြးရင္ေတာင္ ေ၀းတယ္လို႔ ထင္ၿပီး အခ်င္းခ်င္း ေကာ္နဲ႔ကပ္ထားသလို ခြဲမရေအာင္ခ်စ္မိၾကတဲ့ ခ်စ္သူစံုတြဲေတြမွာ ေတြ႕ရတတ္တဲ့ သက္ေရာက္မႈေလးေတြကို စုစည္းေဖာ္ျပေပး လိုက္ပါတယ္ေနာ္ …။

၁။ “ငါ” ဆိုတာက “ငါတို႔” ျဖစ္လာတယ္။

သင့္ရဲ႕ သူငယ္ခ်င္းမိတ္ေတြေတြက ပြဲလမ္းတစ္ခုခုရွိရင္ တစ္ေယာက္တည္းဖိတ္လို႔ မရေတာ့ပါဘူး။ ဘာလို႔ဆို အျမဲတမ္း သင့္တို႔စံုတြဲက အတူလာမွာ မို႔လို႔ပါပဲ …။

ဘယ္သြားသြား ဘယ္လာလာ ႏွစ္ေယာက္တြဲျဖစ္ေနတာေၾကာင့္ သင့္တို႔ကို တစ္ေယာက္တည္း ျမင္ၾကေတာ့မွာ မဟုတ္ပါဘူး …။

၂။ သူငယ္ခ်င္းေတြ တျဖည္းျဖည္းနည္းလာတယ္။

အရင္တုန္းကေတာ့ အခ်စ္ဆံုးသူငယ္ခ်င္းေတြနဲ႔ ရင္းႏွီးပြင့္လင္းစြာ ေျပာၾကဆိုၾက၊ တစ္ေယာက္လိုအပ္ေနခ်ိန္မွာ တစ္ေယာက္ရွိေနတတ္ေပမယ့္

ခ်စ္သူနဲ႔ ပိုနီးစပ္လာတာနဲ႔အမွ် မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ အရင္လိုဆက္ဆံမႈေတြ နည္းပါးလာမွာပဲ ျဖစ္ပါတယ္ …။

တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ေနခ်ိန္ေတြ ပိုမ်ားလာတာေၾကာင့္ မိတ္ေဆြသူငယ္ခ်င္းေတြကို အခ်ိန္ေပးတာ နည္းလာတာပဲ ျဖစ္ပါတယ္ …။

၃။ ၀ါသနာ၊ ရည္မွန္းခ်က္၊ အိပ္မက္ေတြ ေပ်ာက္ကြယ္သြားမယ္။

Gym ကိုသြားၿပီး ေလ့က်င့္ခန္းလုပ္ဖို႔၊ ထပ္ယူခ်င္တဲ့ MBA ဘြဲ႕လက္မွတ္ စတာေတြ အားလံုး မရွိေတာ့ပါဘူး …။

ဘာေတြလုပ္ေနလဲဆိုေတာ့ ခ်စ္တဲ့သူနဲ႔ အတူတူရွိေနရဖို႔ကိုပဲ လုပ္ေနေတာ့မွာပါ။ စိတ္ဓာတ္က်ၿပီး လုပ္ခ်င္ကိုင္ခ်င္စိတ္မရွိတာေၾကာင့္ မဟုတ္ပါဘူး …။

ဘာပဲျဖစ္ျဖစ္ ခ်စ္သူနဲ႔ အတူလုပ္ေဆာင္ခ်င္ၿပီး ခ်စ္တဲ့သူ မပါရင္ ဘာကိုမွ မ လုပ္ခ်င္ေတာ့တာမ်ိဳးပါ …။

၄။ အျမဲတမ္း ဘယ္ေရာက္ေနလဲ ဘယ္သြားေနလဲ စစ္ေဆးေနတတ္တယ္။

ခ်စ္သူႏွစ္ေယာက္မွာ တစ္ေယာက္က အေၾကာင္းကိစၥတစ္ခုေၾကာင့္ တစ္ေယာက္တည္းသြားလာလႈပ္ရွားရတဲ့ အခါမ်ိဳးမွာ အျခားတစ္ေယာက္က ဘယ္ေရာက္ေနလဲ၊ အဆင္ေျပလား၊ ဘယ္လိုအေျခအေနလဲ စသျဖင့္ လွမ္းၿပီး စစ္ေဆးေမးျမန္းေနတတ္သလို သြားတဲ့တစ္ေယာက္ကလည္း က်န္ခဲ့တဲ့တစ္ေယာက္ ဘာလုပ္ေနလဲ၊ အဆင္ေျပရဲ႕လား စစ္ေဆးေနတတ္ပါတယ္ …။

ခ်စ္သူမပါတဲ့ ဘယ္ေနရာကိုပဲသြားသြား အရင္ကေလာက္ ၾကာၾကာမေနပဲ ေစာေစာျပန္ဖို႔ပဲ ေတြးေနတတ္ပါတယ္ …။

၅။ စိတ္ရင္းကို ပိုၿပီးဖုံးကြယ္တတ္လာမယ္။

တစ္ေယာက္နဲ႔ တစ္ေယာက္အရမ္းနီးစပ္လာတဲ့အခါမွာ ကိစၥတစ္ခ်ိဳ႕မွာ တကယ့္စိတ္ရင္း၊ ခံစားခ်က္ေတြကို ဖံုးကြယ္တတ္လာပါတယ္။

စိတ္ထဲက လက္မခံခ်င္ေပမယ့္ ခ်စ္သူအလိုမက်မွာ၊ စိတ္ပ်က္သြားမွာကို စိုးရိမ္ၿပီး လက္ခံလိုက္တာမ်ိဳးေတြကို ဆိုလိုပါတယ္။ ဒီလိုျဖစ္လာတာက အတြင္းစိတ္ကို သတ္သလိုျဖစ္ၿပီး အခ်ိန္ၾကာလာရင္ ဆက္ဆံေရးကို ယိုယြင္းပ်က္စီးလာေစႏိုင္ပါတယ္။

၆။ လက္ေတြ႕ဘ၀နဲ႔ ကင္းကြာလာမယ္။

အခ်စ္က စိတ္ကူးယဥ္ဆန္တာ အားလံုးသိၾကပါတယ္။ ဒါေပမယ့္ အရမ္းခ်စ္ၿပီး ေပ်ာ္ေနဖို႔က ဘ၀ မဟုတ္ပါဘူး။ ခ်စ္သူကုိပဲ စိတ္ေရာက္ေနတဲ့အခါမွာ ပတ္၀န္းက်င္က လက္ေတြ႕ဘ၀ျဖစ္တဲ့ အလုပ္အကုိင္၊ မိသားစု စတာေတြနဲ႔ ကင္းကြာလာ တတ္ပါတယ္ …။

၇။ သာမန္စကားမ်ားတာေတြကိုေတာင္ အႀကီးအက်ယ္ျပႆနာလို႔ထင္လာမယ္။

စကားမ်ားရန္ျဖစ္တာက ခ်စ္သူခ်င္းဆက္ဆံေရးမွာ ေပ်ာ္စရာေကာင္းတဲ့ ကိစၥမဟုတ္ပါဘူး။ ဒါေပမယ့္ ေရွာင္လႊဲလို႔လည္း မရႏိုင္ပါဘူး …။

အခ်င္းခ်င္းအရမ္းနီးစပ္ၿပီး ခြဲမရေအာင္ ခ်စ္တယ္ဆိုသူေတြမွာဆိုရင္ ဘာမွမဟုတ္တဲ့ သာမာန္အျငင္းပြားမႈေလးကိုေတာင္မွ ျပႆနာႀကီးလို႔ ထင္တတ္ၾကပါတယ္။ ဒါေပမယ့္ လမ္းခြဲရမွာ၊ ခ်န္ထားခံခဲ့ရမွာကို စိုးရိမ္တဲ့အတြက္

ခံစားခ်က္အစစ္အမွန္ေတြနဲ႔ ႐ိုးသားမႈကို ဖံုးကြယ္ၿပီး စကားမ်ားတဲ့ကိစၥကို ေလွ်ာ္လိုက္တတ္ၾကပါတယ္။ ဒါမွမဟုတ္ရင္လည္း အႀကီးအက်ယ္အခ်င္းမ်ားမႈေတြ ျဖစ္ၿပီး ဆက္ဆံေရးရဲ႕ အဆံုးသတ္လည္း ျဖစ္သြားႏိုင္လို႔ပါပဲ …။

၈။ “ငါ ဘယ္သူလဲ” စ ေတြးမိလာမယ္။

အမွန္အတိုင္း ၀န္ခံခ်င္မွာမဟုတ္ေပမယ့္ ခ်စ္သူခ်င္းခြဲမရေအာင္အရမ္းနီးစပ္သြားၿပီဆိုရင္ ကိုယ္ကိုယ္တိုင္ရဲ႕ ျဖစ္တည္မႈ ေပ်ာက္ဆံုးသြားတတ္ပါတယ္ …။

ဒီအခ်ိန္မ်ိဳးမွာ အရင္က တစ္ေယာက္တည္းလုပ္ခဲ့တာတစ္ခုခုကို မလုပ္မိတာ၊ မလုပ္ေတာ့တာ ဘယ္ေလာက္ေတာင္ၾကာသြားၿပီလဲဆိုတာ ေတြးမိလာပါလိမ့္မယ္။ သင့္ခ်စ္သူလည္း ဒါမ်ိဳး ေတြးမိေနႏိုင္ပါတယ္ …။

လူတိုင္းက အခ်စ္ခံခ်င္ၾကပါတယ္။ ဒါ့ေၾကာင့္ ခ်စ္သူနဲ႔ နီးစပ္ရျခင္းေၾကာင့္ ခုလိုမေကာင္းတာေတြ ျဖစ္ခ်င္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ ခြဲမရေအာင္ နီးစပ္ေနခ်င္တာ၊ ခ်စ္ေနခ်င္တာဆိုတာက အခ်စ္ မဟုတ္ပါဘူး …။

အျပန္အလွန္ မွီခိုေနခ်င္တာပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ႏွစ္ေယာက္ေပါင္းလို႔ တစ္ခုျဖစ္လာႏိုင္မယ့္ အရာေတြနဲ႔ တစ္ေယာက္ခ်င္းစီရဲ႕ သီးျခားျဖစ္တည္မႈေတြကို ဘယ္လိုဆက္လက္ ထိန္းသိမ္းထားမလဲဆိုတာကို အခ်င္းခ်င္း တိုင္ပင္ေဆြးေႏြးဖို႔ တိုက္တြန္းလိုက္ပါတယ္ …။ ။

Credit – Gentleman

============

UNICODE VERSION ဖြင့်ဖတ်ရန်

ခွဲမရအောင်ချစ်မိကြတဲ့ ချစ်သူစုံတွဲတွေမှာ တွေ့ရတတ်တဲ့အချက်(၈)ချက်…

အချစ်ဆိုတာ အံ့သြစရာကောင်းတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ပျော်ရွှင်အောင်မြင်တဲ့ ချစ်သူစုံတွဲဖြစ်ဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် နီးစပ်မှုရှိနေဖို့ ပို လိုအပ်ပါတယ် …။

ဒါပေမယ့် တစ်ခါတစ်လေမှာ ချစ်သူနှစ်ယောက်ဟာ ကိုယ်ချင်းဆက်အမွှာတွေလို ခွဲမရအောင် နီးစပ်သွားတာမျိုးတွေလည်း ရှိပါတယ် …။

ဒီလိုမျိုး ကြားလေသွေးရင်တောင် ဝေးတယ်လို့ ထင်ပြီး အချင်းချင်း ကော်နဲ့ကပ်ထားသလို ခွဲမရအောင်ချစ်မိကြတဲ့ ချစ်သူစုံတွဲတွေမှာ တွေ့ရတတ်တဲ့ သက်ရောက်မှုလေးတွေကို စုစည်းဖော်ပြပေး လိုက်ပါတယ်နော် …။

၁။ “ငါ” ဆိုတာက “ငါတို့” ဖြစ်လာတယ်။

သင့်ရဲ့ သူငယ်ချင်းမိတ်တွေတွေက ပွဲလမ်းတစ်ခုခုရှိရင် တစ်ယောက်တည်းဖိတ်လို့ မရတော့ပါဘူး။ ဘာလို့ဆို အမြဲတမ်း သင့်တို့စုံတွဲက အတူလာမှာ မို့လို့ပါပဲ …။

ဘယ်သွားသွား ဘယ်လာလာ နှစ်ယောက်တွဲဖြစ်နေတာကြောင့် သင့်တို့ကို တစ်ယောက်တည်း မြင်ကြတော့မှာ မဟုတ်ပါဘူး …။

၂။ သူငယ်ချင်းတွေ တဖြည်းဖြည်းနည်းလာတယ်။

အရင်တုန်းကတော့ အချစ်ဆုံးသူငယ်ချင်းတွေနဲ့ ရင်းနှီးပွင့်လင်းစွာ ပြောကြဆိုကြ၊ တစ်ယောက်လိုအပ်နေချိန်မှာ တစ်ယောက်ရှိနေတတ်ပေမယ့်

ချစ်သူနဲ့ ပိုနီးစပ်လာတာနဲ့အမျှ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အရင်လိုဆက်ဆံမှုတွေ နည်းပါးလာမှာပဲ ဖြစ်ပါတယ် …။

တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေချိန်တွေ ပိုများလာတာကြောင့် မိတ်ဆွေသူငယ်ချင်းတွေကို အချိန်ပေးတာ နည်းလာတာပဲ ဖြစ်ပါတယ် …။

၃။ ဝါသနာ၊ ရည်မှန်းချက်၊ အိပ်မက်တွေ ပျောက်ကွယ်သွားမယ်။

Gym ကိုသွားပြီး လေ့ကျင့်ခန်းလုပ်ဖို့၊ ထပ်ယူချင်တဲ့ MBA ဘွဲ့လက်မှတ် စတာတွေ အားလုံး မရှိတော့ပါဘူး …။

ဘာတွေလုပ်နေလဲဆိုတော့ ချစ်တဲ့သူနဲ့ အတူတူရှိနေရဖို့ကိုပဲ လုပ်နေတော့မှာပါ။ စိတ်ဓာတ်ကျပြီး လုပ်ချင်ကိုင်ချင်စိတ်မရှိတာကြောင့် မဟုတ်ပါဘူး …။

ဘာပဲဖြစ်ဖြစ် ချစ်သူနဲ့ အတူလုပ်ဆောင်ချင်ပြီး ချစ်တဲ့သူ မပါရင် ဘာကိုမှ မ လုပ်ချင်တော့တာမျိုးပါ …။

၄။ အမြဲတမ်း ဘယ်ရောက်နေလဲ ဘယ်သွားနေလဲ စစ်ဆေးနေတတ်တယ်။

ချစ်သူနှစ်ယောက်မှာ တစ်ယောက်က အကြောင်းကိစ္စတစ်ခုကြောင့် တစ်ယောက်တည်းသွားလာလှုပ်ရှားရတဲ့ အခါမျိုးမှာ အခြားတစ်ယောက်က ဘယ်ရောက်နေလဲ၊ အဆင်ပြေလား၊ ဘယ်လိုအခြေအနေလဲ စသဖြင့် လှမ်းပြီး စစ်ဆေးမေးမြန်းနေတတ်သလို သွားတဲ့တစ်ယောက်ကလည်း ကျန်ခဲ့တဲ့တစ်ယောက် ဘာလုပ်နေလဲ၊ အဆင်ပြေရဲ့လား စစ်ဆေးနေတတ်ပါတယ် …။

ချစ်သူမပါတဲ့ ဘယ်နေရာကိုပဲသွားသွား အရင်ကလောက် ကြာကြာမနေပဲ စောစောပြန်ဖို့ပဲ တွေးနေတတ်ပါတယ် …။

၅။ စိတ်ရင်းကို ပိုပြီးဖုံးကွယ်တတ်လာမယ်။

တစ်ယောက်နဲ့ တစ်ယောက်အရမ်းနီးစပ်လာတဲ့အခါမှာ ကိစ္စတစ်ချို့မှာ တကယ့်စိတ်ရင်း၊ ခံစားချက်တွေကို ဖုံးကွယ်တတ်လာပါတယ်။

စိတ်ထဲက လက်မခံချင်ပေမယ့် ချစ်သူအလိုမကျမှာ၊ စိတ်ပျက်သွားမှာကို စိုးရိမ်ပြီး လက်ခံလိုက်တာမျိုးတွေကို ဆိုလိုပါတယ်။ ဒီလိုဖြစ်လာတာက အတွင်းစိတ်ကို သတ်သလိုဖြစ်ပြီး အချိန်ကြာလာရင် ဆက်ဆံရေးကို ယိုယွင်းပျက်စီးလာစေနိုင်ပါတယ်။

၆။ လက်တွေ့ဘဝနဲ့ ကင်းကွာလာမယ်။

အချစ်က စိတ်ကူးယဉ်ဆန်တာ အားလုံးသိကြပါတယ်။ ဒါပေမယ့် အရမ်းချစ်ပြီး ပျော်နေဖို့က ဘ၀ မဟုတ်ပါဘူး။ ချစ်သူကိုပဲ စိတ်ရောက်နေတဲ့အခါမှာ ပတ်ဝန်းကျင်က လက်တွေ့ဘ၀ဖြစ်တဲ့ အလုပ်အကိုင်၊ မိသားစု စတာတွေနဲ့ ကင်းကွာလာ တတ်ပါတယ် …။

၇။ သာမန်စကားများတာတွေကိုတောင် အကြီးအကျယ်ပြဿနာလို့ထင်လာမယ်။

စကားများရန်ဖြစ်တာက ချစ်သူချင်းဆက်ဆံရေးမှာ ပျော်စရာကောင်းတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် ရှောင်လွှဲလို့လည်း မရနိုင်ပါဘူး …။

အချင်းချင်းအရမ်းနီးစပ်ပြီး ခွဲမရအောင် ချစ်တယ်ဆိုသူတွေမှာဆိုရင် ဘာမှမဟုတ်တဲ့ သာမာန်အငြင်းပွားမှုလေးကိုတောင်မှ ပြဿနာကြီးလို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် လမ်းခွဲရမှာ၊ ချန်ထားခံခဲ့ရမှာကို စိုးရိမ်တဲ့အတွက်

ခံစားချက်အစစ်အမှန်တွေနဲ့ ရိုးသားမှုကို ဖုံးကွယ်ပြီး စကားများတဲ့ကိစ္စကို လျှော်လိုက်တတ်ကြပါတယ်။ ဒါမှမဟုတ်ရင်လည်း အကြီးအကျယ်အချင်းများမှုတွေ ဖြစ်ပြီး ဆက်ဆံရေးရဲ့ အဆုံးသတ်လည်း ဖြစ်သွားနိုင်လို့ပါပဲ …။

၈။ “ငါ ဘယ်သူလဲ” စ တွေးမိလာမယ်။

အမှန်အတိုင်း ဝန်ခံချင်မှာမဟုတ်ပေမယ့် ချစ်သူချင်းခွဲမရအောင်အရမ်းနီးစပ်သွားပြီဆိုရင် ကိုယ်ကိုယ်တိုင်ရဲ့ ဖြစ်တည်မှု ပျောက်ဆုံးသွားတတ်ပါတယ် …။

ဒီအချိန်မျိုးမှာ အရင်က တစ်ယောက်တည်းလုပ်ခဲ့တာတစ်ခုခုကို မလုပ်မိတာ၊ မလုပ်တော့တာ ဘယ်လောက်တောင်ကြာသွားပြီလဲဆိုတာ တွေးမိလာပါလိမ့်မယ်။ သင့်ချစ်သူလည်း ဒါမျိုး တွေးမိနေနိုင်ပါတယ် …။

လူတိုင်းက အချစ်ခံချင်ကြပါတယ်။ ဒါ့ကြောင့် ချစ်သူနဲ့ နီးစပ်ရခြင်းကြောင့် ခုလိုမကောင်းတာတွေ ဖြစ်ချင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် ခွဲမရအောင် နီးစပ်နေချင်တာ၊ ချစ်နေချင်တာဆိုတာက အချစ် မဟုတ်ပါဘူး …။

အပြန်အလှန် မှီခိုနေချင်တာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် နှစ်ယောက်ပေါင်းလို့ တစ်ခုဖြစ်လာနိုင်မယ့် အရာတွေနဲ့ တစ်ယောက်ချင်းစီရဲ့ သီးခြားဖြစ်တည်မှုတွေကို ဘယ်လိုဆက်လက် ထိန်းသိမ်းထားမလဲဆိုတာကို အချင်းချင်း တိုင်ပင်ဆွေးနွေးဖို့ တိုက်တွန်းလိုက်ပါတယ် …။ ။

Credit – Gentleman

============