ဆံပင္ထူထူ၊ဆံသားေကာင္းေကာင္းျဖစ္ေစဖို႔အတြက္ လုပ္ေဆာင္ရမယ့္နည္းလမ္းမ်ား…

ဆံပင္ထူထူ၊ဆံသားေကာင္းေကာင္းျဖစ္ေစဖို႔အတြက္ လုပ္ေဆာင္ရမယ့္နည္းလမ္းမ်ား…

ဆံသားပါးတဲ့ မိန္းကေလးတိုင္းရဲ႕ အိပ္မက္က ဆံသားေကာင္းၿပီး အုံထူေနဖို႔ ျဖစ္ပါတယ္။ ၾကမ္းတမ္းပ်က္ဆီးေနတဲ့ ဆံပင္မ်ိဳးကို ဘယ္သူမွ မလိုခ်င္ၾကပါဘူး။ ဆံသားေကာင္းၿပီး အုံထူေနဖို႔ဆိုရင္ ေန႔တိုင္း ဆံသားကို ဂ႐ုစိုက္ေပးေနေပးဖို႔ေတာ႔ လိုပါတယ္။ ဆံပင္ပါးရတဲ့ အေၾကာင္းရင္းေတြကေတာ့ စိတ္ဖိစီးမႈ မ်ားတာေၾကာင့္ ၊ ေဟာ္မုန္း အတတ္အက် ျဖစ္တာေၾကာင့္ ၊ အာဟာရနည္းတာေၾကာင့္၊ ေလထုညစ္ညမ္းတာေၾကာင့္ နဲ႔ မ်ိဳး႐ိုးေၾကာင့္ ပဲ ျဖစ္ပါတယ္ေနာ္ …။

(၁) ဦးေရျပားကို ႏွိပ္နယ္ေပးပါ”

အုန္းဆီကို ဇလုံထဲထည့္ေပးၿပီး ေႏြးသြားေအာင္ အပူေပးပါ။ ေႏြးေနတဲ့ အုန္းဆီနဲ႔ ဦးေရျပားကို ႏွိပ္နယ္ေပးပါ။ မိနစ္အနည္းငယ္ေလာက္ႏွိပ္နယ္ေပးဖို႔ လိုအပ္ပါတယ္။ ညလုံးေပါက္တဲ့အထိ လိမ္းအိပ္ေပးၿပီး မနက္ထရင္ ေခါင္းေလွ်ာ္ေပးပါ။ ဒီနည္းကေတာ့ ဦးေရျပားရဲ႕ ေသြးလည္ပတ္မႈကို လႈံေဆာ္ေပးၿပီး ဆံပင္ကိုလည္း သန္လာ ေစပါတယ္ …။

(၂) စနစ္က်က် ေခါင္းေလွ်ာ္ေပးပါ”

ေခါင္းေလွ်ာ္တဲ့အခါ စနစ္က်က်နဲ႔ ေခါင္းေလွ်ာ္ေပးဖို႔လိုပါတယ္။ စနစ္က်က် ေခါင္းေလွ်ာ္ေပးလိုက္တာနဲ႔ သိသာတဲ့ ရလဒ္ကို ရလာမွာပါ။ ပထမအခ်က္က ေန႔တိုင္း ေခါင္းေလွ်ာ္ရည္နဲ႔ ေခါင္းေလွ်ာ္တာမ်ိဳး မလုပ္ပါနဲ႔၊ ဒီလိုလုပ္တာက ဆံပင္ကို စိုေျပေစမယ့္ ဦးေရျပားကေနရလာတဲ့ သဘာဝအဆီဓာတ္ ေတြ ကိုေျခာက္ေသြ႕သြားေစႏိုင္လို႔ပါပဲ။ ေနာက္တစ္ခ်က္ကေတာ့ ေရပူနဲ႔ ေခါင္းေလွ်ာ္တာေတြ မလုပ္ပါနဲ႔၊ ဒီလိုလုပ္တာက ဆံသားကို ေျခာက္ေသြ႕ေစၿပီး ၾကမ္းသြားေစႏိုင္တာေၾကာင္႔ ျဖစ္ႏိုင္ရင္ ေရေအးနဲ႔ပဲ ေခါင္းေလွ်ာ္ေပးပါေနာ္ …။

 

(၃) သဘာဝအတိုင္း ေခါင္းအေျခာက္ခံေပးပါ”

ေခါင္းေလွ်ာ္ၿပီးတိုင္း သဘာဝအတိုင္း ေခါင္းေျခာက္ခံတာ အ ေကာင္းဆုံးပါ။ သဘာဝအတိုင္းဆိုတာ မ်က္ႏွာသုတ္ပဝါနဲ႔ ေခါင္းသုတ္ေပးပါ။ သဘာဝအတိုင္း ေခါင္းေျခာက္ ေပးတာက ဆံသားအတြက္ေကာင္းေစႏိုင္သလို ဆံပငလည္း သန္လာေစႏိုင္ပါတယ္ …။

(၄) ညင္သာစြာ ေခါင္းဖီးေပးပါ”

ေခါင္းဘီးေ႐ြးတဲ့အခါမွာ ပလက္စတစ္ေခါင္းဘီး ၊ သံနဲ႔လုပ္ထားတဲ့ ေခါင္း ဘီးေတြကိုေရွာင္ေပးပါ။ ေနာက္ၿပီး ေရစိုေနတဲ့အခ်ိန္မွာ ေခါင္းမဖီးပါနဲ႔။ ဘီးက်ဲကိုသုံးၿပီး ဆံပင္ကို ညင္သာ စြာေခါင္းဖီးေပးပါ။ တစ္ခ်ိန္လုံး ေခါင္းမဖီးေပးပါနဲ႔။ တစ္ေန႔ကို (၂)ႀကိမ္ ေလာက္ပဲ ေခါင္းဖီးေပးသင္႔ပါတယ္ …။

(၅) စားေသာက္ပုံ မွန္ပါေစ”

ဆံသားဖြံၿဖိဳးမႈက သင့္စားေနတဲ့ အစားအေသာက္ေပၚမွာ မူတည္ပါတယ္။ ဆံပင္သန္ဖို႔ရာအတြက္ အာဟာရရွိတဲ့ အစားအစာေတြကို စားရမွာျဖစ္ပါတယ္။ ပ႐ိုတင္း ၊ ဗီတာမင္ (A,E,C) ၊ သံဓာတ္ ၊ ကယ္ဆီယမ္ ၊ omega-3 fatty acids ၊ biotin နဲ႔ magnesium စတဲ့ ဓာတ္ေတြပါတဲ့ အစားအစာမ်ိဳးကို စားသံုးေပးသင့္ပါတယ္ေနာ္ …။ ။

Credit

Unicode Version ဖြင့်ဖတ်ရန်

ဆံပင်ထူထူ၊ဆံသားကောင်းကောင်းဖြစ်စေဖို့အတွက် လုပ်ဆောင်ရမယ့်နည်းလမ်းများ…

ဆံသားပါးတဲ့ မိန်းကလေးတိုင်းရဲ့ အိပ်မက်က ဆံသားကောင်းပြီး အုံထူနေဖို့ ဖြစ်ပါတယ်။ ကြမ်းတမ်းပျက်ဆီးနေတဲ့ ဆံပင်မျိုးကို ဘယ်သူမှ မလိုချင်ကြပါဘူး။ ဆံသားကောင်းပြီး အုံထူနေဖို့ဆိုရင် နေ့တိုင်း ဆံသားကို ဂရုစိုက်ပေးနေပေးဖို့တော့ လိုပါတယ်။ ဆံပင်ပါးရတဲ့ အကြောင်းရင်းတွေကတော့ စိတ်ဖိစီးမှု များတာကြောင့် ၊ ဟော်မုန်း အတတ်အကျ ဖြစ်တာကြောင့် ၊ အာဟာရနည်းတာကြောင့်၊ လေထုညစ်ညမ်းတာကြောင့် နဲ့ မျိုးရိုးကြောင့် ပဲ ဖြစ်ပါတယ်နော် …။

(၁) ဦးရေပြားကို နှိပ်နယ်ပေးပါ”

အုန်းဆီကို ဇလုံထဲထည့်ပေးပြီး နွေးသွားအောင် အပူပေးပါ။ နွေးနေတဲ့ အုန်းဆီနဲ့ ဦးရေပြားကို နှိပ်နယ်ပေးပါ။ မိနစ်အနည်းငယ်လောက်နှိပ်နယ်ပေးဖို့ လိုအပ်ပါတယ်။ ညလုံးပေါက်တဲ့အထိ လိမ်းအိပ်ပေးပြီး မနက်ထရင် ခေါင်းလျှော်ပေးပါ။ ဒီနည်းကတော့ ဦးရေပြားရဲ့ သွေးလည်ပတ်မှုကို လှုံဆော်ပေးပြီး ဆံပင်ကိုလည်း သန်လာ စေပါတယ် …။

(၂) စနစ်ကျကျ ခေါင်းလျှော်ပေးပါ”

ခေါင်းလျှော်တဲ့အခါ စနစ်ကျကျနဲ့ ခေါင်းလျှော်ပေးဖို့လိုပါတယ်။ စနစ်ကျကျ ခေါင်းလျှော်ပေးလိုက်တာနဲ့ သိသာတဲ့ ရလဒ်ကို ရလာမှာပါ။ ပထမအချက်က နေ့တိုင်း ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်တာမျိုး မလုပ်ပါနဲ့၊ ဒီလိုလုပ်တာက ဆံပင်ကို စိုပြေစေမယ့် ဦးရေပြားကနေရလာတဲ့ သဘာဝအဆီဓာတ် တွေ ကိုခြောက်သွေ့သွားစေနိုင်လို့ပါပဲ။ နောက်တစ်ချက်ကတော့ ရေပူနဲ့ ခေါင်းလျှော်တာတွေ မလုပ်ပါနဲ့၊ ဒီလိုလုပ်တာက ဆံသားကို ခြောက်သွေ့စေပြီး ကြမ်းသွားစေနိုင်တာကြောင့် ဖြစ်နိုင်ရင် ရေအေးနဲ့ပဲ ခေါင်းလျှော်ပေးပါနော် …။

(၃) သဘာဝအတိုင်း ခေါင်းအခြောက်ခံပေးပါ”

ခေါင်းလျှော်ပြီးတိုင်း သဘာဝအတိုင်း ခေါင်းခြောက်ခံတာ အ ကောင်းဆုံးပါ။ သဘာဝအတိုင်းဆိုတာ မျက်နှာသုတ်ပဝါနဲ့ ခေါင်းသုတ်ပေးပါ။ သဘာဝအတိုင်း ခေါင်းခြောက် ပေးတာက ဆံသားအတွက်ကောင်းစေနိုင်သလို ဆံပငလည်း သန်လာစေနိုင်ပါတယ် …။

(၄) ညင်သာစွာ ခေါင်းဖီးပေးပါ”

ခေါင်းဘီးရွေးတဲ့အခါမှာ ပလက်စတစ်ခေါင်းဘီး ၊ သံနဲ့လုပ်ထားတဲ့ ခေါင်း ဘီးတွေကိုရှောင်ပေးပါ။ နောက်ပြီး ရေစိုနေတဲ့အချိန်မှာ ခေါင်းမဖီးပါနဲ့။ ဘီးကျဲကိုသုံးပြီး ဆံပင်ကို ညင်သာ စွာခေါင်းဖီးပေးပါ။ တစ်ချိန်လုံး ခေါင်းမဖီးပေးပါနဲ့။ တစ်နေ့ကို (၂)ကြိမ် လောက်ပဲ ခေါင်းဖီးပေးသင့်ပါတယ် …။

(၅) စားသောက်ပုံ မှန်ပါစေ”

ဆံသားဖွံဖြိုးမှုက သင့်စားနေတဲ့ အစားအသောက်ပေါ်မှာ မူတည်ပါတယ်။ ဆံပင်သန်ဖို့ရာအတွက် အာဟာရရှိတဲ့ အစားအစာတွေကို စားရမှာဖြစ်ပါတယ်။ ပရိုတင်း ၊ ဗီတာမင် (A,E,C) ၊ သံဓာတ် ၊ ကယ်ဆီယမ် ၊ omega-3 fatty acids ၊ biotin နဲ့ magnesium စတဲ့ ဓာတ်တွေပါတဲ့ အစားအစာမျိုးကို စားသုံးပေးသင့်ပါတယ်နော် …။ ။

Credit