ေကာင္ေလးေတြရုန္းမထြက္ႏိုင္တဲ့ မိန္းကေလးေတြရဲ႕ ဆြဲေဆာင္မႈ(၆)မ်ိဳး…

ေကာင္ေလးေတြရုန္းမထြက္ႏိုင္တဲ့ မိန္းကေလးေတြရဲ႕ ဆြဲေဆာင္မႈ(၆)မ်ိဳး…

တစ္ေယာက္နဲ႔ တစ္ေယာက္နဲ႔ ခ်စ္မွ စိတ္ဝင္စားမိတယ္ဆိုေပမယ့္လည္း လူ႕သဘာဝအရ စိတ္ဝင္စားမိတယ္ဆိုတာမ်ိဳး ျဖစ္ေစတဲ့ တစ္ျခားေသာ အခ်က္ေတြလည္း ရွိေနပါေသးတယ္။ အေနနီးရင္ ခ်စ္မိသြားတတ္ၾကတယ္ဆိုတာလည္း ဒီသေဘာပါပဲေနာ္ ……။

ေကာင္ေလးေတြက ကိုယ့္ကို ႀကိဳက္ေအာင္ ႀကိဳးစားအားထုတ္ၾကသလို ေကာင္မေလးေတြကလည္း ေကာင္ေလးေတြ ကိုယ့္ကို ႀကိဳက္ေအာင္ လုပ္တာမ်ိဳးေတြ ရွိေနပါတယ္။ စႏိႈက္ေၾကာ္ေတြလည္း ေပါမ်ားလာတဲ့ ေခတ္ႀကီးထဲမွာ မိန္းကေလးေတြရဲ႕ ဘယ္လိုဆြဲေဆာင္မႈေလးေတြက ေကာင္ေလးေတြဆီက စိတ္ဝင္စားမႈကို ရသြားေစလဲ ဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္ …။

အၾကည့္ခ်င္း ဆံုတာ”

အၾကည့္ခ်င္းဆံုရင္ ရင္ခုန္သည္ လို႔ေတာင္ ဆိုစကားေတြ ရွိထားပါတယ္။ တကယ္လည္း ခ်စ္မႈေရးရာမွာ အၾကည့္တစ္ခ်က္ကလည္း အေရးပါေနပါတယ္။ ကိုယ့္ကိုု စိတ္ဝင္စားတယ္ဆိုတဲ့ အဓိပၸာယ္ပါေနတဲ့ မ်က္လံုးမ်ိဳးကို ဘယ္ေယာက်ၤားေလးမွ မခံႏုိင္ၾကပါဘူး …။

အျမဲလိုလို သူ႔ကို စိတ္ဝင္စားေနတယ္ဆိုတဲ့ အၾကည့္မ်ိဳးနဲ႔ မ်က္လံုးခ်င္း မၾကာခဏ ဆံုၿပီဆိုရင္ေတာ့ သူတို႔ကိုယ္ သူတို႔ မသိလိုက္ခင္မွာပဲ တစ္ဖက္ ေကာင္မေလးရဲ႕ ဆြဲေဆာင္မႈေအာက္မွာ က်ရံႈးသြားတတ္ ၾကပါတယ္ …။

အထိအေတြ႕”

လူႏွစ္ေယာက္က ပံုမွန္ထက္ပိုတဲ့ အဆင့္တစ္ခုကို ေရာက္ဖို႔ဆိုရင္ ထိေတြ႔မႈေတြကို ခံစားမိဖို႔လည္း လိုအပ္ပါတယ္ …။

ေကာင္မေလးေတြအေနနဲ႔ ေကာင္ေလးေတြကို မသိလိုက္တဲ့ ပံုစံမ်ိဳးနဲ႔ ရိုးသားတဲ့ ဟန္မ်ိဳးနဲ႔ လက္ကို ဖမ္းဆြဲလိုက္တာမ်ိဳး၊ ပုခံုးကို ထိမိသြားတာမ်ိဳး၊ အသားခ်င္း ထိမိေနတာမ်ိဳး စတာေတြက ေကာင္ေလးေတြကို ဆြဲေဆာင္ႏိုင္တဲ့ အခ်က္ေတြပဲ ျဖစ္ပါတယ္။ ဒီလို နီးစပ္မႈမ်ားသြားရင္ ေကာင္ေလးေတြက အဲ့ဒီေကာင္မေလးအေပၚမွာ စိတ္ယိုင္သြားတတ္ၾကပါတယ္ …။

အျပံဳး”

အလွဆံုး ျပံဳးလိုက္တဲဲ့အခါမ်ိဳးကို လူေတာ္ေတာ္မ်ားမ်ား ေငးမၾကည့္ဘဲ မေနႏိုင္ၾကပါဘူး။ အျပံဳးတစ္ခုရဲ႕ စြမ္းအားက အဲ့ေလာက္ ႀကီးမားပါတယ္။ ဒါေၾကာင့္ ေကာင္မေလးေတြက သူတို႔ စိတ္ဝင္စားတဲ့ ေကာင္ေလးကို ျပံဳးျပတာမ်ိဳး လုပ္တတ္ၾကပါတယ္။ ၾကည္ၾကည္လင္လင္ လွလွပပေလး ကိုယ့္ကို ျပံဳးျပၿပီး ကိုယ့္ကို စိတ္ဝင္စားေနတဲ့ အၾကည့္ေလးပါ ရွိေနရင္ေတာ့ ေကာင္ေလးေတြကို လံုးဝ ယိုင္လဲသြားေစမွာပါ …။

ဆံပင္ေတြကို ကစားတာ”

ေကာင္ေလးအမ်ားစုက ကိုယ့္ေကာင္မေလးကို ဆံပင္အရွည္ထားေစခ်င္တာမ်ိဳး၊ ဆံပင္ပံုစံ လွလွေလး ရွိေနေစခ်င္တာမ်ိဳးကို သိၾကမွာပါ။ ဒါေၾကာင့္ မိန္းကေလးေတြရဲ႕ ဆံပင္က ေကာင္ေလးအခ်ိဳ႕ရဲ႕ အားနည္းခ်က္ ျဖစ္ေနတတ္ပါတယ္ …။

ကိုယ့္ကို အနည္းငယ္ စိတ္ဝင္စားမႈ ရွိေနတာမ်ိဳးနဲ႔ ကိုယ္ႀကိဳက္ေနတဲ့ ေကာင္ေလးေရွ႕မွာ ဆံပင္ေတြကို မသိမသာကိုင္ၿပီး ေဆာ့ေနတာမ်ိဳး၊ ဆံပင္ေတြကို ပံုစံခ်တဲ့အေနနဲ႔ ျပဳလုပ္တာမ်ိဳးဆိုရင္ ေကာင္ေလးေတြရဲ႕ စိတ္လႈပ္ရွားသြားေစႏိုင္ပါတယ္။ လွလွေလးျပံဳးၿပီး ဆံပင္ေတြကို ကစားေနရင္ ပိုလို႔ေတာင္ သူတို႔က သင့္ကို စိတ္ထဲကေန သေဘာက်မိသြားေစႏိုင္မွာပဲ ျဖစ္ပါတယ္ ……။

အနံ႔”

လူတစ္ေယာက္ကို တစ္ေယာက္ အမွတ္ရဖို႔က အန႔ံက ထိပ္ဆံုးမွာ ပါဝင္ေနပါတယ္။ ကိုယ္သင္းရနံ႔ဆိုတာ လူတစ္ေယာက္မွာ ရွိကို ရွိေနတဲ့ အရာ ျဖစ္ၿပီး တစ္ခ်ိဳ႕ကေတာ့ ကိုယ္သင္းရနံ႔ကို အေမႊးနံ႔ တစ္ခုခုျဖစ္ေနေအာင္ ျပဳလုပ္ထားတတ္ပါတယ္။ ဒါေၾကာင့္ ကိုယ္သံုးေနက် ေရေမႊးကို သူနဲ႔ ေတြ႔တုိင္း စြတ္တာမ်ိဳးကလည္း ကိုယ့္ကို သူ႔စိတ္ထဲ စြဲေနေစမိမယ့္ အခ်က္တစ္ခုပဲ ျဖစ္ပါတယ္ …။

ၿပီးျပည့္စံုမႈ”

ေကာင္ေလးေတြဆိုတာ အလွႀကိဳက္တယ္ဆိုတာကို ေတာ္ေတာ္မ်ားမ်ား သိၿပီးသားပါ။ ဒါေၾကာင့္ ေက်ာ့ရွင္းလွပေနတဲ့ မိန္းကေလးမ်ိဳးဆိုရင္ ေကာင္ေလးေတြက မၾကည့္ဘဲ မေနႏိုင္တတ္ၾကပါဘူး။ ဒါေၾကာင့္ သန္႔ရွင္း လန္းဆန္းၿပီး လွပေနတဲ့ အျပင္ အျပဳအမူေတြပါ သိမ္ေမြ႔တယ္ဆိုရင္ေတာ႔ ေကာင္ေလးေတြရဲ႕ စိတ္ဝင္စားမႈကို အျပည့္အ၀ ရရွိေစမွာပဲ ျဖစ္ပါတယ္ေနာ္ …။ ။

crd

====

Unicode Version ဖြင့်ဖတ်ရန်

ကောင်လေးတွေရုန်းမထွက်နိုင်တဲ့ မိန်းကလေးတွေရဲ့ ဆွဲဆောင်မှု(၆)မျိုး…

တစ်ယောက်နဲ့ တစ်ယောက်နဲ့ ချစ်မှ စိတ်ဝင်စားမိတယ်ဆိုပေမယ့်လည်း လူ့သဘာဝအရ စိတ်ဝင်စားမိတယ်ဆိုတာမျိုး ဖြစ်စေတဲ့ တစ်ခြားသော အချက်တွေလည်း ရှိနေပါသေးတယ်။ အနေနီးရင် ချစ်မိသွားတတ်ကြတယ်ဆိုတာလည်း ဒီသဘောပါပဲနော် …။

ကောင်လေးတွေက ကိုယ့်ကို ကြိုက်အောင် ကြိုးစားအားထုတ်ကြသလို ကောင်မလေးတွေကလည်း ကောင်လေးတွေ ကိုယ့်ကို ကြိုက်အောင် လုပ်တာမျိုးတွေ ရှိနေပါတယ်။ စနှိုက်ကြော်တွေလည်း ပေါများလာတဲ့ ခေတ်ကြီးထဲမှာ မိန်းကလေးတွေရဲ့ ဘယ်လိုဆွဲဆောင်မှုလေးတွေက ကောင်လေးတွေဆီက စိတ်ဝင်စားမှုကို ရသွားစေလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ် …။

အကြည့်ချင်း ဆုံတာ”

အကြည့်ချင်းဆုံရင် ရင်ခုန်သည် လို့တောင် ဆိုစကားတွေ ရှိထားပါတယ်။ တကယ်လည်း ချစ်မှုရေးရာမှာ အကြည့်တစ်ချက်ကလည်း အရေးပါနေပါတယ်။ ကိုယ့်ကို စိတ်ဝင်စားတယ်ဆိုတဲ့ အဓိပ္ပာယ်ပါနေတဲ့ မျက်လုံးမျိုးကို ဘယ်ယောင်္ကျားလေးမှ မခံနိုင်ကြပါဘူး …။

အမြဲလိုလို သူ့ကို စိတ်ဝင်စားနေတယ်ဆိုတဲ့ အကြည့်မျိုးနဲ့ မျက်လုံးချင်း မကြာခဏ ဆုံပြီဆိုရင်တော့ သူတို့ကိုယ် သူတို့ မသိလိုက်ခင်မှာပဲ တစ်ဖက် ကောင်မလေးရဲ့ ဆွဲဆောင်မှုအောက်မှာ ကျရှုံးသွားတတ် ကြပါတယ် …။

အထိအတွေ့”

လူနှစ်ယောက်က ပုံမှန်ထက်ပိုတဲ့ အဆင့်တစ်ခုကို ရောက်ဖို့ဆိုရင် ထိတွေ့မှုတွေကို ခံစားမိဖို့လည်း လိုအပ်ပါတယ် …။

ကောင်မလေးတွေအနေနဲ့ ကောင်လေးတွေကို မသိလိုက်တဲ့ ပုံစံမျိုးနဲ့ ရိုးသားတဲ့ ဟန်မျိုးနဲ့ လက်ကို ဖမ်းဆွဲလိုက်တာမျိုး၊ ပုခုံးကို ထိမိသွားတာမျိုး၊ အသားချင်း ထိမိနေတာမျိုး စတာတွေက ကောင်လေးတွေကို ဆွဲဆောင်နိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီလို နီးစပ်မှုများသွားရင် ကောင်လေးတွေက အဲ့ဒီကောင်မလေးအပေါ်မှာ စိတ်ယိုင်သွားတတ်ကြပါတယ် …။

အပြုံး”

အလှဆုံး ပြုံးလိုက်တဲ့အခါမျိုးကို လူတော်တော်များများ ငေးမကြည့်ဘဲ မနေနိုင်ကြပါဘူး။ အပြုံးတစ်ခုရဲ့ စွမ်းအားက အဲ့လောက် ကြီးမားပါတယ်။ ဒါကြောင့် ကောင်မလေးတွေက သူတို့ စိတ်ဝင်စားတဲ့ ကောင်လေးကို ပြုံးပြတာမျိုး လုပ်တတ်ကြပါတယ်။ ကြည်ကြည်လင်လင် လှလှပပလေး ကိုယ့်ကို ပြုံးပြပြီး ကိုယ့်ကို စိတ်ဝင်စားနေတဲ့ အကြည့်လေးပါ ရှိနေရင်တော့ ကောင်လေးတွေကို လုံးဝ ယိုင်လဲသွားစေမှာပါ …။

ဆံပင်တွေကို ကစားတာ”

ကောင်လေးအများစုက ကိုယ့်ကောင်မလေးကို ဆံပင်အရှည်ထားစေချင်တာမျိုး၊ ဆံပင်ပုံစံ လှလှလေး ရှိနေစေချင်တာမျိုးကို သိကြမှာပါ။ ဒါကြောင့် မိန်းကလေးတွေရဲ့ ဆံပင်က ကောင်လေးအချို့ရဲ့ အားနည်းချက် ဖြစ်နေတတ်ပါတယ် …။

ကိုယ့်ကို အနည်းငယ် စိတ်ဝင်စားမှု ရှိနေတာမျိုးနဲ့ ကိုယ်ကြိုက်နေတဲ့ ကောင်လေးရှေ့မှာ ဆံပင်တွေကို မသိမသာကိုင်ပြီး ဆော့နေတာမျိုး၊ ဆံပင်တွေကို ပုံစံချတဲ့အနေနဲ့ ပြုလုပ်တာမျိုးဆိုရင် ကောင်လေးတွေရဲ့ စိတ်လှုပ်ရှားသွားစေနိုင်ပါတယ်။ လှလှလေးပြုံးပြီး ဆံပင်တွေကို ကစားနေရင် ပိုလို့တောင် သူတို့က သင့်ကို စိတ်ထဲကနေ သဘောကျမိသွားစေနိုင်မှာပဲ ဖြစ်ပါတယ် …။

အနံ့”

လူတစ်ယောက်ကို တစ်ယောက် အမှတ်ရဖို့က အနံ့က ထိပ်ဆုံးမှာ ပါဝင်နေပါတယ်။ ကိုယ်သင်းရနံ့ဆိုတာ လူတစ်ယောက်မှာ ရှိကို ရှိနေတဲ့ အရာ ဖြစ်ပြီး တစ်ချို့ကတော့ ကိုယ်သင်းရနံ့ကို အမွှေးနံ့ တစ်ခုခုဖြစ်နေအောင် ပြုလုပ်ထားတတ်ပါတယ်။ ဒါကြောင့် ကိုယ်သုံးနေကျ ရေမွှေးကို သူနဲ့ တွေ့တိုင်း စွတ်တာမျိုးကလည်း ကိုယ့်ကို သူ့စိတ်ထဲ စွဲနေစေမိမယ့် အချက်တစ်ခုပဲ ဖြစ်ပါတယ် …။

ပြီးပြည့်စုံမှု”

ကောင်လေးတွေဆိုတာ အလှကြိုက်တယ်ဆိုတာကို တော်တော်များများ သိပြီးသားပါ။ ဒါကြောင့် ကျော့ရှင်းလှပနေတဲ့ မိန်းကလေးမျိုးဆိုရင် ကောင်လေးတွေက မကြည့်ဘဲ မနေနိုင်တတ်ကြပါဘူး။ ဒါကြောင့် သန့်ရှင်း လန်းဆန်းပြီး လှပနေတဲ့ အပြင် အပြုအမူတွေပါ သိမ်မွေ့တယ်ဆိုရင်တော့ ကောင်လေးတွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အ၀ ရရှိစေမှာပဲ ဖြစ်ပါတယ်နော် …။ ။

crd

====