ကိုယ့္အနားမွာေနရတာ မေပ်ာ္ေတာ့တဲ့ လူတစ္ေယာက္ကို ထြက္သြားဖို႔ ခြင့္ျပဳလိုက္ပါ…

ကိုယ့္အနားမွာေနရတာ မေပ်ာ္ေတာ့တဲ့ လူတစ္ေယာက္ကို ထြက္သြားဖို႔ ခြင့္ျပဳလိုက္ပါ…

ကြ်န္မတို႕ေတြဟာ ကိုယ္ခ်စ္တဲ့ လူတစ္ေယာက္ကို ဆံုးရံႈးရမွာေၾကာက္ၾကတဲ့ သူေတြ ခ်ည္းပါပဲ။ ကိုယ္ခ်စ္တဲ့ သူေတြကို ကိုယ့္ဘဝထဲမွာ အျမဲတမ္း ရွိေစခ်င္တာပါပဲ ၊ အထူးသျဖင့္ ကိုယ့္ဘဝအတြက္ လက္တြဲေဖာ္ျဖစ္တဲ့သူ၊ ကိုယ္ခ်စ္ရတဲ့ ခ်စ္သူ၊ အိမ္ေထာင္ဖက္ စတဲ့သူေတြ ကိုယ့္ဘဝထဲက ထြက္သြားမွာကို လူတိုင္းေၾကာက္ၾကမွာပါ …။

ဒါေပမယ့္ ကိုယ္က ဘယ္ေလာက္ပဲ ေၾကာက္ေနေပမယ့္ သူတို႕ေတြ ကိုယ့္အနားက ထြက္သြားေတာ႔မယ္ဆိုရင္ တားဖို႕မျဖစ္နိုင္ပါဘူး။ ဒါေၾကာင့္ ကိုယ္ခ်စ္တဲ့ သူေတြ အနားက ထြက္သြားမွာကို အရမ္းေၾကာက္လြန္းေနတဲ့ သူေတြဟာ ဒီအခ်က္ေတြကို မျဖစ္မေန သိထားသင့္ပါတယ္ေနာ္ …။

(၁) ကိုယ့္ကိုယ္ကို ပထမဦးစားေပးေနရာမွာပဲ ထားပါ။

သင့္အေနနဲ႕သူ႕ကို ဘယ္ေလာက္ခ်စ္ခ်စ္ သင့္ကိုယ္သင္ ထက္သူ႕ကို ဦးစားမေပးလိုက္ပါနဲ႕ …။

သင့္ကိုယ္သင္သာ ပထမ ဦးစားေပးေနရာမွာ ထားပါ။ ကိုယ့္ကိုယ္ကိုထက္ တျခားသူကို ပိုခ်စ္ လိုက္ရင္ ေနာက္ဆံုးမွာ ကိုယ္ပဲ နာက်င္ရတယ္ ဆိုတာကို အျမဲမွတ္ထားဖို႔ လိုပါတယ္ …။

ျပီးေတာ့ ကိုယ့္ကိုယ္ကို ပထမ ဦးစားေပးေနရာ မွာထားတာက ကိုယ့္ကိုယ္ကို ယံုၾကည္မႈလည္း ပိုရွိေစပါတယ္။ သင္ခ်စ္ရတဲ့သူက ကိုယ့္ကိုယ္ကို ယံုၾကည္မႈရွိတဲ့ သင့္အနားကေန လြယ္လြယ္နဲ႕ ထြက္မသြားနိုင္ပါဘူး …။

ကိုယ့္အနားမွာေနရတာမေပ်ာ္ေတာ့တဲ့ လူတစ္ေယာက္ကို ထြက္သြားဖို႕ ခြင့္ျပဳေပးလိုက္ပါ …။

(၂) အခ်ိန္ေတာ္ေတာ္မ်ားမ်ား တစ္ေယာက္တည္းေနတတ္ေအာင္ ေနၾကည့္ပါ။

လူတိုင္းကေတာ့ ကိုယ္ခ်စ္တဲ့သူနဲ႕ အျမဲမခြဲ အတူရွိခ်င္ၾကမွာပါ။ ဒါေပမယ့္ အခ်ိန္တိုင္းသူနဲ႕ အတူတူရွိေနတဲ့အခါ သူ႕ကိုတြယ္ကပ္ လြန္းတယ္လို႕ယူဆျပီး စိတ္ကုန္သြား နိုင္ပါတယ္ …။

ဒါေၾကာင့္ အခ်ိန္ေတာ္ေတာ္ မ်ားမ်ား တစ္ေယာက္တည္းေန တတ္ေအာင္ ေနၾကည့္ပါ။ သူမရွိရင္ မျဖစ္တဲ့ပံုစံမ်ိဳး မလုပ္ပါနဲ႔ေနာ္ …။

(၃) ဒီလိုအျဖစ္မ်ိဳးေတြၾကံုရတာ ကိုယ္တစ္ေယာက္တည္း မဟုတ္ဘူး ဆိုတာ သတိရပါ..။

တကယ္လို႕ ကိုယ့္ဘက္က အေကာင္းဆံုး ၾကိဳးစားျပီးေနေပမယ့္ သူက ကိုယ့္အနားက ထြက္သြားတယ္ဆိုရင္ ဒါကို ကိုယ္က ထိန္းခ်ဳပ္လို႕မရပါဘူး။ အနားက ထြက္သြားခ်င္တဲ့ သူကို ခ်က္ခ်င္းၾကီး လက္လႊတ္ဖို႕ ခက္ခဲေပမယ့္လည္း ဒီလိုအျဖစ္မ်ိဳးၾကံဳရတာဟာ ကိုယ့္တစ္ေယာက္တည္း မဟုတ္ဘူး ဆိုတာကို သတိရေပးပါ …။

(၄) သင္ကသင့္ကို တကယ္ခ်စ္တဲ့ သူနဲ႕ထိုက္တန္တယ္လို႕မွတ္ထားပါ။

ကိုယ့္အနားက ထြက္သြားခ်င္တယ္ဆိုတာ ကိုယ့္ကိုတကယ္ မခ်စ္လို႕ပါ။ ကိုယ့္အနားမွာ အျမဲတမ္းေနရေလာက္ေအာင္ ကိုယ့္ကို ခ်စ္တယ္ ဆိုရင္ သူ ထြက္မသြားပါဘူး …။

ဒါကို သိနားလည္လက္ခံျပီး ထြက္သြားခ်င္တဲ့ သူကို ထြက္သြားခြင့္ ေပးလိုက္ပါ …။

သင္ဟာ သင့္ကိုတကယ္ခ်စ္တဲ့သူ တစ္ေယာက္နဲ႕ထပ္မံ ေတြ႕ဆံုဖို႕၊ သင့္ကို တကယ္ခ်စ္တဲ့ သူကို ပိုင္ဆိုင္ရဖို႕ ထိုက္တန္ပါတယ္ေနာ္ …။ ။

Written by PP

Unicode Version ဖြင့်ဖတ်ရန်

ကိုယ့်အနားမှာနေရတာ မပျော်တော့တဲ့ လူတစ်ယောက်ကို ထွက်သွားဖို့ ခွင့်ပြုလိုက်ပါ…

ကျွန်မတို့တွေဟာ ကိုယ်ချစ်တဲ့ လူတစ်ယောက်ကို ဆုံးရှုံးရမှာကြောက်ကြတဲ့ သူတွေ ချည်းပါပဲ။ ကိုယ်ချစ်တဲ့ သူတွေကို ကိုယ့်ဘဝထဲမှာ အမြဲတမ်း ရှိစေချင်တာပါပဲ ၊ အထူးသဖြင့် ကိုယ့်ဘဝအတွက် လက်တွဲဖော်ဖြစ်တဲ့သူ၊ ကိုယ်ချစ်ရတဲ့ ချစ်သူ၊ အိမ်ထောင်ဖက် စတဲ့သူတွေ ကိုယ့်ဘဝထဲက ထွက်သွားမှာကို လူတိုင်းကြောက်ကြမှာပါ …။

ဒါပေမယ့် ကိုယ်က ဘယ်လောက်ပဲ ကြောက်နေပေမယ့် သူတို့တွေ ကိုယ့်အနားက ထွက်သွားတော့မယ်ဆိုရင် တားဖို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကိုယ်ချစ်တဲ့ သူတွေ အနားက ထွက်သွားမှာကို အရမ်းကြောက်လွန်းနေတဲ့ သူတွေဟာ ဒီအချက်တွေကို မဖြစ်မနေ သိထားသင့်ပါတယ်နော် …။

(၁) ကိုယ့်ကိုယ်ကို ပထမဦးစားပေးနေရာမှာပဲ ထားပါ။

သင့်အနေနဲ့သူ့ကို ဘယ်လောက်ချစ်ချစ် သင့်ကိုယ်သင် ထက်သူ့ကို ဦးစားမပေးလိုက်ပါနဲ့ …။

သင့်ကိုယ်သင်သာ ပထမ ဦးစားပေးနေရာမှာ ထားပါ။ ကိုယ့်ကိုယ်ကိုထက် တခြားသူကို ပိုချစ် လိုက်ရင် နောက်ဆုံးမှာ ကိုယ်ပဲ နာကျင်ရတယ် ဆိုတာကို အမြဲမှတ်ထားဖို့ လိုပါတယ် …။

ပြီးတော့ ကိုယ့်ကိုယ်ကို ပထမ ဦးစားပေးနေရာ မှာထားတာက ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ပိုရှိစေပါတယ်။ သင်ချစ်ရတဲ့သူက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ သင့်အနားကနေ လွယ်လွယ်နဲ့ ထွက်မသွားနိုင်ပါဘူး …။

ကိုယ့်အနားမှာနေရတာမပျော်တော့တဲ့ လူတစ်ယောက်ကို ထွက်သွားဖို့ ခွင့်ပြုပေးလိုက်ပါ …။

(၂) အချိန်တော်တော်များများ တစ်ယောက်တည်းနေတတ်အောင် နေကြည့်ပါ။

လူတိုင်းကတော့ ကိုယ်ချစ်တဲ့သူနဲ့ အမြဲမခွဲ အတူရှိချင်ကြမှာပါ။ ဒါပေမယ့် အချိန်တိုင်းသူနဲ့ အတူတူရှိနေတဲ့အခါ သူ့ကိုတွယ်ကပ် လွန်းတယ်လို့ယူဆပြီး စိတ်ကုန်သွား နိုင်ပါတယ် …။

ဒါကြောင့် အချိန်တော်တော် များများ တစ်ယောက်တည်းနေ တတ်အောင် နေကြည့်ပါ။ သူမရှိရင် မဖြစ်တဲ့ပုံစံမျိုး မလုပ်ပါနဲ့နော် …။

(၃) ဒီလိုအဖြစ်မျိုးတွေကြုံရတာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာ သတိရပါ..။

တကယ်လို့ ကိုယ့်ဘက်က အကောင်းဆုံး ကြိုးစားပြီးနေပေမယ့် သူက ကိုယ့်အနားက ထွက်သွားတယ်ဆိုရင် ဒါကို ကိုယ်က ထိန်းချုပ်လို့မရပါဘူး။ အနားက ထွက်သွားချင်တဲ့ သူကို ချက်ချင်းကြီး လက်လွှတ်ဖို့ ခက်ခဲပေမယ့်လည်း ဒီလိုအဖြစ်မျိုးကြုံရတာဟာ ကိုယ့်တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာကို သတိရပေးပါ …။

(၄) သင်ကသင့်ကို တကယ်ချစ်တဲ့ သူနဲ့ထိုက်တန်တယ်လို့မှတ်ထားပါ။

ကိုယ့်အနားက ထွက်သွားချင်တယ်ဆိုတာ ကိုယ့်ကိုတကယ် မချစ်လို့ပါ။ ကိုယ့်အနားမှာ အမြဲတမ်းနေရလောက်အောင် ကိုယ့်ကို ချစ်တယ် ဆိုရင် သူ ထွက်မသွားပါဘူး …။

ဒါကို သိနားလည်လက်ခံပြီး ထွက်သွားချင်တဲ့ သူကို ထွက်သွားခွင့် ပေးလိုက်ပါ …။

သင်ဟာ သင့်ကိုတကယ်ချစ်တဲ့သူ တစ်ယောက်နဲ့ထပ်မံ တွေ့ဆုံဖို့၊ သင့်ကို တကယ်ချစ်တဲ့ သူကို ပိုင်ဆိုင်ရဖို့ ထိုက်တန်ပါတယ်နော် …။ ။

Written by PP