တန္ခူးလအတြက္ အေကာင္းဆုံးေသာ ယၾတာ…

တန္ခူးလအတြက္ အေကာင္းဆုံးေသာ ယၾတာ…

ဤယၾတာကို တန္ခူးလ တစ္လတာလုံးအတြင္း မည္သည့္ေန႔ရက္မွမဆို စတင္၍ တန္ခူးလကြယ္ေန႔ (10.5.2021) အထိ တစ္လတာလုံး ျပဳလုပ္ေပးရပါမယ္ …။

ပန္းကန္ျပား တစ္ခ်ပ္တြင္ ၁၀၀၀က်ပ္ (သို႔) ၁၀၀က်ပ္တန္ တစ္႐ြက္ကို ျဖန္႔ခင္းထား လိုက္ပါ …။

ထို ပိုက္ဆံေပၚတြင္ ဖီးၾကမ္းငွက္ေပ်ာသီး တစ္လုံးကို တင္ထားပါ …။

ငွက္ေပ်ာသီး၏ အလယ္တြင္ အေမႊးတိုင္(၂)တိုင္ စိုက္၍ မိမိအိမ္ဘုရားေက်ာင္းေဆာင္႐ွိ ျမတ္စြာဘုရား႐ွင္အား ႐ိုေသစြာ ထြန္းညႇိ ပူေဇာ္ေပးရပါမယ္ …။

ေန႔စဥ္ မနက္တစ္ႀကိမ္၊ ညေနတစ္ႀကိမ္ အေမႊးတိုင္(၂)တိုင္စီ ထြန္းညႇိ ပူေဇာ္ေပးေနရမယ္ …။

ယခုလတစ္လတာတြင္ #ေကာ္ဖီေအး တစ္ခြက္ကို ေန႔စဥ္ ျမတ္စြာဘုရား႐ွင္အား ကပ္လွဴေပးပါက ထူးျခားမႈမ်ား၊ ေကာင္းက်ိဳးမ်ားစြာကိုလည္း ရ႐ွိခံစားရမွာပဲ ျဖစ္ပါတယ္ …။

ကံေခ် ကန္ေတာ့ျခင္းကို လုပ္ေဆာင္ဖို႔ရန္ မေမ့ပါနဲ႔။ (ေန႔စဥ္ ေအာက္ေဖာ္ျပပါ ဂုဏ္ေတာ္မ်ားကို ႐ြတ္ဖတ္ပါ)

ဣတိပိေသာဘဂဝါ အရဟံ = ၁၅ေခါက္

ဣတိပိေသာဘဂဝါ ေလာကဝိဒူ = ၁၉ေခါက္

ဣတိပိေသာဘဂဝါ ဗုေဒၶါ = ၈ေခါက္

တန္ခူးလအတြက္ ေန႔စဥ္လာဘ္ပြင့္ အရပ္မ်က္ႏွာမ်ား

တနဂၤေႏြေန႔ = ေျမာက္အရပ္

တနလၤာေန႔ = ေတာင္အရပ္

အဂၤါေန႔ = အေ႐ွ႕အရပ္

ဗုဒၶဟူးေန႔ = အေနာက္အရပ္

ၾကာသပေတးေန႔ = အေ႐ွ႕အရပ္

ေသာၾကာေန႔ = ေျမာက္အရပ္

စေနေန႔ = ေတာင္အရပ္

အထက္ပါအတိုင္း ေန႔အလိုက္ ေန႔စဥ္ အရပ္မ်က္ႏွာမူ၍ ဧဟိလာဘံ ဟူ၍ (၂၇)ေခါက္ တိတိ ႐ြတ္ဖတ္ေပးရပါမယ္ …။

ဆုေတာင္းစာ

“အကြၽႏ္ုပ္ႏွင့္တကြ အကြၽႏ္ုပ္၏တစ္မိသားစုလုံး တန္ခူးလ တစ္လတာအတြင္း ကိုယ္ေရာက်န္းမာ၊ စိတ္ေရာခ်မ္းသာစြာျဖင့္ မေကာင္းေသာ အညံ့အပ၊ အတိုက္အခိုက္မ်ား မွန္သမွ် ကင္း႐ွင္းေစၿပီး ေကာင္းျခင္းမဂၤလာ အျဖာျဖာျဖင့္ ေအာင္ျမင္ျဖစ္ထြန္း၍ စီးပြားလာဘ္လာဘ တိုးတက္အဆင္ေျပရပါလို၏…”

ငွက္ေပ်ာသီး ကို ႏွစ္ရက္လွ်င္ တစ္လုံး အသစ္ ထပ္မံ လွဲလွယ္၍ အထက္ပါနည္းအတိုင္း ယၾတာကို တိက်စြာ ျပဳလုပ္ေပး ရပါမယ္ေနာ္ …။

ဤယၾတာကို တန္ခူးလ တစ္လတာလုံးအတြင္း မည္သည့္ေန႔ရက္မွမဆို စတင္၍ လုပ္ေဆာင္ႏိုင္ပါတယ္ …။

ဤယၾတာအစီအရင္သည္ အလြန္အစြမ္းထက္ ထိေရာက္ေသာေၾကာင့္ ယုံယုံၾကည္ၾကည္လုပ္ပါက တန္ခူးလ တစ္လတာလုံး ေဘးဘယကင္းေဝး၍ စီးပြားလာဘ္႐ႊင္ေစကာ လိုအင္ဆႏၵ ျပည့္ဝေစရပါမယ္ …။

ယုံၾကည္ အားကိုး ဆႏၵ႐ွိသူမ်ားအတြက္

ေဗဒင္ႏွင့္အထူးယၾတာေပးပညာ႐ွင္ ဆရာေပါက္က်ိဳင္း

09776478912

Unicode Version ဖြင့်ဖတ်ရန်

တန်ခူးလအတွက် အကောင်းဆုံးသော ယတြာ…

ဤယတြာကို တန်ခူးလ တစ်လတာလုံးအတွင်း မည်သည့်နေ့ရက်မှမဆို စတင်၍ တန်ခူးလကွယ်နေ့ (10.5.2021) အထိ တစ်လတာလုံး ပြုလုပ်ပေးရပါမယ် …။

ပန်းကန်ပြား တစ်ချပ်တွင် ၁၀၀၀ကျပ် (သို့) ၁၀၀ကျပ်တန် တစ်ရွက်ကို ဖြန့်ခင်းထား လိုက်ပါ …။

ထို ပိုက်ဆံပေါ်တွင် ဖီးကြမ်းငှက်ပျောသီး တစ်လုံးကို တင်ထားပါ …။

ငှက်ပျောသီး၏ အလယ်တွင် အမွှေးတိုင်(၂)တိုင် စိုက်၍ မိမိအိမ်ဘုရားကျောင်းဆောင်ရှိ မြတ်စွာဘုရားရှင်အား ရိုသေစွာ ထွန်းညှိ ပူဇော်ပေးရပါမယ် …။

နေ့စဉ် မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် အမွှေးတိုင်(၂)တိုင်စီ ထွန်းညှိ ပူဇော်ပေးနေရမယ် …။

ယခုလတစ်လတာတွင် #ကော်ဖီအေး တစ်ခွက်ကို နေ့စဉ် မြတ်စွာဘုရားရှင်အား ကပ်လှူပေးပါက ထူးခြားမှုများ၊ ကောင်းကျိုးများစွာကိုလည်း ရရှိခံစားရမှာပဲ ဖြစ်ပါတယ် …။

ကံချေ ကန်တော့ခြင်းကို လုပ်ဆောင်ဖို့ရန် မမေ့ပါနဲ့။ (နေ့စဉ် အောက်ဖော်ပြပါ ဂုဏ်တော်များကို ရွတ်ဖတ်ပါ)

ဣတိပိသောဘဂဝါ အရဟံ = ၁၅ခေါက်

ဣတိပိသောဘဂဝါ လောကဝိဒူ = ၁၉ခေါက်

ဣတိပိသောဘဂဝါ ဗုဒ္ဓေါ = ၈ခေါက်

တန်ခူးလအတွက် နေ့စဉ်လာဘ်ပွင့် အရပ်မျက်နှာများ

တနင်္ဂနွေနေ့ = မြောက်အရပ်

တနင်္လာနေ့ = တောင်အရပ်

အင်္ဂါနေ့ = အရှေ့အရပ်

ဗုဒ္ဓဟူးနေ့ = အနောက်အရပ်

ကြာသပတေးနေ့ = အရှေ့အရပ်

သောကြာနေ့ = မြောက်အရပ်

စနေနေ့ = တောင်အရပ်

အထက်ပါအတိုင်း နေ့အလိုက် နေ့စဉ် အရပ်မျက်နှာမူ၍ ဧဟိလာဘံ ဟူ၍ (၂၇)ခေါက် တိတိ ရွတ်ဖတ်ပေးရပါမယ် …။

ဆုတောင်းစာ

“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး တန်ခူးလ တစ်လတာအတွင်း ကိုယ်ရောကျန်းမာ၊ စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊ အတိုက်အခိုက်များ မှန်သမျှ ကင်းရှင်းစေပြီး ကောင်းခြင်းမင်္ဂလာ အဖြာဖြာဖြင့် အောင်မြင်ဖြစ်ထွန်း၍ စီးပွားလာဘ်လာဘ တိုးတက်အဆင်ပြေရပါလို၏…”

ငှက်ပျောသီး ကို နှစ်ရက်လျှင် တစ်လုံး အသစ် ထပ်မံ လှဲလှယ်၍ အထက်ပါနည်းအတိုင်း ယတြာကို တိကျစွာ ပြုလုပ်ပေး ရပါမယ်နော် …။

ဤယတြာကို တန်ခူးလ တစ်လတာလုံးအတွင်း မည်သည့်နေ့ရက်မှမဆို စတင်၍ လုပ်ဆောင်နိုင်ပါတယ် …။

ဤယတြာအစီအရင်သည် အလွန်အစွမ်းထက် ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက တန်ခူးလ တစ်လတာလုံး ဘေးဘယကင်းဝေး၍ စီးပွားလာဘ်ရွှင်စေကာ လိုအင်ဆန္ဒ ပြည့်ဝစေရပါမယ် …။

ယုံကြည် အားကိုး ဆန္ဒရှိသူများအတွက်

ဗေဒင်နှင့်အထူးယတြာပေးပညာရှင် ဆရာပေါက်ကျိုင်း

09776478912