Message ေလးတစ္ေစာင္ေၾကာင့္ ျပဳံးလဲ ျပဳံးခဲ့ဖူးသလို ငိုလည္း ငိုခဲ့ရဖူးတယ္….

Message ေလးတစ္ေစာင္ေၾကာင့္ ျပဳံးလဲ ျပဳံးခဲ့ဖူးသလို ငိုလည္း ငိုခဲ့ရဖူးတယ္….

Message ေလးတစ္ေစာင္ေၾကာင့္ ျပဳံးခဲ့ဖူးသလို Message ေလးတစ္ေစာင္ေၾကာင့္ ငိုခဲ့ဖူးပါတယ္ …။

တကယ္ကို အ႐ူးလိုပါပဲ …။

အရာရာကို ရင္ဘတ္ႀကီးနဲ႔ ခံစားတတ္တဲ့ ကြၽန္မက ေနရာတကာမွာ ထိလြယ္ ႐ွလြယ္တယ္ …။

လူတစ္ေယာက္ရဲ႕ ရင္ဝကို ေစာင့္ကန္ခံလိုက္ရတဲ့အခါ

အဲ့ဒီအကန္ခံလိုက္ရတဲ့ လူတစ္ေယာက္ရဲ႕ အ႐ိႈက္တည့္တည့္က အားျပင္းရင္ ျပင္းသလို

အသက္႐ႈရခက္ မတ္တပ္ရပ္ရခက္ ထိုင္ရခက္ဆိုၿပီး ျဖစ္ေနတတ္ပါတယ္ …။

ေမွ်ာ္ေနတဲ့အခါ … ဝင္လာတဲ့ Message ေလးေတြဟာ တကယ္ကို ၾကည္ႏူးစရာပါ …။

ေနမေကာင္းျဖစ္တဲ့အခါ ေနေကာင္းေအာင္ေနပါ ဆိုတဲ့ စာသားေလးက ေႏြးေထြးစရာပါ …။

ကိုယ္အားငယ္ေနတဲ့အခါ အနားမွာ ႐ွိေနတယ္ေနာ္ ဘာမွမျဖစ္ဘူးဆိုတဲ့ စာေၾကာင္းေလးက ကိုယ့္အတြက္ အားကိုးစရာ …။

ဒါဟာ တစ္ခ်ိန္က ကြၽန္မ ေပ်ာ္ခဲ့ဖူးတဲ့ Message ေလးေတြ အေၾကာင္းေပါ့ ….။

ကိုယ္ေမွ်ာ္ေနတဲ့ အခ်ိန္ထက္ ေနာက္က်ၿပီးမွ ေရာက္လာတဲ့ စာေလးေတြဟာ

ကိုယ္မေမွ်ာ္လင့္ထားတဲ့ အရာေတြ ျဖစ္ေနခဲ့မယ္ဆိုရင္ေတာ့ ကြၽန္မ ငိုမိခ်င္ ငိုမိလိမ့္မယ္ …။

ဥပမာ – အလုပ္ေတြ ႐ႈပ္ေနကာမွ အလိုက္ကို မသိဘူး ဆိုတာမ်ိဳး …၊

တကယ္ဆို အခ်ိန္တိုင္းလိုက္႐ႈပ္တတ္တဲ့ ေကာင္မေလးမ်ိဳးမဟုတ္ပဲ တကယ္လြမ္းတဲ့အခ်ိန္မွ အရဲစြန္႔ၿပီး ေခၚတတ္တာမ်ိဳးပါ …။

ကိုယ္ တကယ္ၿပိဳလဲေနတဲ့ အခ်ိန္မွာမွ အားေပးစကားေလးေတြအစား အၿမဲတမ္းအဲ့အတိုင္းႀကီးပဲဆိုတဲ့ စိတ္မ႐ွည္မႈေတြဟာ

ကြၽန္မ မ်က္ရည္ေတြကို ေခြၽခ်ေနတာပါ …။

ဖုန္းေလးၾကည့္ရင္း ဒီ message ေလးေတြကိုဖတ္ရင္း ျပဳံးလဲ ျပဳံးခဲ့ဖူးသလို ငိုလဲ ငိုခဲ့ဖူးတယ္ …။

ေတြးၾကည့္ရင္ေတာ့ အ႐ူးလိုပါပဲေနာ္ …။ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း

ေလးစားစြာျဖင္႔ Credit

Unicode Version ဖြင့်ဖတ်ရန်

Message လေးတစ်စောင်ကြောင့် ပြုံးလဲ ပြုံးခဲ့ဖူးသလို ငိုလည်း ငိုခဲ့ရဖူးတယ်….

Message လေးတစ်စောင်ကြောင့် ပြုံးခဲ့ဖူးသလို Message လေးတစ်စောင်ကြောင့် ငိုခဲ့ဖူးပါတယ် …။

တကယ်ကို အရူးလိုပါပဲ …။

အရာရာကို ရင်ဘတ်ကြီးနဲ့ ခံစားတတ်တဲ့ ကျွန်မက နေရာတကာမှာ ထိလွယ် ရှလွယ်တယ် …။

လူတစ်ယောက်ရဲ့ ရင်ဝကို စောင့်ကန်ခံလိုက်ရတဲ့အခါ

အဲ့ဒီအကန်ခံလိုက်ရတဲ့ လူတစ်ယောက်ရဲ့ အရှိုက်တည့်တည့်က အားပြင်းရင် ပြင်းသလို

အသက်ရှုရခက် မတ်တပ်ရပ်ရခက် ထိုင်ရခက်ဆိုပြီး ဖြစ်နေတတ်ပါတယ် …။

မျှော်နေတဲ့အခါ … ဝင်လာတဲ့ Message လေးတွေဟာ တကယ်ကို ကြည်နူးစရာပါ …။

နေမကောင်းဖြစ်တဲ့အခါ နေကောင်းအောင်နေပါ ဆိုတဲ့ စာသားလေးက နွေးထွေးစရာပါ …။

ကိုယ်အားငယ်နေတဲ့အခါ အနားမှာ ရှိနေတယ်နော် ဘာမှမဖြစ်ဘူးဆိုတဲ့ စာကြောင်းလေးက ကိုယ့်အတွက် အားကိုးစရာ …။

ဒါဟာ တစ်ချိန်က ကျွန်မ ပျော်ခဲ့ဖူးတဲ့ Message လေးတွေ အကြောင်းပေါ့ ….။

ကိုယ်မျှော်နေတဲ့ အချိန်ထက် နောက်ကျပြီးမှ ရောက်လာတဲ့ စာလေးတွေဟာ

ကိုယ်မမျှော်လင့်ထားတဲ့ အရာတွေ ဖြစ်နေခဲ့မယ်ဆိုရင်တော့ ကျွန်မ ငိုမိချင် ငိုမိလိမ့်မယ် …။

ဥပမာ – အလုပ်တွေ ရှုပ်နေကာမှ အလိုက်ကို မသိဘူး ဆိုတာမျိုး …၊

တကယ်ဆို အချိန်တိုင်းလိုက်ရှုပ်တတ်တဲ့ ကောင်မလေးမျိုးမဟုတ်ပဲ တကယ်လွမ်းတဲ့အချိန်မှ အရဲစွန့်ပြီး ခေါ်တတ်တာမျိုးပါ …။

ကိုယ် တကယ်ပြိုလဲနေတဲ့ အချိန်မှာမှ အားပေးစကားလေးတွေအစား အမြဲတမ်းအဲ့အတိုင်းကြီးပဲဆိုတဲ့ စိတ်မရှည်မှုတွေဟာ

ကျွန်မ မျက်ရည်တွေကို ချွေချနေတာပါ …။

ဖုန်းလေးကြည့်ရင်း ဒီ message လေးတွေကိုဖတ်ရင်း ပြုံးလဲ ပြုံးခဲ့ဖူးသလို ငိုလဲ ငိုခဲ့ဖူးတယ် …။

တွေးကြည့်ရင်တော့ အရူးလိုပါပဲနော် …။ ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

လေးစားစွာဖြင့် Credit