မိန္းကေလး တစ္ေယာက္အတြက္ အေရးႀကီးေသာအရာ…

မိန္းကေလး တစ္ေယာက္အတြက္ အေရးႀကီးေသာအရာ…

ခိုးေျပးလို႔ လက္ထပ္ရတဲ့ မိန္းကေလး တေယာက္ တန္ဖိုးနဲ႔ တင့္ေတာင္းတင့္တယ္ လူႀကီးစုံရာနဲ႔ တင္ေတာင္းခံရတဲ့ မိန္းကေလး တေယာက္တန္ဖိုး ဘယ္လိုမွ မတူႏိုင္ပါဘူး …။

ပစၥည္းေတာင္မွ သူ႕တန္ဖိုး အေလ်ာက္ ေစ်းႀကီးေပးဝယ္တာနဲ႔ ခိုးၿပီး အလကားရတဲ့ ခိုးရာပစၥည္း တန္ဖိုး အသီးသီး ႐ွိၾကတာပဲ …။

ေနာက္တစ္ခ်က္ ကိုယ့္ကို လာေတာင္းလို႔ ကိုယ့္ဘက္က သူနဲ႔ စည္းမေက်ာ္ထားဘူးဆို မိန္းကေလးဘက္က ကိုယ့္မိဘ မ်က္ႏွာမငယ္ရဘူး …။

ခိုးေျပးၿပီးမွ ျပန္လာအပ္ရင္ ေယာက်္ားေလးဘက္က ဘာေျပာေျပာ ကိုယ့္မိဘေတြ မ်က္ႏွာငယ္စြာ လက္ခံရေတာ့မယ္ …။

ကိုယ့္သမီးက စည္းေက်ာ္ၿပီးၿပီကိုး …။

သူ႕သားက ေလွကား သုံးထစ္ဆင္း လူပ်ိဳျပန္ျဖစ္ႏိုင္ေပမယ့္ ကိုယ့္သမီးက အပ်ိဳ ျပန္မျဖစ္ႏိုင္ေတာ့သလို ပတ္ဝန္းက်င္ရဲ႕ တံေတြးခြက္ထဲ ကိုယ့္သမီးကို မေမ်ာေစခ်င္ေတာ့ ကိုယ္ပဲ ေခါင္းငုံ႔ ခံရတာေပါ့ …။

ၿပီးေတာ့ ေနာက္တစ္ခ်က္…တစ္သက္လုံး ေကြၽးေမြးလာတဲ့ မိဘေတြကို ပတ္ဝန္းက်င္က လက္ညိႇဳးထိုး ခံရမယ့္ အလုပ္မ်ိဳး ဘယ္ေတာ့မွ မလုပ္ဘူး …။

အဲ့ဒါေၾကာင့္ ဘယ္ေလာက္ပဲ ခ်စ္ပါေစ မိဘကို ဆန္႔က်င္ၿပီး ခိုးေျပးမယ့္ အလုပ္မ်ိဳး မလုပ္ပဲနဲ႔ မိဘေတြ သေဘာတူေအာင္ ႀကိဳးစားသင့္ပါတယ္ …။

ေနာက္တစ္ခု ေျပာရရင္ အခုေခတ္မွာ living together ေတြ မ်ားလာတယ္။ ရည္းစား ဆိုတာနဲ႔ အဆင့္ေက်ာ္ခ်င္ လာၾကတယ္ …။

တကယ္ေတာ့ အဲ့ဒါေတြက အေနာက္တိုင္း ယဥ္ေက်းမႈေတြပါ။ ကိုယ္ေနတာက ျမန္မာျပည္ …။

ျမန္မာမိန္းကေလး တေယာက္ အေနနဲ႔ အ႐ွက္သိကၡာကို ထိန္းသိမ္းသင့္ပါတယ္ …။

Living together ေနၿပီး RS goals လို႔ ထင္ေနတဲ့ သူေတြေရာ ေနလိုက္ပါၿပီရဲ႕ …။

အာ့ တစ္ေယာက္နဲ႔ လက္မထပ္ျဖစ္ရင္ေရာ ေနာက္တေယာက္နဲ႔လား …၊

အဲ့ဒါဆိုရင္ ျပည္႔တန္ဆာေတြနဲ႔ ဘာထူးေတာ့မလဲ …၊

ျပည္႕တန္ဆာေတြေတာင္ ဘဝေပး အေျခအေန အရ လုပ္ေနရလို႔ ေျပာရရင္ သူတို႔ကေတာင္ ပိုသာပါတယ္ ..။

မိန္းကေလးေတြ အေနနဲ႔ ဘယ္ေလာက္ ခ်စ္ခ်စ္ ကိုယ့္ကိုယ္ကို ပိုခ်စ္ပါ။ အရမ္းခ်စ္လို႔ ဘဝေပးၿပီး ခ်စ္တယ္ ဆိုတာ မလုပ္မိပါေစနဲ႔ …။

ကဲ ကိုယ္ ဘဝေပးခ်စ္ေတာ့ေရာ ကိုယ့္ကို တန္ဖိုးထားမယ္ ထင္သလား …၊

No ပါ…ေယာက်္ားဆိုတာမ်ိဳးက 10 မွာ 9 ေယာက္က မရခင္သာ လိုခ်င္တာ လက္တည့္ စမ္းခ်င္တာ …။

ရလို႔ ႐ိုးသြားရင္ ပစ္သြားတတ္တဲ့ လူေတြက မ်ားပါတယ္ …။

ေယာက်္ား အကုန္လုံးေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ေကာင္းတဲ့ သူနဲ႔ပဲ ေတြ႕ႏိုင္မယ္လို႔ မထင္ပါနဲ႔ …။

ကိုယ့္ကံ က အဲ႔ေလာက္ေကာင္းမယ္လို႔ ယုံၾကည္ႏိုင္သလား …၊

ကိုယ့္ စိတ္ေတာင္ အမ်ိဳးမ်ိဳးေျပာင္းေနတာ သူမ်ားစိတ္ကို ထိန္းခ်ဳပ္ဖို႔ မျဖစ္ႏိုင္ပါဘူး …။

ၿပီးေတာ့ ေယာက်္ားဆိုတာ ကိုယ္ကသာ လူပ်ိဳ စစ္ခ်င္မွ စစ္မယ္။ ကိုယ္ယူမယ့္ မိန္းကေလး ဆိုတာ အပ်ိဳစင္ ပဲ လိုခ်င္တတ္ၾကတာ …။

ငါ မပါဘူးလို႔ ေျပာမယ့္ ေယာက်္ားေတြ ႐ွိမွာပဲ။ ဒါေပမယ့္ သူတို႔ေတြေတာင္ ကိုယ္ခ်စ္လို႔ ခြင့္လႊတ္တာပါ …။

ျဖစ္ႏိုင္ရင္ ကိုယ္လက္ထပ္မယ့္သူ အပ်ိဳစင္ပဲ ျဖစ္ခ်င္ၾကတာပါပဲ …။

ဟိုးအရင္ထဲက မိဘ ပုံစံခြက္ထဲ ႀကီးျပင္းလာတဲ့ ကြၽန္မ မိဘေတြကို ေက်းဇူးတင္တယ္ …။

တန္ဖိုး႐ွိတဲ့ အသိေတြ ကိုယ့္ကိုယ္ကို ထိန္းသိမ္းႏိုင္ေအာင္ သင္ေပးခဲ့တဲ့ အတြက္ လက္မထပ္ခင္ ဘယ္ေတာ့မွ စည္းမေက်ာ္ရဘူး ဆိုတဲ့ အသိေတြ …၊

အ႐ွက္ဆိုတာ အသက္ထက္ ပို တန္ဖိုးထားတတ္ေအာင္ သင္ေပးခဲ့တဲ့ အသိေတြ …၊

ကိုယ့္ကိုယ္ကိုေတာင္ တန္ဖိုးမထားရင္ ဘယ္သူမွ တန္ဖိုးထားမွ မဟုတ္ဘူးဆိုတာ ရင္ထဲစြဲေနေအာင္ ႐ိုက္သြင္းထားတယ္ …။

အပ်ိဳစင္ဘဝ ဆိုတာ ကိုယ့္ကို တန္ဖိုးထားၿပီး တစ္ဘဝလုံး ေစာင့္ေ႐ွာက္ေပးမယ့္ ကိုယ့္ကို လက္ထပ္ယူမယ့္ ေယာက်္ားတစ္ေယာက္အတြက္ ေပးရမယ့္ အရာတစ္ခုပါေနာ္ …။

ပထမဆုံး အႀကိမ္ အတားအဆီးမ႐ွိ ရလာမယ့္ ကေလးေလးကိုလဲ ႀကိဳဆိုေပးပါ …။

ေပ်ာ္႐ႊင္တဲ့ သိကၡာ႐ွိတဲ့ မိသားစုေလး တစ္ခု ဖန္တီးေပးပါ …။

ေခတ္ေတြ ဘယ္လိုေျပာင္းေျပာင္း ကြၽန္မ အပါအဝင္ ကြၽန္မ ပတ္ဝန္းက်င္မွာ အာ့လို မိန္းကေလး အမ်ားႀကီး ႐ွိေနတာ ဂုဏ္ယူမိပါတယ္ …။

ကြၽန္မ post ေလးျမင္ၿပီး ကိုယ့္ကိုယ္ကို တန္ဖိုးထားတတ္တဲ့ မိန္းကေလးေတြ တေယာက္ေလာက္ ႐ွိမယ္ ဆိုရင္ေတာင္ ေက်နပ္မိတယ္ေနာ္ …။

စာအ႐ွည္ႀကီး ဖတ္ေပးလို႔ ေက်းဇူးတင္ပါတယ္လို႔ …။ ။

Credit – bahututaa

Unicode Version ဖြင့်ဖတ်ရန်

မိန်းကလေး တစ်ယောက်အတွက် အရေးကြီးသောအရာ…

ခိုးပြေးလို့ လက်ထပ်ရတဲ့ မိန်းကလေး တယောက် တန်ဖိုးနဲ့ တင့်တောင်းတင့်တယ် လူကြီးစုံရာနဲ့ တင်တောင်းခံရတဲ့ မိန်းကလေး တယောက်တန်ဖိုး ဘယ်လိုမှ မတူနိုင်ပါဘူး …။

ပစ္စည်းတောင်မှ သူ့တန်ဖိုး အလျောက် ဈေးကြီးပေးဝယ်တာနဲ့ ခိုးပြီး အလကားရတဲ့ ခိုးရာပစ္စည်း တန်ဖိုး အသီးသီး ရှိကြတာပဲ …။

နောက်တစ်ချက် ကိုယ့်ကို လာတောင်းလို့ ကိုယ့်ဘက်က သူနဲ့ စည်းမကျော်ထားဘူးဆို မိန်းကလေးဘက်က ကိုယ့်မိဘ မျက်နှာမငယ်ရဘူး …။

ခိုးပြေးပြီးမှ ပြန်လာအပ်ရင် ယောက်ျားလေးဘက်က ဘာပြောပြော ကိုယ့်မိဘတွေ မျက်နှာငယ်စွာ လက်ခံရတော့မယ် …။

ကိုယ့်သမီးက စည်းကျော်ပြီးပြီကိုး …။

သူ့သားက လှေကား သုံးထစ်ဆင်း လူပျိုပြန်ဖြစ်နိုင်ပေမယ့် ကိုယ့်သမီးက အပျို ပြန်မဖြစ်နိုင်တော့သလို ပတ်ဝန်းကျင်ရဲ့ တံတွေးခွက်ထဲ ကိုယ့်သမီးကို မမျောစေချင်တော့ ကိုယ်ပဲ ခေါင်းငုံ့ ခံရတာပေါ့ …။

ပြီးတော့ နောက်တစ်ချက်…တစ်သက်လုံး ကျွေးမွေးလာတဲ့ မိဘတွေကို ပတ်ဝန်းကျင်က လက်ညှိုးထိုး ခံရမယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး …။

အဲ့ဒါကြောင့် ဘယ်လောက်ပဲ ချစ်ပါစေ မိဘကို ဆန့်ကျင်ပြီး ခိုးပြေးမယ့် အလုပ်မျိုး မလုပ်ပဲနဲ့ မိဘတွေ သဘောတူအောင် ကြိုးစားသင့်ပါတယ် …။

နောက်တစ်ခု ပြောရရင် အခုခေတ်မှာ living together တွေ များလာတယ်။ ရည်းစား ဆိုတာနဲ့ အဆင့်ကျော်ချင် လာကြတယ် …။

တကယ်တော့ အဲ့ဒါတွေက အနောက်တိုင်း ယဉ်ကျေးမှုတွေပါ။ ကိုယ်နေတာက မြန်မာပြည် …။

မြန်မာမိန်းကလေး တယောက် အနေနဲ့ အရှက်သိက္ခာကို ထိန်းသိမ်းသင့်ပါတယ် …။

Living together နေပြီး RS goals လို့ ထင်နေတဲ့ သူတွေရော နေလိုက်ပါပြီရဲ့ …။

အာ့ တစ်ယောက်နဲ့ လက်မထပ်ဖြစ်ရင်ရော နောက်တယောက်နဲ့လား …၊

အဲ့ဒါဆိုရင် ပြည့်တန်ဆာတွေနဲ့ ဘာထူးတော့မလဲ …၊

ပြည့်တန်ဆာတွေတောင် ဘဝပေး အခြေအနေ အရ လုပ်နေရလို့ ပြောရရင် သူတို့ကတောင် ပိုသာပါတယ် ..။

မိန်းကလေးတွေ အနေနဲ့ ဘယ်လောက် ချစ်ချစ် ကိုယ့်ကိုယ်ကို ပိုချစ်ပါ။ အရမ်းချစ်လို့ ဘဝပေးပြီး ချစ်တယ် ဆိုတာ မလုပ်မိပါစေနဲ့ …။

ကဲ ကိုယ် ဘဝပေးချစ်တော့ရော ကိုယ့်ကို တန်ဖိုးထားမယ် ထင်သလား …၊

No ပါ…ယောက်ျားဆိုတာမျိုးက 10 မှာ 9 ယောက်က မရခင်သာ လိုချင်တာ လက်တည့် စမ်းချင်တာ …။

ရလို့ ရိုးသွားရင် ပစ်သွားတတ်တဲ့ လူတွေက များပါတယ် …။

ယောက်ျား အကုန်လုံးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကောင်းတဲ့ သူနဲ့ပဲ တွေ့နိုင်မယ်လို့ မထင်ပါနဲ့ …။

ကိုယ့်ကံ က အဲ့လောက်ကောင်းမယ်လို့ ယုံကြည်နိုင်သလား …၊

ကိုယ့် စိတ်တောင် အမျိုးမျိုးပြောင်းနေတာ သူများစိတ်ကို ထိန်းချုပ်ဖို့ မဖြစ်နိုင်ပါဘူး …။

ပြီးတော့ ယောက်ျားဆိုတာ ကိုယ်ကသာ လူပျို စစ်ချင်မှ စစ်မယ်။ ကိုယ်ယူမယ့် မိန်းကလေး ဆိုတာ အပျိုစင် ပဲ လိုချင်တတ်ကြတာ …။

ငါ မပါဘူးလို့ ပြောမယ့် ယောက်ျားတွေ ရှိမှာပဲ။ ဒါပေမယ့် သူတို့တွေတောင် ကိုယ်ချစ်လို့ ခွင့်လွှတ်တာပါ …။

ဖြစ်နိုင်ရင် ကိုယ်လက်ထပ်မယ့်သူ အပျိုစင်ပဲ ဖြစ်ချင်ကြတာပါပဲ …။

ဟိုးအရင်ထဲက မိဘ ပုံစံခွက်ထဲ ကြီးပြင်းလာတဲ့ ကျွန်မ မိဘတွေကို ကျေးဇူးတင်တယ် …။

တန်ဖိုးရှိတဲ့ အသိတွေ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်အောင် သင်ပေးခဲ့တဲ့ အတွက် လက်မထပ်ခင် ဘယ်တော့မှ စည်းမကျော်ရဘူး ဆိုတဲ့ အသိတွေ …၊

အရှက်ဆိုတာ အသက်ထက် ပို တန်ဖိုးထားတတ်အောင် သင်ပေးခဲ့တဲ့ အသိတွေ …၊

ကိုယ့်ကိုယ်ကိုတောင် တန်ဖိုးမထားရင် ဘယ်သူမှ တန်ဖိုးထားမှ မဟုတ်ဘူးဆိုတာ ရင်ထဲစွဲနေအောင် ရိုက်သွင်းထားတယ် …။

အပျိုစင်ဘဝ ဆိုတာ ကိုယ့်ကို တန်ဖိုးထားပြီး တစ်ဘဝလုံး စောင့်ရှောက်ပေးမယ့် ကိုယ့်ကို လက်ထပ်ယူမယ့် ယောက်ျားတစ်ယောက်အတွက် ပေးရမယ့် အရာတစ်ခုပါနော် …။

ပထမဆုံး အကြိမ် အတားအဆီးမရှိ ရလာမယ့် ကလေးလေးကိုလဲ ကြိုဆိုပေးပါ …။

ပျော်ရွှင်တဲ့ သိက္ခာရှိတဲ့ မိသားစုလေး တစ်ခု ဖန်တီးပေးပါ …။

ခေတ်တွေ ဘယ်လိုပြောင်းပြောင်း ကျွန်မ အပါအဝင် ကျွန်မ ပတ်ဝန်းကျင်မှာ အာ့လို မိန်းကလေး အများကြီး ရှိနေတာ ဂုဏ်ယူမိပါတယ် …။

ကျွန်မ post လေးမြင်ပြီး ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်တဲ့ မိန်းကလေးတွေ တယောက်လောက် ရှိမယ် ဆိုရင်တောင် ကျေနပ်မိတယ်နော် …။

စာအရှည်ကြီး ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်လို့ …။ ။

Credit – bahututaa