သင့္ကိုပိုၿပီး ဆြဲေဆာင္မႈရွိလာေစမယ့္ အမူအက်င့္(၆)မ်ိဳး…

သင့္ကိုပိုၿပီး ဆြဲေဆာင္မႈရွိလာေစမယ့္ အမူအက်င့္(၆)မ်ိဳး…

လူတစ္ေယာက္ ဆြဲေဆာင္မႈ ရွိမရွိဆိုတာ ကိုယ့္ရဲ႕ ႐ုပ္အသြင္အျပင္ ပုံပန္းသဏၰန္ခ်ည္းနဲ႔ပဲေတာ႔ မဆိုင္ပါဘူး …။

ေျပာခ်င္တာက သင့္ခႏၶာကိုယ္က ဝေနလို႔၊ ပိန္ေနလို႔၊ ႐ုပ္ဆိုးေနလို႔၊ စတိုလ္က ဂြမ္းေနလို႔ အစရွိသျဖင့္ ဒီလိုအျပင္ပိုင္း ပုံပန္းသဏၰန္ေၾကာင့္ မဟုတ္ပါဘူး …။

ဆြဲေဆာင္မႈရွိတယ္ မရွိဘူးဆိုတာ သင့္ရဲ႕ စိတ္ေနစိတ္ထား၊ သင့္ရဲ႕အျပဳအမႈ၊ သင့္ရဲ႕ပုံစံေပၚမႈတည္ၿပီး ပဲ ဆုံးျဖတ္ေပးတာပါ …။

ဒါေၾကာင့္ သင့္ကိုပိုၿပီးဆြဲေဆာင္မႈရွိလာေစမယ့္ အမူအက်င့္ေလးေတြကို မွ်ေဝေပးလိုက္ပါတယ္ေနာ္ …။

(၁) ပြင့္လင္းပါ၊ အစစ္အမွန္ ျဖစ္ပါေစ။

ပြင့္လင္းပါဆိုတာ ေနရာတိုင္းကို အကုန္လုံးလိုက္ၿပီး ပြင့္ပြင့္လင္းလင္းေနပါလို႔ ေျပာပါမ်ိဳး မဟုတ္ပါဘူး …။

ဥပမာ – ပိုက္ဆံမခ်မ္းသာေပမယ့္ ပိုက္ဆံရွိခ်င္ေယာင္ ေဆာင္တာမ်ိဳး၊ အမွားလုပ္မိေပမယ့္ မသိခ်င္ေယာင္ေဆာင္ ဝန္မခံတာမ်ိဳး ဒါေတြက သူမ်ားသိသြားရင္လည္း မေကာင္းသလို သင့္ရဲ႕ ဆြဲေဆာင္မႈကိုပါ ေလ်ာ့က်ေစႏိုင္ပါတယ္ …။

ေျပာခ်င္တာက သင့္အရွိအရွိတိုင္း ပုံစံအစစ္အမွန္ကို ခ်ျပၿပီး ပြင့္ပြင့္လင္းလင္းသာ ေနပါ။ အဲ့လိုေနျခင္းက လူေတြသင့္ကို ပိုေလးစားလာၿပီး ဆြဲေဆာင္မႈလည္း ရွိလာေစမွာ ျဖစ္ပါတယ္ …။

(၂) နားေထာင္ပါ။

သင္ေျပာခ်င္တာကိုပဲေျပာမယ္ သူမ်ားေျပာတာလည္း လက္သင့္မခံသလို သူမ်ားေျပာတာလည္း နားမေထာင္ေပးတတ္ဘူး …။

ဒါေတြက သင့္ရဲ႕ဆြဲေဆာင္မႈကို အရမ္းေလ်ာ့က်ေစပါတယ္ေနာ္။ ဒါေၾကာင့္သူမ်ားနဲ႔ စကားေျပာတဲ့အခါ သင္ကလည္းေျပာ သူမ်ားေျပာတာကိုလည္း ေသခ်ာနားေထာင္ေပးဖို႔ လိုပါတယ္ …။

(၃) ၿပဳံးပါ၊ ရယ္ပါ။

အၿပဳံးေလးေတြက လူအခ်င္းခ်င္း ကူးစက္သြားတဲ့ အရာေလးေတြပါ …။

သင့္ရဲ႕ ေပါင္းစပ္ထားတဲ့ရယ္ေမာျခင္းနဲ႔ အၿပဳံးေလးေတြက သင့္ကိုအမ်ားႀကီး ဆြဲေဆာင္မႈရွိလာေစမွာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ မ်ားမ်ား ၿပဳံးရယ္ေပးပါ …။

အေအာင္ျမင္ဆုံး လူေတြက အၿပဳံးအမ်ားဆုံးသူေတြ ပါတဲ့ …။

(၄) ေျဖရွင္းခ်က္ေတြ အရမ္းမေပးပါနဲ႔။

Complains ေတြ Reasons ေတြ အရမ္းေပးတတ္တဲ့သူေတြ- ေျပာရရင္ တစ္ခုခုဆိုလုပ္ေတာင္မလုပ္ၾကည့္ရေသးဘဲ လြယ္လြယ္ ညဥ္းညဴတယ္၊ အၿမဲတမ္းလိုလို အေၾကာင္းျပခ်က္ေတြ ရွိေနတဲ့သူေတြကို လူေတြက သိပ္ သေဘာမက်တတ္ ၾကပါဘူး …။

ဒါေၾကာင့္ သင္လုပ္စရာရွိတာဆို မညဥ္းညဴဘဲ ေျပးလုပ္လိုက္တာ၊ တစ္ခုခုဆို Reasons ေတြေပးေနမွာထက္ အဆင္ေျပေအာင္ ႀကိဳးစားလုပ္လိုက္တာက သင့္ကို ပိုၿပီးဆြဲေဆာင္မႈရွိလာေစမွာပဲ ျဖစ္ပါတယ္ …။

(၅) Eye Contact ရွိပါ။

စကားေျပာတဲ့အခါမွာ ယုံၾကည္မႈရွိရွိနဲ႔ သင္ေျပာေနတဲ့သူရဲ႕ မ်က္လုံးကို ေသခ်ာၾကည့္ၿပီး ေျပာေပးပါ …။

ဒီလိုလုပ္ျခင္းက သင္နဲ႔စကားေျပာေနတဲ့သူရဲ႕ ဆြဲေဆာင္မႈရသလို သင္ေျပာတဲ့စကားကိုလည္း အေလးအနက္ထား နားေထာင္ေစပါ လိမ္႔မယ္ …။

(၆) သင့္ကိုသင္ ဆြဲေဆာင္မႈရွိတယ္လို႔ယုံၾကည္ပါ။

‘ကိုယ့္ကိုယ္ကိုယ္မွ ဆြဲေဆာင္မႈရွိတယ္’လို႔မယုံၾကည္ထားရင္ သူမ်ားရဲ႕ဆြဲေဆာင္မႈကို ဘယ္ရေတာ့မလဲ …။

ဒီလိုယုံၾကည္ထားတာေၾကာင့္ သင့္ပတ္ဝန္းက်င္မွာ သင္ကအရင္ကထက္ အမ်ားႀကီးဆြဲေဆာင္မႈ ပိုရွိလာေစမွာျဖစ္ၿပီး သင့္ကိုယ္သင္လည္းယုံၾကည္မႈ တကယ္တိုးလာမွာပဲ ျဖစ္ပါတယ္ေနာ္ …။ ။

Credit

Unicode Version ဖြင့်ဖတ်ရန်

သင့်ကိုပိုပြီး ဆွဲဆောင်မှုရှိလာစေမယ့် အမူအကျင့်(၆)မျိုး…

လူတစ်ယောက် ဆွဲဆောင်မှု ရှိမရှိဆိုတာ ကိုယ့်ရဲ့ ရုပ်အသွင်အပြင် ပုံပန်းသဏ္ဏန်ချည်းနဲ့ပဲတော့ မဆိုင်ပါဘူး …။

ပြောချင်တာက သင့်ခန္ဓာကိုယ်က ဝနေလို့၊ ပိန်နေလို့၊ ရုပ်ဆိုးနေလို့၊ စတိုလ်က ဂွမ်းနေလို့ အစရှိသဖြင့် ဒီလိုအပြင်ပိုင်း ပုံပန်းသဏ္ဏန်ကြောင့် မဟုတ်ပါဘူး …။

ဆွဲဆောင်မှုရှိတယ် မရှိဘူးဆိုတာ သင့်ရဲ့ စိတ်နေစိတ်ထား၊ သင့်ရဲ့အပြုအမှု၊ သင့်ရဲ့ပုံစံပေါ်မှုတည်ပြီး ပဲ ဆုံးဖြတ်ပေးတာပါ …။

ဒါကြောင့် သင့်ကိုပိုပြီးဆွဲဆောင်မှုရှိလာစေမယ့် အမူအကျင့်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော် …။

(၁) ပွင့်လင်းပါ၊ အစစ်အမှန် ဖြစ်ပါစေ။

ပွင့်လင်းပါဆိုတာ နေရာတိုင်းကို အကုန်လုံးလိုက်ပြီး ပွင့်ပွင့်လင်းလင်းနေပါလို့ ပြောပါမျိုး မဟုတ်ပါဘူး …။

ဥပမာ – ပိုက်ဆံမချမ်းသာပေမယ့် ပိုက်ဆံရှိချင်ယောင် ဆောင်တာမျိုး၊ အမှားလုပ်မိပေမယ့် မသိချင်ယောင်ဆောင် ဝန်မခံတာမျိုး ဒါတွေက သူများသိသွားရင်လည်း မကောင်းသလို သင့်ရဲ့ ဆွဲဆောင်မှုကိုပါ လျော့ကျစေနိုင်ပါတယ် …။

ပြောချင်တာက သင့်အရှိအရှိတိုင်း ပုံစံအစစ်အမှန်ကို ချပြပြီး ပွင့်ပွင့်လင်းလင်းသာ နေပါ။ အဲ့လိုနေခြင်းက လူတွေသင့်ကို ပိုလေးစားလာပြီး ဆွဲဆောင်မှုလည်း ရှိလာစေမှာ ဖြစ်ပါတယ် …။

(၂) နားထောင်ပါ။

သင်ပြောချင်တာကိုပဲပြောမယ် သူများပြောတာလည်း လက်သင့်မခံသလို သူများပြောတာလည်း နားမထောင်ပေးတတ်ဘူး …။

ဒါတွေက သင့်ရဲ့ဆွဲဆောင်မှုကို အရမ်းလျော့ကျစေပါတယ်နော်။ ဒါကြောင့်သူများနဲ့ စကားပြောတဲ့အခါ သင်ကလည်းပြော သူများပြောတာကိုလည်း သေချာနားထောင်ပေးဖို့ လိုပါတယ် …။

(၃) ပြုံးပါ၊ ရယ်ပါ။

အပြုံးလေးတွေက လူအချင်းချင်း ကူးစက်သွားတဲ့ အရာလေးတွေပါ …။

သင့်ရဲ့ ပေါင်းစပ်ထားတဲ့ရယ်မောခြင်းနဲ့ အပြုံးလေးတွေက သင့်ကိုအများကြီး ဆွဲဆောင်မှုရှိလာစေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် များများ ပြုံးရယ်ပေးပါ …။

အအောင်မြင်ဆုံး လူတွေက အပြုံးအများဆုံးသူတွေ ပါတဲ့ …။

(၄) ဖြေရှင်းချက်တွေ အရမ်းမပေးပါနဲ့။

Complains တွေ Reasons တွေ အရမ်းပေးတတ်တဲ့သူတွေ- ပြောရရင် တစ်ခုခုဆိုလုပ်တောင်မလုပ်ကြည့်ရသေးဘဲ လွယ်လွယ် ညဉ်းညူတယ်၊ အမြဲတမ်းလိုလို အကြောင်းပြချက်တွေ ရှိနေတဲ့သူတွေကို လူတွေက သိပ် သဘောမကျတတ် ကြပါဘူး …။

ဒါကြောင့် သင်လုပ်စရာရှိတာဆို မညဉ်းညူဘဲ ပြေးလုပ်လိုက်တာ၊ တစ်ခုခုဆို Reasons တွေပေးနေမှာထက် အဆင်ပြေအောင် ကြိုးစားလုပ်လိုက်တာက သင့်ကို ပိုပြီးဆွဲဆောင်မှုရှိလာစေမှာပဲ ဖြစ်ပါတယ် …။

(၅) Eye Contact ရှိပါ။

စကားပြောတဲ့အခါမှာ ယုံကြည်မှုရှိရှိနဲ့ သင်ပြောနေတဲ့သူရဲ့ မျက်လုံးကို သေချာကြည့်ပြီး ပြောပေးပါ …။

ဒီလိုလုပ်ခြင်းက သင်နဲ့စကားပြောနေတဲ့သူရဲ့ ဆွဲဆောင်မှုရသလို သင်ပြောတဲ့စကားကိုလည်း အလေးအနက်ထား နားထောင်စေပါ လိမ့်မယ် …။

(၆) သင့်ကိုသင် ဆွဲဆောင်မှုရှိတယ်လို့ယုံကြည်ပါ။

‘ကိုယ့်ကိုယ်ကိုယ်မှ ဆွဲဆောင်မှုရှိတယ်’လို့မယုံကြည်ထားရင် သူများရဲ့ဆွဲဆောင်မှုကို ဘယ်ရတော့မလဲ …။

ဒီလိုယုံကြည်ထားတာကြောင့် သင့်ပတ်ဝန်းကျင်မှာ သင်ကအရင်ကထက် အများကြီးဆွဲဆောင်မှု ပိုရှိလာစေမှာဖြစ်ပြီး သင့်ကိုယ်သင်လည်းယုံကြည်မှု တကယ်တိုးလာမှာပဲ ဖြစ်ပါတယ်နော် …။ ။

Credit