မည္းညစ္ေနတဲ့ မ်က္ႏွာနဲ႔လက္ေခ်ာင္းအသားအေရ ျပန္လည္ႏုပ်ိဳျဖဴဝင္းေစမယ့္သဘာဝနည္းလမ္း…

မည္းညစ္ေနတဲ့ မ်က္ႏွာနဲ႔လက္ေခ်ာင္းအသားအေရ ျပန္လည္ႏုပ်ိဳျဖဴဝင္းေစမယ့္သဘာဝနည္းလမ္း…

အေရျပားဆိုတာ ကြၽန္မတို႔ ခႏၶာကိုယ္ရဲ႕ အဓိကအဂၤါရပ္ တစ္ခုပဲ ျဖစ္ပါတယ္။ အသားအေရ က်န္းမာေရးကလည္း သိပ္ကို အေရးႀကီးလွပါတယ္ …။

ဓါတုပၥစည္းေတြ မၾကာခဏ ထိေတြ႕လို႔ အသားအေရေတြက တျဖည္းျဖည္း ညႇစ္ႏြမ္းလာတတ္ပါတယ္။ ဒါ့ေၾကာင့္ သဘာဝနည္းလမ္းနဲ႔ ကုသနည္းေတြလည္း ထပ္မံျပဳလုပ္ေပးဖို႔ လိုအပ္ပါတယ္ေနာ္ …။

မ်က္ႏွာအသားအေရသာမက လက္ေခ်ာင္းေျခေခ်ာင္းေလးေတြက အသားအေရလည္း လွေနဖို႔ လိုပါတယ္။ ေနေလာင္ထားလို႔ မည္းညစ္ေနတဲ့ မ်က္ႏွာနဲ႔ လက္ေခ်ာင္းေျခေခ်ာင္းက အသားအေရ ျပန္လည္ႏုပ်ိဳျဖဴဝင္းေစမယ့္ သဘာဝနည္းလမ္းေလးကို မွ်ေဝေပးခ်င္ပါတယ္ …။

အခုေျပာျပေပးမယ့္ နည္းလမ္းက သဘာဝနည္းလမ္းေလးေတြျဖစ္ၿပီး အလြယ္တကူရွာလို႔ရတဲ့ သဘာဝပစၥည္းေလးေတြနဲ႔ ျပဳလုပ္ေပးရမွာပဲ ျဖစ္ပါတယ္ေနာ္ …။

ပါဝင္ပစၥည္းမ်ား…

သံပုယိုရည္ စားပြဲတင္ဇြန္း (၁) ဇြန္း

ဒိန္ခ်ဥ္ စားပြဲတင္ဇြန္း (၁) ဇြန္း

ပ်ားရည္ စားပြဲတင္ဇြန္း (၁) ဇြန္း

မေလာက္ဘူးဆိုရင္ အခုေျပာျပထားတဲ့ ပမာဏရဲ႕ ၂ ဆဆီ ေရာလို႔ ရပါတယ္ …။

ျပဳလုပ္နည္းကေတာ့ ႐ိုးရွင္းပါတယ္။ ပါဝင္ပစၥည္းေတြ အားလုံးကိုေရာၿပီး ေသခ်ာေမႊလိုက္ပါ။ ၿပီးရင္ မ်က္ႏွာနဲ႔ လက္ေတြ အထူးသျဖင့္ ေနေလာင္ထားတဲ့ေနရာေတြမွာ လိမ္းေပးၿပီး ၁၅ မိနစ္ (သို႔) ေျခာက္သြားေအာင္ ထားထားပါ …။

ေျခာက္ေသြ႕ေနတဲ့ မ်က္ႏွာအသားအေရကိုလည္း ျပန္လည္စိုေျပလာေစမွာျဖစ္ပါတယ္။ ဒီနည္းလမ္းကို တစ္ပတ္ ၂ ႀကိမ္ျပဳ လုပ္ေပးလို႔ ရပါတယ္ေနာ္ …။ ။

ခရက္ဒစ္

Unicode Version ဖြင့်ဖတ်ရန်

မည်းညစ်နေတဲ့ မျက်နှာနဲ့လက်ချောင်းအသားအရေ ပြန်လည်နုပျိုဖြူဝင်းစေမယ့်သဘာဝနည်းလမ်း…

အရေပြားဆိုတာ ကျွန်မတို့ ခန္ဓာကိုယ်ရဲ့ အဓိကအင်္ဂါရပ် တစ်ခုပဲ ဖြစ်ပါတယ်။ အသားအရေ ကျန်းမာရေးကလည်း သိပ်ကို အရေးကြီးလှပါတယ် …။

ဓါတုပ္စစည်းတွေ မကြာခဏ ထိတွေ့လို့ အသားအရေတွေက တဖြည်းဖြည်း ညှစ်နွမ်းလာတတ်ပါတယ်။ ဒါ့ကြောင့် သဘာဝနည်းလမ်းနဲ့ ကုသနည်းတွေလည်း ထပ်မံပြုလုပ်ပေးဖို့ လိုအပ်ပါတယ်နော် …။

မျက်နှာအသားအရေသာမက လက်ချောင်းခြေချောင်းလေးတွေက အသားအရေလည်း လှနေဖို့ လိုပါတယ်။ နေလောင်ထားလို့ မည်းညစ်နေတဲ့ မျက်နှာနဲ့ လက်ချောင်းခြေချောင်းက အသားအရေ ပြန်လည်နုပျိုဖြူဝင်းစေမယ့် သဘာဝနည်းလမ်းလေးကို မျှဝေပေးချင်ပါတယ် …။

အခုပြောပြပေးမယ့် နည်းလမ်းက သဘာဝနည်းလမ်းလေးတွေဖြစ်ပြီး အလွယ်တကူရှာလို့ရတဲ့ သဘာဝပစ္စည်းလေးတွေနဲ့ ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်နော် …။

ပါဝင်ပစ္စည်းများ…

သံပုယိုရည် စားပွဲတင်ဇွန်း (၁) ဇွန်း

ဒိန်ချဉ် စားပွဲတင်ဇွန်း (၁) ဇွန်း

ပျားရည် စားပွဲတင်ဇွန်း (၁) ဇွန်း

မလောက်ဘူးဆိုရင် အခုပြောပြထားတဲ့ ပမာဏရဲ့ ၂ ဆဆီ ရောလို့ ရပါတယ် …။

ပြုလုပ်နည်းကတော့ ရိုးရှင်းပါတယ်။ ပါဝင်ပစ္စည်းတွေ အားလုံးကိုရောပြီး သေချာမွှေလိုက်ပါ။ ပြီးရင် မျက်နှာနဲ့ လက်တွေ အထူးသဖြင့် နေလောင်ထားတဲ့နေရာတွေမှာ လိမ်းပေးပြီး ၁၅ မိနစ် (သို့) ခြောက်သွားအောင် ထားထားပါ …။

ခြောက်သွေ့နေတဲ့ မျက်နှာအသားအရေကိုလည်း ပြန်လည်စိုပြေလာစေမှာဖြစ်ပါတယ်။ ဒီနည်းလမ်းကို တစ်ပတ် ၂ ကြိမ်ပြု လုပ်ပေးလို့ ရပါတယ်နော် …။ ။

ခရက်ဒစ်