တစ္ဖက္သက္အခ်စ္ဆိုတာက အရမ္းခံစားရပါတယ္…

တစ္ဖက္သက္အခ်စ္ဆိုတာက အရမ္းခံစားရပါတယ္…

ကိုယ့္ဆီကို မလာခ်င္တဲ့ လူတေယာက္ကို အတင္းဆြဲေခၚေနရတာ ပင္ပန္းပါတယ္ …။

မာန နဲ႔ အရွက္ သိကၡာေတြ ေအာက္က် ေနာက္က်ျဖစ္ၿပီး တြယ္ကပ္ေနရတဲ့ ကိုယ့္ အျဖစ္ကိုယ္ တစ္ခါ တစ္ခါ ေတာ္ေတာ္လည္း ရွက္မိတယ္ …။

သူ႔ကို သိပ္ခ်စ္လြန္းလို႔ သူ႕အခ်စ္ကို ရဖို႔ ႀကိဳးစားေနရတာ။ သူ႔ဘက္ကေတာ့ အသိမွတ္ျပဳဖို႔ ေနေနသာသာ မသိခ်င္ေယာင္ေတာင္ ေဆာင္လို႔။

သူ႔ကို ခ်စ္ေနရတာ စိတ္ပင္ပန္း ရတယ္။သူ႔စိတ္က ကိုယ့္ဆီမွာမွ မရွိပဲ။

သူ႔ကို ကိုယ့္ဘက္က ဘယ္ေလာက္ ထိေတာင္ တစ္ဖက္သတ္ႀကီး ခ်စ္ေနလည္းကိုယ့္ရဲ႕ အခ်စ္က သူ႔အတြက္ေတာ့ ဝန္ထုပ္ဝန္ပိုး ျဖစ္ရံုထက္ ပိုမယ္ မထင္ဘူး။ သူနဲ႔ အေဝးဆံုး အရပ္မွာပဲ က်န္ေနခဲ႔ဖို႔ စဥ္းစားပါတယ္ …။

ကိုယ့္အေပၚ စိတ္မရွိတဲ့ သူတစ္ေယာက္အတြက္ အတင္းလုပ္ယူေနလည္း အရာမွ ထင္မွာ မဟုတ္တာ …။

အေဝးက ခ်စ္ေနရလည္း အခ်စ္ပဲ ဆိုတာ ကိုယ္ သိေနပါၿပီ။ ဒီအတိုင္းေလး သူ႔ေဘးနားမွာ ရွိခ်င္ခဲ႔တာ ကိုယ့္ရဲ႕ ေလာဘပဲေလ …။

အရမ္​းႀကီး ဖက္​တြယ္​ထားတာေတြ၊ ေပးဆပ္ေန တာေတြ ရပ္ပစ္လိုက္ သင့္ၿပီလို႔ ထင္တယ္ …။

ကိုယ္ပဲ နာက်င္ ရတယ္။ ကိုယ္ပဲ လ်စ္လ်ဴရွဳ ခံရတယ္။ နာက်င္ အခ်ိန္ပိုေတြ ကို ဆက္ျပီး မခံစားခ်င္ ေတာ့ပါဘူး …။

ဒါေၾကာင့္ ဒီေန႔က စလို႔ မင္းအေကာင့္ ေလးကို Unfollow လုပ္လိုက္ ပါေတာ့မယ္ …။

သတိရတဲ့ အခါတိုင္းေတာ႔ wall ထဲကို အရင္လို ခိုးေၾကာင္ခိုးဝွက္ လာခဲ့ပါ့မယ္ …။

ဒီအတိုင္းေလး ၾကည့္ၿပီး ဒီအတိုင္းေလးပဲ ျပန္သြားမွာပါ၊ စိတ္ခ်ပါ …။

Block လိုက္ဖို႔ ဆိုတာႀကီးကေတာ့ ခက္ခဲပါေသးတယ္ …။

မင္း သိဖို႔က….ဟင့္အင္း မင္း မသိလည္း ရပါတယ္။ ကိုယ္မင္းကို ခ်စ္လြန္းလို႔ Unfollow လုပ္ခဲ႔တယ္ ဆိုတာပါပဲ …။ ။

Credit: ခဲတံ

Unicode Version ဖြင့်ဖတ်ရန်

တစ်ဖက်သက်အချစ်ဆိုတာက အရမ်းခံစားရပါတယ်…

ကိုယ့်ဆီကို မလာချင်တဲ့ လူတယောက်ကို အတင်းဆွဲခေါ်နေရတာ ပင်ပန်းပါတယ် …။

မာန နဲ့ အရှက် သိက္ခာတွေ အောက်ကျ နောက်ကျဖြစ်ပြီး တွယ်ကပ်နေရတဲ့ ကိုယ့် အဖြစ်ကိုယ် တစ်ခါ တစ်ခါ တော်တော်လည်း ရှက်မိတယ် …။

သူ့ကို သိပ်ချစ်လွန်းလို့ သူ့အချစ်ကို ရဖို့ ကြိုးစားနေရတာ။ သူ့ဘက်ကတော့ အသိမှတ်ပြုဖို့ နေနေသာသာ မသိချင်ယောင်တောင် ဆောင်လို့။

သူ့ကို ချစ်နေရတာ စိတ်ပင်ပန်း ရတယ်။သူ့စိတ်က ကိုယ့်ဆီမှာမှ မရှိပဲ။

သူ့ကို ကိုယ့်ဘက်က ဘယ်လောက် ထိတောင် တစ်ဖက်သတ်ကြီး ချစ်နေလည်းကိုယ့်ရဲ့ အချစ်က သူ့အတွက်တော့ ဝန်ထုပ်ဝန်ပိုး ဖြစ်ရုံထက် ပိုမယ် မထင်ဘူး။ သူနဲ့ အဝေးဆုံး အရပ်မှာပဲ ကျန်နေခဲ့ဖို့ စဉ်းစားပါတယ် …။

ကိုယ့်အပေါ် စိတ်မရှိတဲ့ သူတစ်ယောက်အတွက် အတင်းလုပ်ယူနေလည်း အရာမှ ထင်မှာ မဟုတ်တာ …။

အဝေးက ချစ်နေရလည်း အချစ်ပဲ ဆိုတာ ကိုယ် သိနေပါပြီ။ ဒီအတိုင်းလေး သူ့ဘေးနားမှာ ရှိချင်ခဲ့တာ ကိုယ့်ရဲ့ လောဘပဲလေ …။

အရမ်းကြီး ဖက်​တွယ်​ထားတာတွေ၊ ပေးဆပ်နေ တာတွေ ရပ်ပစ်လိုက် သင့်ပြီလို့ ထင်တယ် …။

ကိုယ်ပဲ နာကျင် ရတယ်။ ကိုယ်ပဲ လျစ်လျူရှု ခံရတယ်။ နာကျင် အချိန်ပိုတွေ ကို ဆက်ပြီး မခံစားချင် တော့ပါဘူး …။

ဒါကြောင့် ဒီနေ့က စလို့ မင်းအကောင့် လေးကို Unfollow လုပ်လိုက် ပါတော့မယ် …။

သတိရတဲ့ အခါတိုင်းတော့ wall ထဲကို အရင်လို ခိုးကြောင်ခိုးဝှက် လာခဲ့ပါ့မယ် …။

ဒီအတိုင်းလေး ကြည့်ပြီး ဒီအတိုင်းလေးပဲ ပြန်သွားမှာပါ၊ စိတ်ချပါ …။

Block လိုက်ဖို့ ဆိုတာကြီးကတော့ ခက်ခဲပါသေးတယ် …။

မင်း သိဖို့က….ဟင့်အင်း မင်း မသိလည်း ရပါတယ်။ ကိုယ်မင်းကို ချစ်လွန်းလို့ Unfollow လုပ်ခဲ့တယ် ဆိုတာပါပဲ …။ ။

Credit: ခဲတံ