CRD – EeCk
Unicode Version ဖြင့်ဖတ်ရန်
သူ့ရဲ့လည်ပင်းလေးကို ရှေ့သွားလေးနဲ့ သာသာလေးကိုက်ကြည့်ပါ…
ချစ်သူနဲ့ အတူတူ ရှိနေချိန်တွေမှာ ဒီလိုလေး အချိန်ဖြုန်းပါနော် …။
(1) သူ့ရဲ့ လည်ပင်းလေးကို ရှေ့သွားလေးနဲ့ သာသာလေး ကိုက်ကြည့်ပါ …။
(2) သူ့ ရင်ခွင်ထဲမှာ မှီရင်း စကားလေးတွေ ပြောပါ။ ရံဖန်ရံခါ မကြာခဏ ဖက်ထားပေးပါ …။
(3) မိန်းကလေးဖြစ်ပါက ကိုယ့်ကောင်လေး ပေါင်ပေါ်တက်ထိုင်ပါ။ ယောက်ျားလေးဆိုပါက ကိုယ့်ကောင်မလေးကို ပွေ့ချီကြည့်ပါ …။
(4) သူနဲ့တွေ့တဲ့အခါ အတင်းပြောပါ။ ပျော်စရာကောင်းသလ်ို Best Fri တွေလိုလည်း ဖြစ်လို့ရပါတယ် …။
(5) အသည်းယားလာရင် တွေ့တဲ့နေရာ ကိုက်ပစ်ပါ။(လက်မောင်းတို့ ဘာတို့ကိုပြောတာနော်) သူ နာလို့ မျက်နှာ မဲ့သွားခဲ့ရင် ပါး (သ်ို့မဟုတ်) နှုတ်ခမ်းလေးကို အသာအယာလေး ဖိနမ်းပစ်လိုက်ပါ …။
(6) သူနဲ့အတူ Ph ထဲက ဟာသ Video တွေကြည့်ပါ။ နှစ်ယောက်သား $ ခွက်ပြောင်ရတာ ပျော်ဖို့ကောင်းလွန်းပါတယ် …။
(7) ကုန်တိုက်တွေမှာ သူနဲ့Shopping တူတူထွက်ကြည့်ပါ။ ပစ္စည်းဝယ်စရာ မရှိလဲ လက်ချင်းချိတ်ပြီး လျှောက်ပတ်နေရတာ အစ ကြည်နူးစရာ ကောင်းလို့ပါပဲ …။
(8) တစ်ယောက်ပုခုံးကို တစ်ယောက်တစ်လှည့်စီ မှီရင်း Public Park မှာ တရေးတမောလောက် အိပ်ကြည့်ပါ။ သူအိပ်နေတုန်း ခိုးခိုးနမ်းပြီး မျက်နှာကို လက်နဲ့ ကလိကြည့်ပါ …။
(9) သူနဲ့ အမှတ်တရ ဖြစ်စေမယ့် နေရာတွေကို အမြဲသွားပေးပါ …။
(10) သူနဲ့ တူတူ Selfie ဆွဲပါ။ မရှက်ပါနဲ့၊ ဘယ်နေရာရောက်ရောက် Camera ဖွင့်ပြီး Selfie သာဆွဲလိုက်ပါ …။
(11) ကိုက်ပါ။😁 သူ့လက်မောင်းတွေ လည်ပင်းတွေမှာ ကိုယ့်သွားရာလေးတွေ အမြဲ ရှိနေပါစေ …။
(12) ထီးမဆောင်းပဲ မိုးရေထဲမှာ လက်ချင်းတွဲပြီး လမ်းလျှောက်ကြည့်ပါ။ မိုးရွာတိုင်း တစ်ယောက်ကို တစ်ယောက် သတိရနေ စေမှာပါ …။
(13) Public area တွေမှာ နမ်းကြည့်ပါ။ စိတ်လှုပ်ရှားဖို့ ကောင်းသလ်ို ပတ်ဝန်းကျင်ထက် သူ့ကို ပိုဂရုစိုက်ပေးရာလည်း ရောက်ပါတယ် …။
(14) မုန့်ဝယ်စားရင်လည်း တစ်ခုတည်း ဝယ်ပြီး နှစ်ယောက်မျှစား ကြည့်ပါ …။
လုစားရတဲ့အရသာ ဘာနဲ့မှ မတူပါဘူး …။
(15) နှစ်ယောက် ဘုရားအတူတူ ဖူးပါ။ ကိုယ်ချစ်ရသူနဲ့ ဘုရားအတူ ဖူးခွင့်ရတာ ဘုရားကပေးတဲ့ ဆုပါပဲနော် …။
(16) သူနဲ့အတူ ကစားကွင်းတွေသွားပြီး ကစားပါ …။
ပျော်ဖို့လည်း အရမ်းကောင်းပါတယ် …။
(17) နှစ်ယောက်သား အတူတူ Bus ကား တိုးစီးကြည့်ပါ …။
(18) ချစ်စရာကောင်းတဲ့ အီစီကလီ စကားလေးတွေကို သူ့လည်ပင်းနားမှာ ကပ်ပြီး တိုးတိုးလေး ပြောကြည့်ပါ …။
ကျွန်မတို့ Rs လဲ အဲ့လိုလေးတွေဖြစ်နေလို့ ပျော်စရာ အရမ်းကောင်းနေပါတယ်နော် …။ ။
CRD – EeCk