သင့္ကို ႏွစ္ႏွစ္ျခိဳက္ျခိဳက္အိပ္ေပ်ာ္ေစမည့္ ထူးျခားတဲ႔ နည္းလမ္း (၆) မ်ိဳး

သင့္ကို ႏွစ္ႏွစ္ျခိဳက္ျခိဳက္အိပ္ေပ်ာ္ေစမည့္ ထူးျခားတဲ႔ နည္းလမ္း (၆) မ်ိဳး

အရြယ္ေရာက္ျပီးသူ သံုးဦးတြင္ တစ္ဦးသည္ ဘ၀မွာ တစ္ခ်ိန္ခ်ိန္ေတာ့ အိပ္မေပ်ာ္တဲ့ေရာဂါကို ခံစားရတတ္ပါတယ္။ အိပ္မေပ်ာ္လို႕ တစ္ ႏွစ္ သံုး ေလး ေရတြက္တာက သင့္အတြက္ အလုပ္မျဖစ္ဘူးဆိုရင္၊ အိပ္ေဆးေတြ မေသာက္ခ်င္ဘူးဆိုရင္သင့္ကို အကူအညီေပးမယ့္ သိပံၸနည္းက်ထူးျခားသည့္ အိပ္ေပ်ာ္မည့္နည္းလမ္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ …။

(၁) မအိပ္ဘဲေနပါ။

သင္လုပ္ဖို႕ၾကိဳးစားေနတာနဲ႕ ဆန္႕က်င္ဘက္ျဖစ္ေနတယ္လို႕ ထင္ရပါတယ္။ ဒါေပမယ္႔ ညဘက္ မအိပ္ဘဲေနဖို႕ ၾကိဳးစားတဲ့သူေတြက အိပ္ေပ်ာ္ဖို႕ ၾကိဳးစားသူေတြထက္ ျမန္ျမန္အိပ္ေပ်ာ္တယ္လို႕ သုေတသနေတြက ေျပာထားပါတယ္။သင့္မ်က္လံုးကို က်ယ္က်ယ္ဖြင့္ျပီး ငါ မအိပ္ဘူးလို႕ ထပ္ခါထပ္ခါေျပာပါလို႕ စိတ္ကုထံုးပညာရွင္ ဂ်ဴရီဟစ္က ဆိုပါတယ္။ ဦးေႏွာက္က အျငင္း၀ါက်ေတြကို လက္မခံဘူး။ အဲဒါေၾကာင့္ ငါ မအိပ္ဘူးလို႕ ထပ္ခါထပ္ခါေျပာျပီး မ်က္လံုးၾကြက္သားေတြကိုညာပင္ပန္းေအာင္လုပ္ေပးရင္ ျမန္ျမန္အိပ္ေပ်ာ္ေစပါတယ္ …။

(၂) ေျခအိတ္၀တ္ျပီး အိပ္ပါ။

သုေတသနေတာ္ေတာ္မ်ားမ်ားက ေျခလက္ေတြ ေအးတာက အိပ္ေပ်ာ္ေစတဲ့လို႕ေျပာေပမယ့္ ဆြစ္ဇာလန္ႏိုင္ငံက ၁၉၉၉ခုႏွစ္တြင္ ျပဳလုပ္ခဲ့တ့ဲေလ့လာမႈက ေႏြးေထြးတဲ့ေျခလက္ေတြသည္ လူတစ္ေယာက္ကို အလ်င္အျမန္ အိပ္ေမာက်ေစပါတယ္။ အဲဒါေၾကာင့္ ညအိပ္တဲ့အခါ ေျခေထာက္ေတြေအးေနတယ္ဆိုရင္ ေႏြးသြားေအာင္ ေျခအိတ္၀တ္ျပီး အိပ္သင့္ပါတယ္ …။

(၃) ပူေဖာင္းမႈတ္ပါ။

ပူေဖာင္းေတြဟာ ကေလးကစားစရာအျဖစ္သာ အသံုး၀င္တာမဟုတ္ပါဘူး။ သင့္ကို အိပ္ေပ်ာ္ေအာင္လုပ္ႏိုင္တဲ့အစြမ္းသတၱိ ပူေဖာင္းေတြမွာ ရိွပါတယ္။ အိပ္မေပ်ာ္တဲ့အခါ ပူေဖာင္းမႈတ္ေပးျခင္းက အသက္ရႈေလ့က်င့္ခန္းလုပ္ျခင္းျဖစ္ျပီး သင့္ႏွလံုးခုန္ႏႈန္းကို ေႏွးေစျပီး သင့္ကို အိပ္မေပ်ာ္ျဖစ္ေစသည့္ ေတာင္ေတြးေျမာက္ေတြးျခင္းမွလည္း ကာကြယ္ေပးႏိုင္ပါတယ္ …။

(၄) ၄-၇-၈ ေလ့က်င့္ခန္း

ဒီေလ့က်င့္ခန္းက သင့္ကို စကၠန္႕၆၀အတြင္း အိပ္ေမာက်ေစပါလိမ့္မည္။ အိႏိၵယေရွးေဟာင္းအသက္ရႈေလ့က်င့္ခန္းတစ္ခုကို အေျခခံထားျပီး ခႏၶာကိုယ္က ကာဗြန္ဒိုင္ေအာက္ဆိုဒ္ထုတ္လႊင့္မႈကို အကူအညီေပးသည္။ဒီေလ့က်င့္ခန္းကိုမွန္မွန္လုပ္ဖို႕ ပထမဦးစြာ သင့္လွ်ထိပ္ဖ်ားကို ေရွ႕သြားေနာက္တြင္ ထားပါ။ ျပီးရင္ ေအာက္ပါတို႕ကို ျပဳလုပ္ပါ …။

၁။ ပါးစပ္ကေန ေလရွဴထုတ္ပါ …။

၂။ ပါးစပ္ပိတ္ျပီး ႏွာေခါင္းကေန ေလရွဴသြင္းပါ။ စိတ္ကေန တစ္ ႏွစ္ သံုး ေလး ေရ ပါ …။

၃။ တစ္ ကေန ခုႏွစ္အထိေရျပီး အသက္ရွဴ ရပ္ထားပါ …။

၄။ ပါးစပ္ကေန ေလရွဴထုတ္ျပီး ရွစ္အထိ ေရပါ …။

၅။ ေလရွဴသြင္းပါ။ အၾကိမ္ေရ သံုးခါထက္ မနည္းျပဳလုပ္ပါ …။

(၅) လာဗန္ဒါဖေယာင္းတိုင္၀ယ္ပါ။

လာဗန္ဒါဖေယာင္းတုိင္က အခန္းအလွဆင္ဖို႕ အတြက္တင္ အသံုး၀င္တာမဟုတ္ပါဘူး။ လာဗန္ဒါရဲ႕အနံ႕က စိတ္တည္ျငိမ္ေစျပီးအိပ္ေပ်ာ္ေစပါသည္။ ၂၀၀၅ခုႏွစ္တြင္ျပဳလုပ္တဲ့ေလ့လာေတြ႕ရိွခ်က္အရ လာဗန္ဒါအနံ႕ကို မအိပ္ခင္ ရွဴျပီးအိပ္သူမ်ားသည္ မအိပ္သူမ်ားထက္ ပိုျပီးႏွစ္ႏွစ္ျခိဳက္ျခိဳက္ အိပ္ေပ်ာ္ေစျပီး နံနက္ခင္းတြင္ ပိုျပီးလန္းဆန္းတက္ၾကြေနတတ္ပါတယ္ …။

(၆) ေခါင္းအံုးေျပာင္းအိပ္ပါ။

အထက္ပါနည္းလမ္းေတြက သင့္အတြက္ အဆင္မေျပဘူးဆိုရင္ေတာ့ သက္ေတာင့္သက္သာျဖစ္ျပီး လြယ္ကူတဲ့နည္းလမ္းျဖစ္တဲ့ ေခါင္းအံုးေျပာင္းျပီး အိပ္ၾကည့္လိုက္ပါေနာ္ …။ ။

Myo Myo (auntymay)

Ref: medicaldaily.com

Unicode

သင့်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမည့် ထူးခြားတဲ့ နည်းလမ်း (၆) မျိုး

အရွယ်ရောက်ပြီးသူ သုံးဦးတွင် တစ်ဦးသည် ဘဝမှာ တစ်ချိန်ချိန်တော့ အိပ်မပျော်တဲ့ရောဂါကို ခံစားရတတ်ပါတယ်။ အိပ်မပျော်လို့ တစ် နှစ် သုံး လေး ရေတွက်တာက သင့်အတွက် အလုပ်မဖြစ်ဘူးဆိုရင်၊ အိပ်ဆေးတွေ မသောက်ချင်ဘူးဆိုရင်သင့်ကို အကူအညီပေးမယ့် သိပ္ပံနည်းကျထူးခြားသည့် အိပ်ပျော်မည့်နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်နော် …။

(၁) မအိပ်ဘဲနေပါ။

သင်လုပ်ဖို့ကြိုးစားနေတာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ညဘက် မအိပ်ဘဲနေဖို့ ကြိုးစားတဲ့သူတွေက အိပ်ပျော်ဖို့ ကြိုးစားသူတွေထက် မြန်မြန်အိပ်ပျော်တယ်လို့ သုတေသနတွေက ပြောထားပါတယ်။သင့်မျက်လုံးကို ကျယ်ကျယ်ဖွင့်ပြီး ငါ မအိပ်ဘူးလို့ ထပ်ခါထပ်ခါပြောပါလို့ စိတ်ကုထုံးပညာရှင် ဂျူရီဟစ်က ဆိုပါတယ်။ ဦးနှောက်က အငြင်းဝါကျတွေကို လက်မခံဘူး။ အဲဒါကြောင့် ငါ မအိပ်ဘူးလို့ ထပ်ခါထပ်ခါပြောပြီး မျက်လုံးကြွက်သားတွေကိုညာပင်ပန်းအောင်လုပ်ပေးရင် မြန်မြန်အိပ်ပျော်စေပါတယ် …။

(၂) ခြေအိတ်ဝတ်ပြီး အိပ်ပါ။

သုတေသနတော်တော်များများက ခြေလက်တွေ အေးတာက အိပ်ပျော်စေတဲ့လို့ပြောပေမယ့် ဆွစ်ဇာလန်နိုင်ငံက ၁၉၉၉ခုနှစ်တွင် ပြုလုပ်ခဲ့တဲ့လေ့လာမှုက နွေးထွေးတဲ့ခြေလက်တွေသည် လူတစ်ယောက်ကို အလျင်အမြန် အိပ်မောကျစေပါတယ်။ အဲဒါကြောင့် ညအိပ်တဲ့အခါ ခြေထောက်တွေအေးနေတယ်ဆိုရင် နွေးသွားအောင် ခြေအိတ်ဝတ်ပြီး အိပ်သင့်ပါတယ် …။

(၃) ပူဖောင်းမှုတ်ပါ။

ပူဖောင်းတွေဟာ ကလေးကစားစရာအဖြစ်သာ အသုံးဝင်တာမဟုတ်ပါဘူး။ သင့်ကို အိပ်ပျော်အောင်လုပ်နိုင်တဲ့အစွမ်းသတ္တိ ပူဖောင်းတွေမှာ ရှိပါတယ်။ အိပ်မပျော်တဲ့အခါ ပူဖောင်းမှုတ်ပေးခြင်းက အသက်ရှုလေ့ကျင့်ခန်းလုပ်ခြင်းဖြစ်ပြီး သင့်နှလုံးခုန်နှုန်းကို နှေးစေပြီး သင့်ကို အိပ်မပျော်ဖြစ်စေသည့် တောင်တွေးမြောက်တွေးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ် …။

(၄) ၄-၇-၈ လေ့ကျင့်ခန်း

ဒီလေ့ကျင့်ခန်းက သင့်ကို စက္ကန့်၆၀အတွင်း အိပ်မောကျစေပါလိမ့်မည်။ အိန္ဒိယရှေးဟောင်းအသက်ရှုလေ့ကျင့်ခန်းတစ်ခုကို အခြေခံထားပြီး ခန္ဓာကိုယ်က ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှင့်မှုကို အကူအညီပေးသည်။ဒီလေ့ကျင့်ခန်းကိုမှန်မှန်လုပ်ဖို့ ပထမဦးစွာ သင့်လျှထိပ်ဖျားကို ရှေ့သွားနောက်တွင် ထားပါ။ ပြီးရင် အောက်ပါတို့ကို ပြုလုပ်ပါ …။

၁။ ပါးစပ်ကနေ လေရှူထုတ်ပါ …။

၂။ ပါးစပ်ပိတ်ပြီး နှာခေါင်းကနေ လေရှူသွင်းပါ။ စိတ်ကနေ တစ် နှစ် သုံး လေး ရေ ပါ …။

၃။ တစ် ကနေ ခုနှစ်အထိရေပြီး အသက်ရှူ ရပ်ထားပါ …။

၄။ ပါးစပ်ကနေ လေရှူထုတ်ပြီး ရှစ်အထိ ရေပါ …။

၅။ လေရှူသွင်းပါ။ အကြိမ်ရေ သုံးခါထက် မနည်းပြုလုပ်ပါ …။

(၅) လာဗန်ဒါဖယောင်းတိုင်ဝယ်ပါ။

လာဗန်ဒါဖယောင်းတိုင်က အခန်းအလှဆင်ဖို့ အတွက်တင် အသုံးဝင်တာမဟုတ်ပါဘူး။ လာဗန်ဒါရဲ့အနံ့က စိတ်တည်ငြိမ်စေပြီးအိပ်ပျော်စေပါသည်။ ၂၀၀၅ခုနှစ်တွင်ပြုလုပ်တဲ့လေ့လာတွေ့ရှိချက်အရ လာဗန်ဒါအနံ့ကို မအိပ်ခင် ရှူပြီးအိပ်သူများသည် မအိပ်သူများထက် ပိုပြီးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပြီး နံနက်ခင်းတွင် ပိုပြီးလန်းဆန်းတက်ကြွနေတတ်ပါတယ် …။

(၆) ခေါင်းအုံးပြောင်းအိပ်ပါ။

အထက်ပါနည်းလမ်းတွေက သင့်အတွက် အဆင်မပြေဘူးဆိုရင်တော့ သက်တောင့်သက်သာဖြစ်ပြီး လွယ်ကူတဲ့နည်းလမ်းဖြစ်တဲ့ ခေါင်းအုံးပြောင်းပြီး အိပ်ကြည့်လိုက်ပါနော် …။ ။

Myo Myo (auntymay)

Ref: medicaldaily.com