(၄) မထိတထိ အနမ်းလေးတွေ၊
Crd လေးစားစွာဖြင့်
Unicode Version ဖြင့်ဖတ်ရန်
အချစ်စိတ်ကိုပိုပြီး နိုးကြားလာစေမယ့် အပြုအမူလေးတွေ…
မထိတထိ အနမ်းလေးတွေကတော့ အချစ်စိတ်တွေကို ထူးထူးခြားခြား နိုးကြားစေပါတယ်။ ဖတ်ကြည့်လိုက်ပါနော် …။
အနမ်းလေးတွေထဲကမှ မထိတထိ အနမ်းလေးတွေကတော့ အနမ်းခံရသူရဲ့ ရင်ထဲက အချစ်စိတ်တွေကို ထူးထူးခြားခြား နိုးကြားစေနိုင်ပါတယ် …။
ကိုယ့်ရဲ့ အပြုအမူလေးတွေကြောင့် ကိုယ်ချစ်ရသူက ကိုယ့်ကိုပိုပိုပြီး ချစ်လာတာမျိုးကို လူတိုင်း လိုချင်ကြမယ်လို့ ထင်ပါတယ် …။
ဒါကြောင့် ဘယ်လို အပြုအမူလေးတွေက ကိုယ့်ချစ်သူရဲ့ အချစ်စိတ်ကို ပိုပြီး နိုးကြားတက်ကြွလာစေသလဲ ဆိုတာ ပြောပြပေးချင်ပါတယ်နော် …။
အချစ်ကလေးတို့ကို ချစ်သူက ပိုပို ချစ်လာစေဖို့ အတွက်ပါ …။
(၁) နားနားကပ်ပြောတဲ့ စကားတိုးတိုးလေးတွေ
နှစ်ကိုယ်ကြားစကားလေးတွေကို ချစ်သူရဲ့ နားနားကပ်ပြီး ခပ်တိုးတိုးလေး ပြောရတာက ရင်ခုန်စရာကောင်းသလို၊ ပျော်စရာလည်း ကောင်းလှတဲ့ အပြုအမူလေး ဖြစ်ပါတယ် …။
ကိုယ့်ရဲ့ နှုတ်ခမ်းသားနဲ့ ချစ်သူရဲ့ နားရွက်နားလေး မထိတထိ ဖြစ်နေတဲ့ အနေအထားလေးက သူ့ရင်ထဲက အချစ်တွေကို လှိုင်းလုံးတွေလို ရုန်းကြွစေမယ့် အပြုအမူလေး တစ်ခုပါပဲ …။
(၂) မနာကျင်အောင် ကိုက်တာ
ချစ်သူလေးကို အသဲယားပြီး ကိုက်ဖူးကြသလား၊ သွားကြီးနဲ့ ကိုက်လိုက်တာမျိုး မဟုတ်ဘဲ
နှုတ်ခမ်းသားလေးနဲ့ ဖိကိုက်တာမျိုးလေးက အချစ်စိတ်ကို တကယ့်ကို နိုးကြားစေတဲ့ အပြုအမူလေးပါ …။
ကောင်လေးတွေက အားအားနေ လိုက်ကိုက်တတ်တဲ့ ကောင်မလေးတွေကို အသဲယားပြီး ပိုချစ်တတ်တယ်လို့ ဆိုကြပါတယ် …။
(၃) တင်းတင်းကျပ်ကျပ် ပွေ့ဖက်တာ
တင်းတင်းကျပ်ကျပ် ပွေ့ဖက်ခြင်းက တစ်ယောက်ရဲ့ စိတ်ခံစားချက်တွေကို တစ်ယောက်ဆီ အလျင်မြန်ဆုံး ကူးစက်စေတဲ့ နည်းလမ်းလေးဆိုလည်း မမှားပါဘူး …။
တစ်ယောက်နဲ့ တစ်ယောက် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ပြီး အချစ်စိတ် ခံစားချက်တွေကို နှစ်ဆ တိုးပွားစေလိုက်ပါ …။
(၄) မထိတထိ အနမ်းလေးတွေ၊
အနမ်းလေးတွေ ဆိုတာက ချစ်သူတွေအတွက်တော့ အချစ်ရဲ့ ရေသောက်မြစ်ကြီး တစ်ခုလိုပါပဲ …။
ဒါကြောင့် အချစ်တွေ မခမ်းသွားဖို့ ချစ်သူတွေကြားမှာ အနမ်းအဆက်အသွယ်တွေ မပျက်သင့်ပါဘူး …။
အနမ်းလေးတွေထဲကမှ မထိတထိအနမ်းလေးတွေကတော့ အနမ်းခံရသူရဲ့ ရင်ထဲက အချစ်စိတ်တွေကို ထူးထူးခြားခြား နိုးကြားစေနိုင်ပါတယ်နော် ….။
Crd လေးစားစွာဖြင့်