အခ်စ္ေရး၊အိမ္ေထာင္ေရး အဆင္ေျပဖို႔ ဒီနည္းကို မျဖစ္မေနသုံးပါ…

အခ်စ္ေရး၊အိမ္ေထာင္ေရး အဆင္ေျပဖို႔ ဒီနည္းကို မျဖစ္မေနသုံးပါ…

“ခ်စ္ျခင္းရဲ႕လ်ိဳ႕ဝွက္ခ်က္”

ႏွစ္ေပါင္း ၂၅ ႏွစ္တိုင္ ျပသနာလုံးဝမျဖစ္ေစတဲ့ နည္းေလးပါ။ စုံတြဲေတြ အဆင္ေျပေစခ်င္လြန္းလို႔ ျပန္လည္မွ်ေဝ ေပးလိုက္ပါတယ္ေနာ္ …။

တစ္ခါတုန္းက လင္မယားႏွစ္ေယာက္ဟာ သူတို႔ရဲ႕ အိမ္ေထာင္သက္ ၂၅ ႏွစ္အတြင္းမွာ တစ္ခါမွ ကေတာက္ကဆ မျဖစ္ဖူးဘူးလို႔ ၿမိဳ႕မွာ နာမည္ႀကီးပါတယ္ …။

ဒါေၾကာင့္ နယ္ခံသတင္းစာရဲ႕ အယ္ဒီတာက အဲဒီ ေပ်ာ္႐ႊင္ခ်မ္းေျမ့တဲ့ အိမ္ေထာင္ေရး ရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို ေမးျမန္းေဖာ္ထုတ္ဖို႔ အစီအစဥ္တစ္ခု ျပဳလုပ္လိုက္ပါတယ္ …။

အယ္ဒီတာ ဒီအျဖစ္အပ်က္က မယုံႏိုင္စရာ အံ့အားသင့္ဖို႔ ေကာင္းလြန္းပါတယ္။ ဒီလိုအိမ္ေထာင္ေရးမ်ိဳးကို ဘယ္လိုမ်ား တည္ေဆာက္ခဲ့ၾကပါလဲ ခင္ဗ်ာ။

ေယာက်္ားျဖစ္သူက သူတို႔ရဲ႕ Honeymoon ေန႔ရက္ေတြကို ျပန္ေတြးရင္း ေျပာျပပါတယ္…

“ကြၽန္ေတာ္တို႔ေတြ Honeymoon အတြက္ ႐ွီမလာ (Shimla) ကို သြားခဲ့ၾကပါတယ္။ အဲဒီမွာ ျမင္းစီးသြားမယ္ဆိုၿပီး ျမင္းတစ္ေကာင္စီ စီးၾကတာေပါ့ဗ်ာ။ အဲဒီမွာကြၽန္ေတာ့္ျမင္းက စီးရတာ အဆင္ေျပေပမယ့္ ကြၽန္ေတာ့္မိန္းမစီးတဲ့ ျမင္းကေတာ့ နည္းနည္း႐ိုင္းပုံ ရတယ္ဗ် …။

လမ္းမွာ သြားေနရင္းနဲ႔ပဲ အဲဒီျမင္း ႐ုတ္တရက္ ထခုန္လိုက္တာ ကြၽန္ေတာ့္မိန္းမ ဒယိုင္းဒယိုင္ျဖစ္ၿပီး ျပဳတ္က်ပါေလေရာ။ ဒါေပမယ့္ သူက ေျမႀကီးေပၚကေန လူးလဲထၿပီ ျမင္းရဲ႕ေက်ာကုန္းေလးကို အသာေလးပြတ္ေပးရင္းနဲ႔ ျမင္းကို “ဒါ မင္းရဲ႕ ပထမဆုံး အႀကိမ္ေနာ္…” လို႔ ေျပာပါတယ္ …။

ေျပာၿပီးေတာ့ သူလည္း ျမင္းေက်ာေပၚျပန္တက္ၿပီး ခရီးဆက္ခဲ့ တာေပါ့ဗ်ာ။ ခဏအၾကာမွာ ေစာေစာကလိုပဲ ျဖစ္ျပန္ပါတယ္။ ဒီတစ္ခါမွာလည္း ကြၽန္ေတာ့္မိန္းမက တည္တည္ၿငိမ္ၿငိမ္ပဲ “ဒါ မင္းရဲ႕ ဒုတိယအႀကိမ္ေနာ္…” လို႔ေျပာၿပီး ဆက္သြားၾက ျပန္ပါတယ္ …။

တတိယအႀကိမ္ေျမာက္ ျမင္းက ခါခ်တဲ့အခါမွာေတာ့ ကြၽန္ေတာ့္မိန္းမက ဘာမွမေျပာပဲ ေျခာက္လုံးျပဴးေသနတ္ကို ပိုက္ဆံအိတ္ထဲက ထုတ္ၿပီး ျမင္းကို အေသပစ္သတ္ လိုက္ပါေလေရာဗ်ာ …။

ကြၽန္ေတာ္လည္း ေဒါသထြက္ထြက္နဲ႔” မင္း ဘယ္လို လုပ္လိုက္တာလည္းကြ…သနားစရာေကာင္းတဲ့ တိရိစၧာန္ေလးကို မင္းသတ္ပစ္လိုက္ၿပီ။ မင္း႐ူးေနလား” လို႔ေအာ္လိုက္မိတယ္ …။

အဲဒီအခါ ကြၽန္ေတာ့္မိန္းမက ကြၽန္ေတာ့္ကို ေအးစက္စက္ျပန္ၾကည့္ၿပီး ႏူးညံ့တဲ့ ေလသံေလးနဲ႔ ဘာေျပာလဲဆိုေတာ့ “ဒါ ႐ွင့္ရဲ႕ပထမဆုံး အႀကိမ္ေနာ္…”တဲ့ …။

အဲဒီအခ်ိန္ကစၿပီး ကြၽန္ေတာ္တို႔ေတြ ဘာျပႆနာမွ မ႐ွိဘဲ ႏွစ္ေယာက္အတူတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနလာခဲ့ၾကတာ အခုအခ်ိန္အထိပါပဲေပါ႔ဗ်ာ …။ ။

crd alz

Unicode Version ဖြင့်ဖတ်ရန်

အချစ်ရေး၊အိမ်ထောင်ရေး အဆင်ပြေဖို့ ဒီနည်းကို မဖြစ်မနေသုံးပါ…

“ချစ်ခြင်းရဲ့လျို့ဝှက်ချက်”

နှစ်ပေါင်း ၂၅ နှစ်တိုင် ပြသနာလုံးဝမဖြစ်စေတဲ့ နည်းလေးပါ။ စုံတွဲတွေ အဆင်ပြေစေချင်လွန်းလို့ ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော် …။

တစ်ခါတုန်းက လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ အိမ်ထောင်သက် ၂၅ နှစ်အတွင်းမှာ တစ်ခါမှ ကတောက်ကဆ မဖြစ်ဖူးဘူးလို့ မြို့မှာ နာမည်ကြီးပါတယ် …။

ဒါကြောင့် နယ်ခံသတင်းစာရဲ့ အယ်ဒီတာက အဲဒီ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေး ရဲ့ လျှို့ဝှက်ချက်ကို မေးမြန်းဖော်ထုတ်ဖို့ အစီအစဉ်တစ်ခု ပြုလုပ်လိုက်ပါတယ် …။

အယ်ဒီတာ ဒီအဖြစ်အပျက်က မယုံနိုင်စရာ အံ့အားသင့်ဖို့ ကောင်းလွန်းပါတယ်။ ဒီလိုအိမ်ထောင်ရေးမျိုးကို ဘယ်လိုများ တည်ဆောက်ခဲ့ကြပါလဲ ခင်ဗျာ။

ယောက်ျားဖြစ်သူက သူတို့ရဲ့ Honeymoon နေ့ရက်တွေကို ပြန်တွေးရင်း ပြောပြပါတယ်…

“ကျွန်တော်တို့တွေ Honeymoon အတွက် ရှီမလာ (Shimla) ကို သွားခဲ့ကြပါတယ်။ အဲဒီမှာ မြင်းစီးသွားမယ်ဆိုပြီး မြင်းတစ်ကောင်စီ စီးကြတာပေါ့ဗျာ။ အဲဒီမှာကျွန်တော့်မြင်းက စီးရတာ အဆင်ပြေပေမယ့် ကျွန်တော့်မိန်းမစီးတဲ့ မြင်းကတော့ နည်းနည်းရိုင်းပုံ ရတယ်ဗျ …။

လမ်းမှာ သွားနေရင်းနဲ့ပဲ အဲဒီမြင်း ရုတ်တရက် ထခုန်လိုက်တာ ကျွန်တော့်မိန်းမ ဒယိုင်းဒယိုင်ဖြစ်ပြီး ပြုတ်ကျပါလေရော။ ဒါပေမယ့် သူက မြေကြီးပေါ်ကနေ လူးလဲထပြီ မြင်းရဲ့ကျောကုန်းလေးကို အသာလေးပွတ်ပေးရင်းနဲ့ မြင်းကို “ဒါ မင်းရဲ့ ပထမဆုံး အကြိမ်နော်…” လို့ ပြောပါတယ် …။

ပြောပြီးတော့ သူလည်း မြင်းကျောပေါ်ပြန်တက်ပြီး ခရီးဆက်ခဲ့ တာပေါ့ဗျာ။ ခဏအကြာမှာ စောစောကလိုပဲ ဖြစ်ပြန်ပါတယ်။ ဒီတစ်ခါမှာလည်း ကျွန်တော့်မိန်းမက တည်တည်ငြိမ်ငြိမ်ပဲ “ဒါ မင်းရဲ့ ဒုတိယအကြိမ်နော်…” လို့ပြောပြီး ဆက်သွားကြ ပြန်ပါတယ် …။

တတိယအကြိမ်မြောက် မြင်းက ခါချတဲ့အခါမှာတော့ ကျွန်တော့်မိန်းမက ဘာမှမပြောပဲ ခြောက်လုံးပြူးသေနတ်ကို ပိုက်ဆံအိတ်ထဲက ထုတ်ပြီး မြင်းကို အသေပစ်သတ် လိုက်ပါလေရောဗျာ …။

ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့” မင်း ဘယ်လို လုပ်လိုက်တာလည်းကွ…သနားစရာကောင်းတဲ့ တိရိစ္ဆာန်လေးကို မင်းသတ်ပစ်လိုက်ပြီ။ မင်းရူးနေလား” လို့အော်လိုက်မိတယ် …။

အဲဒီအခါ ကျွန်တော့်မိန်းမက ကျွန်တော့်ကို အေးစက်စက်ပြန်ကြည့်ပြီး နူးညံ့တဲ့ လေသံလေးနဲ့ ဘာပြောလဲဆိုတော့ “ဒါ ရှင့်ရဲ့ပထမဆုံး အကြိမ်နော်…”တဲ့ …။

အဲဒီအချိန်ကစပြီး ကျွန်တော်တို့တွေ ဘာပြဿနာမှ မရှိဘဲ နှစ်ယောက်အတူတူ ပျော်ပျော်ရွှင်ရွှင် နေလာခဲ့ကြတာ အခုအချိန်အထိပါပဲပေါ့ဗျာ …။ ။

crd alz