ေတာ္လည္းေတာ္ ေခ်ာလည္းေခ်ာတဲ့ ေကာင္မေလးေတြ ရည္းစားမရွိရတဲ့အေၾကာင္းအရင္းမ်ား…
ဒီေန႔လို ေခတ္မ်ိဳးမွာ အမ်ားစုကေတာ႔ ကိုယ္စီ ကိုယ္စီ ရည္းစားေတြ ရွိေနၾကပါတယ္ …။
အ႐ြယ္ေရာက္လာတဲ့ ဆယ္ေက်ာ္သက္ အခ်ိန္ကေန လူငယ္အ႐ြယ္ေတြ အသီးသီးမွာ ကိုယ္စီ ခ်စ္ရသူေတြနဲ႔ လက္တြဲေနၾကခ်ိန္မွာ တစ္ခ်ိဳ႕မိန္းကေလးေတြကေတာ့ တစ္ကိုယ္တည္းပဲ Single အျဖစ္နဲ႔ပဲ ရွိေနၾကပါတယ္ …။
သူမ်ားေတြနဲ႔ မတူဘဲ Single ျဖစ္ေနတာက သူမ်ားေတြနဲ႔ မတူတဲ့ အေျခအေနမ်ိဳးေတြ သူတို႔မွာ ရွိေနၾကလို႔ပဲ ျဖစ္ပါတယ္ …။
သူတို႔ေတြကေတာ့ ဒီအေၾကာင္းအရင္းေတြေၾကာင့္ Single ျဖစ္ေနတာပါေနာ္ …။
(၁) ရည္းစားရွိတယ္လို႔ အထင္ခံရလို႔”
ေခ်ာတဲ့ေကာင္မေလးေတြ အမ်ားစုကေတာ့ သူတို႔ကို ရည္းစားရွိတယ္လို႔ အၿမဲ အထင္ခံရေလ့ ရွိပါတယ္ …။
သူတို႔ကို ရည္းစား ရွိမယ္လို႔ ယူဆၾကလို႔ သူတို႔ကို ရည္းစားစကား အေျပာ မခံရေတာ့တာေတြ ရွိတတ္ပါတယ္ …။
ဒီအတြက္ သူတို႔ေတြက ရည္းစားရဖို႔ မလြယ္ကူၾကတာပဲ ျဖစ္ပါတယ္ …။
(၂) ရွိန္လို႔”
ေတာ္တဲ့ ေကာင္မေလးတို႔၊ ေခ်ာတဲ့ ေကာင္မေလးတို႔ဆိုရင္ လူအမ်ားက အလိုလို ရွိန္ေနတာမ်ိဳေတြး ျဖစ္တတ္ၾကပါတယ္ …။
ပုံမွန္လူနဲ႔ မတူသလိုလည္း ဆက္ဆံ ခံၾကရသလို ဒီအတြက္ တျခားေသာသူေတြကလည္း ကိုယ့္ကို လြယ္လြယ္နဲ႔ မခ်ဥ္းကပ္ရဲ ၾကတာမ်ိဳးေတြလည္း ရွိပါတယ္ …။
ေကာင္ေလးေတြကလည္း ကိုယ့္ကို ရွိန္ေနလို႔ သူတို႔မွာ ေကာင္ေလးေတြနဲ႔ မနီးစပ္ႏိုင္တဲ့ အေျခအေနမ်ိဳး ျဖစ္ၿပီး ရည္းစားမရ ျဖစ္ေနတတ္တာပါ …။
(၃) ခ်စ္ရမွာ ေၾကာက္လို႔”
သူတို႔ေတြက Single ဘဝမွာ သူမ်ားထက္ၾကာလို႔ ခ်စ္ရမွာကိုလည္း သူမ်ားထက္ ပိုၿပီး ေၾကာက္သြားတတ္ၾကပါတယ္ …။
ကိုယ္ ခ်စ္မိတဲ့သူက ကိုယ့္ကို တကယ္ ခ်စ္တာ မဟုတ္ဘဲ ကိုယ္က ေခ်ာလို႔ ခဏ လာတြဲတာမ်ိဳး အျဖစ္မ်ိဳး ၾကံဳရမွာကိုလည္း ေၾကာက္တတ္ၾကပါတယ္ …။
သူငယ္ခ်င္းေတြဆီက အသည္းကြဲဇာတ္လမ္းေတြေၾကာင့္လည္း ခ်စ္ရမွာကို ေၾကာက္ေနတတ္ပါတယ္ ….။
ဒါေၾကာင့္ ရည္းစားထားဖို႔ မဝံ့မရဲ ျဖစ္ေနၾကတာလည္း ျဖစ္ပါတယ္ …။
(၄) ကိုယ့္ဘဝကို အေကာင္းဆုံးတည္ေဆာက္ေနရလို႔”
ေတာ္တဲ့ ထက္တဲ့ မိန္းကေလးေတြက ကိုယ့္ရဲ႕ ဘဝကို အၿမဲ စူးစိုက္မႈ ရွိေနၾကပါတယ္ …။
သူတို႔ရဲ႕ အိပ္မက္နဲ႔အတူ သူတို႔ရဲ႕ အားထုတ္မႈေတြ ရွိေနၿပီး ဘဝကို အေကာင္းဆုံး တည္ေဆာက္ဖို႔ လုပ္ေနၾကတာပါ …။
ဒီအတြက္ ခ်စ္မႈေရးရာေတြကိုလည္း အာ႐ုံမစိုက္ႏိုင္ျဖစ္ၿပီး ရည္းစား မရွိတဲ့ သူအျဖစ္ ရပ္တည္ေနတတ္ၾကပါတယ္ …။
(၅) တိတ္တိတ္ဆိတ္ဆိတ္ပဲ ေနတတ္လို႔”
တစ္ခ်ိဳ႕က်ေတာ့ တကယ္ပဲ introvert ေတြ ျဖစ္လို႔ လူေတြနဲ႔လည္း သိပ္ၿပီး စကားေျပာေလ့ မရွိပါဘူး …။
စကားမ်ားမ်ား ေျပာရတာ မႀကိဳက္သလို လူအမ်ားႀကီးေတာထဲမွာလည္း အၿမဲ မေနတတ္ၾကပါဘူး …။
တစ္ေယာက္တည္းပဲ သြားလာၿပီး တစ္ေယာက္တည္းပဲ သူငယ္ခ်င္းနည္းနည္းနဲ႔
ဘဝကို ျဖတ္သန္းေနလို႔ ေကာင္ေလးေတြရဲ႕ စိတ္ဝင္စားမႈကို မရရွိဘဲ single ျဖစ္ေနတတ္ၾကတာပါ …။
ေကာင္ေလးေတြက ခ်ဥ္းကပ္ရင္ေတာင္မွ သူတို႔က ျငင္းတတ္ၾကပါေသးတယ္ေနာ္ …။ ။
Credit
Unicode Version ဖြင့်ဖတ်ရန်
တော်လည်းတော် ချောလည်းချောတဲ့ ကောင်မလေးတွေ ရည်းစားမရှိရတဲ့အကြောင်းအရင်းများ…
ဒီနေ့လို ခေတ်မျိုးမှာ အများစုကတော့ ကိုယ်စီ ကိုယ်စီ ရည်းစားတွေ ရှိနေကြပါတယ် …။
အရွယ်ရောက်လာတဲ့ ဆယ်ကျော်သက် အချိန်ကနေ လူငယ်အရွယ်တွေ အသီးသီးမှာ ကိုယ်စီ ချစ်ရသူတွေနဲ့ လက်တွဲနေကြချိန်မှာ တစ်ချို့မိန်းကလေးတွေကတော့ တစ်ကိုယ်တည်းပဲ Single အဖြစ်နဲ့ပဲ ရှိနေကြပါတယ် …။
သူများတွေနဲ့ မတူဘဲ Single ဖြစ်နေတာက သူများတွေနဲ့ မတူတဲ့ အခြေအနေမျိုးတွေ သူတို့မှာ ရှိနေကြလို့ပဲ ဖြစ်ပါတယ် …။
သူတို့တွေကတော့ ဒီအကြောင်းအရင်းတွေကြောင့် Single ဖြစ်နေတာပါနော် …။
(၁) ရည်းစားရှိတယ်လို့ အထင်ခံရလို့”
ချောတဲ့ကောင်မလေးတွေ အများစုကတော့ သူတို့ကို ရည်းစားရှိတယ်လို့ အမြဲ အထင်ခံရလေ့ ရှိပါတယ် …။
သူတို့ကို ရည်းစား ရှိမယ်လို့ ယူဆကြလို့ သူတို့ကို ရည်းစားစကား အပြော မခံရတော့တာတွေ ရှိတတ်ပါတယ် …။
ဒီအတွက် သူတို့တွေက ရည်းစားရဖို့ မလွယ်ကူကြတာပဲ ဖြစ်ပါတယ် …။
(၂) ရှိန်လို့”
တော်တဲ့ ကောင်မလေးတို့၊ ချောတဲ့ ကောင်မလေးတို့ဆိုရင် လူအများက အလိုလို ရှိန်နေတာမျိုတွေး ဖြစ်တတ်ကြပါတယ် …။
ပုံမှန်လူနဲ့ မတူသလိုလည်း ဆက်ဆံ ခံကြရသလို ဒီအတွက် တခြားသောသူတွေကလည်း ကိုယ့်ကို လွယ်လွယ်နဲ့ မချဉ်းကပ်ရဲ ကြတာမျိုးတွေလည်း ရှိပါတယ် …။
ကောင်လေးတွေကလည်း ကိုယ့်ကို ရှိန်နေလို့ သူတို့မှာ ကောင်လေးတွေနဲ့ မနီးစပ်နိုင်တဲ့ အခြေအနေမျိုး ဖြစ်ပြီး ရည်းစားမရ ဖြစ်နေတတ်တာပါ …။
(၃) ချစ်ရမှာ ကြောက်လို့”
သူတို့တွေက Single ဘဝမှာ သူများထက်ကြာလို့ ချစ်ရမှာကိုလည်း သူများထက် ပိုပြီး ကြောက်သွားတတ်ကြပါတယ် …။
ကိုယ် ချစ်မိတဲ့သူက ကိုယ့်ကို တကယ် ချစ်တာ မဟုတ်ဘဲ ကိုယ်က ချောလို့ ခဏ လာတွဲတာမျိုး အဖြစ်မျိုး ကြုံရမှာကိုလည်း ကြောက်တတ်ကြပါတယ် …။
သူငယ်ချင်းတွေဆီက အသည်းကွဲဇာတ်လမ်းတွေကြောင့်လည်း ချစ်ရမှာကို ကြောက်နေတတ်ပါတယ် ….။
ဒါကြောင့် ရည်းစားထားဖို့ မဝံ့မရဲ ဖြစ်နေကြတာလည်း ဖြစ်ပါတယ် …။
(၄) ကိုယ့်ဘဝကို အကောင်းဆုံးတည်ဆောက်နေရလို့”
တော်တဲ့ ထက်တဲ့ မိန်းကလေးတွေက ကိုယ့်ရဲ့ ဘဝကို အမြဲ စူးစိုက်မှု ရှိနေကြပါတယ် …။
သူတို့ရဲ့ အိပ်မက်နဲ့အတူ သူတို့ရဲ့ အားထုတ်မှုတွေ ရှိနေပြီး ဘဝကို အကောင်းဆုံး တည်ဆောက်ဖို့ လုပ်နေကြတာပါ …။
ဒီအတွက် ချစ်မှုရေးရာတွေကိုလည်း အာရုံမစိုက်နိုင်ဖြစ်ပြီး ရည်းစား မရှိတဲ့ သူအဖြစ် ရပ်တည်နေတတ်ကြပါတယ် …။
(၅) တိတ်တိတ်ဆိတ်ဆိတ်ပဲ နေတတ်လို့”
တစ်ချို့ကျတော့ တကယ်ပဲ introvert တွေ ဖြစ်လို့ လူတွေနဲ့လည်း သိပ်ပြီး စကားပြောလေ့ မရှိပါဘူး …။
စကားများများ ပြောရတာ မကြိုက်သလို လူအများကြီးတောထဲမှာလည်း အမြဲ မနေတတ်ကြပါဘူး …။
တစ်ယောက်တည်းပဲ သွားလာပြီး တစ်ယောက်တည်းပဲ သူငယ်ချင်းနည်းနည်းနဲ့
ဘဝကို ဖြတ်သန်းနေလို့ ကောင်လေးတွေရဲ့ စိတ်ဝင်စားမှုကို မရရှိဘဲ single ဖြစ်နေတတ်ကြတာပါ …။
ကောင်လေးတွေက ချဉ်းကပ်ရင်တောင်မှ သူတို့က ငြင်းတတ်ကြပါသေးတယ်နော် …။ ။
Credit