အိုေသြး ပိုင္႐ွင္ေလးေတြကို ခ်စ္သူေတာ္မယ္ဆိုရင္ သိထားသင့္တဲ့ အခ်က္(၇)ခ်က္

အိုေသြး ပိုင္႐ွင္ေလးေတြကို ခ်စ္သူေတာ္မယ္ဆိုရင္ သိထားသင့္တဲ့ အခ်က္(၇)ခ်က္

အခ်စ္ေရး အဆင္ေျပဖို႔ဆိုရင္ ခ်စ္သူႏွစ္ေယာက္က တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ နားလည္ေပးဖို႔ အေရးႀကီးဆုံးပါပဲ …။

ဒါေပမယ့္ ကိုယ့္ခ်စ္သူကို နားလည္ဖို႔ဆိုရင္ သူ႕ရဲ႕ စိတ္ေနစိတ္ထား၊ အမူအက်င့္ေလးေတြကို သိမွျဖစ္မွာပါေနာ္ …။

ဒါေၾကာင့္ အိုေသြး ပိုင္ရွင္ေလးေတြကို ခ်စ္သူေတာ္ထားရင္ ဒီအခ်က္ေလးေတြကိုသိထားမွ သူတို႔ေလးေတြကို နားလည္ေပးနိုင္မွာပဲ ျဖစ္ပါတယ္ …။

(၁) ကိုယ့္ကိုယ္ကိုယုံၾကည္မႈရွိတဲ့ သူေလးေတြ

အိုေသြး ပိုင္ရွင္ေတြဟာ ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိတဲ့ သူေတြျဖစ္တာေၾကာင့္ ေတြေဝတုံ႔ဆိုင္းေနတာမ်ိဳး မရွိပဲ ဆုံးျဖတ္ခ်က္ခ်ရာမွာ ျပတ္သားတတ္ ၾကပါတယ္ …။

ဒါေပမယ့္ တျခားသူေတြအျမင္မွာေတာ့ အားနည္းတဲ့သူ၊ အပ်င္းႀကီးတဲ့ သူတစ္ေယာက္ျဖစ္ေနတတ္ၿပီး ေပ်ာ့ညံ့တယ္လို႔လည္း အထင္ခံရတတ္ပါတယ္ …။

(၂) စိတ္ဓာတ္ ျပင္းထန္တယ္

ျဖစ္ခ်င္တာတစ္ခုကို မျဖစ္ျဖစ္ေအာင္လုပ္တဲ့သူ၊ လိုခ်င္တာကို မရရေအာင္ယူတဲ့သူေတြဆိုတာ အို ေသြးေလးေတြပါ။ စိတ္ဓာတ္ျပင္းထန္ၿပီး ကိုယ္လိုခ်င္တဲ့ result မ်ိဳးမရတာ၊ ရႈံးနိမ့္တာမ်ိဳးဆို လုံးဝလက္ မခံႏိုင္ၾကပါဘူး …။

ကိုယ္ေမၽွာ္လင့္ထားတဲ့ result နဲ႔လြဲသြားရင္ စိတ္ထိခိုက္တတ္ ၾကပါတယ္။ ဒါေၾကာင့္ ေမၽွာ္လင့္ခ်က္ႀကီးႀကီး မထားသင့္တဲ့ သူမ်ိဳးေတြေပါ့ …။

(၃) တျခားသူေတြအတြက္ အရမ္းစဥ္းစားေပးတယ္

အိုေသြးပိုင္ရွင္ေတြဟာ မိသားစုထဲမွာ သိပ္အေရးမပါတဲ့ သူတစ္ေယာက္လို ခံစားရတတ္ၿပီး သူငယ္ခ်င္းေတြကိုေတာ့ အရမ္းကို တန္ဖိုးထားတတ္တဲ့ သူေလးေတြ ျဖစ္ပါတယ္ …။

သူငယ္ခ်င္းေတြကို ဆုံးရႈံးမွာစိုးတာေၾကာင့္ သူတို႔ အတြက္ ဘယ္လိုအကူအညီမ်ိဳးပဲျဖစ္ျဖစ္ ေပးဖို႔ အဆင္သင့္ပါ။ ၿပီးရင္ သူတို႔ေၾကာင့္ ေဘးကလူေတြ တစ္ခုခု ခံစားသြားရမွာ စိုးတဲ့စိတ္နဲ႔ တျခားသူေတြအတြက္ အျမဲစဥ္းစားေပးတတ္တဲ့ သူေလးေတြပါ …။

ဒါေၾကာင့္အခ်စ္ေရးမွာ အိုေသြးပိုင္ရွင္ေတြက အသည္းခြဲလိုက္တယ္ ဆိုတာမရွိသေလာက္ နည္းျပီး သူတို႔ကသာအသည္းခြဲ ခံလိုက္ရတာက မ်ားပါတယ္ …။

(၄) စိတ္ကူးယဥ္ဆန္တယ္၊ အေတြးမ်ားတယ္

အိုေသြးပိုင္ရွင္ေလးေတြေလာက္ စိတ္ကူးယဥ္ဆန္တာ မရွိေတာ့ပါဘူး။ ၿပီးေတာ့ အေတြးေတြလည္း အရမ္းမ်ားတာေၾကာင့္ အျမဲလိုလို စိတ္ရႈပ္ေနတဲ့ ပုံေလးေတြ ေပါက္ေနတာေပါ့ …။

(၅) ဘယ္အေျခအေနပဲျဖစ္ျဖစ္ ေပ်ာ္နိုင္ေအာင္ႀကိဳးစားတတ္ၾကတယ္

သူမ်ားအျမင္မွာ စိတ္ရႈပ္ေနတဲ့ပုံေပါက္ေနေပမယ့္ သူတို႔ကိုယ္တိုင္က သူတို႔ေၾကာင့္တျခားလူေတြ စိတ္အေႏွာက္အယွက္ျဖစ္သြားမွာစိုးလို႔ ဘယ္လိုအေျခအေနပဲ ေရာက္ေရာက္ ေပ်ာ္ေအာင္ႀကိဳးစားၿပီး ေနတတ္ၾကပါတယ္ …။

(၆) စိတ္ခံစားမႈ အတက္အက်ျမန္တယ္

အခုပဲ ေပ်ာ္ေနေပမယ့္ ခဏေနရင္ လြန္ခဲ့တဲ့သုံးႏွစ္ေလာက္က ဝမ္းနည္းစရာကိစၥကိုေတြးမိလို႔ဆိုၿပီး ဝမ္းနည္းေနတာမ်ိဳး …၊

စိတ္ခံစားခ်က္နဲ႔ ပတ္သက္ရင္ အတက္အက် အေျပာင္းအလဲ ျမန္လြန္းတာေၾကာင့္ သူတို႔ခ်စ္သူေတြက သူတို႔ကို စိတ္မရွည္တတ္ၾကပါဘူး …။

(၇) နားလည္ရခက္တယ္

စိတ္ခံစားခ်က္ အတက္အက်ျမန္႐ုံ မကေသးပါဘူး၊ စိတ္ကူးေပါက္ရင္ တစ္ခ်ိန္လုံးစေနာက္ေနတတ္တာမ်ိဳးလည္း ရွိသလို၊ သူ႔ကိုျပန္စရင္ မႀကိဳက္တာမ်ိဳးလည္း ရွိတတ္ပါေသးတယ္ …။

သူစိတ္ဆိုးခ်င္တာကိုဆိုးၿပီး မဆိုးခ်င္ရင္လည္း မဆိုးပါဘူး။ တစ္သမတ္တည္း မွတ္ထားလို႔မရတဲ့ သူေတြပါ။ အိုေသြးပိုင္ရွင္ေတြကို ခ်စ္သူေတာ္ထားရင္ေတာ့ ေတာ္ေတာ္ေလးစိတ္ရွည္ၿပီး နားလည္ေပးမွပဲ ရမွာပါေနာ္ …။ ။

Credit Orginal uploader

Unicode Version ဖြင့်ဖတ်ရန်

အိုသွေး ပိုင်ရှင်လေးတွေကို ချစ်သူတော်မယ်ဆိုရင် သိထားသင့်တဲ့ အချက်(၇)ချက်

အချစ်ရေး အဆင်ပြေဖို့ဆိုရင် ချစ်သူနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်ပေးဖို့ အရေးကြီးဆုံးပါပဲ …။

ဒါပေမယ့် ကိုယ့်ချစ်သူကို နားလည်ဖို့ဆိုရင် သူ့ရဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်လေးတွေကို သိမှဖြစ်မှာပါနော် …။

ဒါကြောင့် အိုသွေး ပိုင်ရှင်လေးတွေကို ချစ်သူတော်ထားရင် ဒီအချက်လေးတွေကိုသိထားမှ သူတို့လေးတွေကို နားလည်ပေးနိုင်မှာပဲ ဖြစ်ပါတယ် …။

(၁) ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ သူလေးတွေ

အိုသွေး ပိုင်ရှင်တွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ သူတွေဖြစ်တာကြောင့် တွေဝေတုံ့ဆိုင်းနေတာမျိုး မရှိပဲ ဆုံးဖြတ်ချက်ချရာမှာ ပြတ်သားတတ် ကြပါတယ် …။

ဒါပေမယ့် တခြားသူတွေအမြင်မှာတော့ အားနည်းတဲ့သူ၊ အပျင်းကြီးတဲ့ သူတစ်ယောက်ဖြစ်နေတတ်ပြီး ပျော့ညံ့တယ်လို့လည်း အထင်ခံရတတ်ပါတယ် …။

(၂) စိတ်ဓာတ် ပြင်းထန်တယ်

ဖြစ်ချင်တာတစ်ခုကို မဖြစ်ဖြစ်အောင်လုပ်တဲ့သူ၊ လိုချင်တာကို မရရအောင်ယူတဲ့သူတွေဆိုတာ အို သွေးလေးတွေပါ။ စိတ်ဓာတ်ပြင်းထန်ပြီး ကိုယ်လိုချင်တဲ့ result မျိုးမရတာ၊ ရှုံးနိမ့်တာမျိုးဆို လုံးဝလက် မခံနိုင်ကြပါဘူး …။

ကိုယ်မျှော်လင့်ထားတဲ့ result နဲ့လွဲသွားရင် စိတ်ထိခိုက်တတ် ကြပါတယ်။ ဒါကြောင့် မျှော်လင့်ချက်ကြီးကြီး မထားသင့်တဲ့ သူမျိုးတွေပေါ့ …။

(၃) တခြားသူတွေအတွက် အရမ်းစဉ်းစားပေးတယ်

အိုသွေးပိုင်ရှင်တွေဟာ မိသားစုထဲမှာ သိပ်အရေးမပါတဲ့ သူတစ်ယောက်လို ခံစားရတတ်ပြီး သူငယ်ချင်းတွေကိုတော့ အရမ်းကို တန်ဖိုးထားတတ်တဲ့ သူလေးတွေ ဖြစ်ပါတယ် …။

သူငယ်ချင်းတွေကို ဆုံးရှုံးမှာစိုးတာကြောင့် သူတို့ အတွက် ဘယ်လိုအကူအညီမျိုးပဲဖြစ်ဖြစ် ပေးဖို့ အဆင်သင့်ပါ။ ပြီးရင် သူတို့ကြောင့် ဘေးကလူတွေ တစ်ခုခု ခံစားသွားရမှာ စိုးတဲ့စိတ်နဲ့ တခြားသူတွေအတွက် အမြဲစဉ်းစားပေးတတ်တဲ့ သူလေးတွေပါ …။

ဒါကြောင့်အချစ်ရေးမှာ အိုသွေးပိုင်ရှင်တွေက အသည်းခွဲလိုက်တယ် ဆိုတာမရှိသလောက် နည်းပြီး သူတို့ကသာအသည်းခွဲ ခံလိုက်ရတာက များပါတယ် …။

(၄) စိတ်ကူးယဉ်ဆန်တယ်၊ အတွေးများတယ်

အိုသွေးပိုင်ရှင်လေးတွေလောက် စိတ်ကူးယဉ်ဆန်တာ မရှိတော့ပါဘူး။ ပြီးတော့ အတွေးတွေလည်း အရမ်းများတာကြောင့် အမြဲလိုလို စိတ်ရှုပ်နေတဲ့ ပုံလေးတွေ ပေါက်နေတာပေါ့ …။

(၅) ဘယ်အခြေအနေပဲဖြစ်ဖြစ် ပျော်နိုင်အောင်ကြိုးစားတတ်ကြတယ်

သူများအမြင်မှာ စိတ်ရှုပ်နေတဲ့ပုံပေါက်နေပေမယ့် သူတို့ကိုယ်တိုင်က သူတို့ကြောင့်တခြားလူတွေ စိတ်အနှောက်အယှက်ဖြစ်သွားမှာစိုးလို့ ဘယ်လိုအခြေအနေပဲ ရောက်ရောက် ပျော်အောင်ကြိုးစားပြီး နေတတ်ကြပါတယ် …။

(၆) စိတ်ခံစားမှု အတက်အကျမြန်တယ်

အခုပဲ ပျော်နေပေမယ့် ခဏနေရင် လွန်ခဲ့တဲ့သုံးနှစ်လောက်က ဝမ်းနည်းစရာကိစ္စကိုတွေးမိလို့ဆိုပြီး ဝမ်းနည်းနေတာမျိုး …၊

စိတ်ခံစားချက်နဲ့ ပတ်သက်ရင် အတက်အကျ အပြောင်းအလဲ မြန်လွန်းတာကြောင့် သူတို့ချစ်သူတွေက သူတို့ကို စိတ်မရှည်တတ်ကြပါဘူး …။

(၇) နားလည်ရခက်တယ်

စိတ်ခံစားချက် အတက်အကျမြန်ရုံ မကသေးပါဘူး၊ စိတ်ကူးပေါက်ရင် တစ်ချိန်လုံးစနောက်နေတတ်တာမျိုးလည်း ရှိသလို၊ သူ့ကိုပြန်စရင် မကြိုက်တာမျိုးလည်း ရှိတတ်ပါသေးတယ် …။

သူစိတ်ဆိုးချင်တာကိုဆိုးပြီး မဆိုးချင်ရင်လည်း မဆိုးပါဘူး။ တစ်သမတ်တည်း မှတ်ထားလို့မရတဲ့ သူတွေပါ။ အိုသွေးပိုင်ရှင်တွေကို ချစ်သူတော်ထားရင်တော့ တော်တော်လေးစိတ်ရှည်ပြီး နားလည်ပေးမှပဲ ရမှာပါနော် …။ ။

Credit Orginal uploader

Leave a Comment