ကိုယ့္ခ်စ္သူက ကိုယ့္ကိုလက္ထပ္မလားဆိုတာသိႏိုင္မယ့္ အခ်က္(၅)ခ်က္…

ကိုယ့္ခ်စ္သူက ကိုယ့္ကိုလက္ထပ္မလားဆိုတာသိႏိုင္မယ့္ အခ်က္(၅)ခ်က္…

ခ်စ္ရတဲ႔ အတြဲေလးတို႔ေရ ကိုယ့္ခ်စ္သူ ကိုယ့္ကို လက္ထပ္မလားဆိုတာ သိႏိုင္မယ့္ အခ်က္(၅) ခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္။ ဒါမွ ႀကိဳတင္မွန္းဆ ႏိုင္မယ္ေနာ္ …။

တစ္ေယာက္နဲ႔ တစ္ေယာက္ ဘယ္ေလာက္ခ်စ္ခ်စ္ လက္ထပ္ျဖစ္ၾကဖို႔ဆိုတာ ထင္သေလာက္ေတာ႔ မလြယ္လွပါဘူး။ ႏွစ္ေတြ ဘယ္ေလာက္ၾကာေအာင္တြဲတြဲ ကိုယ္နဲ႔ တြဲေနတဲ့သူက ကိုယ့္ကို လက္တြဲခ်င္စိတ္ ႐ွိဖို႔ပါ။ ဒီေတာ႔ ကိုယ္အခု တြဲေနတဲ့ ကိုယ့္ခ်စ္သူက ကိုယ့္ကို လက္ထပ္ခ်င္စိတ္ ႐ွိလားဆိုတာ မွန္းၾကည့္လို႔ ရႏိုင္မယ့္ အခ်က္(၅)ခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္ …။

သူ႔မိဘေတြနဲ႔ မိတ္ဆက္ေပးထားတယ္။

သူ႕မိဘ ဘယ္သူဆိုတာ ေျပာျပတယ္။ မိသားစုဝင္ေတြအေၾကာင္းလည္း ေသခ်ာ ေျပာျပထားတာမ်ိဳး ႐ွိရမယ္။ ေနာက္ၿပီး သူ႕ရဲ႕ မိသားစုဝင္ ကိစၥေတြကိုလည္း တိုင္ပင္ေဆြးေႏြးတာမ်ိဳး ႐ွိၿပီး သူ႕မိဘေတြကလည္း ကိုယ့္ကို သိေနတာမ်ိဳး ျဖစ္ေနတယ္ဆိုရင္ေတာ့ ဒါဟာ လက္ထပ္ဖို႔ ရည္႐ြယ္ထားတာပဲ ျဖစ္ပါတယ္ …။

ေနာင္ေရးအတြက္ ေဆြးေႏြးထားတယ္။

ခ်စ္သူဘဝမွာတင္ လက္ထပ္ၿပီးရင္ ဆိုတဲ့ အေတြးေလးေတြ ႐ွိေနတယ္။ အတူတူ ေနတဲ့အခါ အဆင္ေျပဖို႔နဲ႔ စီးပြားေရး လုပ္ငန္းေလး တခုခု ႐ွိဖို႔ ေျပာေနတယ္ဆိုရင္ေတာ့ ဒါဟာ ကိုယ့္ကို လက္ထပ္မယ္ဆိုတဲ့ အေျခအေနမွာ ႐ွိလို႔ပဲ ျဖစ္ပါတယ္ …။

ႀကိဳးစားေနတယ္

ကိုယ္နဲ႔ လက္ထပ္ဖို႔အတြက္ အေျပာနဲ႔တင္ မဟုတ္ဘဲ တကယ္ပဲ ႀကိဳးစားၿပီး ပိုက္ဆံစုေနတာမ်ိဳး၊ အလုပ္ေတြ ေသခ်ာ လုပ္ေနတာမ်ိဳးက တကယ့္ကို လက္ထပ္မယ့္ အေျခအေနတစ္ခုပဲ ျဖစ္ပါတယ္။ အလုပ္နဲ႔ သက္ေသျပေနတဲ့သူ ဆိုရင္ေတာ့ တကယ္ လက္မလႊတ္သင့္ပါဘူး …။

ကိုယ့္ကို လက္ထပ္ခ်င္ေၾကာင္း ေျပာမယ္။

ကိုယ့္ကို လက္ထပ္မယ္ဆိုတဲ့ စိတ္ကူး႐ွိတဲ့သူကေတာ့ ကိုယ့္ကို လက္ထပ္ခ်င္ေၾကာင္း ေျပာကို ေျပာမွာပါ။ မနက္ခင္းဆို အတူတူ အိပ္ယာႏိုးခ်င္တာမ်ိဳး၊ ထမင္းဟင္း အတူတူ ခ်က္ခ်င္တာမ်ိဳးေလးေတြ ေျပာေနမယ္ဆိုရင္ေတာ့ သူ႕ရင္ထဲမွာ ကိုယ္က အျပည့္အဝ႐ွိလို႔ပဲ ျဖစ္ပါတယ္ …။

ကိုယ့္မိသားစုအေၾကာင္း

သူ႕မိသားစုဝင္ေတြနဲ႔ မိတ္ဆက္ေပးထား႐ုံတင္မကဘဲ ကိုယ့္ရဲ႕ မိသားစုဝင္ေတြ အေၾကာင္းကိုပါ စိတ္ဝင္စားတယ္ဆိုရင္ေတာ့ ဒါဟာ တကယ့္ကို အေလးအနက္ထားတာပါပဲ။ ဒီလိုအခ်က္ေတြဟာ တကယ္လက္တြဲမယ္ဆိုၿပီး ရည္႐ြယ္ထားတဲ့ သူေတြမွာသာ ႐ွိတာပါ။ ကိုယ့္မိသားစုရဲ႕အေၾကာင္းေတြကို ကူညီေျဖ႐ွင္းေပးတယ္ဆိုရင္ေတာ့ လက္ထပ္မွာပါေနာ္ …။ ။

ခရက္ဒစ္

Unicode Version ဖြင့်ဖတ်ရန်

ကိုယ့်ချစ်သူက ကိုယ့်ကိုလက်ထပ်မလားဆိုတာသိနိုင်မယ့် အချက်(၅)ချက်…

ချစ်ရတဲ့ အတွဲလေးတို့ရေ ကိုယ့်ချစ်သူ ကိုယ့်ကို လက်ထပ်မလားဆိုတာ သိနိုင်မယ့် အချက်(၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ ဒါမှ ကြိုတင်မှန်းဆ နိုင်မယ်နော် …။

တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ချစ်ချစ် လက်ထပ်ဖြစ်ကြဖို့ဆိုတာ ထင်သလောက်တော့ မလွယ်လှပါဘူး။ နှစ်တွေ ဘယ်လောက်ကြာအောင်တွဲတွဲ ကိုယ်နဲ့ တွဲနေတဲ့သူက ကိုယ့်ကို လက်တွဲချင်စိတ် ရှိဖို့ပါ။ ဒီတော့ ကိုယ်အခု တွဲနေတဲ့ ကိုယ့်ချစ်သူက ကိုယ့်ကို လက်ထပ်ချင်စိတ် ရှိလားဆိုတာ မှန်းကြည့်လို့ ရနိုင်မယ့် အချက်(၅)ချက်ကို ဖော်ပြပေးလိုက်ပါတယ် …။

သူ့မိဘတွေနဲ့ မိတ်ဆက်ပေးထားတယ်။

သူ့မိဘ ဘယ်သူဆိုတာ ပြောပြတယ်။ မိသားစုဝင်တွေအကြောင်းလည်း သေချာ ပြောပြထားတာမျိုး ရှိရမယ်။ နောက်ပြီး သူ့ရဲ့ မိသားစုဝင် ကိစ္စတွေကိုလည်း တိုင်ပင်ဆွေးနွေးတာမျိုး ရှိပြီး သူ့မိဘတွေကလည်း ကိုယ့်ကို သိနေတာမျိုး ဖြစ်နေတယ်ဆိုရင်တော့ ဒါဟာ လက်ထပ်ဖို့ ရည်ရွယ်ထားတာပဲ ဖြစ်ပါတယ် …။

နောင်ရေးအတွက် ဆွေးနွေးထားတယ်။

ချစ်သူဘဝမှာတင် လက်ထပ်ပြီးရင် ဆိုတဲ့ အတွေးလေးတွေ ရှိနေတယ်။ အတူတူ နေတဲ့အခါ အဆင်ပြေဖို့နဲ့ စီးပွားရေး လုပ်ငန်းလေး တခုခု ရှိဖို့ ပြောနေတယ်ဆိုရင်တော့ ဒါဟာ ကိုယ့်ကို လက်ထပ်မယ်ဆိုတဲ့ အခြေအနေမှာ ရှိလို့ပဲ ဖြစ်ပါတယ် …။

ကြိုးစားနေတယ်

ကိုယ်နဲ့ လက်ထပ်ဖို့အတွက် အပြောနဲ့တင် မဟုတ်ဘဲ တကယ်ပဲ ကြိုးစားပြီး ပိုက်ဆံစုနေတာမျိုး၊ အလုပ်တွေ သေချာ လုပ်နေတာမျိုးက တကယ့်ကို လက်ထပ်မယ့် အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ အလုပ်နဲ့ သက်သေပြနေတဲ့သူ ဆိုရင်တော့ တကယ် လက်မလွှတ်သင့်ပါဘူး …။

ကိုယ့်ကို လက်ထပ်ချင်ကြောင်း ပြောမယ်။

ကိုယ့်ကို လက်ထပ်မယ်ဆိုတဲ့ စိတ်ကူးရှိတဲ့သူကတော့ ကိုယ့်ကို လက်ထပ်ချင်ကြောင်း ပြောကို ပြောမှာပါ။ မနက်ခင်းဆို အတူတူ အိပ်ယာနိုးချင်တာမျိုး၊ ထမင်းဟင်း အတူတူ ချက်ချင်တာမျိုးလေးတွေ ပြောနေမယ်ဆိုရင်တော့ သူ့ရင်ထဲမှာ ကိုယ်က အပြည့်အဝရှိလို့ပဲ ဖြစ်ပါတယ် …။

ကိုယ့်မိသားစုအကြောင်း

သူ့မိသားစုဝင်တွေနဲ့ မိတ်ဆက်ပေးထားရုံတင်မကဘဲ ကိုယ့်ရဲ့ မိသားစုဝင်တွေ အကြောင်းကိုပါ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒါဟာ တကယ့်ကို အလေးအနက်ထားတာပါပဲ။ ဒီလိုအချက်တွေဟာ တကယ်လက်တွဲမယ်ဆိုပြီး ရည်ရွယ်ထားတဲ့ သူတွေမှာသာ ရှိတာပါ။ ကိုယ့်မိသားစုရဲ့အကြောင်းတွေကို ကူညီဖြေရှင်းပေးတယ်ဆိုရင်တော့ လက်ထပ်မှာပါနော် …။ ။

ခရက်ဒစ်

Leave a Comment