ႏွစ္ေတြ အၾကာႀကီးခ်စ္ခဲ့ၿပီးမွ လမ္းခြဲခဲ့တယ္ ဆိုတာ…

ႏွစ္ေတြ အၾကာႀကီးခ်စ္ခဲ့ၿပီးမွ လမ္းခြဲခဲ့တယ္ ဆိုတာ…

ႏွစ္ေတြအၾကာႀကီး လက္တြဲၿပီးမွ လူႏွစ္ေယာက္ သေဘာထားခ်င္း မတိုက္ဆိုင္လို႔ဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ လမ္းခြဲျပတ္စဲၾကတာ ဘာလို႔လဲတဲ့ …….၊

အခ်စ္ဆိုတာ ႏွစ္ေတြနဲ႔ မဆိုင္ပါဘူး ၊ ႏွစ္ေတြၾကာသြား႐ုံနဲ႔ ပိုၿပီးခ်စ္လာလိမ့္မယ္လို႔ မထင္ေစခ်င္ဘူး …။

သူစိမ္းႏွစ္ေယာက္ အခ်စ္တစ္ခုနဲ႔ စတင္ေတြ႕႐ွိခဲ့တဲ့ အခ်ိန္ကစလို႔ ႏွစ္ေတြ အတူတူျဖတ္သန္းလာ႐ုံနဲ႔ နားလည္မႈ ပို႐ွိလာတယ္လို႔လဲ မျမင္ေစခ်င္ဘူး။ တစ္ခါတစ္ရံ အခ်စ္တစ္ခု တည္ၿမဲေနရျခင္းဟာ တစ္ေယာက္က အရမ္းသည္းခံလြန္းေနလို႔ပဲ ျဖစ္ျဖစ္ ကိစၥေတာ္ေတာ္မ်ားမ်ားကို မသိခ်င္ေယာင္ေဆာင္လို႔ပဲ ျဖစ္ျဖစ္ ၾကာ႐ွည္ေနတတ္တယ္ …။

လူေတြအေ႐ွ႕မွာ ငိုျပလို႔မွ မရပဲေလ။ ကိုယ့္ခ်စ္သူအေ႐ွ႕မွာလည္း ငိုျပခြင့္မ႐ွိခဲ့တဲ့ လူတစ္ေယာက္ရဲ႕ အထီးက်န္ေနမႈကို စာနာၾကည့္စမ္းပါ။ လူအမ်ားေ႐ွ႕မွာ ေပ်ာ္ျပေန႐ုံနဲ႔ အဲ့တာ အဆင္ေျပတဲ့ အခ်စ္တစ္ခု မဟုတ္ေသးဘူး …။

ဒီလိုနဲ႔ ေပ်ာ္သလို ဟန္ေဆာင္ရင္း ငိုရတဲ့ရက္ေတြ မ်ားလားတဲ့အခါ တေျဖးေျဖး စိတ္ကုန္လာတတ္ပါတယ္။ ျပင္လာမလားလို႔ ေမွ်ာ္လင့္ရင္း ျပင္မလာတဲ့အျပင္ ထပ္ထပ္ၿပီး ဆိုးလာတဲ့အခါ ေမွ်ာ္လင့္ခ်က္ေတြမဲ့လာတယ္။ ေပ်ာ္ေစခ်င္လြန္းလို႔ ကိုယ့္ဘက္က ဘယ္ေလာက္ အေလွ်ာ့ေပးေပး အၿမဲတမ္းအလိုမက် ျဖစ္ေနမႈေတြၾကားမွာ တေျဖးေျဖး ၀မ္းနည္းလာမိတယ္ …။

ႏွစ္ေတြ အၾကာၿပီးတြဲထားတဲ့လက္ေတြ မလြတ္လိုက္ခ်င္လို႔ ခ်စ္တာတစ္ခုတည္းနဲ႔ အရာရာကို ခြင့္လႊတ္ဖို႔ နားလည္ဖို႔ ႀကိဳးစားေနရတာေတြက တစ္ဖက္သတ္ေတြ ဆန္လာတဲ့အခါ လႊတ္ခ်လိုက္ သူလဲ ေပ်ာ္မွာပဲ ကိုယ္လဲ အဆင္ေျပမွာပဲလို႔ ေတြးတတ္လာတယ္ …။

ကိုယ့္စိတ္နဲ႔ကိုယ္ မပိုင္ေတာ့သလိုလို ကိုယ့္ဘ၀မွာ ေမွ်ာ္လင့္ခ်က္ေတြကြယ္ေပ်ာက္ကုန္သလိုလို နဲ႔ အိပ္ခန္းထဲမွာ ညဘက္ တစ္ေယာက္တည္း ႀကိတ္ႀကိတ္ငိုရတဲ့ အျဖစ္ေတြကို စိတ္ကုန္လာပါတယ္။ ကိုယ္ကက် တြယ္တာတတ္လြန္းၿပီး သူ႕မွာ ေပ်ာ္လို႔ေမာ္လို႔ အေပါင္းအသင္းေတြနဲ႔ အေပ်ာ္အပါးေတြနဲ႔ ကိုယ္ပဲအေဖာ္မ႐ွိတဲ့ တစ္ေကာင္ႂကြက္လိုလို သူ႕လိုပဲ ေနတတ္ခ်င္လာတယ္ …။

ကိုယ့္စိတ္နဲ႔ကိုယ္ အသက္႐ွင္ေနရတာမ်ိဳးမဟုတ္ပဲ ဘာမဆို လုပ္ပစ္ရဲတဲ့ အထိ မြန္းက်ပ္လာတဲ့အခါ လြတ္ခ်လိုက္ ခ်င္လာပါတယ္ …။

ဘာလို႔ ျပတ္သြားတာလဲ ၊ ေဖာက္ျပန္လို႔လားဆိုတဲ့ ေမးခြန္းေတြ ေျဖပါမယ္။ အခ်စ္တစ္ခုမွာ မေဖာက္ျပန္႐ုံတစ္ခုနဲ႔ အရာရာ ေပ်ာ္႐ႊင္လို႔ ရရဲ႕လားေပါ့။ ဘာေတြမ်ား နားလည္မႈလြဲလို႔လဲဆိုတဲ့ ေမးခြန္းေတြလဲ ေျဖပါမယ္။ နားလည္မႈမလြဲပါဘူး။ ကိုယ့္ဘက္ကခ်ည္းပဲ နားလည္ေပးရ လြန္းတဲ့အခါ ဆက္ၿပီးနားလည္ေပးႏိုင္တဲ့ အင္အားမ႐ွိေတာ့လို႔ပါပဲ …။

လက္ခုပ္ဆိုတာ ႏွစ္ဖက္တီးမွ ျမည္တာမ်ိဳးေလ အဲ့လိုမွ မဟုတ္ပဲ တစ္ဖက္တည္းတီးေနတဲ့အခါ အသံထြက္ေအာင္ေတာ့ တီးလို႔ရပါတယ္။ နံရံကို ႐ိုက္လိုက္တာပဲျဖစ္ျဖစ္ေပါ့ ၾကာလာတဲ့အခါ တစ္ဖက္တည္း တီးေနရတဲ့ လူအဖို႔ အရမ္းကို နာက်င္လာရတယ္။ သူမ်ားေတြက လိုက္ဖက္တဲ့ စုံတြဲေတြလို႔ေျပာတဲ့အခါတိုင္း အားက်လိုက္တာလို႔ ေျပာတဲ့အခါ ငိုမခ်မိဖို႔ မနည္းအားတင္းခဲ့ရတဲ့ ရက္ေတြ ကုန္ဆုံးလိုက္ခ်င္လာပါတယ္ ……။

ႏွစ္ေတြအၾကာႀကီးလက္တြဲၿပီး ျပတ္စဲသြားတဲ့ အခ်စ္တစ္ခုမွာ သေဘာထားခ်င္း မတိုက္ဆိုင္တာထက္ အမ်ားႀကီးပိုပါတယ္။ ထပ္ၿပီး မနာက်င္ေတာ့တာ၊ ႀကိတ္ၿပီး မငိုခ်င္ေတာ့တာ၊ ငိုခ်င္လ်က္နဲ႔ ဆက္ၿပီးျပဳံးမထားႏိုင္ေတာ့တာ၊ ကိုယ့္ဘက္ကခ်ည္း နားလည္ေပးရတာေတြ စိတ္ကုန္လာတာ၊ အမ်ားႀကီးပါ တကယ့္ကို အမ်ားႀကီးပါပဲ …။

ဒါေပမယ့္ လူၾကားေကာင္းေအာင္ေတာ့ တစ္ခုပဲ ေျဖပါတယ္။ သေဘာထားခ်င္း မတိုက္ဆိုင္ခဲ့လို႔ သူ နဲ႔ လမ္းခြဲလိုက္ၾကတာပဲ ျဖစ္ပါတယ္ …။ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း

ေလးစားစြာျဖင္႔ Credit

Unicode Version ဖြင့်ဖတ်ရန်

နှစ်တွေ အကြာကြီးချစ်ခဲ့ပြီးမှ လမ်းခွဲခဲ့တယ် ဆိုတာ…

နှစ်တွေအကြာကြီး လက်တွဲပြီးမှ လူနှစ်ယောက် သဘောထားချင်း မတိုက်ဆိုင်လို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လမ်းခွဲပြတ်စဲကြတာ ဘာလို့လဲတဲ့ …၊

အချစ်ဆိုတာ နှစ်တွေနဲ့ မဆိုင်ပါဘူး ၊ နှစ်တွေကြာသွားရုံနဲ့ ပိုပြီးချစ်လာလိမ့်မယ်လို့ မထင်စေချင်ဘူး …။

သူစိမ်းနှစ်ယောက် အချစ်တစ်ခုနဲ့ စတင်တွေ့ရှိခဲ့တဲ့ အချိန်ကစလို့ နှစ်တွေ အတူတူဖြတ်သန်းလာရုံနဲ့ နားလည်မှု ပိုရှိလာတယ်လို့လဲ မမြင်စေချင်ဘူး။ တစ်ခါတစ်ရံ အချစ်တစ်ခု တည်မြဲနေရခြင်းဟာ တစ်ယောက်က အရမ်းသည်းခံလွန်းနေလို့ပဲ ဖြစ်ဖြစ် ကိစ္စတော်တော်များများကို မသိချင်ယောင်ဆောင်လို့ပဲ ဖြစ်ဖြစ် ကြာရှည်နေတတ်တယ် …။

လူတွေအရှေ့မှာ ငိုပြလို့မှ မရပဲလေ။ ကိုယ့်ချစ်သူအရှေ့မှာလည်း ငိုပြခွင့်မရှိခဲ့တဲ့ လူတစ်ယောက်ရဲ့ အထီးကျန်နေမှုကို စာနာကြည့်စမ်းပါ။ လူအများရှေ့မှာ ပျော်ပြနေရုံနဲ့ အဲ့တာ အဆင်ပြေတဲ့ အချစ်တစ်ခု မဟုတ်သေးဘူး …။

ဒီလိုနဲ့ ပျော်သလို ဟန်ဆောင်ရင်း ငိုရတဲ့ရက်တွေ များလားတဲ့အခါ တဖြေးဖြေး စိတ်ကုန်လာတတ်ပါတယ်။ ပြင်လာမလားလို့ မျှော်လင့်ရင်း ပြင်မလာတဲ့အပြင် ထပ်ထပ်ပြီး ဆိုးလာတဲ့အခါ မျှော်လင့်ချက်တွေမဲ့လာတယ်။ ပျော်စေချင်လွန်းလို့ ကိုယ့်ဘက်က ဘယ်လောက် အလျှော့ပေးပေး အမြဲတမ်းအလိုမကျ ဖြစ်နေမှုတွေကြားမှာ တဖြေးဖြေး ဝမ်းနည်းလာမိတယ် …။

နှစ်တွေ အကြာပြီးတွဲထားတဲ့လက်တွေ မလွတ်လိုက်ချင်လို့ ချစ်တာတစ်ခုတည်းနဲ့ အရာရာကို ခွင့်လွှတ်ဖို့ နားလည်ဖို့ ကြိုးစားနေရတာတွေက တစ်ဖက်သတ်တွေ ဆန်လာတဲ့အခါ လွှတ်ချလိုက် သူလဲ ပျော်မှာပဲ ကိုယ်လဲ အဆင်ပြေမှာပဲလို့ တွေးတတ်လာတယ် …။

ကိုယ့်စိတ်နဲ့ကိုယ် မပိုင်တော့သလိုလို ကိုယ့်ဘဝမှာ မျှော်လင့်ချက်တွေကွယ်ပျောက်ကုန်သလိုလို နဲ့ အိပ်ခန်းထဲမှာ ညဘက် တစ်ယောက်တည်း ကြိတ်ကြိတ်ငိုရတဲ့ အဖြစ်တွေကို စိတ်ကုန်လာပါတယ်။ ကိုယ်ကကျ တွယ်တာတတ်လွန်းပြီး သူ့မှာ ပျော်လို့မော်လို့ အပေါင်းအသင်းတွေနဲ့ အပျော်အပါးတွေနဲ့ ကိုယ်ပဲအဖော်မရှိတဲ့ တစ်ကောင်ကြွက်လိုလို သူ့လိုပဲ နေတတ်ချင်လာတယ် …။

ကိုယ့်စိတ်နဲ့ကိုယ် အသက်ရှင်နေရတာမျိုးမဟုတ်ပဲ ဘာမဆို လုပ်ပစ်ရဲတဲ့ အထိ မွန်းကျပ်လာတဲ့အခါ လွတ်ချလိုက် ချင်လာပါတယ် …။

ဘာလို့ ပြတ်သွားတာလဲ ၊ ဖောက်ပြန်လို့လားဆိုတဲ့ မေးခွန်းတွေ ဖြေပါမယ်။ အချစ်တစ်ခုမှာ မဖောက်ပြန်ရုံတစ်ခုနဲ့ အရာရာ ပျော်ရွှင်လို့ ရရဲ့လားပေါ့။ ဘာတွေများ နားလည်မှုလွဲလို့လဲဆိုတဲ့ မေးခွန်းတွေလဲ ဖြေပါမယ်။ နားလည်မှုမလွဲပါဘူး။ ကိုယ့်ဘက်ကချည်းပဲ နားလည်ပေးရ လွန်းတဲ့အခါ ဆက်ပြီးနားလည်ပေးနိုင်တဲ့ အင်အားမရှိတော့လို့ပါပဲ …။

လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာမျိုးလေ အဲ့လိုမှ မဟုတ်ပဲ တစ်ဖက်တည်းတီးနေတဲ့အခါ အသံထွက်အောင်တော့ တီးလို့ရပါတယ်။ နံရံကို ရိုက်လိုက်တာပဲဖြစ်ဖြစ်ပေါ့ ကြာလာတဲ့အခါ တစ်ဖက်တည်း တီးနေရတဲ့ လူအဖို့ အရမ်းကို နာကျင်လာရတယ်။ သူများတွေက လိုက်ဖက်တဲ့ စုံတွဲတွေလို့ပြောတဲ့အခါတိုင်း အားကျလိုက်တာလို့ ပြောတဲ့အခါ ငိုမချမိဖို့ မနည်းအားတင်းခဲ့ရတဲ့ ရက်တွေ ကုန်ဆုံးလိုက်ချင်လာပါတယ် …။

နှစ်တွေအကြာကြီးလက်တွဲပြီး ပြတ်စဲသွားတဲ့ အချစ်တစ်ခုမှာ သဘောထားချင်း မတိုက်ဆိုင်တာထက် အများကြီးပိုပါတယ်။ ထပ်ပြီး မနာကျင်တော့တာ၊ ကြိတ်ပြီး မငိုချင်တော့တာ၊ ငိုချင်လျက်နဲ့ ဆက်ပြီးပြုံးမထားနိုင်တော့တာ၊ ကိုယ့်ဘက်ကချည်း နားလည်ပေးရတာတွေ စိတ်ကုန်လာတာ၊ အများကြီးပါ တကယ့်ကို အများကြီးပါပဲ …။

ဒါပေမယ့် လူကြားကောင်းအောင်တော့ တစ်ခုပဲ ဖြေပါတယ်။ သဘောထားချင်း မတိုက်ဆိုင်ခဲ့လို့ သူ နဲ့ လမ်းခွဲလိုက်ကြတာပဲ ဖြစ်ပါတယ် …။ ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

လေးစားစွာဖြင့် Credit

Leave a Comment