သင္ေ႐ြးခ်ယ္တဲ့ အျပာေရာင္ပစၥည္းကတစ္ဆင့္ သင့္ရဲ႕စိတ္ေနစိတ္ထားကိုခန႔္မွန္းမယ္…

သင္ေ႐ြးခ်ယ္တဲ့ အျပာေရာင္ပစၥည္းကတစ္ဆင့္ သင့္ရဲ႕စိတ္ေနစိတ္ထားကိုခန႔္မွန္းမယ္…

စာမမွန္ပါက ေအာက္တြင္ unicode version ျဖင္႔ဖတ္ရန္

(၁) အျပာေရာင္ ႏွင္းဆီ”

တခ်ိဳ႕နတ္သမီးပုံျပင္ေတြမွာ အျပာေရာင္က အမွန္တရားကို ကိုယ္စားျပဳၿပီး ႏွင္းဆီပန္းကေတာ့ ပန္းေတြအားလုံးထဲမွာ အရွင္သခင္ေပါ့။ အျပာေရာင္ႏွင္းဆီပန္းကို ေ႐ြးခ်ယ္ခဲ့ရင္ေတာ့ သင္ဟာ အမွန္တရားကို ျမတ္ႏိုးတဲ့အတြက္ မွန္မွန္ကန္ကန္ ျပဳမူေျပာဆို ေနထိုင္သူပါ။ ဒါ့အျပင္ ႐ိုးသားေျဖာင့္မတ္တဲ့ လူတစ္ေယာက္ျဖစ္ၿပီး စကားေျပာတဲ့ေနရာမွာ သင္ဟာ လိမၼာပါးနပ္တဲ့ အျပင္ ဟာသဉာဏ္လည္း ႐ႊင္ပါတယ္ …။

ဒါ့အျပင္ တဖက္လူေျပာတဲ့စကားကို ေသခ်ာဂ႐ုတစိုက္ နားေထာင္ေပးတတ္ၿပီး လိုအပ္တဲ့ အႀကံဉာဏ္ေတြလည္း ေပးတတ္ပါတယ္။ သင္အမုန္းဆုံးအရာကေတာ့ မိမိကိုယ္ကို အမႊန္းတင္ၿပီး ႂကြားဝါေျပာတာရတာမ်ိဳး မႏွစ္သက္ပါဘူး။ ဒါေၾကာင့္ လူေတြဟာ သင္နဲ႔စကားေျပာရတာ ႏွစ္သက္ၾကတာပဲ ျဖစ္ပါတယ္ …။

(၂) အျပာေရာင္ ေကာင္းကင္”

အျပာေရာင္ေကာင္းကင္ကို ေ႐ြးခ်ယ္ခဲ့တယ္ဆိုရင္ေတာ့ သင္ဟာ နားဝင္ခ်ိဳၿပီး သာယာၿငိမ့္ေျငာင္းတဲ့ အသံတစ္ခုပိုင္ဆိုင္ထားတဲ့အျပင္ ၿပဳံးလိုက္ရင္လည္း အရမ္းဆြဲေဆာင္မႈရွိပါတယ္။ စကားေျပာတဲ့ေနရာမွာ တိက်ျပတ္သားတဲ့ အသံေနအသံထားနဲ႔ တဖက္လူ စိတ္ဝင္စားလာေအာင္ ေျပာတတ္ပါတယ္။ ဒါ့အျပင္ သင္ဟာ ေပါင္းသင္းဆက္ဆံေရးလည္း ေျပျပစ္တဲ့ လူတစ္ေယာက္ ျဖစ္ပါတယ္ …။

(၃) အျပာေရာင္ နံရံ”

အျပာေရာင္နံရံကို ေ႐ြးခ်ယ္ခဲ့တယ္ ဆိုရင္ေတာ့ သင့္မွာ သနားၾကင္နာတဲ့ စိတ္ႏွလုံးသားရွိၿပီး ကူညီေဖးမတတ္တဲ့ အက်င့္ရွိပါတယ္။ ဒါ့အျပင္သင္ဟာ အၿမဲတမ္း ဖ်က္လက္တတ္ႂကြစြာ ေျပာဆိုေနထိုင္တတ္ၿပီး တဖက္လူကို စိတ္ခြန္အားေတြျဖစ္ေအာင္ အားေပးေလ့ရွိတတ္ သူပါ။ ဒါေၾကာင့္ လူေတြက သင့္အေပၚ ဟန္ေဆာင္စရာမလိုပဲ ပြင့္ပြင့္လင္းလင္းေျပာဆိုႏိုင္ၿပီး သင့္ရဲ႕ ၾကင္နာမႈေတြနဲ႔ သူမတူတဲ့စြမ္းရည္ေတြကို ခံစားမိတတ္ၾကပါတယ္။ ဒါ့အျပင္ လူေတြကို စိတ္လြတ္လပ္ ေပါ့ပါးေအာင္ ဘယ္လိုအႀကံဉာဏ္ေပးၿပီး ဘယ္လိုဆက္ဆံရမလဲဆိုတာ ေကာင္းစြာသိတဲ့အျပင္ သင္ဟာ ဉာဏ္ေကာင္းၿပီး ထက္ျမတ္လြန္းပါတယ္ …။

(၄) အျပာေရာင္ သစ္ေတာ”

အျပာေရာင္သစ္ေတာကို ေ႐ြးခ်ယ္ခဲ့တယ္ဆိုရင္ သင္ဟာ ထက္ျမက္ၿပီး ရဲရင့္တဲ့ လူတစ္ေယာက္ပါ။ ဒါေပမယ့္ အေၾကာက္အလန႔္မရွိ လူေတြနဲ႔ယွဥ္ၿပိဳင္ၿပီး ျငင္းခုန္ရတာမ်ိဳးကို ဝါသနာပါ ပါတယ္။ တစ္ဖက္လူ မထင္မွတ္တဲ့အေျခအေနမွာ မထင္မွတ္တဲ့ အေၾကာင္းအရာေတြနဲ႔ စတင္ၿပီး အျငင္းအခုန္လုပ္တတ္ၾကပါတယ္။ ဒါေၾကာင့္ သင္နဲ႔အလြယ္တကူ ေျပာဆိုေပါင္းသင္းဖို႔က မလြယ္ကူႏိုင္ပါဘူး။ ေျပာရရင္ သင္နဲ႔ၿပိဳင္ျငင္းႏိုင္မွ သင္နဲ႔ ေပါင္းႏိုင္မွာ ျဖစ္တယ္။ ဒါေပမယ့္ သင္ေျပာတဲ့စကားေတြကို ဂ႐ုတစိုက္နားေထာင္မယ္ဆိုရင္ အရမ္းပညာရပါတယ္။ သင္ဟာ ပညာရွိပီပီ အခ်က္အလက္နဲ႔တကြ ျငင္းခုန္တတ္လို႔ပါပဲ …။

(၅) အျပာေရာင္ လႈိင္း”

အျပာေရာင္လႈိင္းကို ေ႐ြးခ်ယ္ခဲ့တယ္ဆိုရင္ သင္ဟာ စိတ္အေျပာင္းအလဲျမန္ၿပီး တစ္ခါတစ္ေလ စိတ္လိုက္မာန္ပါ ျပဳမူေျပာဆိုတတ္ပါတယ္။ သင္နဲ႔စကားေျပာရင္ သင္ဟာ ခံစားခ်က္ရသမ်ိဳး စုံရေအာင္ ေပးစြမ္းႏိုင္တဲ့အတြက္ တစ္ဖက္လူအေနနဲ႔ ပ်င္းဖို႔အခ်ိန္ေတာင္ မရွိပါဘူး။ သင့္လိုလူမ်ိဳးကို ပင္လယ္နဲ႔ခိုင္းႏႈိင္းရင္ ပိုသင့္ေတာ္ပါမယ္။ ပင္လယ္ႀကီးလို တစ္ခါတစ္ေလ ၿငိမ္းခ်မ္းၿပီး လွပေနေပမယ့္ တစ္ခါတစ္ေလ လႈိင္းလုံးေတြ ထန္၊ မုန္တိုင္းေတြက်ၿပီး ေၾကာက္စရာႀကီး ျဖစ္သြားတတ္ပါေသးတယ္ …။

(၆) အျပာေရာင္ ၿဂိဳလ္သား”

အျပာေရာင္ၿဂိဳလ္သားကို ေ႐ြးခ်ယ္ခဲ့တယ္ဆိုရင္ သင္ဟာ လူအမ်ားႀကီးနဲ႔ ဆက္ဆံရတာမ်ိဳးကို မႏွစ္သက္ပဲ တစ္ေယာက္ထဲေနၿပီး ကိုယ္ေပ်ာ္႐ႊင္တဲ့အရာေတြ လုပ္ရတာမ်ိဳးကို ပိုႏွစ္သက္ပါတယ္။ ဒါ့အျပင္ သင္ဟာ မိမိရဲ႕ကိုယ္ပိုင္ကမာၻေလးကို တစ္စုံတစ္ေယာက္က ဖ်က္ဆီးေႏွာင့္ယွက္တာမ်ိဳး၊ ဝင္ေရာက္လာမွာမ်ိဳးကို စိုးရိမ္ေနတတ္ပါတယ္။ လူေတြနဲ႔စကားေျပာဆို ဆက္ဆံရမွာမ်ိဳးကို မလိုလားပဲ အၿမဲထြက္ေျပး တိမ္းေရွာင္ေနတတ္ပါတယ္ေနာ္ …။ ။

credit to lotaya

unicode version ဖြင့်ဖတ်ရန်

သင်ရွေးချယ်တဲ့ အပြာရောင်ပစ္စည်းကတစ်ဆင့် သင့်ရဲ့စိတ်နေစိတ်ထားကိုခန့်မှန်းမယ်…

(၁) အပြာရောင် နှင်းဆီ”

တချို့နတ်သမီးပုံပြင်တွေမှာ အပြာရောင်က အမှန်တရားကို ကိုယ်စားပြုပြီး နှင်းဆီပန်းကတော့ ပန်းတွေအားလုံးထဲမှာ အရှင်သခင်ပေါ့။ အပြာရောင်နှင်းဆီပန်းကို ရွေးချယ်ခဲ့ရင်တော့ သင်ဟာ အမှန်တရားကို မြတ်နိုးတဲ့အတွက် မှန်မှန်ကန်ကန် ပြုမူပြောဆို နေထိုင်သူပါ။ ဒါ့အပြင် ရိုးသားဖြောင့်မတ်တဲ့ လူတစ်ယောက်ဖြစ်ပြီး စကားပြောတဲ့နေရာမှာ သင်ဟာ လိမ္မာပါးနပ်တဲ့ အပြင် ဟာသဉာဏ်လည်း ရွှင်ပါတယ် …။

ဒါ့အပြင် တဖက်လူပြောတဲ့စကားကို သေချာဂရုတစိုက် နားထောင်ပေးတတ်ပြီး လိုအပ်တဲ့ အကြံဉာဏ်တွေလည်း ပေးတတ်ပါတယ်။ သင်အမုန်းဆုံးအရာကတော့ မိမိကိုယ်ကို အမွှန်းတင်ပြီး ကြွားဝါပြောတာရတာမျိုး မနှစ်သက်ပါဘူး။ ဒါကြောင့် လူတွေဟာ သင်နဲ့စကားပြောရတာ နှစ်သက်ကြတာပဲ ဖြစ်ပါတယ် …။

(၂) အပြာရောင် ကောင်းကင်”

အပြာရောင်ကောင်းကင်ကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ နားဝင်ချိုပြီး သာယာငြိမ့်ငြောင်းတဲ့ အသံတစ်ခုပိုင်ဆိုင်ထားတဲ့အပြင် ပြုံးလိုက်ရင်လည်း အရမ်းဆွဲဆောင်မှုရှိပါတယ်။ စကားပြောတဲ့နေရာမှာ တိကျပြတ်သားတဲ့ အသံနေအသံထားနဲ့ တဖက်လူ စိတ်ဝင်စားလာအောင် ပြောတတ်ပါတယ်။ ဒါ့အပြင် သင်ဟာ ပေါင်းသင်းဆက်ဆံရေးလည်း ပြေပြစ်တဲ့ လူတစ်ယောက် ဖြစ်ပါတယ် …။

(၃) အပြာရောင် နံရံ”

အပြာရောင်နံရံကို ရွေးချယ်ခဲ့တယ် ဆိုရင်တော့ သင့်မှာ သနားကြင်နာတဲ့ စိတ်နှလုံးသားရှိပြီး ကူညီဖေးမတတ်တဲ့ အကျင့်ရှိပါတယ်။ ဒါ့အပြင်သင်ဟာ အမြဲတမ်း ဖျက်လက်တတ်ကြွစွာ ပြောဆိုနေထိုင်တတ်ပြီး တဖက်လူကို စိတ်ခွန်အားတွေဖြစ်အောင် အားပေးလေ့ရှိတတ် သူပါ။ ဒါကြောင့် လူတွေက သင့်အပေါ် ဟန်ဆောင်စရာမလိုပဲ ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်ပြီး သင့်ရဲ့ ကြင်နာမှုတွေနဲ့ သူမတူတဲ့စွမ်းရည်တွေကို ခံစားမိတတ်ကြပါတယ်။ ဒါ့အပြင် လူတွေကို စိတ်လွတ်လပ် ပေါ့ပါးအောင် ဘယ်လိုအကြံဉာဏ်ပေးပြီး ဘယ်လိုဆက်ဆံရမလဲဆိုတာ ကောင်းစွာသိတဲ့အပြင် သင်ဟာ ဉာဏ်ကောင်းပြီး ထက်မြတ်လွန်းပါတယ် …။

(၄) အပြာရောင် သစ်တော”

အပြာရောင်သစ်တောကို ရွေးချယ်ခဲ့တယ်ဆိုရင် သင်ဟာ ထက်မြက်ပြီး ရဲရင့်တဲ့ လူတစ်ယောက်ပါ။ ဒါပေမယ့် အကြောက်အလန့်မရှိ လူတွေနဲ့ယှဉ်ပြိုင်ပြီး ငြင်းခုန်ရတာမျိုးကို ဝါသနာပါ ပါတယ်။ တစ်ဖက်လူ မထင်မှတ်တဲ့အခြေအနေမှာ မထင်မှတ်တဲ့ အကြောင်းအရာတွေနဲ့ စတင်ပြီး အငြင်းအခုန်လုပ်တတ်ကြပါတယ်။ ဒါကြောင့် သင်နဲ့အလွယ်တကူ ပြောဆိုပေါင်းသင်းဖို့က မလွယ်ကူနိုင်ပါဘူး။ ပြောရရင် သင်နဲ့ပြိုင်ငြင်းနိုင်မှ သင်နဲ့ ပေါင်းနိုင်မှာ ဖြစ်တယ်။ ဒါပေမယ့် သင်ပြောတဲ့စကားတွေကို ဂရုတစိုက်နားထောင်မယ်ဆိုရင် အရမ်းပညာရပါတယ်။ သင်ဟာ ပညာရှိပီပီ အချက်အလက်နဲ့တကွ ငြင်းခုန်တတ်လို့ပါပဲ …။

(၅) အပြာရောင် လှိုင်း”

အပြာရောင်လှိုင်းကို ရွေးချယ်ခဲ့တယ်ဆိုရင် သင်ဟာ စိတ်အပြောင်းအလဲမြန်ပြီး တစ်ခါတစ်လေ စိတ်လိုက်မာန်ပါ ပြုမူပြောဆိုတတ်ပါတယ်။ သင်နဲ့စကားပြောရင် သင်ဟာ ခံစားချက်ရသမျိုး စုံရအောင် ပေးစွမ်းနိုင်တဲ့အတွက် တစ်ဖက်လူအနေနဲ့ ပျင်းဖို့အချိန်တောင် မရှိပါဘူး။ သင့်လိုလူမျိုးကို ပင်လယ်နဲ့ခိုင်းနှိုင်းရင် ပိုသင့်တော်ပါမယ်။ ပင်လယ်ကြီးလို တစ်ခါတစ်လေ ငြိမ်းချမ်းပြီး လှပနေပေမယ့် တစ်ခါတစ်လေ လှိုင်းလုံးတွေ ထန်၊ မုန်တိုင်းတွေကျပြီး ကြောက်စရာကြီး ဖြစ်သွားတတ်ပါသေးတယ် …။

(၆) အပြာရောင် ဂြိုလ်သား”

အပြာရောင်ဂြိုလ်သားကို ရွေးချယ်ခဲ့တယ်ဆိုရင် သင်ဟာ လူအများကြီးနဲ့ ဆက်ဆံရတာမျိုးကို မနှစ်သက်ပဲ တစ်ယောက်ထဲနေပြီး ကိုယ်ပျော်ရွှင်တဲ့အရာတွေ လုပ်ရတာမျိုးကို ပိုနှစ်သက်ပါတယ်။ ဒါ့အပြင် သင်ဟာ မိမိရဲ့ကိုယ်ပိုင်ကမာ္ဘလေးကို တစ်စုံတစ်ယောက်က ဖျက်ဆီးနှောင့်ယှက်တာမျိုး၊ ဝင်ရောက်လာမှာမျိုးကို စိုးရိမ်နေတတ်ပါတယ်။ လူတွေနဲ့စကားပြောဆို ဆက်ဆံရမှာမျိုးကို မလိုလားပဲ အမြဲထွက်ပြေး တိမ်းရှောင်နေတတ်ပါတယ်နော် …။ ။

credit to lotaya

Leave a Comment