ယောကျာ်းတစ်ယောက်ရဲ့ အပြောင်းအလဲကိုခံရတဲ့ မိန်းမတစ်ယာက်ဟာ…
ယောကျာ်းတစ်ယောက်ရဲ့ အပြောင်းအလဲကိုခံရတဲ့ မိန်းမတစ်ယာက်ဟာ…
Credit : (ပိုပိုလေး)
Unicode
ယောက်ျားတစ်ယောက်ရဲ့ အပြောင်းအလဲကိုခံရတဲ့ မိန်းမတစ်ယာက်ဟာ…
ပထမအကြိမ် သူငိုမယ် ပြသနာရှာမယ် ငါ့ကိုအခုတော့ ဒီလို ဆက်ဆံတယ်ပေါ့ဆိုပြီး …။
ဒုတိယအကြိမ် သူမဲ့ပြုံးပြုံးမယ်။ ရပါတယ်…ရိုးနေပြီဆိုပြီး သူဖြည့်တွေးမယ် …။
တတိယအကြိမ် သူနေတတ်သွားမယ်။ ဘယ်လိုမှ ခံစားရမှာ မဟုတ်တော့ပါဘူး …။
နောက်ဆုံးအဆင့်ကတော့ အားလုံးကို လက်ခံသွားနိုင်မယ် ထုံပေပေဖြစ်သွားမယ် ရှိခြင်း မရှိခြင်းတောင်
မသိချင်တော့လောက်အောင် အချစ်ကို စိတ်နာသွားမယ် ဒါပါပဲ …။
အဲ့လို နောက်ဆုံးအဆင့်ထိ မိန်းမတယောက်ပြောင်းလဲသွားပြီ ဆိုတဲ့အခါ သိပ်ကြောက်ဖို့ကောင်းပါတယ် …။
ဒါပေမယ့် အဲ့လူကို သူ မချစ်တော့တာတော့မဟုတ်ဘူး …။
ချစ်ခြင်း နာကျင်ခြင်း ဒဏ်ရာ အလွမ်း စိတ်ပင်ပန်းရခြင်းတွေ အားလုံးပေါင်းစပ်သွားပြီးနောက်
သူ့ခံစားချက်တွေ သူကိုယ်တိုင်မသိနိုင်တော့တဲ့အထိ ပြောင်းလဲခြင်းတွေ သူ့ဆီရောက်လာခဲ့တယ် …။
အဲ့ဒီအခါ အဲ့ဒီမိန်းမကို နားလည်နိုင်အောင် ပြင်ဆင်ထားပါ …။ ။
Credit : (ပိုပိုလေး)