ေမြးထဲက ခ်စ္ေမႊးပါလာတဲ႔ အဂၤါသားသမီးေလးေတြအေၾကာင္း…

ေမြးထဲက ခ်စ္ေမႊးပါလာတဲ႔ အဂၤါသားသမီးေလးေတြအေၾကာင္း…

ေမြးထဲကခ်စ္ေမႊးပါလာတာ အဂၤါသားသမီးေလးေတြပါပဲေနာ္။

တစ္စုံတစ္ေယာက္ကို ခ်စ္မိၿပီဆိုရင္လည္း ဘယ္သူမွလိုက္မမွီေအာင္ ခ်စ္တတ္ၾကတယ္။

ခ်စ္သူအတြက္ဆိုရင္ ေကာင္ကင္ကို ဒူးနဲ႔တိုက္ရရ သူရဲေကာင္းႀကီးလုပ္ခ်င္တာ အဂၤါသားသမီးေလးေတြပါ။

ဝမ္းနည္းလြယ္တယ္၊ မ်က္ရည္လြယ္တယ္၊ ကိစၥတစ္ခုကို တစ္စိမ့္စိမ့္ေတြးၿပီးေတာ့ တျမည့္ျမည့္ ခံစားေနတတ္တယ္။

ဟာသေျပာၿပီး ၿပဳံးေနတတ္ေပမယ့္ ရင္ထဲက ႀကိတ္ငိုေနတတ္တယ္။ စိတ္နာေအာင္ေတာ့ သြားမလုပ္မိပါေစနဲ႔၊ ဒူးေထာက္ေတာင္းပန္ေတာင္ တစ္သက္လုံး ျပန္လွည့္ မၾကည္တတ္ေတာ့ပါဘူး။

သူတို႔ကို သြားမေက်ာမိပါေစနဲ႔။ ကိုး ဆယ္ဆေလာက္ ျပန္ေခ် တတ္က်လို႔ပါ။ မိသားစုအေရး သိပ္ကံမေကာင္းတတ္က်ေပမယ့္ မိသားစုက အားကိုးရတဲ့ သားသမီး အလိမၼာေလးေတြပါ။

သဝန္တိုတတ္တယ္။ ေပ်ာ္ေပ်ာ္ေနတတ္တယ္။ လူအမ်ားနဲ႔ ဝိုင္းဖြဲ႕ေနရတာထက္ တစ္ေယာက္ထဲ ေအးေဆးေနရတာကို ပိုႏွစ္သက္ၾကပါတယ္။

ေဒါသျဖစ္ရင္ အျပင္မွာေပါက္ကြဲၾကတာထက္ ပါးစပ္က ပူညံပူညံနဲ႔ေရ႐ြတ္ေန တတ္ၾကတယ္။

လူေတြအေပၚ ေဖာ္ေ႐ြစြာနဲ႔ ခင္မင္တတ္ၾကပါတယ္။

ဝတၱရား ပ်က္ကြက္မိရင္လည္း အျပန္ျပန္အလွန္လွန္ ေတြးပူေနတတ္ၾကပါတယ္။

မိသားစုေတြအေပၚမွာ ေပ်ာ္႐ႊင္မႈေတြေပးခ်င္တဲ့စိတ္ ရိွတယ္။

တည္ၿငိမ္ေအးခ်မ္းတဲ့ ပုံစံမ်ိဳးေပမယ္႔ တခါတေလမိသားစုထဲမွာ ေပါေၾကာင္ေၾကာင္ ႏိုင္တတ္ၾကပါတယ္။

အလုပ္လုပ္တဲ့ေနရာမွာ သူမ်ားအေပၚ ဦးေဆာင္လိုတဲ့စိတ္ဓာတ္ရွိတယ္။

ကိုယ္လုပ္ရင္ ကိုယ္အေကာင္းလို႔ ထင္ျမင္တတ္ၾကတာ အဂၤါေလးေတြပါ။ အေကာင္းဆုံးျဖစ္ေအာင္လည္း ႀကိဳးစားတတ္ၾကပါတယ္။

အဂၤါေတြဟာ ကိုယ့္ကိုယုံၾကည္မႈ အျပည့္အဝရွိတယ္။

တခါတရံ ကိုယ့္ကိုယ္ပင္ ခ်ီးမြမ္းတတ္တယ္ သူမ်ားေတြ ေျမႇာက္ေပးရင္ေတာ့ သိပ္မႀကိဳက္ၾကဘူး။

ဒါေတြဟာ အဂၤါသားသမီးမ်ားပဲလို႔ ေျပာလိုက္ပါရေစ။ မွန္တယ္ဆိုရင္ ကိုယ္နဲ႔ေန႔နာမ္တူ အဂၤါသားသမီးေတြအတြက္ ရွဲေပးဖို႔ မေမ့နဲ႔ေနာ္ …။ ။

ခရက္ဒစ္

Unicode Version ဖြင့်ဖတ်ရန်

မွေးထဲက ချစ်မွှေးပါလာတဲ့ အင်္ဂါသားသမီးလေးတွေအကြောင်း…

မွေးထဲကချစ်မွှေးပါလာတာ အင်္ဂါသားသမီးလေးတွေပါပဲနော်။

တစ်စုံတစ်ယောက်ကို ချစ်မိပြီဆိုရင်လည်း ဘယ်သူမှလိုက်မမှီအောင် ချစ်တတ်ကြတယ်။

ချစ်သူအတွက်ဆိုရင် ကောင်ကင်ကို ဒူးနဲ့တိုက်ရရ သူရဲကောင်းကြီးလုပ်ချင်တာ အင်္ဂါသားသမီးလေးတွေပါ။

ဝမ်းနည်းလွယ်တယ်၊ မျက်ရည်လွယ်တယ်၊ ကိစ္စတစ်ခုကို တစ်စိမ့်စိမ့်တွေးပြီးတော့ တမြည့်မြည့် ခံစားနေတတ်တယ်။

ဟာသပြောပြီး ပြုံးနေတတ်ပေမယ့် ရင်ထဲက ကြိတ်ငိုနေတတ်တယ်။ စိတ်နာအောင်တော့ သွားမလုပ်မိပါစေနဲ့၊ ဒူးထောက်တောင်းပန်တောင် တစ်သက်လုံး ပြန်လှည့် မကြည်တတ်တော့ပါဘူး။

သူတို့ကို သွားမကျောမိပါစေနဲ့။ ကိုး ဆယ်ဆလောက် ပြန်ချေ တတ်ကျလို့ပါ။ မိသားစုအရေး သိပ်ကံမကောင်းတတ်ကျပေမယ့် မိသားစုက အားကိုးရတဲ့ သားသမီး အလိမ္မာလေးတွေပါ။

သဝန်တိုတတ်တယ်။ ပျော်ပျော်နေတတ်တယ်။ လူအများနဲ့ ဝိုင်းဖွဲ့နေရတာထက် တစ်ယောက်ထဲ အေးဆေးနေရတာကို ပိုနှစ်သက်ကြပါတယ်။

ဒေါသဖြစ်ရင် အပြင်မှာပေါက်ကွဲကြတာထက် ပါးစပ်က ပူညံပူညံနဲ့ရေရွတ်နေ တတ်ကြတယ်။

လူတွေအပေါ် ဖော်ရွေစွာနဲ့ ခင်မင်တတ်ကြပါတယ်။

ဝတ္တရား ပျက်ကွက်မိရင်လည်း အပြန်ပြန်အလှန်လှန် တွေးပူနေတတ်ကြပါတယ်။

မိသားစုတွေအပေါ်မှာ ပျော်ရွှင်မှုတွေပေးချင်တဲ့စိတ် ရှိတယ်။

တည်ငြိမ်အေးချမ်းတဲ့ ပုံစံမျိုးပေမယ့် တခါတလေမိသားစုထဲမှာ ပေါကြောင်ကြောင် နိုင်တတ်ကြပါတယ်။

အလုပ်လုပ်တဲ့နေရာမှာ သူများအပေါ် ဦးဆောင်လိုတဲ့စိတ်ဓာတ်ရှိတယ်။

ကိုယ်လုပ်ရင် ကိုယ်အကောင်းလို့ ထင်မြင်တတ်ကြတာ အင်္ဂါလေးတွေပါ။ အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားတတ်ကြပါတယ်။

အင်္ဂါတွေဟာ ကိုယ့်ကိုယုံကြည်မှု အပြည့်အဝရှိတယ်။

တခါတရံ ကိုယ့်ကိုယ်ပင် ချီးမွမ်းတတ်တယ် သူများတွေ မြှောက်ပေးရင်တော့ သိပ်မကြိုက်ကြဘူး။

ဒါတွေဟာ အင်္ဂါသားသမီးများပဲလို့ ပြောလိုက်ပါရစေ။ မှန်တယ်ဆိုရင် ကိုယ်နဲ့နေ့နာမ်တူ အင်္ဂါသားသမီးတွေအတွက် ရှဲပေးဖို့ မမေ့နဲ့နော် …။ ။

ခရက်ဒစ်

Leave a Comment