ရင်သားသေးလို့ စိတ်မကောင်း မဖြစ်ပါနဲ့…
ရင်သား သေးလို့ စိတ်မကောင်းမဖြစ်ပါနဲ့။ မိန်းကလေးတွေအတွက် ရင်သားအလှဟာ အရေးကြီးတယ်လို့ထင်တာ ယောင်္ကျားတွေ အတွက်လား …?
အဲဒီလိုတွေးလို့လဲ မရပြန်ပါ။ မိန်းကလေးတစ်ယောက်အတွက် မိန်းကလေး ပီသတယ်ဆိုတာကို ဖော်ကြုးနိုင်တယ် ဆိုရင်လည်း မမှားပါဘူး …။
ဒါပင်မယ့် အခြေအနေ အမျိုးမျိုးကြောင့် ကိုယ့်ရဲ့ ရင်သားက သေးခဲ့တယ်ဆိုရင် ကောင်းချက်တွေ အများကြီး ရှိပါတယ်နော် …။
(၁) ယောင်္ကျားလေးတွေနဲ့ စကားပြောနေချိန်မှာ သူတို့ရဲ့မျက်လုံးတွေကို ဂရုစိုက်စရာ မလိုတော့ပါ …။
(၂) ကားစီးတဲ့အခါ ခါးပတ်ပတ်ရင်လည်း သာသာယာယာပါပဲ …။
(၃) ချစ်စရာကောင်းတဲ့ အတွင်းခံလေးတွေကို စိတ်ကြိုက် ရွေးဝတ်နိုင်ပါတယ် …။
(၄) ပတ်ဝန်းကျင်ကလည်း သူလေးက လိမ္မာတဲ့ကလေးလို့ အသိအမှတ် ပြုနိုင်ပါတယ် …။
(၅) Gym သွားကစားတော့လည်း ပေါ့ပေါ့ပါးပါး သွားကစားနိုင်ပါတယ် …။
(၆) စားရင်းသောက်ရင်း အမှတ်မထင် ပါးစပ်ကနေကျသွားရင်လည်း အင်္ကျီပေစရာ အကြောင်း မရှိပါဘူး …။
(၇) ရင်ဟိုက်အင်္ကျီကို ဝတ်ရင်လည်း ပြသာနာမရှိတော့ပါ …။
(၈) တီရှပ် အင်္ကျီဝတ်လည်း ကြောက်စရာမလို၊ ပေါ့ပေါးပါးပါး ဝတ်နိုင်ပါတယ် …။
(၉) အတွင်းခံမဝတ်ထားရင်လည်း ဘယ်သူမှ မသိနိုင်လို့ အေးအေးဆေးဆေး နေလို့ရပါတယ် …။
(၁၀) တကိုယ်လုံးချုံပြီး ကိုယ့်ရဲ့တစ်ကိုယ်ရည်အလှကို ခံစားနိုင်ပါလိမ့်မယ် …။
(၁၁) မိသားစုခရီးမှာ ကမ်းခြေသွားရင်လည်း စိတ်ချလက်ချ ပျော်နိုင်ပါတယ် …။
(၁၂) ရေကူးဝတ်စုံ ဝယ်တဲ့အခါမှာ မဝတ်ကြည့်ပဲနဲ့လည်း ဝယ်နိုင်တယ် …။
(၁၃) ဇက်ကြောတတ်စရာမလို၊ ခါးနာနိုင်တဲ့ ဘေးကလည်း လွတ်ပါလိမ့်မယ် …။
(၁၄) လွယ်အိတ်ကို သိုင်းလွယ်လည်း ပြသာနာမတက်နိုင်ပါ …။
(၁၅) မှောက်အိပ်လည်း စိတ်ချလက်ချ အိပ်နိုင်ပါပြီ …။
(၁၆) ပူလို့ အင်္ကျီကြယ်သီး ၃ လုံးလောက် ဖြုတ်ထားရင်တောင် စိတ်ချလက်ချနေနိုင်ပါတယ် …။
(၁၇) မိန်းကလေးအချင်းချင်း ကိုင်ကြည့်ချင်လိုက်တာလို့ ပြောသူတွေဘေးကလည်း ဝေးလိမ့်မယ်နော် …။
(၁၈) လမ်းသွားလမ်းလာ စိတ်မသန့်ပဲ လမ်းလျှောက်ရမယ့် ဘေးကလည်း ဝေးလိမ့်မယ် …။
(၁၉) ရင်သားမရှိလို့ မကြိုက်တဲ့ ယောင်္ကျားလေးက ရှားပါတယ် …။
(၂၀) ရင်သားပြည့်အောင်လုပ်ချင်လည်း အချိန်မရွေး စဉ်းစားနိုင်ပါတယ် …။
(၂၁) ရည်းစားရဲ့ မိဘတွေနဲ့ တွေ့ရင်လည်း အဆင်ပြေနိုင်ပါတယ် …။
(၂၂) အရမ်းပူမှသာလျှင် ချွေးထွက်တာကြောင့် အေးအေးဆေးဆေးပါပဲ …။
(၂၃) ရေချိုးပြီး မျက်နှာသုတ်ပဝါ ပတ်ထားချိန်မှာ အခန့်မသင့် ကျွတ်ကျစရာ အကြောင်းမရှိတော့ပါ …။
(၂၄) သူ့ကို ဖက်ထားရင်လည်း စိတ်ပူစရာ မလိုတော့ပါဘူးနော် …။
ကဲ အားလုံးပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းလျက် …။ ။
Chelmo