လွည့္ထြက္ႏိုင္ဖို႔ အခ်ိန္တစ္ခုပဲ လိုေတာ့တာ….

လွည့္ထြက္ႏိုင္ဖို႔ အခ်ိန္တစ္ခုပဲ လိုေတာ့တာ….

လူတစ္ေယာက္ကို မ႐ွိရင္ မျဖစ္ဘူးလို႔ ေျပာလိုက္ဖို႔က လြယ္ပါတယ္။ ေနာက္ပိုင္း ေခ်ာင္ထိုးခံရတာေတြကိုသာ ခံႏိုင္ရည္မ႐ွိတာ။ ဒါေၾကာင့္ မ႐ွိရင္ မျဖစ္ဘူးဆိုတဲ့ စကားလုံးကို ခဏခဏ မသုံးျဖစ္ေတာ့ဘူး မ႐ွိမျဖစ္မွန္းသိရင္ ပိုၿပီး အႏိုင္ယူခ်င္ၾကတာေလ …။

သူငါ့ကို နားလည္ခြင့္လႊတ္ပါလားလို႔ ေတြးၾကတာထက္ ငါဘာလုပ္လုပ္ သူ ခြင့္လႊတ္မွာပဲ ငါ မ႐ွိလို႔မွ မျဖစ္တာဆိုၿပီး အႏိုင္ယူတတ္ၾကပါတယ္ …။

ကိုယ္လည္း လူပါ . . . သည္းခံတယ္ဆိုေပမယ့္ ဘယ္အတိုင္းအတာထိ သည္းခံေနႏိုင္မွာလဲ ၊ ကြၽန္မမွာလည္း ခံစားခ်က္နဲ႔ပါ။ ကိုယ့္ကို မလိုအပ္တဲ့အရပ္မွာ အၾကာႀကီးရပ္ေနဖို႔ ဘယ္အခ်ိန္ထိ သတၱိေတြ ႐ွိမွာလဲ၊ အခုအခ်ိန္မွာ မ႐ွိမျဖစ္ဆိုေပမယ့္ ေနာက္တစ္ခ်ိန္ out of date လဲ ျဖစ္ခ်င္ ျဖစ္သြားႏိုင္တာပါပဲ …။

သည္းခံမႈေတြ တန္ဖိုးထားမႈေတြ သဲထဲ ေရသြန္သလို ျဖစ္သြားၿပီမွန္း သိတဲ့တစ္ေန႔ ကြၽန္မလဲ ဆင္ျခင္တတ္လာမွာပါ။ မ႐ွိရင္ မျဖစ္ဘူးဆိုတာ အ႐ိုးသားဆုံး ၀န္ခံလိုက္တာပါ။ ဘာလုပ္လုပ္ ၿငိမ္ခံေနဖို႔ ခြင့္လႊတ္ေပးပါမယ္ဆိုတဲ့ ကတိ ေပးလိုက္တာ မဟုတ္ဘူး …။

သံေတာင္ မီးျပင္းျပင္းနဲ႔ေတြ႕တဲ့အခါ အရည္ေပ်ာ္က်ေသးတာပဲ။ ကြၽန္မရဲ႕ သည္းခံမႈေတြေကာ ဂ႐ုမစိုက္မႈေပါင္းမ်ားစြာနဲ႔ေတြ႕တဲ့အခါ ကုန္ဆုံးမသြားႏိုင္ဘူးလား …၊

တစ္ေန႔ . . . .ဟိုးအေဝးႀကီးေရာက္သြားတဲ့ တစ္ေန႔ေရာက္မွ တန္ဖိုးသိတာမ်ိဳး ျပန္ၿပီး လြမ္းဆြတ္တာမ်ိဳးေတြ မလုပ္ပါနဲ႔။ ကြၽန္မ လွည့္ထြက္သြားတယ္ဆိုကတည္းက ကြၽန္မမွာ ခံႏိုင္ရည္အင္အား မဲ့သြားလို႔ပါ။ ဆက္ၿပီး နာက်င္ေနရမယ့္ ဒဏ္ကို ထပ္ၿပီး ခံႏိုင္ေလာက္တဲ့ အင္အားမဲ့သြားတာေပါ့။ မ႐ွိမျဖစ္လို႔ စ​ၿပီး ေျပာမိကတည္းက ေခ်ာင္ထိုးခံလိုက္ရတာ ကိုယ္႐ွိမွန္းေတာင္ သတိမရေတာ့ဘူး …။

ဘယ္လိုအမွားေတြပဲ ျဖစ္ျဖစ္ ဆက္ၿပီးခြင့္လႊတ္ေနမွာပဲလို႔ တစ္ယူသန္ေတြးၿပီး ကိုယ့္ဖက္မငဲ့ပဲ အမွားေတြဆက္တိုက္လုပ္ပစ္လိုက္တယ္။ လုံေလာက္တဲ့ ဒဏ္ရာ ဒဏ္ခ်က္ေတြလဲ ရခဲ့ၿပီးပါၿပီ။ လွည့္ထြက္ႏိုင္ဖို႔ အခ်ိန္တစ္ခုပဲ လိုပါေတာ့တယ္။ တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္ေပါ့ …။ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း

ေလးစားစြာျဖင္႔ Credit

Unicode Version ဖြင့်ဖတ်ရန်

လှည့်ထွက်နိုင်ဖို့ အချိန်တစ်ခုပဲ လိုတော့တာ….

လူတစ်ယောက်ကို မရှိရင် မဖြစ်ဘူးလို့ ပြောလိုက်ဖို့က လွယ်ပါတယ်။ နောက်ပိုင်း ချောင်ထိုးခံရတာတွေကိုသာ ခံနိုင်ရည်မရှိတာ။ ဒါကြောင့် မရှိရင် မဖြစ်ဘူးဆိုတဲ့ စကားလုံးကို ခဏခဏ မသုံးဖြစ်တော့ဘူး မရှိမဖြစ်မှန်းသိရင် ပိုပြီး အနိုင်ယူချင်ကြတာလေ …။

သူငါ့ကို နားလည်ခွင့်လွှတ်ပါလားလို့ တွေးကြတာထက် ငါဘာလုပ်လုပ် သူ ခွင့်လွှတ်မှာပဲ ငါ မရှိလို့မှ မဖြစ်တာဆိုပြီး အနိုင်ယူတတ်ကြပါတယ် …။

ကိုယ်လည်း လူပါ . . . သည်းခံတယ်ဆိုပေမယ့် ဘယ်အတိုင်းအတာထိ သည်းခံနေနိုင်မှာလဲ ၊ ကျွန်မမှာလည်း ခံစားချက်နဲ့ပါ။ ကိုယ့်ကို မလိုအပ်တဲ့အရပ်မှာ အကြာကြီးရပ်နေဖို့ ဘယ်အချိန်ထိ သတ္တိတွေ ရှိမှာလဲ၊ အခုအချိန်မှာ မရှိမဖြစ်ဆိုပေမယ့် နောက်တစ်ချိန် out of date လဲ ဖြစ်ချင် ဖြစ်သွားနိုင်တာပါပဲ …။

သည်းခံမှုတွေ တန်ဖိုးထားမှုတွေ သဲထဲ ရေသွန်သလို ဖြစ်သွားပြီမှန်း သိတဲ့တစ်နေ့ ကျွန်မလဲ ဆင်ခြင်တတ်လာမှာပါ။ မရှိရင် မဖြစ်ဘူးဆိုတာ အရိုးသားဆုံး ဝန်ခံလိုက်တာပါ။ ဘာလုပ်လုပ် ငြိမ်ခံနေဖို့ ခွင့်လွှတ်ပေးပါမယ်ဆိုတဲ့ ကတိ ပေးလိုက်တာ မဟုတ်ဘူး …။

သံတောင် မီးပြင်းပြင်းနဲ့တွေ့တဲ့အခါ အရည်ပျော်ကျသေးတာပဲ။ ကျွန်မရဲ့ သည်းခံမှုတွေကော ဂရုမစိုက်မှုပေါင်းများစွာနဲ့တွေ့တဲ့အခါ ကုန်ဆုံးမသွားနိုင်ဘူးလား …၊

တစ်နေ့ . . . .ဟိုးအဝေးကြီးရောက်သွားတဲ့ တစ်နေ့ရောက်မှ တန်ဖိုးသိတာမျိုး ပြန်ပြီး လွမ်းဆွတ်တာမျိုးတွေ မလုပ်ပါနဲ့။ ကျွန်မ လှည့်ထွက်သွားတယ်ဆိုကတည်းက ကျွန်မမှာ ခံနိုင်ရည်အင်အား မဲ့သွားလို့ပါ။ ဆက်ပြီး နာကျင်နေရမယ့် ဒဏ်ကို ထပ်ပြီး ခံနိုင်လောက်တဲ့ အင်အားမဲ့သွားတာပေါ့။ မရှိမဖြစ်လို့ စ​ပြီး ပြောမိကတည်းက ချောင်ထိုးခံလိုက်ရတာ ကိုယ်ရှိမှန်းတောင် သတိမရတော့ဘူး …။

ဘယ်လိုအမှားတွေပဲ ဖြစ်ဖြစ် ဆက်ပြီးခွင့်လွှတ်နေမှာပဲလို့ တစ်ယူသန်တွေးပြီး ကိုယ့်ဖက်မငဲ့ပဲ အမှားတွေဆက်တိုက်လုပ်ပစ်လိုက်တယ်။ လုံလောက်တဲ့ ဒဏ်ရာ ဒဏ်ချက်တွေလဲ ရခဲ့ပြီးပါပြီ။ လှည့်ထွက်နိုင်ဖို့ အချိန်တစ်ခုပဲ လိုပါတော့တယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်ပေါ့ …။ ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

လေးစားစွာဖြင့် Credit

Leave a Comment