လူမျမင္ႏိုင္ေပမယ္႔ အတြင္းသား အသားအေရ ျဖဴဝင္းေစဖို႔ လိေမၼာ္ရည္နဲ႔ နႏြင္းမႈန္႔…

လူမျမင္ႏိုင္ေပမယ္႔ အတြင္းသား အသားအေရ ျဖဴဝင္းေစဖို႔ လိေမၼာ္ရည္နဲ႔ နႏြင္းမႈန္႔…

နႏြင္းဟာ ဆဲလ္ေသေတြကို ဖယ္႐ွားေပးႏိုင္ၿပီး အသားအေရ ကို ျဖဴဝင္းေစတဲ့ ဟင္းခတ္ အေမႊးအႀကိဳင္တစ္ခု ျဖစ္ပါတယ္ …။

လိေမၼာ္သီးမွာလည္း ဗီတာမင္ C ႂကြယ္ဝစြာ ပါဝင္တဲ့အျပင္ Citric အက္ဆစ္ဓါတ္ေတြ ပါဝင္လို႔ အသားအေရကို သန္႔စင္ေပးၿပီး ျဖဴဝင္းေစတာပဲ ျဖစ္ပါတယ္ …။

အတြင္းသား အသားအေရ ပ်က္ဆီးတာဟာ လူမျမင္ရဘူး ဆိုေပမဲ့လည္း ဂ႐ုစိုက္ဖို႔ လိုအပ္ပါတယ္။ အမ်ိဳးသမီးေတြကေတာ့ သူတို႔ရဲ႕ အသားအေရကို အေကာင္းဆုံး ဂ႐ုစိုက္ခ်င္ၾကတာ ျဖစ္လို႔ အတြင္းသား အသားအေရ ညိဳမဲေနတာေတြဟာ တကယ့္ျပႆနာ အႀကီးႀကီးပါေနာ္ …။

ျမန္မာျပည္မွာေတာ့ သိပ္မဝတ္ၾကေပမဲ့ ကမ္းေျခေတြ သြားတဲ့အခါ Bikini လွလွေလးေတြကို မိန္းကေလးတိုင္း ဝတ္ဖူးခ်င္ ၾကမွာပါ …။

ခ်ိဳင္းၾကား၊ ေပါင္ၾကား ၊ လည္ပင္းနား က ညိဳမဲေနတာေတြ သက္သာေစဖို႔ အခုပဲ အသုံးျပဳလိုက္ရေအာင္ေနာ္ …။

ျပဳလုပ္နည္း (၁)

လိေမၼာ္ရည္ စားပြဲတင္ဇြန္း ၂ ဇြန္းနဲ႔ နႏြင္းမႈန္႔ လကဖက္ရည္ဇြန္း တစ္ဝက္ကို ေရာၿပီး ေသခ်ာေမႊေပးပါ။ ၿပီးရင္ ညိဳမဲေနတဲ့ အသားအေရေတြမွာ လိမ္းေပးပါ။ မိနစ္ ၂၀ ေလာက္ ထားထားၿပီး ေရေအးနဲ႔ ေဆးခ်ပါ။ တစ္ပတ္ကို ၂ ႀကိမ္ ျပဳလုပ္ေပးပါ …။

ျပဳလုပ္နည္း (၂)

အပိုလက္ေဆာင္အေနနဲ႔ ႐ွားေစာင္းလက္ပက္ကိုလည္း အသုံးျပဳလို႔ ရေသးတယ္ဆိုတာ သတင္းေကာင္း ပါးလိုက္ခ်င္ပါတယ္ေနာ္။ ႐ွားေစာင္းလက္ပက္ အႏွစ္ကို ညိဳမဲေနတဲ့ အသားအေရမွာ လိမ္းေပးပါ …။

မိနစ္ ၂၀ ေလာက္ထားၿပီးရင္ ေရေႏြးေလးနဲ႔ ေဆးခ်လိုက္ပါ။ ဒီနည္းလမ္းကို ေရခ်ိဳးၿပီးရင္ လုပ္ေပးပါ။ တစ္ပတ္ကို ၂ ႀကိမ္ေလာက္ ပုံမွန္လုပ္ေပးပါ။ ၁ လေလာက္ဆိုရင္ သိသာလာမွာပဲ ျဖစ္ပါတယ္ေနာ္ …။

ဤစာဖတ္သူမ်ားအားလုံး က်န္းမာခ်မ္းသာၾကပါေစလို႔ ဆုေတာင္းေမတၱာ ပို႔သေပးလိုက္ပါတယ္။ မွ်ေဝေပးျခင္းဟာလည္း ေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါအံုး ခ်စ္တို႔ေရ …။ ။

Credit – Mystylemyanmar

unicode version ဖြင့်ဖတ်ရန်

လူမမြင်နိုင်ပေမယ့် အတွင်းသား အသားအရေ ဖြူဝင်းစေဖို့ လိမ္မော်ရည်နဲ့ နနွင်းမှုန့်…

နနွင်းဟာ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရေ ကို ဖြူဝင်းစေတဲ့ ဟင်းခတ် အမွှေးအကြိုင်တစ်ခု ဖြစ်ပါတယ် …။

လိမ္မော်သီးမှာလည်း ဗီတာမင် C ကြွယ်ဝစွာ ပါဝင်တဲ့အပြင် Citric အက်ဆစ်ဓါတ်တွေ ပါဝင်လို့ အသားအရေကို သန့်စင်ပေးပြီး ဖြူဝင်းစေတာပဲ ဖြစ်ပါတယ် …။

အတွင်းသား အသားအရေ ပျက်ဆီးတာဟာ လူမမြင်ရဘူး ဆိုပေမဲ့လည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အမျိုးသမီးတွေကတော့ သူတို့ရဲ့ အသားအရေကို အကောင်းဆုံး ဂရုစိုက်ချင်ကြတာ ဖြစ်လို့ အတွင်းသား အသားအရေ ညိုမဲနေတာတွေဟာ တကယ့်ပြဿနာ အကြီးကြီးပါနော် …။

မြန်မာပြည်မှာတော့ သိပ်မဝတ်ကြပေမဲ့ ကမ်းခြေတွေ သွားတဲ့အခါ Bikini လှလှလေးတွေကို မိန်းကလေးတိုင်း ဝတ်ဖူးချင် ကြမှာပါ …။

ချိုင်းကြား၊ ပေါင်ကြား ၊ လည်ပင်းနား က ညိုမဲနေတာတွေ သက်သာစေဖို့ အခုပဲ အသုံးပြုလိုက်ရအောင်နော် …။

ပြုလုပ်နည်း (၁)

လိမ္မော်ရည် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ နနွင်းမှုန့် လကဖက်ရည်ဇွန်း တစ်ဝက်ကို ရောပြီး သေချာမွှေပေးပါ။ ပြီးရင် ညိုမဲနေတဲ့ အသားအရေတွေမှာ လိမ်းပေးပါ။ မိနစ် ၂၀ လောက် ထားထားပြီး ရေအေးနဲ့ ဆေးချပါ။ တစ်ပတ်ကို ၂ ကြိမ် ပြုလုပ်ပေးပါ …။

ပြုလုပ်နည်း (၂)

အပိုလက်ဆောင်အနေနဲ့ ရှားစောင်းလက်ပက်ကိုလည်း အသုံးပြုလို့ ရသေးတယ်ဆိုတာ သတင်းကောင်း ပါးလိုက်ချင်ပါတယ်နော်။ ရှားစောင်းလက်ပက် အနှစ်ကို ညိုမဲနေတဲ့ အသားအရေမှာ လိမ်းပေးပါ …။

မိနစ် ၂၀ လောက်ထားပြီးရင် ရေနွေးလေးနဲ့ ဆေးချလိုက်ပါ။ ဒီနည်းလမ်းကို ရေချိုးပြီးရင် လုပ်ပေးပါ။ တစ်ပတ်ကို ၂ ကြိမ်လောက် ပုံမှန်လုပ်ပေးပါ။ ၁ လလောက်ဆိုရင် သိသာလာမှာပဲ ဖြစ်ပါတယ်နော် …။

ဤစာဖတ်သူများအားလုံး ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သပေးလိုက်ပါတယ်။ မျှဝေပေးခြင်းဟာလည်း မေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါအုံး ချစ်တို့ရေ …။ ။

Credit – Mystylemyanmar