စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်
၁။ အိမ်ထဲ ဖားခုန်ဝင်ပါက ငွေရအံ့ …။
၂။ အိမ်ထဲ ပိတုန်းဝင်ပါက ဧည့်သည်လာအံ့ …။
၃။ အိမ်ထဲ ဓါးခုတ်ကောင်ဝင်ပါက ပေးကမ်းမည့် ဧည့်သည်လာလတ္တံ့ …။
၄။ အလံတင်ရမူ ရည်မှန်းချက် အောင်မြင်အံ့ …။
၅။ တင်လိုက်သည့်အလံ ပြန်လျှောကျမူ ဘေးတွေ့ရတတ်အံ့ …။
၆။ ခွေးလက်ဆောင်ရမူ၊ အိမ်တွင် ခွေးလာနေမူ မိတ်ဆွေကောင်း ရလတ္တံ့ …။
၇။ ခွေးမဲလာ‌သော် ဥစ္စာပေးမည့် မိတ်ဆွေကို ရအံ့ …။
၈။ ခွေးဝါလာသော် ပျော်ရွှင်စေမည့် မိတ်ဆွေရလတ္တံ့ …။
၉။ ခွေးဖြူလာနေမူ ချစ်ခင်ဖွယ် မိတ်ကောင်းဆွေကောင်းရအံ့ …။
၁၀။ ခရီးသွားစဉ် နွားနှင့်တိုးမူ အလုပ်ကိစ္စများ အဆင်ပြေအံ့ …။
၁၁။ အင်္ကျီ ပြောင်းပြန်ဝတ်မိမူ မထင်မှတ်ပဲ ငွေအမြောက်အမြား ရလတ္တံ့ …။
၁၂။ အိမ်တွင် ကြောင်မဲလာနေမူ မိတ်ဆွေ သစ္စာဖောက်အံ့ …။
၁၃။ ကောင်ဖြူလာနေမူ အသက်ဘေးကြုံရအံ့ …။
၁၄။ ကြောင်ဝါလာနေမူ ကံဆိုးပြီးမှ ကံကောင်းလာတတ်အံ့ …။
၁၅။ အိမ်ထဲ လိပ်ပြာဝင်မူ သတင်းကောင်းကြားအံ့။ မောင်းထုတ်လျှင် နိမိတ် ပျယ်အံ့။ သတ်လျှင် ကံဆိုးတတ်အံ့ …။
၁၆။ နားယားမူ တစ်စုံတစ်ယောက် သင့်အကြောင်း ပြောနေအံ့ …။
၁၇။ ဘယ်ဖက်နားယားမူ အကောင်းပြောအံ့ …။
၁၈။ ညာဖက်နားယားပါက အဆိုးပြောအံ့ …။(မည်သူပြောနေကြောင်း မှန်အောင် မှန်းနိုင်လျှင် အယားပျောက်သည်)
၁၉။ မည်သည့်နေရာ မြွေတွေ့တွေ့ ကံကောင်းအံ့။ သတ်မိလျှင် ထို နိမိတ်ပျယ်တတ်အံ့ …။
(ရှေ့မှကန့်လန့်ဖြစ်သွားမူ သင်လတ်တလောလုပ်မည့်ကိစ္စ အမှားဖြစ်အံ့။ ကြန့်ကြာအံ့။)
၂၀။ ပင့်ကူအိမ်တွင် သင့်နာမည် တစ်လုံးလုံးပေါ်နေမူ အလုပ်အကိုင်တွေ အဆင်ပြေအံ့ …။
၂၁။ အိမ်ထဲ ဌက်ဝင်လာပါက ငွေဝင်တတ်အံ့ …။
၂၂။ အိမ်ထဲ ဌက်သိုက်လာဆွဲမူ ချမ်းသာတတ်အံ့ …။
၂၃။ ကလေးမွေးသည့်နေ့ သက်တံ့ထွက်မူ ထိုကလေးသည် အောင်မြင်သူ မလွဲမသွေ ဖြစ်အံ့ …။
၂၄။ မင်္ဂလာဆောင်သည့်နေ့ သက်တံ့ထွက်မူ ထိုအိမ်ထောင်ရေး သာယာပြန့်ပြူးအံ့ …။
သက်တံ့ နှစ်ထပ်ထွက်လျှင် အလွန့်အလွန် ကံကောင်းအံ့
၂၅။ ဘယ်လက် ယားမူ ငွေဝင်အံ့ …။
၂၆။ ညာလက် ယားမူ ငွေထွက်တတ်အံ့ …။
၂၇။ လပြည့်နေ့ ငွေဝင်မူ ဥစ္စာပစ္စည်း တိုးအံ့ …။
၂၈။ ထမင်းစားစဉ် တစ်စုံတစ်ယောက်က ငွေလာပေးမူ ငွေအမြောက်အမြား ထပ်ဝင်လတ္တံ့ …။
နိမိတ်ဆိုရင် အရမ်းစိတ်ဝင်စားတက်ကြတဲ့ ကျနော့် မိတ်ဆွေတွေအတွက် ကူးယူဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါတယ် …။
မူရင်းရေးသားသူနှင့် နိမိတ်တွေရဲ့ ဆရာသခင်အားလည်း ခရက်ဒစ် ပေးပါတယ်ရှင့် …။ ။