ေသေလာက္ေအာင္ခ်စ္လည္း ဒီလိုလုပ္ရပ္မ်ိဳးေတြကိုေတာ႔ မိန္းမေတြ ခြင့္မလႊတ္တတ္ဘူး…

ေသေလာက္ေအာင္ခ်စ္လည္း ဒီလိုလုပ္ရပ္မ်ိဳးေတြကိုေတာ႔ မိန္းမေတြ ခြင့္မလႊတ္တတ္ဘူး…

အခ်စ္ႀကီးတဲ့ေနရာမွာ မိန္းကေလးေတြက နာမည္ေက်ာ္ၾကပါတယ္။ ဒီလို အခ်စ္ႀကီးေပမယ့္လည္း မိန္းကေလးေတြမွာ ခ်စ္သူကို ဘယ္လိုမွ ခြင့္မလႊတ္ႏိုင္တဲ့ အရာေတြလည္း ရွိပါေသးတယ္။ အရာအားလုံးကို ခြင့္လႊတ္ႏိုင္ရင္ေတာင္ လုံးဝ ခြင့္လႊတ္ေပးလို႔ မရတဲ့ အရာေတြကေတာ့ ဒီအရာေတြပဲ ျဖစ္ပါတယ္ေနာ္ …။

(၁) သစၥာေဖာက္တာ”

မိန္းကေလးေတြရဲ႕ အမုန္းဆုံး အခ်က္ကေတာ့ သစၥာေဖာက္ျခင္းပဲ ျဖစ္ပါတယ္။ ကိုယ္နဲ႔ လူသိရွင္ၾကားတြဲေနလ်က္နဲ႔ ကိုယ့္အေပၚ သစၥာေဖာက္သြားတာကို အမုန္းဆုံး ျဖစ္ပါတယ္။ စိတ္အလိုလိုက္ၿပီး ျဖစ္သြားတာ ျဖစ္ေစ၊ ေခတၱျဖစ္ၿပီး ၿပီးသြားတာ ျဖစ္ေစ မိန္းကေလးေတြက ထိုလုပ္ရပ္ကို အရမ္းမုန္းတီးၾကပါတယ္ …။

(၂) အၿပိဳင္ထားတာ”

အခ်စ္ဆိုတာ ကိုယ့္အေပၚပဲ အာ႐ုံစိုက္ၿပီး ဂ႐ုတစိုက္ခ်စ္ၾကျခင္းလို႔ မိန္းကေလးေတြက နားလည္ထားၾကပါတယ္။ ဒါကို ေနာက္တစ္ေယာက္ပါ ထားၿပီး ဟိုကိုလည္း မစြန႔္လႊတ္ႏိုင္ ဒီလိုလည္း လက္မလႊတ္ႏိုင္ဆိုတဲ့ မျပတ္မသား လုပ္တတ္တဲ့ ေကာင္ေလးေတြရဲ႕ လုပ္ရပ္ေတြကို မိန္းကေလးေတြက ေသေလာက္ေအာင္ကို မုန္းတတ္ၾကတာပဲ ျဖစ္ပါတယ္ …။

(၃) လိမ္ညာတာ”

သမီးရည္းစား ျဖစ္ၿပီ ဆိုတာနဲ႔ တစ္ေယာက္ကို တစ္ေယာက္ နားလည္ေပးရတာေတြ ရွိလာသလို သူ႔ဆႏၵ ကိုယ့္ဆႏၵ ညႇိႏႈိင္းၿပီး ပတ္သတ္ရတာ ျဖစ္ပါတယ္။ ဒါေပမယ့္ မႀကိဳက္ပါဘူးလို႔ ေျပာထားတဲ့ အရာကို မလုပ္ပါဘူး ဆိုၿပီး ကတိေတြ အထပ္ထပ္ေပးၿပီး လိမ္ညာသြားတာကို မိန္းကေလးေတြက မုန္းတီးၾကပါတယ္ …။

(၄) လက္ပါတာ”

ဘယ္ေလာက္ပဲခ်စ္ခ်စ္ အခ်စ္စစ္မွန္ရင္ေတာ့ ခ်စ္သူ အသားနာေအာင္ မျပဳလုပ္တတ္ၾကပါဘူး။ ေဒါသႀကီးၿပီး ကိုယ့္စိတ္အေလ်ာက္ ႐ိုက္ႏွက္တတ္တဲ့ သူကို ခ်စ္သူ ေတာ္ထားမိရင္ေတာ့ စိတ္မေကာင္းစရာပါပဲ။ ခ်စ္လို႔ အတူ လက္တြဲေနခဲ့တာကို လက္ပါသြားရင္ေတာ့ ေကာင္မေလးေတြက ဒီအျပဳအမူကို အမုန္းႀကီး မုန္းေနေတာ့မွာပါေနာ္ …။ ။

Credit

Unicode Version ဖြင့်ဖတ်ရန်

သေလောက်အောင်ချစ်လည်း ဒီလိုလုပ်ရပ်မျိုးတွေကိုတော့ မိန်းမတွေ ခွင့်မလွှတ်တတ်ဘူး…

အချစ်ကြီးတဲ့နေရာမှာ မိန်းကလေးတွေက နာမည်ကျော်ကြပါတယ်။ ဒီလို အချစ်ကြီးပေမယ့်လည်း မိန်းကလေးတွေမှာ ချစ်သူကို ဘယ်လိုမှ ခွင့်မလွှတ်နိုင်တဲ့ အရာတွေလည်း ရှိပါသေးတယ်။ အရာအားလုံးကို ခွင့်လွှတ်နိုင်ရင်တောင် လုံးဝ ခွင့်လွှတ်ပေးလို့ မရတဲ့ အရာတွေကတော့ ဒီအရာတွေပဲ ဖြစ်ပါတယ်နော် …။

(၁) သစ္စာဖောက်တာ”

မိန်းကလေးတွေရဲ့ အမုန်းဆုံး အချက်ကတော့ သစ္စာဖောက်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ်နဲ့ လူသိရှင်ကြားတွဲနေလျက်နဲ့ ကိုယ့်အပေါ် သစ္စာဖောက်သွားတာကို အမုန်းဆုံး ဖြစ်ပါတယ်။ စိတ်အလိုလိုက်ပြီး ဖြစ်သွားတာ ဖြစ်စေ၊ ခေတ္တဖြစ်ပြီး ပြီးသွားတာ ဖြစ်စေ မိန်းကလေးတွေက ထိုလုပ်ရပ်ကို အရမ်းမုန်းတီးကြပါတယ် …။

(၂) အပြိုင်ထားတာ”

အချစ်ဆိုတာ ကိုယ့်အပေါ်ပဲ အာရုံစိုက်ပြီး ဂရုတစိုက်ချစ်ကြခြင်းလို့ မိန်းကလေးတွေက နားလည်ထားကြပါတယ်။ ဒါကို နောက်တစ်ယောက်ပါ ထားပြီး ဟိုကိုလည်း မစွန့်လွှတ်နိုင် ဒီလိုလည်း လက်မလွှတ်နိုင်ဆိုတဲ့ မပြတ်မသား လုပ်တတ်တဲ့ ကောင်လေးတွေရဲ့ လုပ်ရပ်တွေကို မိန်းကလေးတွေက သေလောက်အောင်ကို မုန်းတတ်ကြတာပဲ ဖြစ်ပါတယ် …။

(၃) လိမ်ညာတာ”

သမီးရည်းစား ဖြစ်ပြီ ဆိုတာနဲ့ တစ်ယောက်ကို တစ်ယောက် နားလည်ပေးရတာတွေ ရှိလာသလို သူ့ဆန္ဒ ကိုယ့်ဆန္ဒ ညှိနှိုင်းပြီး ပတ်သတ်ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် မကြိုက်ပါဘူးလို့ ပြောထားတဲ့ အရာကို မလုပ်ပါဘူး ဆိုပြီး ကတိတွေ အထပ်ထပ်ပေးပြီး လိမ်ညာသွားတာကို မိန်းကလေးတွေက မုန်းတီးကြပါတယ် …။

(၄) လက်ပါတာ”

ဘယ်လောက်ပဲချစ်ချစ် အချစ်စစ်မှန်ရင်တော့ ချစ်သူ အသားနာအောင် မပြုလုပ်တတ်ကြပါဘူး။ ဒေါသကြီးပြီး ကိုယ့်စိတ်အလျောက် ရိုက်နှက်တတ်တဲ့ သူကို ချစ်သူ တော်ထားမိရင်တော့ စိတ်မကောင်းစရာပါပဲ။ ချစ်လို့ အတူ လက်တွဲနေခဲ့တာကို လက်ပါသွားရင်တော့ ကောင်မလေးတွေက ဒီအပြုအမူကို အမုန်းကြီး မုန်းနေတော့မှာပါနော် …။ ။

Credit

Leave a Comment