ပုံ (၁) ကို ရွေးခဲ့ရရင်…
ပုံ (၂) ကို ရွေးခဲ့ရင်…
ပုံ (၃) ကို ရွေးခဲ့ရင်…
သင်တို့နှစ်ယောက် ဘယ်လောက်ကြည်နူးနေရလဲ၊ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ချစ်နေကြလဲဆိုတာကို တစ်ကမ္ဘာလုံးသိအောင် ကြော်ငြာနေမယ့် သူမျိုးတွေမဟုတ်ပါဘူး …။
ခရက်ဒစ်
Unicode Version ဖြင့်ဖတ်ရန်
အပျော်ရွှင်ဆုံးလို့ သင်မြင်တဲ့ စုံတွဲကိုရွေးပါ၊ သင့်အချစ်ရေးကို မှန်အောင်ပြောပြမယ်…
အခုပြထားတဲ့ ပုံလေးသုံးပုံမှာ အပျော်ရွှင်ဆုံးဖြစ်မယ်လို့ သင်ထင်တဲ့ စုံတွဲတစ်တွဲပုံကို ရွေးချယ်လိုက်ပါ။ ပြီးရင်တော့ သင်ရွေးချယ်လိုက်တဲ့ ပုံလေးကနေတစ်ဆင့် သင့်ရဲ့အချစ်ရေးကို ပြောပြပေးပါမယ်။ အဖြေတွေကိုတော့ အောက်မှာ ကြည့်ပေးပါနော် …။
ပုံ (၁) ကို ရွေးခဲ့ရရင်…
ဒီပုံလေးကိုရွေးချယ်လိုက်တဲ့ သင့်အချစ်ရေးကတော့ အေးဆေးတည်ငြိမ်တဲ့ အချစ်မျိုး ဖြစ်ပါတယ် …။
သင့်ချစ်သူနဲ့ဓာတ်ပုံတွေ၊ သင့်အချစ်ရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို Social Media တွေပေါ်မှာ လူသိရှင်ကြား ချပြနေစရာမလိုဘူး ဆိုတဲ့အတွေးမျိုး ရှိသူပါ …။
သင်ဟာ Social Media ပေါ်မှာ လူအများရဲ့ အာရုံစိုက်မှုကို ရဖို့ထက် လက်တွေ့ဘဝမှာ လက်တွေ့ကျကျ ချစ်ရတာကိုပဲ နှစ်သက်တဲ့သူပါ …။
ပုံ (၂) ကို ရွေးခဲ့ရင်…
သင်ဟာ သင့်ရဲ့ခံစားချက်တွေကို လူသိရှင်ကြား ထုတ်ပြတတ်ပါတယ်။ သင့်ခံစားချက်ကို ဘယ်သူ့ကိုမဆို ပွင့်ပွင့်လင်းလင်း ထုတ်ပြတတ်သူမျိုးပါ …။
သင်သိထားရမှာက သင့်ချစ်သူ ဘယ်သူဘယ်ဝါ၊ သင်တို့ပြဿနာ အဝဝကို သူများကို ပြောပြနေစရာမလိုပါဘူး …။
ဒီလိုမှမဟုတ်ရင် စနိုက်ကြော်ပြဿနာတွေ၊ စိတ်ညစ်စရာတွေ၊ မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာနိုင်လို့ပါပဲ …။
ပုံ (၃) ကို ရွေးခဲ့ရင်…
သင်နဲ့သင့်ချစ်သူနှစ်ယောက်လုံးဟာ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်သမားတွေ ဖြစ်ပါတယ် …။
တစ်ယောက်ကို တစ်ယောက်ယုံကြည်ကြသလို၊ တစ်ပါးသူရဲ့အမြင်တွေဟာ သင်တို့အတွက် အရေးမကြီးပါဘူးနော် …။
သင်တို့နှစ်ယောက် ဘယ်လောက်ကြည်နူးနေရလဲ၊ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ချစ်နေကြလဲဆိုတာကို တစ်ကမာ္ဘလုံးသိအောင် ကြော်ငြာနေမယ့် သူမျိုးတွေမဟုတ်ပါဘူး …။
လက်ရှိနဲ့အနာဂတ်ကိုပဲ စိတ်ဝင်စားတဲ့ သင်တို့နှစ်ယောက်ရဲ့အချစ်ရေးကတော့ တကယ့်ကို စံနမူနာယူထိုက်တဲ့ အချစ်ရေးမျိုးပဲ ဖြစ်ပါတယ် …။ ။
ခရက်ဒစ်