written by PP
Unicode Version ဖြင့်ဖတ်ရန်
အရွယ်တင်နုပျိုချင်တဲ့ မိန်းကလေးတိုင်းသိကိုသိထားရမယ့် အလှအပလျှို့ဝှက်ချက်(၃)ခု…
မိန်းကလေးတိုင်း မလှချင်တဲ့သူ မနုပျိုချင်တဲ့သူ မရှိပါဘူး။ မိန်းကေလးဆိုတာ အသက်အရွယ်ကြီးရင့်လာလည်း အေရးအေကြာင်းကင်းစင်ပြီး အရွယ်တင်နုပျို လှပတဲ့သူ၊ အမြဲတမ်း လှပနေတဲ့သူဖြစ်ချင်ကြပါတယ်။ အသက်ကြီးလာတဲ့အထိ နုပျိုလှပဖို့အတွက် မိန်းကေလးတိုင်း မဖြစ်မနေသိထားရမယ့် အလှအပဆိုင်ရာ လှို့ဝှက်ချက် တွေကို ပြောပြပေးလိုက်ပါတယ်နော် …။
(၁) ကိုယ်တိုင်လုပ် အရေးအကြောင်းကင်းခရင်မ်”
vaselline စားပွဲတင်ဇွန်းနှစ်ဇွန်းကိုအပူပေးပြီး သံလွင်ဆီတစ်ဇွန်း၊ ကြက်ဥအနှစ်တစ်လုံး၊ ပျားရည်တစ်ဇွန်း၊ ထောပတ်သီးအမှည့်တစ်လုံးတို့ကို အနှစ်ဖြစ်အောင် ရောမွှေပါ။ မျက်နှာက ပြောင်စင်အောင်သစ်ပြီး ရလာတဲ့အနှစ်ကို မျက်နှာအနှံ့ ခပ်ထူထူလေးလိမ်းကာ မိနစ်၂၀ လောက်ထားထား ပေးပါ …။
ပြီးရင် ရေကြက်သီးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ တစ်ပတ်နှစ်ကြိမ်လောက် ပြုလုပ်ပေးရင် မျက်နှာပေါ်မှာဖြစ်လေ့ရှိတဲ့ အရေးအကြောင်းတွေမဖြစ်လာအောင် တားဆီးပေးနိုင်တာကြောင့် အသက်ကြီးလာလည်း ရွယ်တူတွေထက် နုပျိုနေမှာပဲ ဖြစ်ပါတယ် …။
(၂) ကိုယ်တိုင်လုပ် အမည်းစက် ပျောက်ပေါင်းတင်ဆေး”
ဂျုံမှုန့်နှစ်ဇွန်း၊ နနွင်းအနည်းငယ်၊ နွားနို့အစိမ်းလေးဇွန်း၊ သံပရိုရည်တစ်ဇွန်း၊ အုန်းဆီတစ်ဇွန်း တို့ကိုရောမွှေပြီး မျက်နှာအနှံ့ထူထူလေးလိမ်းပေးပါ။ ၁၀ မိနစ်ကြာရင် မျက်နှာအနှံ့ဖွဖွလေးနှိပ်နယ်ပေးပြီး ရေကြက်သီးနွေးလေးနဲ့ ဆေးချပေးလိုက်ပါ။ သုံးရက်တစ်ကြိမ်လောက် လုပ်ပေးရင်ကို အမည်းစက်တွေ သိသိသာသာ လျော့ပါးလာတာကို တွေ့ရပါလိမ့်မယ် …။
(၃) ဆားဝက်ခြံပျောက် ပေါင်းတင်ဆေး”
ဂျုံမှုန့်နှစ်ဇွန်း၊ မုန့်ဖုတ်ဆိုဒါတစ်ဇွန်း၊ပျားရည်တစ်ဇွန်းတို့ကိုရောမွှေပြီး မျက်နှာအနှံ့ လိမ်းပေးပါ။ မိနစ်နှစ်ဆယ်လောက်ထားပြီးရင် ရေနွေးလေးနဲ့ မျက်နှာသစ်ပေးကာ တစ်သျှူးစက္ကူလေးနဲ့ ဆားဝက်ခြံတွေကို ညှစ်ထုတ်ပေးပြီး ရေအေးနဲ့ မျက်နှာပြန် သစ်ပေးပါ။ ဒါပြီးရင်တော့ တိုနာလိမ်းပေးပါ။ တစ်ပတ်တစ်ကြိမ် ပြုလုပ်ပေးရင် မျက်နှာပေါ်ကဆားဝက်ခြံတွေကို တဖြည်းဖြည်း သက်သာပျောက်ကင်းလာစေမှာပဲ ဖြစ်ပါတယ်နော် …။ ။
written by PP