နာက်င္ေစမွန္းသိရဲ႕နဲ႔ မျပတ္မသားနဲ႔ဆက္ၿပီးဆုတ္ကိုင္ထားတာ မပင္ပန္းလြန္းဘူးလား…

နာက်င္ေစမွန္းသိရဲ႕နဲ႔ မျပတ္မသားနဲ႔ဆက္ၿပီးဆုတ္ကိုင္ထားတာ မပင္ပန္းလြန္းဘူးလား…

ဒဏ္ရာဒဏ္ခ်က္ေတြ​​ေကာ ဘယ္ေလာက္မ်ားခဲ့ရၿပီးၿပီလဲ ၊ စိတ္မနာတတ္လို႔မ်ားလား ခံႏိုင္ရည္ပဲ သိပ္ရွိလြန္းေနတာလား ၊ တစ္ခါတစ္ေလက်ျပန္ေတာ့လဲ ကိုယ့္ကိုယ္ကိုယ္ မွန္ထဲၾကည့္ၿပီး ဘယ္ေလာက္သနားစရာေကာင္းေနလဲဆိုတာ ျပန္ၾကည့္ပါအံုး …။

အေပၚယံေတြကို အတည္ႀကီးေတြထင္ၿပီး အနာဂတ္ေတြအထိ စိတ္ကူးေတြ ထိုင္ယဥ္ခဲ့မိတာေတြ လိုခ်င္တာရွိလို႔ ၿပဳံးရယ္ျပေနတာကို ကိုယ့္ကို လိုအပ္လြန္းေနတယ္လို႔ အပိုေတြ ေတြးထင္ခဲ့မိတာေတြ ၊

​ကုန္ကုန္ေျပာရရင္ ကိုယ့္ကို လွည့္စားေနတာကို အခ်စ္စစ္လို႔ ေခါင္းစဥ္တပ္မိတာေတြ ေသခ်ာျပန္စဥ္းစားၾကည့္ပါဦး တစ္ဖန္ျပန္ၿပီး ကိုယ့္ကိုကိုယ္လည္း သနားပါအံုး …။

ကိုယ္မရွိရင္ ဘယ္လိုမ်ားေနမလဲလို႔ ေတြးခဲ့သလို ဘယ္သူကမွ ကိုယ္ဘယ္ေလာက္မ်ား ပင္ပန္းေနမလဲလို႔ မေတြးခဲ့ၾကပါဘူး …။

ကိုယ့္အတြက္ ကိုယ္ကိုယ္တိုင္ပဲ ျပန္လွည့္ၾကရမွာေလ ၊ ကိုယ္လဲက်တဲ့အခါ ကိုယ္အဆင္မေျပတဲ့အခါ ဘယ္သူမ်ားရွိလို႔လဲ ၊ ကိုယ္ကိုယ္တိုင္ပဲ ျပန္႐ုန္းထရမွာေလ မဟုတ္ဘူးလား ၊ တစ္ႀကိမ္တစ္ခါတည္းပါ တျခားသူဘ၀ေတြကိုပဲ စာနာၿပီး တစ္ျခားသူတစ္ေယာက္ကိုပဲ နားလည္ဖို႔ ႀကိဳးစားရင္းနဲ႔ အခ်ိန္ေတြ အမ်ားႀကီး မျဖဳန္းမိပါေစနဲ႔ေနာ္ …။

ကိုယ္ကိုယ္တိုင္လည္း ေမးခြန္းေလးတစ္ခု ေမးၾကည့္ပါ ငါ ေရာ တကယ္ေပ်ာ္ေနရဲ႕လား ဆိုတဲ့ ေမးခြန္းမ်ိဳးေပါ့ …။ ။

ေလးစားစြာျဖင္႔ – သွ်င္ယြန္း

Unicode Version ဖြင့်ဖတ်ရန်

နာကျင်စေမှန်းသိရဲ့နဲ့ မပြတ်မသားနဲ့ဆက်ပြီးဆုတ်ကိုင်ထားတာ မပင်ပန်းလွန်းဘူးလား…

ဒဏ်ရာဒဏ်ချက်တွေ​​ကော ဘယ်လောက်များခဲ့ရပြီးပြီလဲ ၊ စိတ်မနာတတ်လို့များလား ခံနိုင်ရည်ပဲ သိပ်ရှိလွန်းနေတာလား ၊ တစ်ခါတစ်လေကျပြန်တော့လဲ ကိုယ့်ကိုယ်ကိုယ် မှန်ထဲကြည့်ပြီး ဘယ်လောက်သနားစရာကောင်းနေလဲဆိုတာ ပြန်ကြည့်ပါအုံး …။

အပေါ်ယံတွေကို အတည်ကြီးတွေထင်ပြီး အနာဂတ်တွေအထိ စိတ်ကူးတွေ ထိုင်ယဉ်ခဲ့မိတာတွေ လိုချင်တာရှိလို့ ပြုံးရယ်ပြနေတာကို ကိုယ့်ကို လိုအပ်လွန်းနေတယ်လို့ အပိုတွေ တွေးထင်ခဲ့မိတာတွေ ၊

​ကုန်ကုန်ပြောရရင် ကိုယ့်ကို လှည့်စားနေတာကို အချစ်စစ်လို့ ခေါင်းစဉ်တပ်မိတာတွေ သေချာပြန်စဉ်းစားကြည့်ပါဦး တစ်ဖန်ပြန်ပြီး ကိုယ့်ကိုကိုယ်လည်း သနားပါအုံး …။

ကိုယ်မရှိရင် ဘယ်လိုများနေမလဲလို့ တွေးခဲ့သလို ဘယ်သူကမှ ကိုယ်ဘယ်လောက်များ ပင်ပန်းနေမလဲလို့ မတွေးခဲ့ကြပါဘူး …။

ကိုယ့်အတွက် ကိုယ်ကိုယ်တိုင်ပဲ ပြန်လှည့်ကြရမှာလေ ၊ ကိုယ်လဲကျတဲ့အခါ ကိုယ်အဆင်မပြေတဲ့အခါ ဘယ်သူများရှိလို့လဲ ၊ ကိုယ်ကိုယ်တိုင်ပဲ ပြန်ရုန်းထရမှာလေ မဟုတ်ဘူးလား ၊ တစ်ကြိမ်တစ်ခါတည်းပါ တခြားသူဘ၀တွေကိုပဲ စာနာပြီး တစ်ခြားသူတစ်ယောက်ကိုပဲ နားလည်ဖို့ ကြိုးစားရင်းနဲ့ အချိန်တွေ အများကြီး မဖြုန်းမိပါစေနဲ့နော် …။

ကိုယ်ကိုယ်တိုင်လည်း မေးခွန်းလေးတစ်ခု မေးကြည့်ပါ ငါ ရော တကယ်ပျော်နေရဲ့လား ဆိုတဲ့ မေးခွန်းမျိုးပေါ့ …။ ။

လေးစားစွာဖြင့် – သျှင်ယွန်း

Leave a Comment