ေကာင္ေလးေတြ သဝန္တိုလာရင္ လုပ္တတ္တဲ့ အရာ(၆)ခု…

ေကာင္ေလးေတြ သဝန္တိုလာရင္ လုပ္တတ္တဲ့ အရာ(၆)ခု…

ေယာကၤ်ားေလးေတြ သဝန္တိုလာရင္ မိန္းကေလးေတြလို ပြင့္ပြင့္လင္းလင္း ထုတ္မေျပာျပတတ္တာေၾကာင့္ ဘာျဖစ္မွန္း မသိဘူး ျဖစ္ေနတတ္ပါတယ္ …။

ဒီအေျခအေနကို မိန္းကေလးဘက္က နားမလည္ရင္ေတာ့ ျပႆနာဟာ တအံု႔ေႏြးေႏြး ျဖစ္ေနပါလိမ္႔မယ္ …။

သင့္ ခ်စ္သူ ေကာင္ေလး ဒီအရာေလးေတြကို ျပဳလုပ္ေနျပီဆိုရင္ေတာ့ သူ သင့္ကို သဝန္တို ေနတယ္ဆိုတာ ေသခ်ာေနပါျပီ။

၁။ စျပီး ဂရုမစိုက္ေတာ့ဘူး။

စကားေျပာေနရင္းနဲ႔ ရုတ္တရက္ ဂရုမစိုက္ သလို လုပ္တတ္ပါတယ္ …။

အထူးသျဖင့္ သင္ေျပာတဲ႔ စကားထဲမွာ ေယာက်္ားေလးအေၾကာင္း ပါလာရင္ သူ႕ဘက္က ဂရုမစိုက္ သလိုပံုစံမ်ိဳးနဲ႔ ဘာမွကို မေျပာေတာ့တာ မ်ိဳးပါ …။

၂။ အဆက္အသြယ္ျဖတ္တတ္တယ္။

သဝန္တိုတယ္ဆုိတာ ကိုယ့္မွာရွိတာ တစ္ခုခုကို ဆံုးရႈံးႏုိင္တယ္ဆုိတဲ့ ျခိမ္းေျခာက္မႈနဲ႔ ၾကံဳရတဲ႔ ခံစားခ်က္မ်ိဳး ျဖစ္ပါတယ္ …။

ဒီျပႆနာကို ကိုင္တြယ္ဖို႔ဆိုရင္ ျခိမ္းေျခာက္ခံရတဲ့ အရာရဲ႕ အေဝးမွာေနတာ ျဖစ္ပါတယ္ …။

သူတို႔သဝန္တိုမႈျဖစ္ေစတဲ့ လူေတြ၊ ပတ္ဝန္းက်င္ ေတြဆီ သင့္ကို ေခၚ မသြားေတာ့ပါဘူး …။

၃။ ပိုဂရုစိုက္တယ္။

ဂရုစိုက္ခံ ရတာကို မိန္းကေလး တုိင္းႏွစ္သက္ပါတယ္ …။

ဒါေပမယ့္ ဘယ္သြားလဲ၊ ဘာလုပ္လဲ၊ ဘယ္သူနဲ႔ရွိေနလဲ ဆိုတာေတြကို အရင္ကထက္ ပိုျပီး ဂရုစိုက္လာပါလိမ္႔မယ္ …။

၄။ အျပစ္တင္…..

သဝန္တိုတဲ့အခါ သင့္ကို အျပစ္တင္တာေတြ လုပ္လာပါတယ္ …။

ဘာမဟုတ္တဲ့ အေၾကာင္းေလးေတြနဲ႔ သင့္ကို အျပစ္တင္လာပါလိမ္႔မယ္ …။

အျပစ္တင္ရမယ့္ ကိစၥဆိုရင္လည္း လိုတာထက္ပိုျပီး ေျပာဆိုတာေတြ လုပ္လာပါလိမ္႔မယ္ …။

၅။ သိရခက္တဲ့ လကၡဏာ ….

ေယာက်ာ္းတစ္ေယာက္ သဝန္တိုမႈ ျဖစ္ေပၚလာတာဟာ သူ႔ကိုယ္သူ ေလးစားမႈ ေလ်ာ့က် လာတာေၾကာင့္လည္း ျဖစ္ႏုိင္ပါတယ္ …။

ဥပမာ – သူ႕ထက္ တစ္ခုခု သာတယ္လို႔ ထင္တဲ့လူနဲ႔ သင္ အတူရွိတာကို မၾကိဳက္တာမ်ိဳးပါ …။

ဒီလို ခံစားေနရတာကို သူတို႔ဘက္က ပြင့္ပြင့္လင္းလင္း ထုတ္မျပတတ္တာေၾကာင့္ ဘာျဖစ္မွန္းမသိဘူး ျဖစ္ေနတတ္ပါတယ္ …။

ဒီခံစားခ်က္ ကို သင့္ဘက္က နားမလည္ရင္ေတာ့ သင္တို႔ ျပႆနာဟာ တအံု႔ေႏြးေႏြး ျဖစ္ေနပါလိမ္႔မယ္ …။

၆။ ေထ့ေငါ့မႈ……

သူ႕ဘက္က ေထ့တာေငါ့တာေတြ လုပ္ပါမယ္။ သင့္ဘက္က ေဒါသထြက္ျပီး ေျပာဆုိတဲ့အခါမွာလည္း ျပန္မေျပာပဲ ျငိမ္ခံေနတတ္ပါတယ္ …။

ဒီလိုအေျခအေနက သင္တို႔ႏွစ္ေယာက္ဆက္ဆံေရးမွာ သူ႔အတြက္ အာမခံခ်က္ မရွိဘူးလို႔ ခံစားရတဲ့အခ်ိန္မွာ ထြက္ေပၚလာတာပဲ ျဖစ္ပါတယ္ေနာ္ …။ ။

Credit – loveshop

Unicode Version ဖြင့်ဖတ်ရန်

ကောင်လေးတွေ သဝန်တိုလာရင် လုပ်တတ်တဲ့ အရာ(၆)ခု…

ယောင်္ကျားလေးတွေ သဝန်တိုလာရင် မိန်းကလေးတွေလို ပွင့်ပွင့်လင်းလင်း ထုတ်မပြောပြတတ်တာကြောင့် ဘာဖြစ်မှန်း မသိဘူး ဖြစ်နေတတ်ပါတယ် …။

ဒီအခြေအနေကို မိန်းကလေးဘက်က နားမလည်ရင်တော့ ပြဿနာဟာ တအုံ့နွေးနွေး ဖြစ်နေပါလိမ့်မယ် …။

သင့် ချစ်သူ ကောင်လေး ဒီအရာလေးတွေကို ပြုလုပ်နေပြီဆိုရင်တော့ သူ သင့်ကို သဝန်တို နေတယ်ဆိုတာ သေချာနေပါပြီ။

၁။ စပြီး ဂရုမစိုက်တော့ဘူး။

စကားပြောနေရင်းနဲ့ ရုတ်တရက် ဂရုမစိုက် သလို လုပ်တတ်ပါတယ် …။

အထူးသဖြင့် သင်ပြောတဲ့ စကားထဲမှာ ယောက်ျားလေးအကြောင်း ပါလာရင် သူ့ဘက်က ဂရုမစိုက် သလိုပုံစံမျိုးနဲ့ ဘာမှကို မပြောတော့တာ မျိုးပါ …။

၂။ အဆက်အသွယ်ဖြတ်တတ်တယ်။

သဝန်တိုတယ်ဆိုတာ ကိုယ့်မှာရှိတာ တစ်ခုခုကို ဆုံးရှုံးနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုနဲ့ ကြုံရတဲ့ ခံစားချက်မျိုး ဖြစ်ပါတယ် …။

ဒီပြဿနာကို ကိုင်တွယ်ဖို့ဆိုရင် ခြိမ်းခြောက်ခံရတဲ့ အရာရဲ့ အဝေးမှာနေတာ ဖြစ်ပါတယ် …။

သူတို့သဝန်တိုမှုဖြစ်စေတဲ့ လူတွေ၊ ပတ်ဝန်းကျင် တွေဆီ သင့်ကို ခေါ် မသွားတော့ပါဘူး …။

၃။ ပိုဂရုစိုက်တယ်။

ဂရုစိုက်ခံ ရတာကို မိန်းကလေး တိုင်းနှစ်သက်ပါတယ် …။

ဒါပေမယ့် ဘယ်သွားလဲ၊ ဘာလုပ်လဲ၊ ဘယ်သူနဲ့ရှိနေလဲ ဆိုတာတွေကို အရင်ကထက် ပိုပြီး ဂရုစိုက်လာပါလိမ့်မယ် …။

၄။ အပြစ်တင်…..

သဝန်တိုတဲ့အခါ သင့်ကို အပြစ်တင်တာတွေ လုပ်လာပါတယ် …။

ဘာမဟုတ်တဲ့ အကြောင်းလေးတွေနဲ့ သင့်ကို အပြစ်တင်လာပါလိမ့်မယ် …။

အပြစ်တင်ရမယ့် ကိစ္စဆိုရင်လည်း လိုတာထက်ပိုပြီး ပြောဆိုတာတွေ လုပ်လာပါလိမ့်မယ် …။

၅။ သိရခက်တဲ့ လက္ခဏာ ….

ယောက်ျားတစ်ယောက် သဝန်တိုမှု ဖြစ်ပေါ်လာတာဟာ သူ့ကိုယ်သူ လေးစားမှု လျော့ကျ လာတာကြောင့်လည်း ဖြစ်နိုင်ပါတယ် …။

ဥပမာ – သူ့ထက် တစ်ခုခု သာတယ်လို့ ထင်တဲ့လူနဲ့ သင် အတူရှိတာကို မကြိုက်တာမျိုးပါ …။

ဒီလို ခံစားနေရတာကို သူတို့ဘက်က ပွင့်ပွင့်လင်းလင်း ထုတ်မပြတတ်တာကြောင့် ဘာဖြစ်မှန်းမသိဘူး ဖြစ်နေတတ်ပါတယ် …။

ဒီခံစားချက် ကို သင့်ဘက်က နားမလည်ရင်တော့ သင်တို့ ပြဿနာဟာ တအုံ့နွေးနွေး ဖြစ်နေပါလိမ့်မယ် …။

၆။ ထေ့ငေါ့မှု……

သူ့ဘက်က ထေ့တာငေါ့တာတွေ လုပ်ပါမယ်။ သင့်ဘက်က ဒေါသထွက်ပြီး ပြောဆိုတဲ့အခါမှာလည်း ပြန်မပြောပဲ ငြိမ်ခံနေတတ်ပါတယ် …။

ဒီလိုအခြေအနေက သင်တို့နှစ်ယောက်ဆက်ဆံရေးမှာ သူ့အတွက် အာမခံချက် မရှိဘူးလို့ ခံစားရတဲ့အချိန်မှာ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်နော် …။ ။

Credit – loveshop