ေယာက်္ားေလးေတြအထင္ေသးသြားႏိုင္တဲ့ မိန္းကေလးတို႔ရဲ႕အျပဳအမူမ်ား…

ေယာက်္ားေလးေတြအထင္ေသးသြားႏိုင္တဲ့ မိန္းကေလးတို႔ရဲ႕အျပဳအမူမ်ား…

ကိုယ္ရဲ႕ခ်စ္သူပဲျဖစ္ျဖစ္၊ ေယာက်ာ္းေလးတစ္ေယာက္က ကိုယ့္ကို စိတ္ပ်က္ေစတဲ့ အခ်က္ေတြထဲ ဒီအခ်က္ေတြလည္း ပါပါတယ္ေနာ္ …။

၁။ မၾကာခဏ ဖုန္းဆက္တာ”

ခ်စ္သူျဖစ္ခါစ အခ်ိန္မွာ တစ္ေယာက္အသံတစ္ေယာက္ ၾကားရတာ ၾကည္ႏူးစရာ အရမ္းကို ေကာင္းပါတယ္။ ဒါေပမယ့္လည္း ခဏခဏ မနားမေန ဆက္ေနရင္ေတာ့ ခ်စ္သူရဲ႕ အျမင္မွာ အထင္ေသးစရာ ေကာင္းသြားတတ္ပါတယ္ …။

၂။ အနာဂတ္အေၾကာင္းေတြေျပာတာ”

ခ်စ္သူႏွစ္ေယာက္ဟာ အနာဂတ္အေၾကာင္းေတြ၊ ရည္မွန္းခ်က္ေတြ အတူတူထားရွိၾကရမွာ ေကာင္းပါတယ္။ ဒါေပမယ့္လည္း ခ်စ္သူျဖစ္ခါစမွာ အိမ္ေထာင္ျပဳဖို႔၊ ကေလးယူဖို႔ေတြအထိ ေျပာေနရင္ေတာ့ သင့္ကို အထင္ေသးသြားေစ ႏိုင္ပါတယ္ …။

၃။ သူငယ္ခ်င္းေတြ မိသားစုေတြနဲ႔ေတြ႕တာ”

အတည္ခ်စ္ႀကိဳက္တဲ့ ခ်စ္သူေတြအေနနဲ႔ တစ္ေယာက္အေၾကာင္း တစ္ေယာက္ပိုနားလည္ဖို႔ သူငယ္ခ်င္းေတြ၊ မိဘေတြကိုသြားေတြ႕တာကေတာ႔ သဘာဝက်ပါတယ္။ ဒါေပမယ့္လည္း စစ တြဲခါစမွာ သူ႕ရဲ႕သူငယ္ခ်င္းေတြ၊ မိသားစုေတြဆီသြားလည္တာကေတာ့ မျဖစ္သင့္ပါဘူး။ ဒီလိုလုပ္ျခင္းက သင့္ကိုအထင္ေသး သြားေစပါတယ္ …။

၄။ ဂ႐ုစိုက္ခံခ်င္လြန္းတာ”

ခ်စ္သူေတြဆိုတာ တြဲတာၾကာလာတာနဲ႔အမွ် သံေယာဇဥ္ေတြမ်ားလာပါတယ္။ ဂ႐ုစိုက္မႈ၊ ၾကင္နာမႈေတြဆိုတာကလည္း တျဖည္းျဖည္း တည္ေဆာက္ရတဲ့အရာေတြပါ။ ဒါကို စစတြဲခ်င္းမွာ ေတာင္းဆိုတာမ်ိဳး၊ လိုခ်င္တာမ်ိဳး၊ ဂ႐ုစိုက္မႈမေပးလို႔ စိတ္ဆိုး စိတ္ေကာက္တာမ်ိဳးေတြ မလုပ္ပါနဲ႔ေနာ္ …။ ။

Credit

Unicode Version ဖြင့်ဖတ်ရန်

ယောက်ျားလေးတွေအထင်သေးသွားနိုင်တဲ့ မိန်းကလေးတို့ရဲ့အပြုအမူများ…

ကိုယ်ရဲ့ချစ်သူပဲဖြစ်ဖြစ်၊ ယောက်ျားလေးတစ်ယောက်က ကိုယ့်ကို စိတ်ပျက်စေတဲ့ အချက်တွေထဲ ဒီအချက်တွေလည်း ပါပါတယ်နော် …။

၁။ မကြာခဏ ဖုန်းဆက်တာ”

ချစ်သူဖြစ်ခါစ အချိန်မှာ တစ်ယောက်အသံတစ်ယောက် ကြားရတာ ကြည်နူးစရာ အရမ်းကို ကောင်းပါတယ်။ ဒါပေမယ့်လည်း ခဏခဏ မနားမနေ ဆက်နေရင်တော့ ချစ်သူရဲ့ အမြင်မှာ အထင်သေးစရာ ကောင်းသွားတတ်ပါတယ် …။

၂။ အနာဂတ်အကြောင်းတွေပြောတာ”

ချစ်သူနှစ်ယောက်ဟာ အနာဂတ်အကြောင်းတွေ၊ ရည်မှန်းချက်တွေ အတူတူထားရှိကြရမှာ ကောင်းပါတယ်။ ဒါပေမယ့်လည်း ချစ်သူဖြစ်ခါစမှာ အိမ်ထောင်ပြုဖို့၊ ကလေးယူဖို့တွေအထိ ပြောနေရင်တော့ သင့်ကို အထင်သေးသွားစေ နိုင်ပါတယ် …။

၃။ သူငယ်ချင်းတွေ မိသားစုတွေနဲ့တွေ့တာ”

အတည်ချစ်ကြိုက်တဲ့ ချစ်သူတွေအနေနဲ့ တစ်ယောက်အကြောင်း တစ်ယောက်ပိုနားလည်ဖို့ သူငယ်ချင်းတွေ၊ မိဘတွေကိုသွားတွေ့တာကတော့ သဘာဝကျပါတယ်။ ဒါပေမယ့်လည်း စစ တွဲခါစမှာ သူ့ရဲ့သူငယ်ချင်းတွေ၊ မိသားစုတွေဆီသွားလည်တာကတော့ မဖြစ်သင့်ပါဘူး။ ဒီလိုလုပ်ခြင်းက သင့်ကိုအထင်သေး သွားစေပါတယ် …။

၄။ ဂရုစိုက်ခံချင်လွန်းတာ”

ချစ်သူတွေဆိုတာ တွဲတာကြာလာတာနဲ့အမျှ သံယောဇဉ်တွေများလာပါတယ်။ ဂရုစိုက်မှု၊ ကြင်နာမှုတွေဆိုတာကလည်း တဖြည်းဖြည်း တည်ဆောက်ရတဲ့အရာတွေပါ။ ဒါကို စစတွဲချင်းမှာ တောင်းဆိုတာမျိုး၊ လိုချင်တာမျိုး၊ ဂရုစိုက်မှုမပေးလို့ စိတ်ဆိုး စိတ်ကောက်တာမျိုးတွေ မလုပ်ပါနဲ့နော် …။ ။

Credit