ဓမၼတာေသြးအေရာင္၊ အျဖဴဆင္းတဲ့အေရာင္က တစ္ဆင့္သိႏိုင္မယ့္ သားအိမ္က်န္းမာေရး

ဓမၼတာေသြးအေရာင္၊ အျဖဴဆင္းတဲ့အေရာင္က တစ္ဆင့္သိႏိုင္မယ့္ သားအိမ္က်န္းမာေရး

အ႐ြယ္ေရာက္ၿပီးသား အမ်ိဳးသမီးတစ္ေယာက္က လစဥ္ ဓမၼတာလာတာနဲ႔

ဓမၼတာ မလာမီမွာ အျဖဴဆင္းတာေတြကေတာ့ ပုံမွန္ျဖစ္စဥ္ေတြပဲ ျဖစ္ပါတယ္ . . .။

ဒါေပမယ့္ အဲ့ဒီဓမၼတာလာတာပဲျဖစ္ျဖစ္၊ အျဖဴဆင္းတာပဲျဖစ္ျဖစ္ အေရာင္အဆင္းကိုၾကည့္ၿပီး သားအိမ္ရဲ႕ က်န္းမာေရးအေျခအေနကို သိထားႏိုင္ပါတယ္ . . .။

ဒီေတာ့မွ လိုအပ္တဲ့ က်န္းမာေရး ေစာင့္ေရွာက္မႈေတြကို ႀကိဳႀကိဳတင္တင္ လုပ္ႏိုင္ထားႏိုင္မွာပဲ ျဖစ္ပါတယ္ေနာ္ . . .။

(၁) အျဖဴေရာင္”

အျဖဴေရာင္ ဒါမွမဟုတ္ ခရင္မ္ေရာင္ ဆိုရင္ေတာ့ ပုံမွန္ က်န္းမာေရးေကာင္းတဲ့ အေျခအေန ျဖစ္ပါတယ္ . . .။

ဒါေပမယ့္ အနံ႔အသက္ျပင္းတယ္ ဆိုရင္ေတာ့ ပိုးဝင္တာျဖစ္ႏိုင္လို႔ ဆရာဝန္နဲ႔ ျပသဖို႔ လိုအပ္ပါတယ္ …။

အနံ႔အသက္ မျပင္းထန္ရင္ေတာ့ ဆရာဝန္နဲ႔ျပဖို႔ မလိုပါဘူး . . .။

(၂) အဝါေရာင္”

အဝါေရာင္ေတြဆင္းရင္ မ်ားေသာအားျဖင့္ ယားယံတာ၊ နာက်င္တာေတြျဖစ္ႏိုင္ၿပီး အနံ႔အသက္ကေတာ့ သိပ္မျပင္းတတ္ပါဘူး . . .။

ပမာဏနည္းရင္ သိပ္မစိုးရိမ္ရေပမယ့္၊ ပမာဏအရမ္းမ်ားၿပီး ေန႔တိုင္းလိုလို ဆင္းတတ္တယ္ဆိုရင္ေတာ့ သားအိမ္မွာ ပိုးဝင္တာ၊ ေရာင္ရမ္းတာေတြ ျဖစ္ႏိုင္လို႔ ဆရာဝန္နဲ႔ အျမန္ဆံုး ျပသစစ္ေဆးဖို႔ လိုအပ္ပါတယ္ . . .။

(၃) အစိမ္းေရာင္”

အစိမ္းေရာင္ဆင္းတယ္ဆိုတာ ဆီးလမ္းေၾကာင္းမွာ ပိုးဝင္ျခင္းေၾကာင့္ ျဖစ္ႏိုင္သလို၊

သားအိမ္ေရာင္ရမ္းျခင္းေၾကာင့္ ျဖစ္ႏိုင္တာေၾကာင့္ ေဆးကုသ မႈ ခံယူဖို႔ လိုအပ္ပါတယ္ . . .။

(၄) ပန္းေရာင္”

ဓမၼတာမလာခင္မွာ ပန္းေရာင္ေသြးဆင္းတာမ်ိဳး ျဖစ္တတ္ၿပီး ရက္အမ်ားႀကီး ဆင္းတာမ်ိဳးေတာ့ မရွိပါဘူး . . .။

မမ်ိဳးဥေႂကြတဲ့ လကၡဏာတစ္ခုျဖစ္ၿပီး ဒါကေတာ့ စိုးရိမ္စရာမရွိပါဘူးေနာ္ . . .။

(၅) မီးခိုးေရာင္”

မီးခိုးေရာင္ ဆိုရင္ေတာ့ ဘက္တီးရီးယား ပိုးဝင္တာျဖစ္ၿပီး၊

အေျခအေနေတာ္ေတာ္ဆိုးတယ္လို႔ ေျပာရပါမယ္။ ဒီလိုဆင္းတာက ေန႔စဥ္ရက္ဆက္ ျဖစ္ေနတတ္ၿပီး၊

မအဂၤါတဝိုက္ ယားယံတာ၊ နာက်င္တာနဲ႔ အနံ႔ဆိုးထြက္တာေတြ ျဖစ္တတ္ပါတယ္ . . .။

ဆရာဝန္နဲ႔ ျပသရမယ့္ အေျခအေနပဲ ျဖစ္ပါတယ္ …။

(၆) နီညိဳေရာင္ ရင့္ရင့္”

ဓမၼတာလာစဥ္မွာ ဆင္းတဲ့ေသြးက အနီေရာင္၊ အနီရင့္ေရာင္၊ နီညိဳေရာင္ေတြျဖစ္တတ္ၿပီး အဲ့ဒီအေရာင္ေတြ ဆင္းရင္ ပုံမွန္ပါ . . .။

အဲ့ဒီလိုမဟုတ္ဘဲ ေသြးက နီညိဳေရာင္ကိုမွ အနက္ေရာင္နီးပါးေလာက္ ရင့္ေနတယ္ဆိုရင္ေတာ့ သားအိမ္အတြင္းမွာ

ေရာဂါတစ္ခုခုျဖစ္ေနႏိုင္တာေၾကာင့္ OG နဲ႔ ေသေသခ်ာခ်ာ စစ္ေဆးကုသဖို႔ လိုအပ္ပါတယ္ေနာ္ . . . ။ ။

Credit

Unicode Version ဖြင့်ဖတ်ရန်

ဓမ္မတာသွေးအရောင်၊ အဖြူဆင်းတဲ့အရောင်က တစ်ဆင့်သိနိုင်မယ့် သားအိမ်ကျန်းမာရေး

အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ယောက်က လစဉ် ဓမ္မတာလာတာနဲ့

ဓမ္မတာ မလာမီမှာ အဖြူဆင်းတာတွေကတော့ ပုံမှန်ဖြစ်စဉ်တွေပဲ ဖြစ်ပါတယ် . . .။

ဒါပေမယ့် အဲ့ဒီဓမ္မတာလာတာပဲဖြစ်ဖြစ်၊ အဖြူဆင်းတာပဲဖြစ်ဖြစ် အရောင်အဆင်းကိုကြည့်ပြီး သားအိမ်ရဲ့ ကျန်းမာရေးအခြေအနေကို သိထားနိုင်ပါတယ် . . .။

ဒီတော့မှ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ကြိုကြိုတင်တင် လုပ်နိုင်ထားနိုင်မှာပဲ ဖြစ်ပါတယ်နော် . . .။

(၁) အဖြူရောင်”

အဖြူရောင် ဒါမှမဟုတ် ခရင်မ်ရောင် ဆိုရင်တော့ ပုံမှန် ကျန်းမာရေးကောင်းတဲ့ အခြေအနေ ဖြစ်ပါတယ် . . .။

ဒါပေမယ့် အနံ့အသက်ပြင်းတယ် ဆိုရင်တော့ ပိုးဝင်တာဖြစ်နိုင်လို့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ် …။

အနံ့အသက် မပြင်းထန်ရင်တော့ ဆရာဝန်နဲ့ပြဖို့ မလိုပါဘူး . . .။

(၂) အဝါရောင်”

အဝါရောင်တွေဆင်းရင် များသောအားဖြင့် ယားယံတာ၊ နာကျင်တာတွေဖြစ်နိုင်ပြီး အနံ့အသက်ကတော့ သိပ်မပြင်းတတ်ပါဘူး . . .။

ပမာဏနည်းရင် သိပ်မစိုးရိမ်ရပေမယ့်၊ ပမာဏအရမ်းများပြီး နေ့တိုင်းလိုလို ဆင်းတတ်တယ်ဆိုရင်တော့ သားအိမ်မှာ ပိုးဝင်တာ၊ ရောင်ရမ်းတာတွေ ဖြစ်နိုင်လို့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသစစ်ဆေးဖို့ လိုအပ်ပါတယ် . . .။

(၃) အစိမ်းရောင်”

အစိမ်းရောင်ဆင်းတယ်ဆိုတာ ဆီးလမ်းကြောင်းမှာ ပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်သလို၊

သားအိမ်ရောင်ရမ်းခြင်းကြောင့် ဖြစ်နိုင်တာကြောင့် ဆေးကုသ မှု ခံယူဖို့ လိုအပ်ပါတယ် . . .။

(၄) ပန်းရောင်”

ဓမ္မတာမလာခင်မှာ ပန်းရောင်သွေးဆင်းတာမျိုး ဖြစ်တတ်ပြီး ရက်အများကြီး ဆင်းတာမျိုးတော့ မရှိပါဘူး . . .။

မမျိုးဥကြွေတဲ့ လက္ခဏာတစ်ခုဖြစ်ပြီး ဒါကတော့ စိုးရိမ်စရာမရှိပါဘူးနော် . . .။

(၅) မီးခိုးရောင်”

မီးခိုးရောင် ဆိုရင်တော့ ဘက်တီးရီးယား ပိုးဝင်တာဖြစ်ပြီး၊

အခြေအနေတော်တော်ဆိုးတယ်လို့ ပြောရပါမယ်။ ဒီလိုဆင်းတာက နေ့စဉ်ရက်ဆက် ဖြစ်နေတတ်ပြီး၊

မအင်္ဂါတဝိုက် ယားယံတာ၊ နာကျင်တာနဲ့ အနံ့ဆိုးထွက်တာတွေ ဖြစ်တတ်ပါတယ် . . .။

ဆရာဝန်နဲ့ ပြသရမယ့် အခြေအနေပဲ ဖြစ်ပါတယ် …။

(၆) နီညိုရောင် ရင့်ရင့်”

ဓမ္မတာလာစဉ်မှာ ဆင်းတဲ့သွေးက အနီရောင်၊ အနီရင့်ရောင်၊ နီညိုရောင်တွေဖြစ်တတ်ပြီး အဲ့ဒီအရောင်တွေ ဆင်းရင် ပုံမှန်ပါ . . .။

အဲ့ဒီလိုမဟုတ်ဘဲ သွေးက နီညိုရောင်ကိုမှ အနက်ရောင်နီးပါးလောက် ရင့်နေတယ်ဆိုရင်တော့ သားအိမ်အတွင်းမှာ

ရောဂါတစ်ခုခုဖြစ်နေနိုင်တာကြောင့် OG နဲ့ သေသေချာချာ စစ်ဆေးကုသဖို့ လိုအပ်ပါတယ်နော် . . . ။ ။

Credit