ခ်စ္သူကို အရမး္ဂရုစိုက္ျပီး ဖူးဖူးမႈတ္ခ်စ္တဲ့ ေကာင္ေလးေတြဆိုတာ ဒီလိုပါ….

ခ်စ္သူကို အရမး္ဂရုစိုက္ျပီး ဖူးဖူးမႈတ္ခ်စ္တဲ့ ေကာင္ေလးေတြဆိုတာ ဒီလိုပါ….

ေကာင္ေလးေတြ တကယ္ခ်စ္မိသြားျပီဆိုရင္ သူတို႔ရဲ႕ခ်စ္သူကို အထိမခံပဲ ဖူးဖူးမႈတ္ ခ်စ္တတ္ၾကပါတယ္။ တစ္ခါတေလ ကေလးလိုျဖစ္သြားလိုက္၊ တစ္ခါတေလ လူၾကီးလိုျဖစ္သြားလိုက္နဲ႔ အရမ္းကုိ ခ်စ္တတ္ၾကတဲ့ သူေတြျဖစ္ပါတယ္။ အခုေဖာ္ျပေပးမယ့္ အရာေလးေတြကေတာ့ ခ်စ္သူကို အထိမခံပဲ ဖူးဖူးမႈတ္ခ်စ္တဲ့ ေကာင္ေလးေတြရဲက အျပဳအမူေလးေတြ ျဖစ္ပါတယ္ေနာ္ …။

(၁) ဆံပင္ေလးကို စည္းေပးတယ္။

ခ်စ္သူကို အရမ္းဂရုစိုက္ျပီး ဖူးဖူးမႈတ္ ခ်စ္တဲ့ေကာင္ေလးေတြက ခ်စ္သူကို အျမဲတမ္း ေက်ာ့ေက်ာ့ေလးပဲ ေနေစခ်င္ျပီး အလွၾကည့္ခ်င္ေနတဲ့ သူေတြပါ။ ခ်စ္သူ ဆံပင္ေတြ ရႈပ္ေနတဲ့ အခ်ိန္ေတြ၊ အရမး္အိုက္ေနတဲ့ အခ်ိန္ေတြက်ရင္ ဆံပင္ေလးေတြကို ၾကင္ၾကင္နာနာစည္းေပးျပီး အအိုက္သက္သာေအာင္ ယပ္ေလးေတာင္ ခပ္ေပးတတ္ၾကပါေသးတယ္။ သူတို႔ေလာက္ ခ်စ္တတ္တဲ့သူ အင္မတန္ ရွားပါတယ္ …။

(၂) အစားအေသာက္ေတြ မွာထားေပးတယ္။

ခ်စ္သူက စာသင္ခန္းထဲ ေရာက္ေနတဲ့ အခ်ိန္ေတြ၊ ဒါမွမဟုတ္ ခ်ိန္းေတြ႔ၾကတဲ့ အခါေတြမွာ ခ်စ္သူက ဗိုက္ဆာတယ္လို႔ ေျပာလိုက္ရင္ ခ်စ္သူၾကိဳက္တဲ့ အစားအစာေလးေတြကို အဆင္သင့္ မွာထားျပီး ခ်စ္သူေရာက္လာတာနဲ႔ တန္းျပီး စားႏိုင္ေအာင္ လုပ္ေပးထားတတ္ ၾကပါတယ္။ ခ်စ္သူကို အားရွိေအာင္ မ်ားမ်ားစားဖို႔လည္း တဖြဖြေျပာေနတတ္တဲ့ သူေတြျဖစ္ၾကပါတယ္ …။

(၃) သင္စိတ္ဆိုးတဲ့အခါ ျပာယာခတ္ေနမယ္။

အေၾကာင္းတစ္ခုခုရွိလုိ႔၊ စိတ္အခန္႔မသင့္လို႔ သင္စိတ္ဆိုးစိတ္ေကာက္တဲ့အခါေတြမွာ သင့္ေကာင္ေလးက ျပာယာေတြခတ္ျပီး မေနႏုိင္မထိုင္ႏိုင္ သင္စိတ္ေျပတဲ့အထိ ေခ်ာ့တတ္တယ္ ဆိုရင္ေတာ့ သင့္ကို အရမး္ဂရုစိုက္ျပီး ဖူးဖူးမႈတ္ ခ်စ္လို႔ပါပဲ။ ေယာက်္ားေလးေတာ္ေတာ္မ်ားမ်ားဟာ ေခ်ာ့ရမွာ သိပ္စိတ္မရွည္ၾကပါဘူး။ ဒါေၾကာင့္သင့္ကို စိတ္ရွည္ရွည္ေလးနဲ႔ ေခ်ာ့ျပီး အျမဲအေလွ်ာ့ေပးတယ္ဆိုရင္ေတာ့ အရမ္းကိုခ်စ္လို႔ပဲ ျဖစ္ပါတယ္ …။

(၄) သင္ၾကည့္မရတဲ့သူေတြကို သူလည္းၾကည့္မရဘူး။

သင္နဲ႔ျပသနာျဖစ္ဖူးတဲ့သူ၊ သင္အျမင္ကပ္တဲ့ သူေတြကိုဆို ဘာမဆိုင္ညာမဆိုင္သူကပါ လိုက္အျမင္ကပ္ေနတတ္ပါတယ္။ ဒါကေတာ့ သင့္ကို ဘယ္သူစိတ္အေႏွာက္အယွက္ ေပးတာကိုမွ မလိုခ်င္လို႔ပါ။ သင့္ခ်စ္သူဟာသင့္ဖက္က အျမဲပါတယ္၊ သင္မွားေနသည့္တိုင္ေအာင္ သင့္ဘက္မွာ အျမဲရွိတယ္ဆိုရင္ေတာ့ သင့္ကို အရမး္ဂရုစိုက္ျပီး ဖူးဖူးမႈတ္ခ်စ္ေနတာ ေသခ်ာေနပါျပီ …။

(၅) တိုက္ဆိုင္တိုင္း သတိရတယ္။

သင္တို႔ေဝးေနတဲ့အခ်ိန္ေတြမွာ သင္ၾကိဳက္တတ္တဲ့ အရာေလးေတြ၊ သင္နဲ႔ တိုက္ဆိုင္မႈရွိတဲ့ အရာေလးေတြ၊ မတိုက္ဆိုင္တာေတြကိုေတာင္ ၾကံဖန္တိုက္ဆိုင္ျပီး လြမ္းေနတတ္တယ္၊ ခဏခဏ ဖုန္းေတြဆက္၊ စာေတြပို႕ေနမယ့္သူမ်ိဳးပါ။ အေနအထိုင္အသြားအလာဂရုစိုက္ခိုင္းတာ၊ အစားအေသာက္ သတိထားခိုင္းတာ၊ ေပ်ာ္ေပ်ာ္ေနခိုင္းတာေတြ တဖြဖြမွာေနရင္ေတာ့ သင့္ကို အရမး္ဂရုစိုက္ျပီး ဖူးဖူးမႈတ္ခ်စ္ေနတာ သိလိုက္ပါေတာ့ေနာ္ …။ ။

Credit

Unicode Version ဖြင့်ဖတ်ရန်

ချစ်သူကို အရမး်ဂရုစိုက်ပြီး ဖူးဖူးမှုတ်ချစ်တဲ့ ကောင်လေးတွေဆိုတာ ဒီလိုပါ….

ကောင်လေးတွေ တကယ်ချစ်မိသွားပြီဆိုရင် သူတို့ရဲ့ချစ်သူကို အထိမခံပဲ ဖူးဖူးမှုတ် ချစ်တတ်ကြပါတယ်။ တစ်ခါတလေ ကလေးလိုဖြစ်သွားလိုက်၊ တစ်ခါတလေ လူကြီးလိုဖြစ်သွားလိုက်နဲ့ အရမ်းကို ချစ်တတ်ကြတဲ့ သူတွေဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် အရာလေးတွေကတော့ ချစ်သူကို အထိမခံပဲ ဖူးဖူးမှုတ်ချစ်တဲ့ ကောင်လေးတွေရဲက အပြုအမူလေးတွေ ဖြစ်ပါတယ်နော် …။

(၁) ဆံပင်လေးကို စည်းပေးတယ်။

ချစ်သူကို အရမ်းဂရုစိုက်ပြီး ဖူးဖူးမှုတ် ချစ်တဲ့ကောင်လေးတွေက ချစ်သူကို အမြဲတမ်း ကျော့ကျော့လေးပဲ နေစေချင်ပြီး အလှကြည့်ချင်နေတဲ့ သူတွေပါ။ ချစ်သူ ဆံပင်တွေ ရှုပ်နေတဲ့ အချိန်တွေ၊ အရမး်အိုက်နေတဲ့ အချိန်တွေကျရင် ဆံပင်လေးတွေကို ကြင်ကြင်နာနာစည်းပေးပြီး အအိုက်သက်သာအောင် ယပ်လေးတောင် ခပ်ပေးတတ်ကြပါသေးတယ်။ သူတို့လောက် ချစ်တတ်တဲ့သူ အင်မတန် ရှားပါတယ် …။

(၂) အစားအသောက်တွေ မှာထားပေးတယ်။

ချစ်သူက စာသင်ခန်းထဲ ရောက်နေတဲ့ အချိန်တွေ၊ ဒါမှမဟုတ် ချိန်းတွေ့ကြတဲ့ အခါတွေမှာ ချစ်သူက ဗိုက်ဆာတယ်လို့ ပြောလိုက်ရင် ချစ်သူကြိုက်တဲ့ အစားအစာလေးတွေကို အဆင်သင့် မှာထားပြီး ချစ်သူရောက်လာတာနဲ့ တန်းပြီး စားနိုင်အောင် လုပ်ပေးထားတတ် ကြပါတယ်။ ချစ်သူကို အားရှိအောင် များများစားဖို့လည်း တဖွဖွပြောနေတတ်တဲ့ သူတွေဖြစ်ကြပါတယ် …။

(၃) သင်စိတ်ဆိုးတဲ့အခါ ပြာယာခတ်နေမယ်။

အကြောင်းတစ်ခုခုရှိလို့၊ စိတ်အခန့်မသင့်လို့ သင်စိတ်ဆိုးစိတ်ကောက်တဲ့အခါတွေမှာ သင့်ကောင်လေးက ပြာယာတွေခတ်ပြီး မနေနိုင်မထိုင်နိုင် သင်စိတ်ပြေတဲ့အထိ ချော့တတ်တယ် ဆိုရင်တော့ သင့်ကို အရမး်ဂရုစိုက်ပြီး ဖူးဖူးမှုတ် ချစ်လို့ပါပဲ။ ယောက်ျားလေးတော်တော်များများဟာ ချော့ရမှာ သိပ်စိတ်မရှည်ကြပါဘူး။ ဒါကြောင့်သင့်ကို စိတ်ရှည်ရှည်လေးနဲ့ ချော့ပြီး အမြဲအလျှော့ပေးတယ်ဆိုရင်တော့ အရမ်းကိုချစ်လို့ပဲ ဖြစ်ပါတယ် …။

(၄) သင်ကြည့်မရတဲ့သူတွေကို သူလည်းကြည့်မရဘူး။

သင်နဲ့ပြသနာဖြစ်ဖူးတဲ့သူ၊ သင်အမြင်ကပ်တဲ့ သူတွေကိုဆို ဘာမဆိုင်ညာမဆိုင်သူကပါ လိုက်အမြင်ကပ်နေတတ်ပါတယ်။ ဒါကတော့ သင့်ကို ဘယ်သူစိတ်အနှောက်အယှက် ပေးတာကိုမှ မလိုချင်လို့ပါ။ သင့်ချစ်သူဟာသင့်ဖက်က အမြဲပါတယ်၊ သင်မှားနေသည့်တိုင်အောင် သင့်ဘက်မှာ အမြဲရှိတယ်ဆိုရင်တော့ သင့်ကို အရမး်ဂရုစိုက်ပြီး ဖူးဖူးမှုတ်ချစ်နေတာ သေချာနေပါပြီ …။

(၅) တိုက်ဆိုင်တိုင်း သတိရတယ်။

သင်တို့ဝေးနေတဲ့အချိန်တွေမှာ သင်ကြိုက်တတ်တဲ့ အရာလေးတွေ၊ သင်နဲ့ တိုက်ဆိုင်မှုရှိတဲ့ အရာလေးတွေ၊ မတိုက်ဆိုင်တာတွေကိုတောင် ကြံဖန်တိုက်ဆိုင်ပြီး လွမ်းနေတတ်တယ်၊ ခဏခဏ ဖုန်းတွေဆက်၊ စာတွေပို့နေမယ့်သူမျိုးပါ။ အနေအထိုင်အသွားအလာဂရုစိုက်ခိုင်းတာ၊ အစားအသောက် သတိထားခိုင်းတာ၊ ပျော်ပျော်နေခိုင်းတာတွေ တဖွဖွမှာနေရင်တော့ သင့်ကို အရမး်ဂရုစိုက်ပြီး ဖူးဖူးမှုတ်ချစ်နေတာ သိလိုက်ပါတော့နော် …။ ။

Credit