ပ်ိဳေမတိုင္းမျဖစ္မေနဆင္ျခင္သင့္တဲ့ မ်က္ႏွာအေရးအေၾကာင္းျဖစ္ေစတဲ့အမူအက်င့္(၅)မ်ိဳး…

ပ်ိဳေမတိုင္းမျဖစ္မေနဆင္ျခင္သင့္တဲ့ မ်က္ႏွာအေရးအေၾကာင္းျဖစ္ေစတဲ့အမူအက်င့္(၅)မ်ိဳး…

အေရးအေၾကာင္းဆိုတာ အလွႀကိဳက္တဲ့ မိန္းကေလးတိုင္းေၾကာက္ၾကတဲ့ အခ်က္တစ္ခုပဲ ျဖစ္ပါတယ္ …။

အသက္အ႐ြယ္တစ္ခုေရာက္လာရင္ မ်က္ႏွာေပၚမွာ အေရးအေၾကာင္းေတြျဖစ္ေပၚလာၿပီး အဲ့ဒီ အေရးအေၾကာင္းျဖစ္ရတဲ့ အေၾကာင္းရင္းေတြအမ်ားႀကီးရွိၿပီး ကာကြယ္ထားႏိုင္တဲ့နည္းေတြလည္း အမ်ားႀကီးရွိပါတယ္ …။

အသားအေရထိန္းသိမ္းမႈေတြလုပ္ၿပီး အေရးအေၾကာင္းေတြမျဖစ္ေအာင္ ကာကြယ္တဲ့အခါ ကိုယ္တိုင္က အေရးအေၾကာင္းမျဖစ္ေအာင္ မ်က္ႏွာအမူအရာေလးေတြကိုလည္း တတ္ႏိုင္သေလာက္ သတိထားဆင္ျခင္ဖို႔ လိုအပ္ပါတယ္။ ဒါေၾကာင့္ ပ်ိဳေမတို႔သိထားဖို႔ အေရးအေၾကာင္းေတြကို ပိုျဖစ္ေစႏိုင္တဲ့ မ်က္ႏွာအမူအရာေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ …။

(၁) ရယ္ေမာျခင္း”

အားရပါးရ ရယ္ေမာတာက က်န္းမာေရးအတြက္ ေကာင္းပါတယ္။ ဒါေပမယ့္ အသားအေရအတြက္ေတာ့ သိပ္မေကာင္းဘူးလို႔ ေျပာရမွာပါ။ အားရပါးရ ရယ္လိုက္တဲ့အခ်ိန္မွာ မ်က္ႏွာႂကြက္သားေတြက ဆန႔္ထြက္သြားၿပီး ျပန္ၿပီး က်ဳံ႕ႏိုင္စြမ္းမရွိတဲ့အခါ အေရးအေၾကာင္းေလးေတြ ျဖစ္လာတတ္ပါတယ္။ အားပါးတရ ရယ္လိုက္တဲ့အခါ မ်က္လုံးေထာင့္က က်ီးေျခေထာက္လို႔ေခၚတဲ့ အေရးအေၾကာင္းေတြနဲ႔ ႏႈတ္ခမ္းနားတဝိုက္က Smile line ေတြ ေပၚလာပါတယ္။ ဒါေၾကာင့္ ရယ္တဲ့အခါ ျဖည္းျဖည္းေလးရယ္ပါ …။

(၂) ခံစားခ်က္အလိုက္ မ်က္ႏွာပုံစံအမ်ိဳးမ်ိဳးလုပ္ျခင္း”

ခံစားခ်က္အလိုက္ မ်က္ႏွာပုံစံအမ်ိဳးမ်ိဳး ေျပာင္းတာေတြကလည္း ၾကာလာရင္ အေရးအေၾကာင္းေလးေတြ ေပၚလာၿပီး တျဖည္းျဖည္း ထင္ရွားလာႏိုင္တာေၾကာင့္ အဲ့လို မ်က္ႏွာအမူအရာေတြ သိပ္မလုပ္ပါနဲ႔ …။

(၃) မ်က္ေမွာင္ႀကဳံ႕ျခင္း”

မ်က္ေမွာင္ႀကဳံ႕ထားတာက ျမင္ရတဲ့သူေတြအတြက္လည္း စိတ္မသက္မသာျဖစ္ရ၊ ကိုယ္တိုင္လည္းေခါင္းကိုက္တဲ့ေဝဒနာခံစားရႏိုင္ၿပီး မ်က္ခုံးႏွစ္ခုၾကားေရးအေၾကာင္းေတြျဖစ္ေစႏိုင္တာေၾကာင့္ မ်က္ေမွာင္မႀကံဳ႕ပဲ ေျပေလ်ာ့တဲ့ အေနအထားမ်ိဳး ေနေပးသင့္ပါတယ္ေနာ္ …။

(၄) မ်က္ခုံးပင့္ျခင္း”

မၾကာခဏမ်က္ခုံးပင့္တတ္တာကလည္း နဖူးျပင္အေရးအေၾကာင္းေတြ တျဖည္းျဖည္းျဖစ္လာေစတာေၾကာင့္ မ်က္ခုံးပင့္တဲ့အမူအရာကိုလည္း သတိထားၿပီး ထိန္းခ်ဳပ္တာမ်ိဳး လုပ္သင့္ပါတယ္ …။

(၅) မိတ္ကပ္ကို ဖိဆြဲၿပီး လိမ္းျခင္း”

ပ်ိဳေမတို႔ ေတာ္ေတာ္မ်ားမ်ားက မိတ္ကပ္လိမ္းတဲ့အခါ အသားေပၚမွာ တင္ၿပီး Sponge နဲ႔ ဖိဆြဲၿပီးလိမ္းတတ္ၾကပါတယ္။ အဲ့ဒီလိုလိမ္းတာက မ်က္ႏွာ အသားအေရကို ေလ်ာ့တြဲေစၿပီး အေရးအေၾကာင္းေတြကို ျဖစ္ေစႏိုင္ပါတယ္။ ဒီလို မိတ္ကပ္ဖိဆြဲလိမ္းျခင္းေၾကာင့္ အေရးအေၾကာင္းေတြမျဖစ္ရေအာင္ မိတ္ကပ္ကို ဘရပ္ရွ္နဲ႔လိမ္းတာမ်ိဳး၊ skin care လုပ္တဲ့အခါ မ်က္ႏွာအသားအေရကို အေပၚဘက္ပင့္တင္တဲ့ ပုံစံမ်ိဳးလိမ္းေပးသင့္ပါတယ္ေနာ္ …။ ။

Credit

Unicode Version ဖြင့်ဖတ်ရန်

ပျိုမေတိုင်းမဖြစ်မနေဆင်ခြင်သင့်တဲ့ မျက်နှာအရေးအကြောင်းဖြစ်စေတဲ့အမူအကျင့်(၅)မျိုး…

အရေးအကြောင်းဆိုတာ အလှကြိုက်တဲ့ မိန်းကလေးတိုင်းကြောက်ကြတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ် …။

အသက်အရွယ်တစ်ခုရောက်လာရင် မျက်နှာပေါ်မှာ အရေးအကြောင်းတွေဖြစ်ပေါ်လာပြီး အဲ့ဒီ အရေးအကြောင်းဖြစ်ရတဲ့ အကြောင်းရင်းတွေအများကြီးရှိပြီး ကာကွယ်ထားနိုင်တဲ့နည်းတွေလည်း အများကြီးရှိပါတယ် …။

အသားအရေထိန်းသိမ်းမှုတွေလုပ်ပြီး အရေးအကြောင်းတွေမဖြစ်အောင် ကာကွယ်တဲ့အခါ ကိုယ်တိုင်က အရေးအကြောင်းမဖြစ်အောင် မျက်နှာအမူအရာလေးတွေကိုလည်း တတ်နိုင်သလောက် သတိထားဆင်ခြင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ပျိုမေတို့သိထားဖို့ အရေးအကြောင်းတွေကို ပိုဖြစ်စေနိုင်တဲ့ မျက်နှာအမူအရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …။

(၁) ရယ်မောခြင်း”

အားရပါးရ ရယ်မောတာက ကျန်းမာရေးအတွက် ကောင်းပါတယ်။ ဒါပေမယ့် အသားအရေအတွက်တော့ သိပ်မကောင်းဘူးလို့ ပြောရမှာပါ။ အားရပါးရ ရယ်လိုက်တဲ့အချိန်မှာ မျက်နှာကြွက်သားတွေက ဆန့်ထွက်သွားပြီး ပြန်ပြီး ကျုံ့နိုင်စွမ်းမရှိတဲ့အခါ အရေးအကြောင်းလေးတွေ ဖြစ်လာတတ်ပါတယ်။ အားပါးတရ ရယ်လိုက်တဲ့အခါ မျက်လုံးထောင့်က ကျီးခြေထောက်လို့ခေါ်တဲ့ အရေးအကြောင်းတွေနဲ့ နှုတ်ခမ်းနားတဝိုက်က Smile line တွေ ပေါ်လာပါတယ်။ ဒါကြောင့် ရယ်တဲ့အခါ ဖြည်းဖြည်းလေးရယ်ပါ …။

(၂) ခံစားချက်အလိုက် မျက်နှာပုံစံအမျိုးမျိုးလုပ်ခြင်း”

ခံစားချက်အလိုက် မျက်နှာပုံစံအမျိုးမျိုး ပြောင်းတာတွေကလည်း ကြာလာရင် အရေးအကြောင်းလေးတွေ ပေါ်လာပြီး တဖြည်းဖြည်း ထင်ရှားလာနိုင်တာကြောင့် အဲ့လို မျက်နှာအမူအရာတွေ သိပ်မလုပ်ပါနဲ့ …။

(၃) မျက်မှောင်ကြုံ့ခြင်း”

မျက်မှောင်ကြုံ့ထားတာက မြင်ရတဲ့သူတွေအတွက်လည်း စိတ်မသက်မသာဖြစ်ရ၊ ကိုယ်တိုင်လည်းခေါင်းကိုက်တဲ့ဝေဒနာခံစားရနိုင်ပြီး မျက်ခုံးနှစ်ခုကြားရေးအကြောင်းတွေဖြစ်စေနိုင်တာကြောင့် မျက်မှောင်မကြုံ့ပဲ ပြေလျော့တဲ့ အနေအထားမျိုး နေပေးသင့်ပါတယ်နော် …။

(၄) မျက်ခုံးပင့်ခြင်း”

မကြာခဏမျက်ခုံးပင့်တတ်တာကလည်း နဖူးပြင်အရေးအကြောင်းတွေ တဖြည်းဖြည်းဖြစ်လာစေတာကြောင့် မျက်ခုံးပင့်တဲ့အမူအရာကိုလည်း သတိထားပြီး ထိန်းချုပ်တာမျိုး လုပ်သင့်ပါတယ် …။

(၅) မိတ်ကပ်ကို ဖိဆွဲပြီး လိမ်းခြင်း”

ပျိုမေတို့ တော်တော်များများက မိတ်ကပ်လိမ်းတဲ့အခါ အသားပေါ်မှာ တင်ပြီး Sponge နဲ့ ဖိဆွဲပြီးလိမ်းတတ်ကြပါတယ်။ အဲ့ဒီလိုလိမ်းတာက မျက်နှာ အသားအရေကို လျော့တွဲစေပြီး အရေးအကြောင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလို မိတ်ကပ်ဖိဆွဲလိမ်းခြင်းကြောင့် အရေးအကြောင်းတွေမဖြစ်ရအောင် မိတ်ကပ်ကို ဘရပ်ရှ်နဲ့လိမ်းတာမျိုး၊ skin care လုပ်တဲ့အခါ မျက်နှာအသားအရေကို အပေါ်ဘက်ပင့်တင်တဲ့ ပုံစံမျိုးလိမ်းပေးသင့်ပါတယ်နော် …။ ။

Credit