စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်
ဘုန်းကံနိမ့်နေတယ်၊ အနှောင့်အယှက် အဟန့်အတားတွေ များနေတယ်လို့ စိတ်ကခံစားနေရရင်…
“အညှိများပယ် အနှောင့်များကင်း ဆား(၂)ဆုပ် အစီအရင်”
စိတ်မကြည်ဘူး၊ မလန်းဆန်းဘူး၊ စိတ်တွေ ထိုင်းမှိုင်းနေတယ်၊ ဘာလုပ်လုပ် အဆင်ပြေမနေဘူး …၊
အနှောင့်အယှက် အဟန့်အတားတွေလည်းများနေတယ်၊ လာဘ်ပိတ်နေတယ်၊ အရောင်းအဝယ်တွေလည်း မဖြစ်ဘူး …၊
ယုတ်စွအဆုံး ဘုန်းကံနိမ့်နေတယ်လို့ စိတ်က ခံစားနေရတယ်ဆိုရင်…
သေချာတယ် သင့်မှာ အံ့မိတာ အညှိတင်နေတာ၊ အပ အညံ့ အခိုက်တွေများနေတာ …။
အဲ့လို အခြေအနေမျိုးတွေ တွေ့ကြုံခံစားနေခဲ့ရင် အစစအရာရာ အဆင်ပြေချောမွေ့စေဖို့ ရိုးရှင်းလွယ်ကူပြီး ထိရောက်တဲ့
ဂမ္ဘီရအစီရင်လေးတခု ဒါန ပြုပေးပါ့မယ် …။
မိမိ လက်၂ ဖက်…ညာလက်မှာဆားတဆုပ် ဘယ်လက်မှာဆားတဆုပ် ဆုပ်ကိုင်ထားပြီး သက်သောင့်သက်သာစွာ ထိုင်လိုက်ပါ …။
ပြီးလျှင် မိမိစိတ်ထဲက လေးနက်စွာ အာရုံပြုဆန္ဒပြုရမှာက မိမိခန္ဓာကိုယ်မှာ အညှိတင်နေတဲ့ အံ့မိတာတွေ မကောင်းတဲ့ အပ အညံ့ အခိုက်တွေကို လက်ထဲမှာဆုပ်ကိုင်ထားတဲ့ ဆားတွေက စုပ်ယူနေတယ် ဆိုပြီး အာရုံပြုနေ ရပါမယ် …။
(၅)မိနစ် လောက် ဆုပ်ကိုင် အာရုံပြုပြီးရင်တော့ လက်ထဲ ဆုပ်ကိုင်ထားတဲ့ ဆားတွေကို အဆင်ပြေရာ စွန့်ပစ်ပြီး လက်ကို သေသေချာချာ သန့်စင်အောင် ဆေးကြောပေးရပါမယ် …။
၃ ရက်ခြား ၁ ကြိမ် ပြုလုပ်ပေးပါ …။
၃ ကြိမ်မြောက် ပြုလုပ်ပြီးရင်ကို သိသိသာသာ အစစအရာရာ အဆင်ပြေချောမွေ့လာတာ တွေ့ကြုံ ခံစားလာပါလိမ့်မယ်နော် …။ ။
ဆရာဟိန်း B.A (Psy:) (ဗေဒင်နှင့် ဂမ္ဘီရယတြာ အစီရင်ပညာ)
09-259059505 09-777337919