ေဝဖန္တာကို တုံ႔ျပန္ဖို႔ မလိုပါဘူး၊ ခပ္ၿပဳံးၿပဳံးေလးေန ၾကည့္လိုက္ပါ…

ေဝဖန္တာကို တုံ႔ျပန္ဖို႔ မလိုပါဘူး၊ ခပ္ၿပဳံးၿပဳံးေလးေန ၾကည့္လိုက္ပါ…

ကိုယ္တိုင္က ေဒါသႀကီးတဲ့ အထဲမွာပါတာမို႔ ကိုယ့္ကို မဟုတ္မမွန္တာ ေျပာတာ၊ ကိုယ့္အေပၚမတရားလုပ္တာ၊ ကိုယ့္ကို အႏိုင္က်င့္တာ …၊

ကိုယ့္အေပၚ မမုန္မကန္လုပ္လာရင္ ဆတ္ဆတ္ထိ မခံတဲ့အထဲမွာ ပါတယ္ …။

အထူးသျဖင့္ ကိုယ္မွားေနတဲ့အခါ ေတာင္းပန္ဖို႔ ဝန္မေလးေပမယ့္

ကိုယ္မွန္ေနတာကိုမွ မေတာ္မတရားေတြေျပာလာရင္ သိပ္မခံခ်င္ၾကတာ လူတိုင္းျဖစ္မယ္ထင္ပါတယ္ …။

ဒါေပမယ့္ တကယ္တမ္း ျပန္ေတြးၾကည့္လိုက္ပါ …။

ကိုယ္က မွန္ေနတဲ့သူေလ၊ အဲဒီ့အတြက္ေၾကာင့္ကို ကိုယ္က ေအးေဆးပါပဲ …။

တဖက္လူက မွားေနတဲ့လူမို႔ကို ကိုယ့္ကို သဲသဲလႈပ္ ရန္ရွာေနတာ ျဖစ္ႏိုင္တာပဲ မဟုတ္လား …၊

အဲဒါေၾကာင့္ တခ်ိဳ႕အမွားေတြ၊ အမွန္ေတြက ကိုယ္တိုင္ ေလးနက္စြာ ိထားဖို႔ပဲ လိုပါတယ္ …။

ကိုယ္မွန္ေနတဲ့အခါ ကိုယ့္လိပ္ျပာ ကိုယ္လုံသလို၊ ကိုယ့္စိတ္ထဲမွာ ျပန္ေတြးၾကည့္လိုက္တိုင္း

“ကိုယ္မွ သူတပါးအေပၚမတရားမလုပ္ထားတာ” ဆိုတဲ့စိတ္နဲ႔ စိတ္ရွင္း ေနမွာပါပဲ …။

“ကိုယ္မွ သူတပါးအေပၚ မတရားမေကာက္က်စ္ခဲ့တာ၊ ကိုယ္မွ သူတစ္ပါးကို ေခါင္းပုံမျဖတ္ခဲ့တာ …၊

ကိုယ္မွ သူတပါးအေပၚ မယုတ္မာခဲ့တာ၊ ကိုယ္မွ သူမ်ား ဒုကၡေရာက္ေအာင္ မ လုပ္ခဲ့တာ၊“ စတဲ့ အလားတူအေတြးမ်ိဳးေတြေၾကာင့္

ကိုယ္က သူ႔အေပၚ တာဝန္မေက်သလိုခံစားမိတာ၊ လိပ္ျပာမလုံသလိုျဖစ္တာ၊ မ်က္ႏွာပူစရာမွ မလိုတာ …။

အဲဒီ့အေတြးမ်ိဳးနဲ႔ စိတ္ေအးခ်မ္းသာစြာ ေနႏိုင္ျခင္းက စိတ္ရွင္းတယ္လို႔ ဆိုခ်င္တာပါပဲ …။

အဲဒီလို စိတ္ရွင္းဖို႔ကလည္း ကိုယ္ခံလိုက္ရခ်င္း စစခ်င္း ေသြးပူေနတုန္းမွာေတာ့ ဘယ္ျဖစ္ႏိုင္ပါ့မလဲ …။

ကိုယ္တိုင္လည္း ပုထုဇဥ္ကိုး၊ မတရားခံရတာ၊ ဆိုး႐ြားတဲ့အျပဳအမူမ်ိဳး ျပဳမူခံရတဲ့အခါ ေထာင္းခနဲေတာ့ ေဒါသထြက္မိမွာပါ …။

ဒါေပမယ့္ ကိုယ္မွန္ေနတယ္ဆိုတဲ့ အေတြးနဲ႔ပဲ အဲဒီ့ေဒါသကို ထိန္းပါလို႔ ေျပာခ်င္ပါတယ္ေနာ္ …။

တခ်ိဳ႕ကေျပာၾကပါတယ္၊ မွန္ေနတဲ့အတြက္ကို ျပန္ၿပီးေတာ့ကို အႏိုင္ယူမယ္ဆိုတဲ့စိတ္နဲ႔ ေဒါသကို လႊတ္ေပးတတ္ၾကပါတယ္ …။

အဲဒီ့ အခါမွာ ကိုယ္ကအမွား ျဖစ္ေတာ့တာပါပဲ …။

ေဒါသအေလ်ာက္ မေျပာမိတာ၊ မလုပ္သင့္တာေတြ လုပ္မိတဲ့အခါ

ကိုယ္ကအမွန္ကေန ကိုယ္ကအမွား ျဖစ္သြားရပါေတာ့တယ္ …။

အဲဒါေၾကာင့္ ဆိုး႐ြားတဲ့ အျပဳအမူနဲ႔ ဆက္ဆံခံလိုက္ရတယ္ ဆိုရင္

ေဒါသထြက္လာတဲ့အခါ အဲဒီ့ေဒါသကို “ ဘာပဲျဖစ္ျဖစ္ ငါမွန္တာမို႔ ခပ္ၿပဳံးၿပဳံးပဲေနလိုက္မယ္”

ဒါမွမဟုတ္ “ ငါမွန္ေနတယ္ဆိုတာ ေသခ်ာတာပဲ၊ ငါ့အမွားမျဖစ္ေအာင္ ဒီလူကို ေရွာင္လိုက္မယ္” ဆိုတဲ့အေတြးမ်ိဳးသာ ေတြးလိုက္ပါ …။

ကိုယ္မွန္ေနတာကို တစ္‌ေလာကလုံးက မသိပါေစအုံး၊ ကိစၥမရွိပါဘူး …။

ကိုယ္သိေနၿပီး ကိုယ္႔လိပ္ျပာကိုယ္လုံရင္ ေအးခ်မ္းပါတယ္ …။

ဘယ္သူက‌ေတာ့ ဘာေတြေျပာေနတယ္၊ ဘယ္သူကေတာ့ ဘာမ်ိဳးအျပဳအမူလုပ္ေနတယ္ …၊

ဘယ္သူကေတာ့ ေဒါသကိုဆြေနတယ္ ဆိုတာမ်ိဳးေတြကို လိုက္ခံစား မေနပါနဲ႔ …။

သင္ပါသူတို႔နဲ႔အတူတူျဖစ္သြားပါလိမ့္မယ္။

အဓိကက သင့္စိတ္ထဲက အသံကိုသာ သင္နားေထာင္ဖို႔ ႀကိဳးစားၾကည့္ပါ …။

အဲဒါဆို တျခားလူျပဳမူသမွ် ေျပာဆိုသမွ်ကို သင္အာ႐ုံ ရမွာ မဟုတ္ေတာ့ပါဘူး …။

သင့္စိတ္ထဲ သင့္ကိုယ္သင္ေမးၾကည့္ပါ။ “ ကိုယ္မွန္ခဲ့တယ္ မဟုတ္လား” အဓိကက ကိုယ္မွန္ေနဖို႔ပါပဲ …။

ကိုယ္ မွန္ေနတဲ့အတြက္ကို ကိစၥရပ္တိုင္းကို သက္ေသျပေနစရာ မလိုပါဘူး …။

အခ်ိန္တန္ အေျဖက သူ႕ဖာသာသူ ေပၚလာပါလိမ့္မယ္ …။

အခ်ိန္ေလးတစ္ခုပဲ လိုတာပါ။ အခ်ိန္ေရာက္လာတဲ့အခါ သင့္ကို ျပဳမူခဲ့သမွ် အလားတူ သူ ျပန္ရမွာပါ …။

သင့္ကိုလိမ္ခဲ့တဲ့သူဟာ အျခားသူေတြရဲ႕မယုံၾကည္မႈကို အခ်ိန္တန္ ျပန္ရမွာပါ …။

သင့္ကိုေကာက္က်စ္ခဲ့ဖူးသူဟာ သူ႔လိူေကာက္က်စ္တတ္တဲ့လူနဲ႔ျပန္ေတြ႕တဲ့အခါ ၂ ဆ နာက်င္ရမွာပါ …။

သင့္ကိုယုတ္မာဖူးသူဟာ အခ်ိန္တန္ သူ႔လိုယုတ္မာတတ္သူ၊ ယုတ္မာသမွ် နာလန္မထူဘဲခံရမွာပါ။ အခ်ိန္ေလးတစ္ခုပဲ လိုတာပါ …။

ထိုအခ်ိန္ေလးကို သင့္ေဒါသေတြနဲ႔ မတုံ႔ျပန္ဘဲ သူေပးသမွ် သူျပန္ရတဲ့ အခ်ိန္ေလးကိုသာ စိတ္ရွည္ရွည္နဲ႔ ၾကည့္ေန႐ုံပါပဲ။

သင္မယုံရင္ သင့္ပတ္ဝန္းက်င္က သင့္အေပၚ ယုတ္မာေကာက္ က်စ္ခဲ့ဖူးသူေတြ၊ သင့္အေပၚ လိမ္ညာခဲ့ဖူးသူေတြ …၊

သင့္အေပၚ အဆင့္ခ်င္းမတူသလို၊ ႐ိုင္းစိုင္းစြာတုံ႔ျပန္ဖူးသူေတြ၊ သင့္က်မွ အႏိုင္က်င့္ဖူးသူေတြကို ျပန္ေလ့လာၾကည့္လိုက္ပါ …။

တစ္နည္းနည္းနဲ႔ သူတို႔ ျပန္ခံစားေနရတာကို သင္ ျမင္လာပါလိမ့္မယ္ …။

တခုေတာ့ရွိတာေပါ့…ဆိုး႐ြားတဲ့ ဘယ္လိုလူမ်ိဳးကိုမွ တုံ႔ျပန္ဖို႔ မ လိုပါဘူး …။

ဒါေပမယ့္ အခါခါေတာ့ သည္းခံ မေနပါနဲ႔။ သည္းခံဖူးလို႔ အေၾကာင္းသိသြားတဲ့အခါ ဘာမွလည္း မတုံ႔ျပန္ပါနဲ႔ …။

ခပ္ကင္းကင္းသာေနလိုက္တာ အေကာင္းဆုံး အေျဖပါေနာ္ …။

ခပ္ေဝးေဝးကေနၿပီး ခပ္ၿပဳံးၿပဳံးေလး ေနႏိုင္သြားေအာင္သာ ေနၾကည့္လိုက္ပါ …။

သူတို႔ေပးခဲ့သမွ် သူတို႔ျပန္ရတာကို သင္ျမင္လာပါလိမ့္မယ္ေနာ္ …။ ။

Credit

Unicode Version ဖြင့်ဖတ်ရန်

ဝေဖန်တာကို တုံ့ပြန်ဖို့ မလိုပါဘူး၊ ခပ်ပြုံးပြုံးလေးနေ ကြည့်လိုက်ပါ…

ကိုယ်တိုင်က ဒေါသကြီးတဲ့ အထဲမှာပါတာမို့ ကိုယ့်ကို မဟုတ်မမှန်တာ ပြောတာ၊ ကိုယ့်အပေါ်မတရားလုပ်တာ၊ ကိုယ့်ကို အနိုင်ကျင့်တာ …၊

ကိုယ့်အပေါ် မမုန်မကန်လုပ်လာရင် ဆတ်ဆတ်ထိ မခံတဲ့အထဲမှာ ပါတယ် …။

အထူးသဖြင့် ကိုယ်မှားနေတဲ့အခါ တောင်းပန်ဖို့ ဝန်မလေးပေမယ့်

ကိုယ်မှန်နေတာကိုမှ မတော်မတရားတွေပြောလာရင် သိပ်မခံချင်ကြတာ လူတိုင်းဖြစ်မယ်ထင်ပါတယ် …။

ဒါပေမယ့် တကယ်တမ်း ပြန်တွေးကြည့်လိုက်ပါ …။

ကိုယ်က မှန်နေတဲ့သူလေ၊ အဲဒီ့အတွက်ကြောင့်ကို ကိုယ်က အေးဆေးပါပဲ …။

တဖက်လူက မှားနေတဲ့လူမို့ကို ကိုယ့်ကို သဲသဲလှုပ် ရန်ရှာနေတာ ဖြစ်နိုင်တာပဲ မဟုတ်လား …၊

အဲဒါကြောင့် တချို့အမှားတွေ၊ အမှန်တွေက ကိုယ်တိုင် လေးနက်စွာိထားဖို့ပဲ လိုပါတယ် …။

ကိုယ်မှန်နေတဲ့အခါ ကိုယ့်လိပ်ပြာ ကိုယ်လုံသလို၊ ကိုယ့်စိတ်ထဲမှာ ပြန်တွေးကြည့်လိုက်တိုင်း

“ကိုယ်မှ သူတပါးအပေါ်မတရားမလုပ်ထားတာ” ဆိုတဲ့စိတ်နဲ့ စိတ်ရှင်း နေမှာပါပဲ …။

“ကိုယ်မှ သူတပါးအပေါ် မတရားမကောက်ကျစ်ခဲ့တာ၊ ကိုယ်မှ သူတစ်ပါးကို ခေါင်းပုံမဖြတ်ခဲ့တာ …၊

ကိုယ်မှ သူတပါးအပေါ် မယုတ်မာခဲ့တာ၊ ကိုယ်မှ သူများ ဒုက္ခရောက်အောင် မ လုပ်ခဲ့တာ၊“ စတဲ့ အလားတူအတွေးမျိုးတွေကြောင့်

ကိုယ်က သူ့အပေါ် တာဝန်မကျေသလိုခံစားမိတာ၊ လိပ်ပြာမလုံသလိုဖြစ်တာ၊ မျက်နှာပူစရာမှ မလိုတာ …။

အဲဒီ့အတွေးမျိုးနဲ့ စိတ်အေးချမ်းသာစွာ နေနိုင်ခြင်းက စိတ်ရှင်းတယ်လို့ ဆိုချင်တာပါပဲ …။

အဲဒီလို စိတ်ရှင်းဖို့ကလည်း ကိုယ်ခံလိုက်ရချင်း စစချင်း သွေးပူနေတုန်းမှာတော့ ဘယ်ဖြစ်နိုင်ပါ့မလဲ …။

ကိုယ်တိုင်လည်း ပုထုဇဉ်ကိုး၊ မတရားခံရတာ၊ ဆိုးရွားတဲ့အပြုအမူမျိုး ပြုမူခံရတဲ့အခါ ထောင်းခနဲတော့ ဒေါသထွက်မိမှာပါ …။

ဒါပေမယ့် ကိုယ်မှန်နေတယ်ဆိုတဲ့ အတွေးနဲ့ပဲ အဲဒီ့ဒေါသကို ထိန်းပါလို့ ပြောချင်ပါတယ်နော် …။

တချို့ကပြောကြပါတယ်၊ မှန်နေတဲ့အတွက်ကို ပြန်ပြီးတော့ကို အနိုင်ယူမယ်ဆိုတဲ့စိတ်နဲ့ ဒေါသကို လွှတ်ပေးတတ်ကြပါတယ် …။

အဲဒီ့ အခါမှာ ကိုယ်ကအမှား ဖြစ်တော့တာပါပဲ …။

ဒေါသအလျောက် မပြောမိတာ၊ မလုပ်သင့်တာတွေ လုပ်မိတဲ့အခါ

ကိုယ်ကအမှန်ကနေ ကိုယ်ကအမှား ဖြစ်သွားရပါတော့တယ် …။

အဲဒါကြောင့် ဆိုးရွားတဲ့ အပြုအမူနဲ့ ဆက်ဆံခံလိုက်ရတယ် ဆိုရင်

ဒေါသထွက်လာတဲ့အခါ အဲဒီ့ဒေါသကို “ ဘာပဲဖြစ်ဖြစ် ငါမှန်တာမို့ ခပ်ပြုံးပြုံးပဲနေလိုက်မယ်”

ဒါမှမဟုတ် “ ငါမှန်နေတယ်ဆိုတာ သေချာတာပဲ၊ ငါ့အမှားမဖြစ်အောင် ဒီလူကို ရှောင်လိုက်မယ်” ဆိုတဲ့အတွေးမျိုးသာ တွေးလိုက်ပါ …။

ကိုယ်မှန်နေတာကို တစ်‌လောကလုံးက မသိပါစေအုံး၊ ကိစ္စမရှိပါဘူး …။

ကိုယ်သိနေပြီး ကိုယ့်လိပ်ပြာကိုယ်လုံရင် အေးချမ်းပါတယ် …။

ဘယ်သူက‌တော့ ဘာတွေပြောနေတယ်၊ ဘယ်သူကတော့ ဘာမျိုးအပြုအမူလုပ်နေတယ် …၊

ဘယ်သူကတော့ ဒေါသကိုဆွနေတယ် ဆိုတာမျိုးတွေကို လိုက်ခံစား မနေပါနဲ့ …။

သင်ပါသူတို့နဲ့အတူတူဖြစ်သွားပါလိမ့်မယ်။

အဓိကက သင့်စိတ်ထဲက အသံကိုသာ သင်နားထောင်ဖို့ ကြိုးစားကြည့်ပါ …။

အဲဒါဆို တခြားလူပြုမူသမျှ ပြောဆိုသမျှကို သင်အာရုံ ရမှာ မဟုတ်တော့ပါဘူး …။

သင့်စိတ်ထဲ သင့်ကိုယ်သင်မေးကြည့်ပါ။ “ ကိုယ်မှန်ခဲ့တယ် မဟုတ်လား” အဓိကက ကိုယ်မှန်နေဖို့ပါပဲ …။

ကိုယ် မှန်နေတဲ့အတွက်ကို ကိစ္စရပ်တိုင်းကို သက်သေပြနေစရာ မလိုပါဘူး …။

အချိန်တန် အဖြေက သူ့ဖာသာသူ ပေါ်လာပါလိမ့်မယ် …။

အချိန်လေးတစ်ခုပဲ လိုတာပါ။ အချိန်ရောက်လာတဲ့အခါ သင့်ကို ပြုမူခဲ့သမျှ အလားတူ သူ ပြန်ရမှာပါ …။

သင့်ကိုလိမ်ခဲ့တဲ့သူဟာ အခြားသူတွေရဲ့မယုံကြည်မှုကို အချိန်တန် ပြန်ရမှာပါ …။

သင့်ကိုကောက်ကျစ်ခဲ့ဖူးသူဟာ သူ့လိူကောက်ကျစ်တတ်တဲ့လူနဲ့ပြန်တွေ့တဲ့အခါ ၂ ဆ နာကျင်ရမှာပါ …။

သင့်ကိုယုတ်မာဖူးသူဟာ အချိန်တန် သူ့လိုယုတ်မာတတ်သူ၊ ယုတ်မာသမျှ နာလန်မထူဘဲခံရမှာပါ။ အချိန်လေးတစ်ခုပဲ လိုတာပါ …။

ထိုအချိန်လေးကို သင့်ဒေါသတွေနဲ့ မတုံ့ပြန်ဘဲ သူပေးသမျှ သူပြန်ရတဲ့ အချိန်လေးကိုသာ စိတ်ရှည်ရှည်နဲ့ ကြည့်နေရုံပါပဲ။

သင်မယုံရင် သင့်ပတ်ဝန်းကျင်က သင့်အပေါ် ယုတ်မာကောက် ကျစ်ခဲ့ဖူးသူတွေ၊ သင့်အပေါ် လိမ်ညာခဲ့ဖူးသူတွေ …၊

သင့်အပေါ် အဆင့်ချင်းမတူသလို၊ ရိုင်းစိုင်းစွာတုံ့ပြန်ဖူးသူတွေ၊ သင့်ကျမှ အနိုင်ကျင့်ဖူးသူတွေကို ပြန်လေ့လာကြည့်လိုက်ပါ …။

တစ်နည်းနည်းနဲ့ သူတို့ ပြန်ခံစားနေရတာကို သင် မြင်လာပါလိမ့်မယ် …။

တခုတော့ရှိတာပေါ့…ဆိုးရွားတဲ့ ဘယ်လိုလူမျိုးကိုမှ တုံ့ပြန်ဖို့ မ လိုပါဘူး …။

ဒါပေမယ့် အခါခါတော့ သည်းခံ မနေပါနဲ့။ သည်းခံဖူးလို့ အကြောင်းသိသွားတဲ့အခါ ဘာမှလည်း မတုံ့ပြန်ပါနဲ့ …။

ခပ်ကင်းကင်းသာနေလိုက်တာ အကောင်းဆုံး အဖြေပါနော် …။

ခပ်ဝေးဝေးကနေပြီး ခပ်ပြုံးပြုံးလေး နေနိုင်သွားအောင်သာ နေကြည့်လိုက်ပါ …။

သူတို့ပေးခဲ့သမျှ သူတို့ပြန်ရတာကို သင်မြင်လာပါလိမ့်မယ်နော် …။ ။

Credit