ေရသန႔္တစ္ခြက္နဲ႔တူတဲ့ မိန္းကေလးေတြကို တန္ဖိုးထားၾကပါ…

ေရသန႔္တစ္ခြက္နဲ႔တူတဲ့ မိန္းကေလးေတြကို တန္ဖိုးထားၾကပါ…

စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်

ညီမေလးလည္း ေရသန႔္တစ္ခြက္လိုျဖစ္ပါေစ …။

ေရသန႔္တစ္ခြက္နဲ႔ တူတဲ့ျဖဴစင္တဲ့ မိန္းမေတြဟာ လ်စ္လ်ဴ႐ူခံရတာ မ်ားပါတယ္။ ေရသန႔္ဟာ အရသာကင္းမဲ့ၿပီး အေရာင္အဆင္း မရွိတတ္ပါဘူး …။

ေရဟာ ျဖဴစင္ပါတယ္။ မစင္ၾကယ္တဲ့ အရာေတြကိုေတာင္ စင္ၾကယ္ေအာင္ ပံ့ပိုးေလွ်ာ္ဖြတ္ ေပးႏိုင္စြမ္း ရိွပါတယ္ …။

ဒါေပမယ့္ ေရသန႔္တစ္ခြက္နဲ႔တူတဲ့ မိန္းမေတြရဲ႕တန္ဖိုးကို နားမလည္ၾကပါဘူး။ အေရာင္အဆင္း အနံ႔အရသာေတြနဲ႔ ျပည့္စုံေနတဲ့ အခ်ိဳရည္လို မိန္းမေတြၾကေတာ့ ဂ႐ုစိုက္ခံရတာ မ်ားပါတယ္ …။

သူတို႔ရဲ႕ အေရာင္အေသြးနဲ႔ အရသာဟာ လူေတြကို စြဲေဆာင္မႈတစ္ခုေတာ့ ေပးေကာင္းေပး ပါလိမ့္မယ္ …။

ဒါေပမယ့္ ဒီအခ်ိဳရည္ေတြ ေသာက္သုံးၿပီးတဲ့အခါမွာ ပါးစပ္ခ်ဥ္တတ္ၾကတာကိုေတာ့ ေသာက္သုံးဖူးသြားတဲ့ သူတိုင္း သိၾကပါတယ္ …။

အၿမဲလိုလိုမရွိမျဖစ္ ေရကိုေသာက္သုံးရၿပီး ေရဟာမရွိမျဖစ္ဆိုတာလည္း သိၾကပါတယ္။ ဒါေပမယ့္ လြယ္လြယ္နဲ႔ရေနတဲ့ ေရတစ္ခြက္ကိုေတာ့ တန္ဖိုးမထားတတ္ၾကပါဘူး …။

မိန္းမေကာင္း မိန္းမျမတ္ေတြကလဲ ေရသန႔္တစ္ခြက္နဲ႔တူပါတယ္။ အေရာင္အဆင္း မရွိေပမယ့္ လူတိုင္းအတြက္ တန္ဖိုးရွိပါတယ္။ ေပါ့ပ်က္ပ်က္ အေပါစားဆန္တဲ့ မိန္းမေတြကေတာ့ အခ်ိဳရည္လိုပါပဲ …။

သူ႔တို႔ ပင္ကိုယ္အရည္အခ်င္းမရွိပဲ အေရာင္ အရသာနဲ႔သာ ဆြဲေဆာင္ပါလိမ့္မယ္။ တန္ဖိုးေတာ့ မရွိပါဘူး …။

သင့္လက္ထဲမွာေရာ ေရသန႔္တစ္ခြက္ ရွိေနပီလား …??

ေရတစ္ခြက္ လက္ဝယ္ပိုင္ဆိုင္ရေနၿပီဆိုလည္း သင္ တန္ဖိုးထားပါေနာ္ …။ ။

ခရက္ဒစ္ – မူရင္း

Unicode Version ဖြင့်ဖတ်ရန်

ရေသန့်တစ်ခွက်နဲ့တူတဲ့ မိန်းကလေးတွေကို တန်ဖိုးထားကြပါ…

ညီမလေးလည်း ရေသန့်တစ်ခွက်လိုဖြစ်ပါစေ …။

ရေသန့်တစ်ခွက်နဲ့ တူတဲ့ဖြူစင်တဲ့ မိန်းမတွေဟာ လျစ်လျူရူခံရတာ များပါတယ်။ ရေသန့်ဟာ အရသာကင်းမဲ့ပြီး အရောင်အဆင်း မရှိတတ်ပါဘူး …။

ရေဟာ ဖြူစင်ပါတယ်။ မစင်ကြယ်တဲ့ အရာတွေကိုတောင် စင်ကြယ်အောင် ပံ့ပိုးလျှော်ဖွတ် ပေးနိုင်စွမ်း ရှိပါတယ် …။

ဒါပေမယ့် ရေသန့်တစ်ခွက်နဲ့တူတဲ့ မိန်းမတွေရဲ့တန်ဖိုးကို နားမလည်ကြပါဘူး။ အရောင်အဆင်း အနံ့အရသာတွေနဲ့ ပြည့်စုံနေတဲ့ အချိုရည်လို မိန်းမတွေကြတော့ ဂရုစိုက်ခံရတာ များပါတယ် …။

သူတို့ရဲ့ အရောင်အသွေးနဲ့ အရသာဟာ လူတွေကို စွဲဆောင်မှုတစ်ခုတော့ ပေးကောင်းပေး ပါလိမ့်မယ် …။

ဒါပေမယ့် ဒီအချိုရည်တွေ သောက်သုံးပြီးတဲ့အခါမှာ ပါးစပ်ချဉ်တတ်ကြတာကိုတော့ သောက်သုံးဖူးသွားတဲ့ သူတိုင်း သိကြပါတယ် …။

အမြဲလိုလိုမရှိမဖြစ် ရေကိုသောက်သုံးရပြီး ရေဟာမရှိမဖြစ်ဆိုတာလည်း သိကြပါတယ်။ ဒါပေမယ့် လွယ်လွယ်နဲ့ရနေတဲ့ ရေတစ်ခွက်ကိုတော့ တန်ဖိုးမထားတတ်ကြပါဘူး …။

မိန်းမကောင်း မိန်းမမြတ်တွေကလဲ ရေသန့်တစ်ခွက်နဲ့တူပါတယ်။ အရောင်အဆင်း မရှိပေမယ့် လူတိုင်းအတွက် တန်ဖိုးရှိပါတယ်။ ပေါ့ပျက်ပျက် အပေါစားဆန်တဲ့ မိန်းမတွေကတော့ အချိုရည်လိုပါပဲ …။

သူ့တို့ ပင်ကိုယ်အရည်အချင်းမရှိပဲ အရောင် အရသာနဲ့သာ ဆွဲဆောင်ပါလိမ့်မယ်။ တန်ဖိုးတော့ မရှိပါဘူး …။

သင့်လက်ထဲမှာရော ရေသန့်တစ်ခွက် ရှိနေပီလား …??

ရေတစ်ခွက် လက်ဝယ်ပိုင်ဆိုင်ရနေပြီဆိုလည်း သင် တန်ဖိုးထားပါနော် …။ ။

ခရက်ဒစ် – မူရင်း