ေဒါသႀကီးတတ္တဲ့ ေကာင္မေလးကို ခ်စ္မိေနတယ္ဆိုရင္ သိသင့္တဲ႔အခ်က္မ်ား…

ေဒါသႀကီးတတ္တဲ့ ေကာင္မေလးကို ခ်စ္မိေနတယ္ဆိုရင္ သိသင့္တဲ႔အခ်က္မ်ား…

ကြၽန္ေတာ့္ေကာင္မေလးကို ခ်စ္ေပမယ္႔ သူစိတ္ႀကီးတာကိုေတာ့ မႀကိဳက္ဘူးဆိုတဲ့ ေကာင္ေလးေတြ ရွိတတ္ပါတယ္။ ေကာင္မေလး စိတ္ေက်နပ္ေအာင္ လိုက္ေလ်ာအေလ်ာ့ေပးရတာမ်ားလာရင္ ေကာင္ေလးေတြက ၿငီးေငြ႕လာတတ္ ၾကပါတယ္ …။

ဒီအခ်စ္ေရးကိုလည္း အဆုံးမသတ္ခ်င္ဘဲ ကိုယ့္အေပၚ မၾကာခဏ ဆူပူေအာ္ဟစ္တာ၊ အေၾကာင္း မရွိအေၾကာင္းရွာၿပီး ရစ္တာေတြကို အဆုံးသတ္ခ်င္တယ္ ဆိုရင္ ႀကိဳးစားၾကည့္ႏိုင္မယ့္ နည္းလမ္းေလးေတြ ရွိပါတယ္ေနာ္ …။

သူက ကိုယ့္အေပၚ အရင္ကေရာ အလိုမက်ျဖစ္ေလ့ရွိလားဆိုတာ ဆန္းစစ္ၾကည့္ပါ။ အရင္က မျဖစ္ပဲ အခုေနာက္ပိုင္းမွ ျဖစ္လာတာဆိုရင္ ကိုယ့္ကိုယ့္ကိုယ္ အရင္ေမးၾကည့္လိုက္ပါ။ ကိုယ္ကေရာ တကယ္ပဲ သူ႕အေပၚမွာ စေတြ႕တုန္းကအတိုင္း ခံစားခ်က္ရွိရဲ႕လား ဆိုတာကို စဥ္းစားၾကည့္ပါ …။

မိန္းကေလးေတြရဲ႕ မသိစိတ္က အရမ္းကို ထူးဆန္းတယ္။ ကိုယ္ခ်စ္တဲ့သူက ကိုယ့္အေပၚ အခ်စ္စိတ္ေတြ ရွိေနတယ္ဆိုရင္ မသိစိတ္က အလိုလို ခံစားမိၿပီး စိတ္ေက်နပ္မႈ ရေနတတ္ပါတယ္ …။

ဒါေပမယ္႔ ကိုယ့္ေကာင္ေလးက ကိုယ့္ကိုယ္အရင္လိုပဲ မေျပာင္းလဲ ခ်စ္ေနပါတယ္လို႔ မသိစိတ္က မယုံၾကည္ေတာ့တဲ့အခါမွာ အရာရာကို အျမင္ မၾကည္လင္ေတာ့ဘဲ အလိုလို ေဒါသထြက္ေနတတ္ပါတယ္ …။

ဒါေၾကာင့္ မိန္းကေလးတစ္ေယာက္ ေဒါသႀကီးေနရျခင္းက သူ႕ခ်စ္သူက သူ႕အေပၚခ်စ္ေနပါတယ္လို႔ မယုံၾကည္လို႔လည္း ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ျဖစ္ေနရတာဆိုရင္ ကိုယ့္ရဲ႕ အရင္းခံအခ်စ္နဲ႔ ေႏြးေႏြးေထြးေထြးျပန္ၿပီး ခ်စ္ျပလိုက္ရင္ ေကာင္မေလးရဲ႕ စိတ္ထား ေျပာင္းလဲ သြားႏိုင္ပါတယ္ …။

ဒီလို မဟုတ္ဘဲ ေကာင္မေလးက တျခားသူေတြနဲ႔ ဆက္ဆံတဲ့ အခါမွာေရာ ေဒါသႀကီးလား၊ ဆက္ဆံေရး ဘယ္လိုရွိသလဲ၊ စိတ္မၾကည္လင္စရာ ျပႆနာ ႀကီးႀကီးမားမား ရွိသလားဆိုတာေတြ ဆန္းစစ္ၾကည့္ပါ။ သူက ကိုယ့္ကိုသူ႔ရဲ႕ ေဒါသေတြကို ပုံခ်စရာေနရာ တစ္ခုလို႔ သတ္မွတ္ေနတဲ့ပုံစံျဖစ္လာရင္ အေၾကာင္းရင္းကို ပါးစပ္ကေန ဖြင့္ေျပာၿပီး ေဆြးေႏြးၾကည္႔ပါ …။

အတူတူ ေျဖရွင္းဖို႔ ႀကိဳးစားၾကည့္တာက အေကာင္းဆုံးနည္းျဖစ္ပါတယ္။ သူ႕ကို ကိုယ္တို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးက ကိုယ့္အတြက္ ဘယ္ေလာက္အေရးပါသလဲဆိုတာ နားလည္ေအာင္ ရွင္းျပမယ္ဆိုရင္ သူ႔ရဲ႕ အျပဳအမူေတြကို ဆန္းစစ္မိၿပီး သတိျပဳမိ လာပါလိမ့္မယ္ …။

အဲ့ဒီလိုပဲ ကိုယ္ကလည္း သူ႔ခံစားခ်က္နဲ႔ သူႀကဳံေနရတဲ့ ျပႆနာေတြကို နားလည္ေအာင္ ႀကိဳးစားၾကည့္မယ္ဆိုရင္ အရမ္းခ်စ္ၾကေပမဲ့လည္း ေဒါသေၾကာင့္ လြယ္လြယ္နဲ႔ လမ္းခြဲရတဲ့ ျပႆနာမ်ိဳးေတြ ကင္းေဝးတဲ့ ခ်စ္သူေတြ ျဖစ္လာမွာပဲ ျဖစ္ပါတယ္ေနာ္ …။ ။

ဤစာဖတ္သူမ်ားအားလုံးခ်စ္ေသာသူႏွင့္ ႐ိုးေျမက်ေပါင္းဖက္ႏိုင္ပါေစလို႔ ဆုေတာင္းေမတၱာ ပို႔သေပးလိုက္ပါတယ္။

Credit: Trend Myanmar

Unicode Version ဖြင့်ဖတ်ရန်

ဒေါသကြီးတတ်တဲ့ ကောင်မလေးကို ချစ်မိနေတယ်ဆိုရင် သိသင့်တဲ့အချက်များ…

ကျွန်တော့်ကောင်မလေးကို ချစ်ပေမယ့် သူစိတ်ကြီးတာကိုတော့ မကြိုက်ဘူးဆိုတဲ့ ကောင်လေးတွေ ရှိတတ်ပါတယ်။ ကောင်မလေး စိတ်ကျေနပ်အောင် လိုက်လျောအလျော့ပေးရတာများလာရင် ကောင်လေးတွေက ငြီးငွေ့လာတတ် ကြပါတယ် …။

ဒီအချစ်ရေးကိုလည်း အဆုံးမသတ်ချင်ဘဲ ကိုယ့်အပေါ် မကြာခဏ ဆူပူအော်ဟစ်တာ၊ အကြောင်း မရှိအကြောင်းရှာပြီး ရစ်တာတွေကို အဆုံးသတ်ချင်တယ် ဆိုရင် ကြိုးစားကြည့်နိုင်မယ့် နည်းလမ်းလေးတွေ ရှိပါတယ်နော် …။

သူက ကိုယ့်အပေါ် အရင်ကရော အလိုမကျဖြစ်လေ့ရှိလားဆိုတာ ဆန်းစစ်ကြည့်ပါ။ အရင်က မဖြစ်ပဲ အခုနောက်ပိုင်းမှ ဖြစ်လာတာဆိုရင် ကိုယ့်ကိုယ့်ကိုယ် အရင်မေးကြည့်လိုက်ပါ။ ကိုယ်ကရော တကယ်ပဲ သူ့အပေါ်မှာ စတွေ့တုန်းကအတိုင်း ခံစားချက်ရှိရဲ့လား ဆိုတာကို စဉ်းစားကြည့်ပါ …။

မိန်းကလေးတွေရဲ့ မသိစိတ်က အရမ်းကို ထူးဆန်းတယ်။ ကိုယ်ချစ်တဲ့သူက ကိုယ့်အပေါ် အချစ်စိတ်တွေ ရှိနေတယ်ဆိုရင် မသိစိတ်က အလိုလို ခံစားမိပြီး စိတ်ကျေနပ်မှု ရနေတတ်ပါတယ် …။

ဒါပေမယ့် ကိုယ့်ကောင်လေးက ကိုယ့်ကိုယ်အရင်လိုပဲ မပြောင်းလဲ ချစ်နေပါတယ်လို့ မသိစိတ်က မယုံကြည်တော့တဲ့အခါမှာ အရာရာကို အမြင် မကြည်လင်တော့ဘဲ အလိုလို ဒေါသထွက်နေတတ်ပါတယ် …။

ဒါကြောင့် မိန်းကလေးတစ်ယောက် ဒေါသကြီးနေရခြင်းက သူ့ချစ်သူက သူ့အပေါ်ချစ်နေပါတယ်လို့ မယုံကြည်လို့လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဖြစ်နေရတာဆိုရင် ကိုယ့်ရဲ့ အရင်းခံအချစ်နဲ့ နွေးနွေးထွေးထွေးပြန်ပြီး ချစ်ပြလိုက်ရင် ကောင်မလေးရဲ့ စိတ်ထား ပြောင်းလဲ သွားနိုင်ပါတယ် …။

ဒီလို မဟုတ်ဘဲ ကောင်မလေးက တခြားသူတွေနဲ့ ဆက်ဆံတဲ့ အခါမှာရော ဒေါသကြီးလား၊ ဆက်ဆံရေး ဘယ်လိုရှိသလဲ၊ စိတ်မကြည်လင်စရာ ပြဿနာ ကြီးကြီးမားမား ရှိသလားဆိုတာတွေ ဆန်းစစ်ကြည့်ပါ။ သူက ကိုယ့်ကိုသူ့ရဲ့ ဒေါသတွေကို ပုံချစရာနေရာ တစ်ခုလို့ သတ်မှတ်နေတဲ့ပုံစံဖြစ်လာရင် အကြောင်းရင်းကို ပါးစပ်ကနေ ဖွင့်ပြောပြီး ဆွေးနွေးကြည့်ပါ …။

အတူတူ ဖြေရှင်းဖို့ ကြိုးစားကြည့်တာက အကောင်းဆုံးနည်းဖြစ်ပါတယ်။ သူ့ကို ကိုယ်တို့နှစ်ယောက်ရဲ့ အချစ်ရေးက ကိုယ့်အတွက် ဘယ်လောက်အရေးပါသလဲဆိုတာ နားလည်အောင် ရှင်းပြမယ်ဆိုရင် သူ့ရဲ့ အပြုအမူတွေကို ဆန်းစစ်မိပြီး သတိပြုမိ လာပါလိမ့်မယ် …။

အဲ့ဒီလိုပဲ ကိုယ်ကလည်း သူ့ခံစားချက်နဲ့ သူကြုံနေရတဲ့ ပြဿနာတွေကို နားလည်အောင် ကြိုးစားကြည့်မယ်ဆိုရင် အရမ်းချစ်ကြပေမဲ့လည်း ဒေါသကြောင့် လွယ်လွယ်နဲ့ လမ်းခွဲရတဲ့ ပြဿနာမျိုးတွေ ကင်းဝေးတဲ့ ချစ်သူတွေ ဖြစ်လာမှာပဲ ဖြစ်ပါတယ်နော် …။ ။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့် ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းမေတ္တာ ပို့သပေးလိုက်ပါတယ်။

Credit: Trend Myanmar